ဖျော်ဖြေပွဲတစ်ခုလုပ်ပေးမယ်
Vol. 17 Ch. 253
လင်းဖန်သည် ကျန်ပေ့ ရှိ ချမ်းသာသောလူငယ်သခင်လေးများ၏ ခေါင်းဆောင်ဖြစ်ကြောင်း တန်ရှိန် သိသည်။
ထို့ကြောင့် ကျူရှင်းဘားပိုင်ရှင်ဆိုတဲ့ဟာကိုသူအနည်းငယ်သာအံ့သြမိသည်။
သူ့ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးကတော့မတူပေ။
အကြောင်းမှာကျန်ပေ့မြို့အလယ်တွင်ရှိသော ကျူရှင်းကဲ့သို့သောဘားကြီးတစ်ခုဖွင့်ရန်မည်မျှကုန်ကျမည်ကိုသူမနားလည်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ယခင်က စင်မြင့်ပေါ်၌ သီဆိုခဲ့ဖူးသော လင်းယန်သည် လီကျန်း၏ ဦးဆောင်မှုအောက်တွင် ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူမသည်ဖုန်းကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်ပြီးနောက်လင်းဖန်နှင့် အခြားလူများကို သတိထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အပြင်ပန်းသာဘာမှမဖြစ်ပေမဲ့သူမရင်ထဲမှာ တော့အရမ်းကြောက်နေတယ်ဆိုတာ သိသာသည်။
သူမှအဲ့လိုဖြစ်တာလဲအပြစ်မဆိုနိုင်ပေ။လင်းယန် သည် သာမန်အမျိုးသမီးတစ်ဦးမျှသာဖြစ်သည်။ သူ့ရှေ့မှာတော့လင်းဖန်၊ လီကျန်း နဲ့ တန်ရှိန်အပါအဝင် ယောက်ကျားလေးသုံးယောက် ရှိနေသည်။
မကောင်းသော အကြံစည်သာရှိလျှင်သူမလွန်မြောက်နိုင်မှာမဟုတ်ပေ။
ဒါကိုကြည့်ပြီးလင်းဖန်က ပြုံးလိုက်ပြီး “သက်သောင့်သက်သာသလိုနေပါငါ့နာမည် လင်းဖန်၊ မင်း တစ်ခုခုသောက်ချင်လား” လို့ မေးလိုက်သည်။
လင်းဖန်၏အသံကိုကြားပြီးနောက် လင်းယန်သည် ဘာ့ကြောင့်မှန်းမသိဘဲ သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများသည် ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လည်း သူမက ခေါင်းခါလိုက်ပြီး “မသောက်တော့ပါဘူး ကျေးဇူးပါ” လို့ ပြောလိုက်သည်။
လင်းဖန်ကလဲ အတင်းအကျပ်မသောက်ခိုင်းဖို့အစီစဉ်မရှိပေ။ထို့ကြောင့်သူက “မင်း အနာဂတ်မှာဘာလုပ်ဖို့အစီအစဉ်ထားလဲ”
လင်းယန် သည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။ လင်းဖန်သည်ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲဆိုတာကိုသူမ မသိပေ။ ထို့ကြောင့်သူမကဘယ်လိုဖြေရမှန်းမသိဖြစ်သွားခဲ့သည်။
လင်းဖန် က ထပ်မံ၍ပြောကြားလိုက်သည်။ “တိတိကျကျပြောရလျှင်ကွာမင်းဘားမှာ သီချင်းဆိုတာကယာယီပဲလို့ ငါထင်တယ်။ ဒါကြောင့်အနာဂတ်မှာဘာလုပ်မလဲဆိုတာကိုစဉ်းစားပြီးပြီလား။”
လင်းယန်သည် လင်းဖန်မေးခွန်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း၊သူမက “အခွင့်အရေးသာရရင် ငါနိုင်ငံကျော်အဆိုတော်တစ်ယောက် ဖြစ်ချင်တယ်” လို့ ပြန်ဖြေလိုက်သည်။
လင်းဖန်”မင်းဒီနေ့ဆိုခဲ့တဲ့သီချင်းတွေအားလုံးကို ငါ နားထောင်ဖူးတယ်။အထူးသဖြင့် “ဓားသိုင်းအက” သီချင်းသည် ပေါ့ပါးလွတ်လပ်ပြီး နားတောင်ရတာအလွန်ကောင်းသည်။ အခြားကိုယ်တိုင်ရေးသီချင်းတွေ ရှိသေးလား။’’
လင်းယန်က ခေါင်းညိတ်လိုက်ပြီး “ရှိပါတယ်ငါ သီချင်းတစ်ဒါဇင်ကျော်ကိုတော့ရေးပြီးပြီ” လို့ ပြောလိုက်သည်။
“မင်း ငါ့အတွက် နောက်ထပ် သီချင်းတွေကိုထပ်ဆိုပေးနိုင်မလား” လင်းဖန်က မေးလိုက်သည်။
လင်းယန်သည်မတွန့်ဆုတ်ဘဲ “ဟုတ်ကဲ့” ဟုပြောလိုက်သည်။
သူမရဲ့ ကိုယ်တိုင်ရေးသီချင်းတွေကို ကျူရှင်းဘားမှာ သီဆိုထားတာ ကြာပြီဖြစ်တာကြောင့်လျှို့ဝှက်ထားဖို့ မလိုပေ။
ထို့အပြင်လင်းဖန် သည် ကျူရှင်းဘား ၏ပိုင်ရှင်အသစ်ဖြစ်သည်ကို လီကျန်း ထံမှ သိရှိထားပြီးဖြစ်သည်။
သူမသည် ကျူရှင်းဘားတွင်သီဆိုသောအဆိုတော်ဖြစ်တာကြောင့်သူမကိုကျူရှင်းဘား၏ဝန်ထမ်းအဖြစ်သတ်မှတ်လို့ရသည်။
သူဌေးက သီချင်းအနည်းငယ်ဆိုခိုင်းတဲ့အတွက်ငြင်းဖို့ကမဖြစ်နိုင်ပေ။
ထို့နောက် လင်းယန်က “ဒီမှာ ဂီတာ တီးလို့ရလား?”
“ဂစ်တာတီးနည်းသိတာလား” လင်းဖန်က မေးလိုက်သည်။
လင်းယန်ခေါင်းညိတ်လိုက်သည်။
လင်းဖန်က သူ့ဘေးမှာ ရပ်နေတဲ့ လီကျန်း ကို “မန်နေဂျာ လီ၊ ငါ့ကို ဂစ်တာတစ်လုံး ယူလာပေး”ဟုပြောသည်။
လီကျန်း က ကမန်းကတန်းပြောပြီး “ကောင်းပြီ ခဏစောင့်ပါ”ဟုပြောပြီးပြေးထွက်သွားလေသည်။
ခဏအကြာတွင် လီကျန်းသည် သူ့လက်ထဲတွင် ဂစ်တာတစ်လုံးနှင့် ဝင်လာခဲ့သည်။
လင်းယန်သည် သူမ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာဂီတာ ကြိုးများကို ညင်သာစွာ တီးလိုက်ပြီး “ဒါက ကျွန်မရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ အဲဒါကို “ကမ္ဘာလူသား” လို့ခေါ်တယ်’’
စကားပြောပြီးနောက် သူမရဲ့ ကျောက်စိမ်းလက်ချောင်းတွေက တလှုပ်လှုပ်နဲ့ မြန်မြန်ဆန်ဆန် ပြောင်လဲတီးခတ်လိုက်တော့သည်။
ရုတ်တရတ် ချိုမြိန်သောအသံနှင့် သီချင်းစာသားများသည် အခန်းထဲတွင်ပျံ့နှံလို့လာသည်။
လင်းယန်သည် ဆယ်မိနစ်ခန့်အတွင်း သီချင်းလေးပုဒ်ကသီဆိုခဲ့သည်။
သီချင်းတိုင်းတွင် လင်းယန်၏သီဆိုပုံသည် အလွန်ကောင်းမွန်လေသည်။
ဒါကြောင့်လင်းဖန်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြပြီး “မင်းဖျော်ဖြေပွဲ လုပ်ချင်တာလား။”(ဖျော်ဖြေပွဲ၊ရှိုးပွဲ)
ဤမေးခွန်းသည်ရုတ်တရက်ဖြစ်သောကြောင့်လင်းယန် သည်ဘာဖြစ်ရမယ်မှန်းမသိဖြစ်သွားခဲ့သည်။
လင်းဖန်က “မင်း ဖျော်ဖြေပွဲ လုပ်ချင်လား။”
ဤအချိန်မှလင်းယန် က သတီပြန်ဝင်ခဲ့ပြီး “ဒါက ငါ့ရဲ့ အကြီးမားဆုံးအိပ်မက်ပဲ!”ဟုပြန်ဖြေလိုက်သည်။
ဒါကိုပြောပြီးတဲ့ နောက်မှာတော့ လင်းယန်ဟာ သူမဖျော်ဖြေပွဲကျင်းပနေတဲ့အချိန်မှာ စင်အောက်ကမရေမတွက်နိုင်တဲ့ပရိတ်သတ်ကြီးကအားပေးတာကို မြင်တွေ့လိုက်ရသလိုမျိုးသူမရဲ့မျက်လုံးတွေဟာတောက်ပလို့လာခဲ့သည်။
လင်းဖန် က ခေါင်းညိတ်ပြီး “ဒါဆို မင်းအဆင်သင့်လုပ်ထားလိုက်တော့ တစ်ပတ်လောက်နေရင် မြူနီစီရန်အားကစားရုံမှာ မင်းအတွက် ဖျော်ဖြေပွဲကြီးတစ်ခု လုပ်ပေးမယ်”
ဒီစကားထွက်လာတာနဲ့ တပြိုင်နက် အခင်းဖြစ်ပွားရာနေရာရှိလူ အားလုံး အံ့အားသင့်သွားကြသည်။
သိရန်မြူနီစီရန်အားကစားရုံတွင် ဖျော်ဖြေပွဲကျင်းပရန် နေရာတစ်ခုတည်းကိုပဲငှားရမ်းခမှာ တစ်သန်းနီးပါးကုန်ကျမည်ဖြစ်သည်။
ထို့အပြင် ဖျော်ဖြေပွဲတွင်သုံးမည့်စလိုက်မီးအ၊ အသံချဲ့စက်၊ စတိတ်စင်ကို ငှားရန် လိုအပ်သည်......ယင်းတို့အားလုံးသည် သန်းနှင့်ချီကုန်ကျနိုင်သည်။
သူမအတွက် ဖျော်ဖြေပွဲကျင်းပရန် သန်းပေါင်းများစွာ အကုန်အကျခံတာလား။
လင်းဖန်သည် ဤမျှလောက်ကို လျစ်လျူရှုပြီး “မင်းအခုဆိုလိုက်တဲ့ သီချင်းအနည်းငယ်က တော်တော်ကောင်းတယ်! ဒါပေမယ့် “ဓားသိုင်းအက” က နားထောင်လို့အကောင်းဆုံးပဲ။ မင်းရဲ့သီဆိုပုံကနူးညံ့လိုက်ကြမ်းတမ်းလိုက်ကပဲသင့်တော်တယ်။ “
“ဒီဆိုမင်းသီချင်းကိြ မင်းသီဆိုဖို့ ပိုသင့်တော်မယ်”
စကားပြောနေစဉ်တွင် လင်းဖန်သည် ဂစ်တာကို ကောက်ကိုင်လိုက်ပြီး လူတိုင်း၏ ပဟေဋ္ဌိမျက်လုံးများအောက်တွင် ကြိုးများကို ဖြည်းညှင်းစွာ တီးလိုက်သည်။
“ဒါက ခုနကမှဖန်တီးထားတဲ့ သီချင်းပါ။ အဲဒါကို “ကြယ်မြစ်” လို့ နာမည်ပေးထားတယ်’’
နောက်အခိုက်အတန့်လင်းဖန်သည် ဂစ်တာကြိုးများကို ရုတ်တရက် လျင်မြန်စွာ တီးခတ်လိုက်သည်။
“တိမ်ကင်းစင်တဲ့ညမှာ၊ ကောင်းကင်မှာ လကြီးကကောင်းကင်ပေါ်မှာ ချိတ်ဆွဲထား......’’
မူလက လူတိုင်းက သိပ်ဂရုမစိုက်ခဲ့ပေ။
ဒါပေမယ့် လင်းဖန်က ဂစ်တာတီးပြီး သီချင်းဆိုတဲ့အခါ လူတိုင်းရဲ့မျက်နှာမှာ အံ့သြထိတ်လန့်မှုတွေအပြည့်နဲ့ဖြစ်သွားခဲ့သည်။
မကြာခင်မှာ သူတို့၏စိတ်ထဲတွင်ပျော်ရွှင်မှုနဲ့ စွဲလန်းမှုတွေသာအစားထိုးဝင်လာခဲ့သည်။
လင်းဖန် က ဂစ်တာကောင်းကောင်းတီးတတ်ပြီး သီချင်းဆိုတာလည်း အရမ်းကောင်းပါတယ်။
.......
လင်းဖန်သည် သီချင်းစာသား၏ နောက်ဆုံးစာကြောင်းကို သီဆိုပြီးနောက် ကြိုးများကို အမြန်တီးနေသော သူ၏ညာလက်သည်လည်း တဖြည်းဖြည်းချင်းရပ်တန့်လိုက်သည်။
အကြွင်းအကျန် အသံများသည် အခန်းထဲတွင်အဆက်မပြတ် တုန်ခါနေသည်။
ဇိမ်ခံအခန်းကြီးတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။
ငါးစက္ကန့်လောက်ကြာတော့ တန်ရှိန့က ပထမဆုံး သတိပြန်ဝင်လာပြီး “fuckဒါ အရမ်းကောင်းတာပဲ!”
သူ၏ ညံ့ဖျင်းသော စကားကြောင့် မည်မျှ ကောင်းမွန်ကြောင်း ဖော်မပြတတ်သောကြောင့် “fuck” ဆိုတဲ့ စာကြောင်းလေးနဲ့ပဲ ဘယ်လောက်ကောင်းကြောင်းဖော်ပြလိုက်သည်။
“နောက်တစ်ပုဒ်ဆို၊ နောက်တစ်ပုဒ်ဆိုပေးပါ အစ်ကို လင်း”
လင်းဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “တော်ပါပြီ”လို့ပြောလိုက်သည်။
ထို့နောက် စားပွဲပေါ်၌ ဂစ်တာကိုချကာ’’ ခုနကငါဆိုခဲ့တဲ့သီချင်းကိုဖျော်ဖြေပွဲမှာ ဒီသီချင်းကို ထည့်လိုက်ပါ” ဟု ပြောလိုက်သည်။
လင်းယန် သည် သူမ၏နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုကိုချိုးနှိမ်လိုက်ပြီးအသက်ပြင်းပြင်းရှူလိုက်ပြီးခဏအကြာတွင်သူမက “ကောင်းပြီ!”ဟုပြန်ပြောလိုက်သည်။
အစောပိုင်းက လင်းဖန်သည် ဖျော်ဖြေပွဲနှင့်ပတ်သက်၍ နောက်ပြောင်တာလား၊ဒါမှမဟုတ်တစ်ကယ်ပဲပြောတာလားဆိုတာကိုသံသယအချို့ရှိခဲ့သည်။
သို့သော်လည်း လင်းဖန်သီဆိုသော “ကြယ်မြစ်” ကိုကြားပြီးနောက် သူမသည် လင်းဖန်ကို ယုံကြည်ရန် မသိစိတ်မှ ရွေးချယ်လိုက်သည်။
မနက်မဟုတ်နေ့လယ်နှစ်ပိုင်းလာမယ်နော်။ပြောက်မှာမပူပါနဲ့တင်ပေးပါမယ်။😁
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး