နက်ဝေါ့ရှယ်ယာ။
Vol. 17 Ch. 254
လင်းဖန်သည် ည ၁၀ နာရီအထိကျူရှင်း တွင် နေခဲ့သည်။
ထို့နောက်သူသည်ရီကေမြို့ကို သွားလိုက်သည်။
ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်နေသောဟေးလင်းနှင့် ချူစီရှင်းတို့သည် လင်းဖန် ကိုတွေ့သောအခါ အလွန်ပျော်ရွှင်သွားကြသည်။
“ခင်ပွန်း၊ မင်းဒီကိုအချိန်မှန်ရောက်လာတာပဲ၊ဒီနေ့ ငါတို့အဝတ်အစားတွေ အများကြီးဝယ်ခဲ့တယ်” ချူစီရှင်း က ပြောလိုက်သည်။
လင်းဖန်သည် သူ့မျက်နှာတွင် သံသယဖြစ်သောအမူအရာကိုပြလိုက်သည်။
အဝတ်အစားတွေ အများကြီးဝယ်ခဲ့တာလား?
ဒါက သူနဲ့ဘာဆိုင်လို့လဲ။
ချူစီရှင်း သည် လင်းဖန်၏ သံသယဖြစ်သောအမူအရာကို မြင်လိုက်ရသောအခါသူမကပြုံးလိုက်ပြီး “သူနာပြုဝတ်စုံ၊ရဲမေဝတ်စုံ၊ အိမ်အကူဝတ်စုံ.......”
လင်းဖန်သည် ထိုစကားကိုကြားသောအခါတွင် သူ၏နှလုံးခုန်သံများအဆက်မပြတ်မြန်လာခဲ့သည်။
သူ့ဘေးနားရှိ ဟေးလင်းသည်ထိုင်နေရာကနေထပြီးလင်းဖန်ကိုနမ်းလိုက်လေသည်။
အဲဒီညမှာဟေးလင်းနှင့်ချူစီရှင်းတို့၏အော်သံသည်ငလျင်လှုပ်သကဲ့သို့ရီကေအဆောက်အအုံ တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
......
နောက်တစ်နေ့။
လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ဖုန်းကိုကြည့်လိုက်သည်။
“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၃,၆၇၀,၀၀၀ ရရှိသည်။”
ထို့နောက် သူသည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် နက်ဝေါ့၏ ရှယ်ယာ 5% ကို ရရှိခဲ့သည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများပင် တောက်ပသွားခဲ့သည်။
နက်ဝေါ့သည်ပန်ကူ နှင့် အဲတို့နှင့်အတူအင်တာနက်ကုမ္ပဏီကြီး ၃ ခုထဲမှ တစ်ခုဖြစ်သည်။
လင်းဖန်သည် ပန်ကူ နှင့် အဲတို့ရဲ့ ရှယ်ယာများကို ပိုင်ဆိုင်ထားပြီးပြီဖြစ်သည်။
အခုသူနက်ဝေါ့ကုမ္ပဏီရှယ်ယာကိုရလိုက်သည်။
ဤနည်းအားဖြင့်၊ သူသည် တရုတ်ကွန်ရက်ကြီးသုံးခု၏ ရှယ်ယာရှင်ဖြစ်လာခဲ့သည်။
ဒါက သေချာပေါက် ပျော်ရွှင်စရာကောင်းတဲ့ကိစ္စပင်ဖြစ်သည်။
လင်းဖန် က ပြုံးလိုကအပြီး “ဒီဟာကြောင့် ဖျော်ဖြေပွဲရဲ့ မစ်ရှင်ပြီးမြောက်ဖို့ကပိုပြီးလွယ်လိမ့်မယ်’’ လို့ ပြောလိုက်သည်။
ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး တစ်လုံးပြီးတစ်လုံးကို ဖုန်းခေါ်လိုက်သည်။
...
မိနစ်နှစ်ဆယ်လောက်ကြာတော့ လင်းဖန်က ကုတင်ပေါ်ကနေ ထလိုက်သည်။လင်းဖန်သည် ချူစီရှင်းနှင့် ဟေးလင်းတို့ ပြင်ဆင်ထားသော နံနက်စာအား နှစ်သက်စွာ စားသုံးပြီးနောက် Mercedes-Benz G(ကား) ကို မောင်းနှင်ပြီး ကျန်ပေ့တက္ကသိုလ်သို့သွားလိုက်သည်။
ကျောင်းဝင်းထဲဝင်ပြီးနောက်ပုံမှန်အချိန်တိုင်းဖြတ်သန်းလိုက်သည်။
“ကလောင်.....”
ကျောင်းခေါင်းလောင်းသံမြည်လာသည်နှင့်လက်းဖန်၊မူဇောင်၊ စုရီ၊ ဇောင်ချင်းဘို နှင့် အခြားသူများသည် ထုံးစံအတိုင်း ကော်ဖီဆိုင်သို့ ရောက်လာကြသည်။
“ဒင်!”
ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အနည်းငယ် တုန်ခါသွားခဲ့သည်။
12:00!
အနီရောင်စာအိတ်တွေ ပေါ်လာလေသည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 88 ယွမ် ရခဲ့သည်။”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 9 ယွမ်ရခဲ့သည်”
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၆၆၆၆ရရှိသည်”
“ဒင်း ဂုဏ်ယူပါတယ် မင်း ယွမ် 20,000 ရရှိသည်။”
လင်းဖန်သည် ဖန်သားပြင်ကို နှိပ်လိုက်ယုံဖြင့်စုစုပေါင်း 50321 ယွမ် ရရှိခဲ့သည်။
သူကဒါကို ဂရုမစိုက်ဘဲ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။
ထို့နောက်သူသည်ခေါင်းလောင်းသံမကြားရသေးသည်အထိကို နေ့လယ်စာကိုအေးအေးဆေးဆေး စားနေလိုက်သည်။
လင်းဖန်သည်် စားပြီးတာနဲ့ကျောင်းအိပ့်ဆောင်ကုတင်ပေါ်တွင် လဲလျောင်းပြီး အိပ်ပျော်သွားသည်။
...
ယခုအချိန်တွင်ကျန်ပေ့တက္ကသိုလ်၏ အမျိုးသမီးအိပ့်အဆောင်။
ဆောင်ကျင်းအန်း သည် ပြတင်းပေါက်နားတွင်ထိုင်ကာ စီမံခန့်ခွဲရေးစာအုပ်ကိုကိုင်ကာ ဂရုတစိုက်ဖတ်နေသည်။
ဆောင်ကျင်းအန်းပြောသည့်အတိုင်းပဲသူမသည် သင်္ချာဘာသာကို ရွေးချယ်ပေမဲ့ လုံးဝ စိတ်မဝင်စားပေ။
သူမသည်ဆောင်မိသားစု၏သမီးဖြစ်သောကြောင့်၊ သူမသည် သဘာဝအတိုင်း သူမအကျိုးကို မစဉ်းစားနိုင်ဘဲ စီမံခန့်ခွဲရေးအရည်အချင်းများ ရှိရန်လည်း လိုအပ်သည်။
ဒီလိုမှမဟုတ်ပါက သူမဘွဲ့ရပြီးပါက ကုမ္ပဏီဥက္ကဌ ရာထူးများရယူပြီးနောက်ကုမ္ပဏီအတွက်ပြဿနာများစွာကို အလွယ်တကူဖြစ်စေနိုင်သည်။(သူမကသင်္ချာင်ကိုစိတ်ဝင်စားပါတယ်။မိသားစုကြောင့်စီမံခန့်ခွဲမှုပိုင်းကိုလေ့လာနေရာတာ’’)
ထို့ကြောင့် သူ့မအားလပ်ချိန်များတွင် ဆောင်ကျင်းအန်းသည် စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ စာအုပ်အချို့ကို ဖတ်နေသည်။
လူများတွေရဲ့အမြင်မှာတော့ ချမ်းသာတဲ့ကလေးတွေရဲ့ဘဝကပျော်စရာကောင်းတယ်လို့ပဲထင်နေလိမ့်မည်။
သို့သော် ချမ်းသာသော ကလေးများသည် သူတို့ထင်တာထက် ပိုကြိုးစားရတာကိုသူတို့မသိကြပေ။
“ဒင်ဒေါင်!”
ထိုအချိန်တွင် ဆောင်ကျင်းအန်းဘေးတွင်ချထားသော လက်ကိုင်ဖုန်းသည် အနည်းငယ် တုန်ခါသွာခဲ့းသည်။
သူမသည် စခရင်ကို အမှတ်တမဲ့ ကြည့်လိုက်တော့ “ကျန်ပေ့” မှ တစ်စုံတစ်ယောက် မက်ဆေ့ချ် ပို့ထားသည်ကို တွေ့လိုက်ရသည်။
တန်ရှိန်: မင်းသိလား။ အစ်ကိုလင်းသီချင်းတတ်တယ်ဟ။
လီယွင်ဟိုင် : အစ်ကိုလင်းကသီချင်းဆိုတတ်တာလား။ဒါဆိုသူ အသံကောင်းလား။
တန်ရှိန်: အရမ်းကောင်းတယ်! အဲဒါက ကျနော့ဘဝမှာ ကြားဖူးသမျှထဲမှာ အကောင်းဆုံးသီချင်းပဲ
ဒါကိုကြည့်ပြီးဆောင်ကျင်းအန်း ပင်လျှင် စိတ်ဝင်စားလာခဲ့သည်။
ထို့ကြောင့်သူမက စာကို မြန်မြန်ရိုက်ပြီးပို့လိုက်သည်။
ဆောင်ကျင်းအန်း-လင်းဖန်က ဘာသီချင်းဆိုလဲ။
တန်ရှိန်: အဲ့ဒါကကြယ်မြစ်ပဲ
စုလင်းဟို- ကြယ်မြစ် ဒီသီချင်းကို ငါတစ်ခါမှ မကြားဖူးဘူး။
ဇောင်ဘန် : ငါလည်း မကြားဖူးဘူး။
တန်ရှိန်: မင်းတို့မကြားဖူးတာကပုံမှန်ပါပဲ။ အဲဒါကအစ်ကိုလဂ်းကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းပဲ။
လီယွင်ဟိုင်: မိုက်လိုက်တာ။ အစ်ကို လင်းက သီချင်းတွေ ရေးတတ်တာလား။
တန်ရှိန်: သီချင်းရေးတတ်ယုံအပြင် အစ်ကိုလင်းကဂစ်တာလဲတီးတတ်သည်။ဂီတာတီးပြီးသီချင်းဆိုတော့နားထောင်ရတာအရမ်းမိုက်တယ်။
ဒီစာကိုဆောင်ကျင်းအန်းမြင်သောအခါ သူမရဲ့ မျက်လုံးတွေ ခဏမှိတ်လိုက်ပြီးလင်းဖန်သီချင်းဆိုနေပုံကို သူမဟဉ်းစားလိုက်သည်။
တန်ရှိန်- စကားမစပ်၊ အစ်ကိုလင်း ကမြူနီစီယန်မှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေတယ်။
လီယွင်ဟိုင်- အစ်ကိုလင်းရဲ့ဖျော်ဖြေပွဲလား။ ဘယ်တော့လဲ!
တန်ရှိန်: အဟမ်း၊ ဒါကအစ်ကိုလင်းရဲ့ ဖျော်ဖြေပွဲတော့ မဟုတ်ဘူး၊ ဒါပေမယ့်သူက ကျူရှင်းဘားရဲ့အဆိုတော်အတွက် ဖျော်ဖြေပွဲတစ်ခု ပေးတာ။
တန်ရှိန် : ဒီအဆိုတော်ကလဲသီချင်းဆနုတာအရမ်းကောင်းတယ်။ အဲ့အချိန်ရောက်ရင် သူမဟာ အစ်ကိုလက်းရေးပေးတဲ့ ‘’ကြယ်မြစ်” သီချင်းကိုလည်း သီဆိုမှာ။
လွင်ယွင်ဟိုင်- ဘာပဲဖြစ်ဖြစ်လင်းရဲ့ ဖျော်ဖြေပွဲကို အားပေးကြရအောင်။
ဒန်ကျူ: မှန်တယ်။
စုလင်းဟို - ဖျော်ဖြေပွဲလုပ်မယ်ဆိုတော့အစ်ကို လင်းကဖျော်ဖြေရေးလောကထဲကို ဝင်ဖို့ စီစဉ်နေတာလား။
လီယွင်ဟိုင် - ဖျော်ဖြေရေးလား။ အဲ့ ဒါကကောင်းတယ်!
ကျောက်ဘန်: အစ်ကို လင်းက မြူနီစီယန် မှာ ဖျော်ဖြေပွဲလုပ်မှာလား။ ဒီဟာကဖျော်ဖျေပွဲ သေးသေးလေးမဟုတ်ဘူး!
ကျောက်ဘန်: အစ်ကိုလင်းကဘယ်တော့ဖျော်ဖြေမှာလဲ။
တန်ရှိန်- အစ်ကို လင်းပြောတာတော့ တစ်ပတ်လောက်ကြာရင်တဲ့။
ကျောက်ဘန်: တစ်ပတ်လား? အချိန်ကအရမ်းတယ်။ဖျော်ဖြေပွဲ ကြော်ငြာတွေမတွေ့သေးဘူး။
တန်ရှိန်: အစ်ကိုလင်းက မနေ့ကမှဖျော်ဖြေပွဲကျင်းပဖို့ ဆုံးဖြတ်ထားတာလေ။ကြောငြာကိုမမြင်တာ သာမာန်ပါပဲ။
“ဒင်ဒေါင်!”
ဤအချိန်တွင်၊ လူတိုင်း၏ WeChat သတင်းတွင် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာခဲ့သည်။
[လက်မှတ်များအားလုံးအခမဲ့။ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျန်ပေ့မြူနီစီယန်မှာ ဆန်းကြယ်ပြီး ခမ်းနားသော ဖျော်ဖြေပွဲတစ်ခု ကျင်းပပါမယ်။】
ဒီသတင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားကြသည်။
အချိန်အတော်ကြာပြီးနောက်တစ်စုံတစ်ဦးထံ မက်ဆေ့ခ်ျပို့ခဲ့သည်။
ကျောက်ဘန်: ဝိုက်ချက် က သတင်းကို ရလား။
ဒန်ကျူ: ငါလက်ခံရရှိတယ်။ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျန်ပေ့မြူနီစီယန်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားသော ဖျော်ဖြေပွဲတစ်ခု ကျင်းပမယ်တဲ့။ ဒါကအစ်ကိုလင်းကျင်းပမည့် ဖျော်ဖြေပွဲ မဟုတ်ပါလား။
စုလင်းဟို - တစ်ပတ်အကြာဆိုတော့်29 ရက်မြောက်နေ့ဖြစ်တယ်။ဒါကြောင့်ဒါကအစ်ကိုလင်းပွဲဖြစ်သင့်သည်။ မမျှော်လင့်ထားဘူး အစ်ကိုလင်းက ပန်ကူ အဖွဲ့နှင့် နက်ရှိုင်းသောဆက်ဆံရေးရှိနေတယ်ဆိုတာ။
လီယွင်ဟိုင် -ငါအင်ပါယာဟိုတယ် မှာရှိစဉ်တုန်းက အင်တာနက်ကုမ္ပဏီကြီးတော်တော်များများက အစ်ကိုလက်းနှုတ်ဆက်စကားပြောနေကြတာ အံ့သြစရာမဟုတ်တော့ပါဘူး။
တန်ရှိန်- ပန်ကူအဖွဲ့ကိုတောင်ကြော်ငြာခိုင်းတယ်ဆိုတော့ အစ်ကိုလင်း က အရမ်းမိုက်တယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး