ဘီလူးကြီးသုံးယောက်ကြောငြာခြင်း
Vol. 17 Ch. 255
စုလင်းဟို၊ လီယွင်ဟိုင်၊ တန်ရှိန်၊ ဒန်ကျူနှင့် အခြားအဖွဲ့ဝင်များသည် ကျတ်ပေ့တွင်သာမက ချန်ပြည်နယ်တွင်လည်း ချမ်းသာသောလူငယ်သခင်လေးများဖြစ်သည်။
ဒါပေမယ့် သူတို့က ပန်ကူအဖွဲ့ကိုကြော်ငြာခိုင်းဖို့ဆိုရင်တောင် အရမ်းခက်ခဲမည်ဖြစ်သည်။
လင်းဖန်သည် မနေ့က ဖျော်ဖြေပွဲလုပ်ဖို့ကို ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးပန်ကူအဖွဲ မှ ယနေ့တွင်ကြော်ငြာရန် ကူညီပေးခဲ့သည်။
ဒီစွမ်းဆောင်ရည်ကအရမ်း ကြောက်စရာကောင်းသည်။
သူတို့ တအံ့တသြဖြစ်သောအခါ ဖုန်းသည် အနည်းငယ်တုန်ခါကာ UB ဘရောက်ဆာ(google/chromeလိုမျိုးပါ)တွင် သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
စူးစမ်းလိုစိတ်ဖြင့် လူတိုင်းသည် ဖြည်းညှင်းစွာ ဝင်ရောက်ကြည့်လိုက်ကြသည်။
“လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားကြီးကျယ်တဲ့ ဖျော်ဖြေပွဲကြီးကိုကျန်ပေ့မြူနီစီယန် မှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာကျင်းပပါလိမ့်မယ်။လတ်မှတ်အားလုံးကအခမဲ့ပါ။ဒီလို အံ့သြစရာကောင်းတဲ့အခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးနော်။
မူလ တက်ကြွသော ကျန်ပေ့ အုပ်စုသည် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
ခဏအကြာတွင်မပ်ဆေ့တစ်ခုပေါ်လာခဲ့သည်။
ဒန်ကျူ- UB ဘရောက်ဆာကလဲကြော်ငြာတာလား။
ကျောက်ဘန်: UB ဘရောက်ဆာမှာ ပေါ်လာတဲ့သတင်းကို ပြောချင်တာလား။
ဒန်ကျူ: ဟုတ်တယ်။
ဒန်ကျု- UB ဘရောက်ဆာကလဲ ၎င်းကို ကြော်ငြာရန် အမှန်တကယ် ကူညီပေးခဲ့သည်။ UB ဘရောက်ဆာက အဲအဖွဲ့နဲ့ သက်ဆိုင်ပုံရတယ်၊ ဟုတ်တယ်မလား။
စုလင်းဟို-ဖျော်ဖြေပွဲကိုအဲဂရု နှင့် ပန်ကူအဖွဲ့တို့ကတောင် ကူညီပေးတယ်ဆိုတော့အစ်ကိုလင်းကတကယ်ကို အံ့သြစရာကောင်းတာပဲ။
လီယွင်ဟိုင်: ဟုတ်တယ် !
တန်ရှိန်: အစ်ကိုလင်းကို ငါကထာဝရလေးစားမဲ့သူပဲ။
“ဒင်ဒေါင်!”
ထိုအချိန်တွင် လူတိုင်း၏ မိုဘိုင်းလ်ဖုန်းများသည် အနည်းငယ်တုန်ခါသွားကာ ယနေ့တွင်သတင်းခေါင်းစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【အသိပေးစာ! ဖေဖော်ဝါရီ ၂၉ ရက်တွင် ကျန်ပေ့မြူနီစီယန်တွင် ဆန်းကြယ်ပြီး ခမ်းနားသော ဖျော်ဖြေပွဲတစ်ခု ကျင်းပမည်ဖြစ်ပါသည်။ ပရိသတ်ကြီးတျု့ရေ လက်မှတ်တွေက အခမဲ့နော်။ဒီအခွင့်အရေးကိုလက်လွတ်မခံကြနဲ့နော်။ 】
ဤသတင်းထွက်ပေါ်လာသည်နှင့်အမျှ ကျန်ပေ့အဖွဲ့သည် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
တစ်စုံတစ်ယောက်ထံ မက်ဆေ့ချ်မပို့မီ အချိန်အတော်ကြာခဲ့သည်။
ကျောက်ဘန် : မင်း... ဒီနေ့ ခေါင်းစီးကနေ ပေါ်လာတဲ့ မက်ဆေ့ချ်ကို လက်ခံပြီးပြီလား။
ဒန်ကျူ: ဒီနက်ဝေါ့ကလည်းဖျော်ဖြေပွဲကိုကြော်ငြာပေးခဲ့တယ်။
ကျောက်ဘန်: ဒါက အစ်ကို လင်းလုပ်မယ့် ဖျော်ဖြေပွဲလား။
တိတ်ဆိတ်ခြင်း။
ကျန်ပေ့အဖွဲ့သည် တိတ်ဆိတ်သွားပြန်သည်။
လင်းဖန် ၏ လက္ခဏာအချို့ကို သိသော လီယွင်ဟိုင် နှင့် စုလင်းဟိုတို့ပင်လျှင်မယုံနိင်ဖြစ်နေကြသည်။
UB ဘရောက်ဆာကို လူသိရှင်ကြား စတင်ကြော်ငြာတာကိုမြင်သောအခါတွင် သူတို့အနည်းငယ်သာအံသြ့ကြသည်။
ပန်ကူလိုဧရာမတစ်ဦး(ကုမ္ပဏီ)သာ ကြော်ငြာတာကို ကူညီပေးပါက၊ ၎င်းသည် ၎င်းတို့၏ နားလည်မှုဘောင်အတွင်းတွင် ရှိနေသေးသည်။
ဒါပေမယ့် အခုဘီလူးကြီးသုံးကောင်က တစ်ချိန်တည်းမှာလင်းဖန်ဖျော်ဖြေပွဲကြောငြာပေးသည်။
ဒါ့အပြင်လင်းဖန် က မနေ့ကမှဖျော်ဖြေပွဲကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ တန်ရှိန်က ပြောကြားခဲ့သည်။
တစ်ရက်တည်းမှာပင် ဧရာမ ၃ ကောင်လုံး ကကြော်ငြာပေးတာလား။
ဒါက... လုံးဝလုံးဝကိုမယုံနိုင်စရာကောင်းသောကိစ္စဖြစ်သည်။
…………
လင်းဖန်သည် ကျန်ပေ့အဖွဲ့တွင် လူအများ မည်သို့တုံ့ပြန်မည်ကို သဘာဝကျကျ မသိပေ။
ထိအချိန်တွင်သူသည် အိပ်ဆောင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။
တစ်နာရီခန့်ကြာပြီးနောက်လင်းဖန်သည်မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
လင်းဖန်သည် အိပ်ဆောင်ကိုကြည့်လိုက်ရာ မူဇောင်သည် စာအုပ်ကို တိတ်တဆိတ်လှန်ကြည့်နေပြီး ဇောင်ချင်းလိုသည် ကွန်ပြူတာရှေ့တွင် ထိုင်နေပြီးဂိမးကစားနေသည်။ စုရီသည်သူ့ကုတင်ပေါ်မှာအိပ့်နေရင်းဖုန်းသုံးနေသည်။
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။
ကျန်ပေ့မြို့၏ခေါင်းဆောင် ဂျန်ရီထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်။ထို့ကြောင့်သူကကိုင်လိုက်သည်။
“အစ်ကိုလင်း မင်း အနားယူတာကိုအနောက်အယှက်ဖြစ်စေမိလို့စိတ်မဆိုးပါနဲ့” ဂျန်ရီက ပြောလိုက်သည်။
လင်းဖန် က “မဟုတ်တာ”
“အစ်ကိုလင်း၊ ၂၉ ရက်နေ့မှာကျင်းပမဲ့မြူနီစီယန် ဖျော်ဖြေပွဲမှာလူအရေအတွက်ကို ထိန်းချုပ်ဖို့ လိုသေးလား” ဂျန်ရီ က ပြောလိုက်သည်။
ဂျန်ရီသည် လင်းဖန်၏ ဝိသေသလက္ခဏာကို ကောင်းစွာသိသည်။
ဂျန်ရီသည် လင်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိချင်နေသည်မှာ ကြာပင်ဖြစ်သည်။
ထို့ကြောင့်လင်းဖန်သည် ၂၉ ရက်နေ့၌ ဖျော်ဖြေပွဲကျင်းပရန် မြူနီစီယန်ကို ငှားလိုသည်ဟု ယနေ့နံနက်တွင် ပြောသောအခါ ဂျန်ရီသည် ဘာမှမစဉ်းစားဘဲ သဘောတူလိုက်သည်။
ဂျန်ရီ၏အမြင်အရ လင်းဖန် သည် ကြယ်ပွင့်ကြီးတစ်ပွင့်ကို ဖိတ်ခေါ်ပြီးဆိုခိုင်းလိုက်လျှင်လုံးဝအဆင်ပြေမည်ဖြစ်သည်။
ကျန်ပေ့မြူနီစီယန်မှာတစ်နှစ်မှာတစ်ခါတောင်မလုပ်ဖြစ်လို့ပင်ဖြစ်သည်။
သို့သော်ယနေ့မွန်းတည့်ချိန်တွင် ဝိုက်ချမ်၊ UB (ယူဘီ)ဘရောက်ဆာ နှင့်နက်ဝေါ့သတင်း၎င်းတို့အားလုံးက မြူနီစီယန်မှာအခမဲ့ဖျော်ဖြေပွဲကျင်းပမည်ဟု သူမထင်ထားခဲ့ပါ။
ဒီသတင်းတွေကို ဝိုက်ချက်၊ UB ဘရောက်ဆာ နဲ့ နက်ဝေါ့သတင်းတွေကနေတဆင့် လူသန်းရာနဲ့ချီပြီး တိုက်ရိုက်မြင်ရမှာကို သူကြောက်သည်။
ဂျန်ရီသည် ဤပေါ်လာသော ပြတင်းပေါက်များကို မြင်သောအခါ အလွန်အံ့သြသွားခဲ့သည်။
လင်းဖန်သည် အဲ၊ ပန်ကူနှင့် နက်ဝေါ့ တို့ကနေကြောငြာခိုင်းသည့်အထိအစွမ်းအစရှိသည်ကို အံ့သြမိသည်။
ထို့နောက် ချက်ချင်းပင်ဂျန်ရီ သည် နောက်ထပ် စိုးရိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။
၂၉ ရက်နေ့ ညနေတွင် လူမည်မျှ စုဝေးကြမည်ကို သူ တွေးကြည့်နိုင်သည်။
လူများစွာရောက်ခြင်းသည်အန္တရာယ်ကို ကိုယ်စားပြုသည်။
လူအုပ်ကြီးမှာဒီလိုမျိုး အဖြစ်အပျက် ကြုံလာရရင် လုံးဝကြောက်ဖို့ကောင်းဖို့ကောင်းမှာသေချာသည်။
လင်းဖန်သည် ဂျန်ရီ၏စိုးရိမ်မှုကို နားလည်ပြီး ခဏလောက်စဉ်းစားပြီး “ဒါဆိုမင်းလက်မှတ်ရှိမှပဲ ကွင်းထဲကို ဝင်နိုင်ဖို့အတွက် အခမဲ့ လက်မှတ်တစ်သိန်းလုပ်ပေးလေ”
“100,000? ငါတို့မြို့ရဲ့ အားကစားခန်းမမှာ ထိုင်ခုံ 60,000 ပဲရှိတယ်။” ဂျန်ရီက ပြောသည်။
“အထဲမှာ လက်မှတ် 60,000 နဲ့ အပြင်မှာ လက်မှတ် 40,000 လောက်လုပ်လို့ရပါတယ်။” လင်းဖန်က ပြောလိုက်သည်။
ဂျန်ရီခဏလောက် ထိတ်လန့်သွားပြီး “ခန်းမ... အပြင်မှာလား။ ဒါ ပရိသတ်တွေက မြင်ရပါ့မလား”
ကွင်းအပြင်မှာ ဖျော်ဖြေပွဲကြည့်တဲ့ ပရိသတ်ကို တစ်ခါမှ မကြားဖူးပေ။
“ကောင်းပြီ ဒီကိစ္စကိုစိတ်မပူပါနဲ့ငါကြည့်လုပ်လိုက်မယ်” လင်းဖန်က ပြောလိုက်သည်။
ဂျန်ရီက တစ်ခုခုပြောချင်သလိုမျိုး ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ဘာမှမပြောလိုက်ပေ။
လင်းဖန် က လူဦးရေကန့်သတ်ထားသရွေ့တော့ အဆင်ပြေပါသည်။
ထို့အပြင် အပြင်လက်မှတ်များကိုကိုင်ဆောင်သူများသည် ထိုနေရာသို့ သွားကြမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ဒါကိုစဉ်းစားရင်းကျန်ရီ က သက်ပြင်းတစ်ချက်ချရုံမှမတတ်နိုင်တော့ပေ။
………..
ကျောင်းသားများစွာသည် ဆန့်တန်း သို့မဟုတ် သမ်းဝေကာ အပြင်ထွက်သွားလိုက်ကြသည်။ထိုအချိန်တွင်ဆောင်ကျင်းအန်းကလင်းဖန်ထံသို့ ရုတ်တရက်ရောက်လာပြီး “လင်းဖန်၊ အတူတူထမင်းစားမလို့အားလား။’’
ဒီစကထွက်လာတာနဲ့တပြိုင်နက်၊ စုရီ၊ ဇောင်ချင်းဘို၊ မူဇောင်နဲ့ သူတို့ဘေးမှာ ထိုင်နေတဲ့ တခြားသူတွေက သံပုရာသီးစားသလိုမျိုးရုပ်ဖြစ်သွားကြသည်။
ဆရာမဟန်တီကလင်းဖန် ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမရုံးခန်းကို လာခိုင်းသည်။
အခုတော့ အတန်းထဲက နာမည်ကြီး ရေခဲအလှမယ်လေးကလင်းဖန်ကိုညစာစားဖို့ ဖိတ်ခေါ်နေပြီဖြစ်သည်။
ဒါ…
ဒါ……
ဘာလို့ အလှလေးတွေကသူဆို့လာမဖိတ်တာလဲ။ဟုစိတ်ထဲတွင်အော်ပြောနေကြသည်။
ဆောင်ကျင်းအန်း၏ ဖိတ်ကြားချက်ကို လင်းဖန် က လုံးဝမတွန့်ဆုတ်ဘဲ “ကောင်းပြီ” ဟု တိုက်ရိုက်ပြန်ပြောလိုကအသည်။
ထို့နောက် အတန်းရှိ ကျောင်းသားအားလုံး၏ မနာလိုဖွယ် အကြည့်များအောက်တွင် လင်းဖန်နှင့် ဆောင်ကျင်းအန်းတို့သည် စာသင်ခန်းမှ ထွက်လာခဲ့သည်။
နှစ်ပိုင်းကိုမနက်မဟုတ်နေလယ်တစ်ကယ်လာပါမယ်။မနက်ဖတ်တဲ့သူသိပ်မရှိလို့ပါ။