ကိုယ်တိုင်ရေးသီချင်း
Vol. 17 Ch. 252
လင်းယန်သည် တောက်ပသောမျက်လုံးတစ်စုံဖြင့် ဘားရှိလူများကို ကြည့်လိုက်သည်။
ထို့နောက်သူမရဲ့နှုတ်ခမ်းကို ညင်သာစွာဖွင့်လိုက်ပြီးသာယာသောအသံဖြင့်”သက်တန့်” သီချင်းဆိုမှဖြစ်တဲ့အတွက်ကျူရှင်းဘားရှိလူအားလုံးကြိုက်မယ်လို့ မျှော်လင့်ပါတယ်။’’ဟုပြောလိုက်သည်။
သူမစကားပြောပြီးသွားတာနဲ့တစ်ပြိုင်နက် ဘားထဲတွင် ဂီတသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လင်းယန်သည် ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး’’သက်တန့်’’သီချင်းကိုစတင်သီဆိုပါတော့သည်။
သူမ၏အသံသည် အရမ်းရမ်းကိုကောင်းသောကြောင့်နားထောင်သူတွေကသီချင်းစာသားထဲသို့စီးမျောသွားလေသည်။
သီချင်းအဆုံးတွင် ဘားထဲမှာကျယ်လောင်သောလက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
တန်ရှိန် က “အစ်ကို လင်း လင်းယန်က လှလဲလှ၊ သီချင်းဆိုတာရလည်းအရမ်းကောင်းတယ်လို့မင်းမထင်ဘူးလား”
လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
သိရန်လင်းဖန်သည် အကောင်းဆုံးအသံရှိပြီး တစ်ချိန်တည်းမှာပင်သူသည်တယော၊ စန္ဒယား၊ ဂစ်တာတို့ကိုလည်း ကျွမ်းကျင်စွာတီးခတ်နိုင်သည်..။ သူသည် ဂီတကျွမ်းကျင်သူများကြားထဲတွင် ကျွမ်းကျင်သူဟုခေါ်ဆိုနိုင်သည်။
လင်းယန်ကိုလင်းဖန်ကကောင်းတယ်လို့ပြောကတည်းက သူမရဲ့ သီချင်းဆိုတာက တကယ်ကောင်းကြောင်း သက်သေပြနိုင်ပြီဖြစ်သည်။
ထို့နောက် လင်းယန်သည် တစ်ခြားသီချင်းများကိုလဲသီဆိုခဲ့သည်။
သူမသည်သီချင်းအားလုံးသည် အလွန်ကောင်းမွန်စွာ သီဆိုခဲ့ပြီး သီချင်းတစ်ပုဒ်စီပြီးသွားတိုင်းလူများစွာ၏ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တွင် လင်းယန် က “အခုဆိုမှာကကျွန်မကိုယ်တိုင်ရေးထားတဲ့သီချင်းဖြစ်တဲ့”ဓားသိုင်းအက” ကို သီဆိုမှာပါ” ဟု ပြောလိုက်သည်။
ဤစပါးထွက်လာသည်နှင့် တပြိုင်နက် ဘားရှိတေးဂီတသည် အစပိုင်းတွင် ငြိမ်သက်သွားခဲ့သည်။
ခဏအကြာတွင် အလွန်မြူးကြွသော ဂီတသံများ ထွက်ပေါ်လာခဲ့သည်။
တန်ရှိန် အံ့သြသင့်တဲ့လေသံဖြင့်”ကိုယ်တိုင်ရေးသီချင်းလား? လင်းယန်ကသီချင်းတွေတောင် ရေးနေပြီလား”
တီးလုံးသံလာပြီးခဏအကြာတွင်လင်းယန်သည် သူမနှုတ်ခမ်းကိုဖွင့်လိုက်ပြီးသီချင်းဆိုလိုက်လေသည်။
“တောင်ပေါ်မှာလူတစ်ယောက်ကသစ်ရွက်တွေကိုလေတိုက်ရာအရပ်တိုင်းယိမ်းထိုးပြီးသစ်ရွက်တွေကိုဖြတ်နေတယ်။ဒါပေမဲ့သူရဲ့ကိုယ်ခန္ဓာမှာတော့ဖုန်တစ်စက်မှမရှိ....”
သီချင်းအသံပြီးနောက်တွင် အချင်းချင်း စကားစမြည်ပြောဆိုနေကြသော ဘားရှိဧည့်သည်များသည် သူတို့လုပ်နေသမျှကို ရပ်တန့်လိုက်ကြပြီးပါးစပ်ကိုပိတ်ထားလေသည်။
သူတို့အားလုံးသည် လင်းယန်၏ သီဆိုတာကိုသာအာရုံစိုက်ကာ ငြိမ်သက်စွာ နားထောင်ကြနေသည်။
.........
နောက်ဆုံးတွင် လင်းယန်သည်သီချင်းဆိုတာကို ဖြည်းညှင်းစွာ ရပ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဘားမှ ဂီတသံသည် တဖြည်းဖြည်း ရပ်တန့်သွားသည်။
“ပါ့...ပါ့....ပါ့”
နောက်အခိုက်အတန့်တွင် ဘားတစ်ခုလုံးမှ ာကျယ်လောင်သောလက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
တန်ရှိန် က စိတ်လှုပ်ရှားစွာနဲ့ “လင်းယန်ရဲ့ကိုယ်တိုင်ရေးသီချင်းကအရမ်းကောင်းတာပဲကွာ!”
သူ့ဘေးရှိအမျိုးသမီးက ဒေါသဖြစ်တဲ့လေသံနဲ့”နင်သူ့ကိုအဲ့လောက်သဘောကျရင်သူမကိုသွားဖွင့်ပြောလိုက်လေ”ဟုပြောလိုက်သည်။
ဒီအခါမှတန်ရှိန် က သူ့ဘေးမှာမိန်းကလရှိသေးတာကိုသဘောပေါက်လိုက်သည်။ထို့ကြောင့်သူကချောင်းအနည်းငယ်ဆိုးလိုက်ပြီးနောက်သူက “သူမကလှတယ်၊ မင်းကလဲလှတယ်။ မင်းတို့နှစ်ယောက်ကမတူတဲ့ အလှလေးတွေလေ၊ သူ့ကိုကျတော့ငါကသဘောကျတာ။ မင်းကိုတော့ငါကကြိုက်တာလေ”
ဒါကိုကြားမှအမျိုးသမီးက ကျေနပ်တဲ့ အထိအမူအရာကိုပြလိုက်သည်။
ထို့နောက်တန်ရှိန်က သူ့ဘေးနားရှိ လသ်းဖန် အား “အစ်ကိုလင်းဒီကိုယ်တိုင်ရေးသီချင်းကအရမ်းကောင်းတယ်နော် သူမသာ ဖျော်ဖြေပွဲလုပ်ရင် သူမက ပေါက်သွားမှာ သေချာတယ်!”(ပေါက်တာအောင်မြင်တာကိုပြောတာပါ)
လင်းဖန်ကလဲ ခေါင်းညိတ်လိုက်သည်။
နောက်အခိုက်အတန့်တွင်သူ့မျက်နှာမှာ ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။
ဘာလို့ဆိုသူ၏စိတ်ထဲတွင်စနစ်၏သတိပေးသံတစ်ခု ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။
【ဒင်း! ကြည့်ရှုသူ 100,000 ကျော်ရအောငအ ဖျော်ဖြေပွဲကျင်းပပြီး ငွေရောင်စာအိတ် 10 အိတ်ကို ဆုချီးမြှင့်မည်ဖြစ်သည်။ 】
ဒါဆိုသူကဒီအတိုင်းမစ်ရှင်ရလိုက်တာလား။
တန်ရှိန်သည် လင်းဖန်အမူအရာပြောင်းလဲမှုကိုသတိပြုမိလိုက်ပြီး “အစ်ကို လင်းဘာဖြစ်လို့လဲ?”
လင်းဖန် က “လင်းယန်သာ ဖျော်ဖြေပွဲတစ်ခုကျင်းပလိုက်ရင်သူမကချက်ချင်းပေါက်သွားမယ်လို့မင်းပြောတာမဟုတ်ဘူးလား။’’ပြောလိုက်သည်။
တန်ရှိန်က စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ဘာကိစ္စရှိလို့လဲ?”ဟုမေးလိုက်သည်။
“ဒါဆို ငါသူ့မအတွက် လုပ်ပေးလိုက်မယ်!” လင်းဖန်က ပြောလိုက်သည်။
“သူမအတွက်လုပ်ပေးမှာလား?” တန်ရှိန်က ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် အဝေးမှ ရုတ်တရတ် ခြေသံများ ထွက်ပေါ်လာခဲ့သည်။
မျက်နှာဝိုင်းဝိုင်းနှင့်အနောက်တိုင်းဝတ်စုံဝတ်ထားဝေါ အမျိုးသားသည် လျင်မြန်စွာ လျှောက်လာပြီးဦးညွတ်ကာ အလွန်ရိုသေသော လေသံဖြင့် “မစ္စလင်း၊ တောင်းပန်ပါတယ်၊မင်းရောက်လာတာကို ငါသတိမထားမိလိုက်ဘူး”
လင်းဖန်က “မင်းက ကျူရှင်းဘား ရဲ့ မန်နေဂျာလား။”
မျက်နှာဝိုင်းဝိုင်းလူက ရိုသေသောအသံဖြင့်ပြောလိုက်သည်- “ဟုတ်ပါတယ်”
ဒီနေ့မှာဘား ပိုင်ရှင်ပြောင်းတာကို ရုတ်တရက် သိလိုက်ရတော့ သူ အရမ်း စိတ်ပူသွားခဲ့သည်။
သူဌေးအသစ်က သူ့ကိုယ်အလုပ်ထုတ်လိုက်ပြီးသူ့နေရာမှာတစ်ခြားတစ်ယောက်ကိုအစားထိုးမှာလား။
ထို့ကြောင့် ယနေ့နံနက်မှစ၍ မျက်နှာဝိုင်းဝိုင်းလူသည်ရုံးခန်းထဲတွင်တစ်ယောက်ထဲထိုင်ရင်းစိတ်ဂနာမငြိမ်ဖြစ်နေသည်။
လင်းယန်ရဲ့ကိုယ်တိုင်ရေးသီချင်း “ဓားသိုင်းအက” သီချင်းကို ကြားပြီးတာနဲ့ ရုံးခန်းထဲက နေထွက်လာခဲ့သည်။
ထိုအချိန်တွင် မျက်နှာဝိုင်းဝိုင်းလူသည် ၎င်း၏ သူဌေးအသစ်သည် ဘားထဲတွင် ရှိနေကြောင်း ရုတ်တရက် တွေ့လိုက်ရသဖြင့် သူ့သည်အရမ်းကြောက်လန့်သွားခဲ့သည်။(သူဘယ်လိုသိလဲဆိုတော့လင်းဖန်ရဲ့ဓာတ်ပုံကသူ့မှာရှိလို့ပင်ဖြစ်သည်။)
လင်းဖန်က “မင်းနာမည်ဘယ်လိုခေါ်လဲ”
“လီကျန်းငါ့နာမည် လီကျန်းပါ” မျက်နှာဝိုင်းဝိုင်း လူကပြောလိုက်သည်။
လင်းဖန်က “မန်နေဂျာလီ၊ ဆိတ်ငြိမ်တဲ့နေရာတွေရှိလား”
“ဟုတ်ရှိပါတယ်၊ ငါတို့မှာ အခန်းတွေ၊ ဇိမ်ခံအခန်းတွေလဲရှိပါတယ်။” လီကျောက်က ပြောလိုက်သည်။
ထို့နောက် လီကျောက်၏ဦးဆောင်မှုအောက်တွင်လင်းဖန်၊တန်ရှိန်နှင့် တန်ရှိန်ဘေးရှိအမျိုးသမီးတို့ကို ကျယ်ဝန်းသော အခန်းတစ်ခုဆီသို့ လျင်မြန်စွာ ခေါ်လာခဲ့သည်။
လင်းဖန်က “လင်းယန်ကို ဒီကိုလာဖို့ပြောပေးနိုင်မလား”
ဤစကားများသည် လီကျောက်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်သူက “ဒါ... ဒီ လင်းယန်ကကျွန်တော်တို့ဘားကိုရောက်ကတည်းကသီချင်းပဲဆိုမယ်လို့ပြောထားတယ်...ဒါကြောင့်...... “
လင်းဖန်သည် လင်းယန်အား တစ်ခုခုလုပ်ချင်သည်ဟု လီကျန်းကအထင်မှားသွားခဲ့သည်။
သူအထင်မှားတာလဲအပြစ်မပြောနိုင်ပေ။လင်းယန်ဟာ အလွန်လှပပြီး ဖောက်သည်တော်တော်များများကလင်းယန်နဲ့ အိပ့်ချင်တဲ့အတွေးအမြင်တွေ ရှိခဲ့သည်။
ထို့အပြင် လင်းဖန်သည် ချက်ခြင်းအခန်းထဲသို့ ပြောင်းရွှေ့သွားလိုက်သည်။
ဒါကြောင့်လီကျန်းဒီလိုဖြစ်တာအံ့သြစရာတော့ မရှိပေ။
လင်းဖန်သည် တစ်ဖက်သူ၏အတွေးကိုနားလည်သည်။
ယင်းနှင့်ပတ်သက်၍လင်းဖန်သည် စိတ်မဆိုးရုံသာမကကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“သူမကိုစိတ်မပူပါနဲ့ ငါသူမနဲ့ သီချင်းအကြောင်းပဲပြောဖို့ပါ” လင်းဖန်က ပြောသည်။
လီကျန်း သည် ထိုစကားကိုကြားသောအခါမှအနည်းငယ်စိတ်သက်သာရာရသွားပြီး “ကောင်းပြီ၊ ငါ လီကျန်းကိုသွားခေါ်လိုက်အုံးမယ်”
လီကျန်းထွက်သွားပြီးနောက် တန်ရှိန်က “အစ်ကို လင်း၊မင်းနဲ့ လီကျန်း နဲ့ကရင်းနှီးတာလား?”
လင်းဖန် က ခေါင်းခါပြီး “ငါသူ့ကို ပထမဆုံးအကြိမ်အဖြစ်တွေ့ဖူးတာ” လို့ ပြောလိုက်သည်။
ထိုစကား ကြားလိုက်သောအခါ တန်ရှိန်သည်သူ့မျက်နှာပေါ်တွင် သံသယဖြစ်သောအမူအရာပေါ်လာသည်။
လင်းဖန်က “ဒါပေမဲ့ငါက ကျူရှင်းဘား ပိုင်ရှင် လေ”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး