← Chapters

မင်းမှာဒီလိုအင်အားရှိလား

Vol. 006 Ch. 578

မင်းမှာဒီလိုအင်အားရှိလား

Vol. 006 Ch. 578

တိုက်ကွက်တစ်ချက်နှင့်ပင် နတ်ဆိုးမျိုးနွယ် တစ်ရာကိုသတ်နိုင်လိုက်သည်။ ထိုတိုက်ကွက်သည် ဝူလင်းယူနှင့် ရှီမာယူယူတို့ပါ တံတွေးမျိုချမိလေသည်။

အထူးသဖြင့် သူမပင်။ မိုရှားသာ သူမကို ထိုတိုက်ကွက်နှင့် တိုက်လိုက်ပါက သူမ ဘာဖြစ်သွားနိုင်မလဲ။

ထို့အပြင် သူသည် သူမအပေါ်တွင် သတ်ချင်စိတ်ဖြစ်ဖူးခဲ့သည်။ သူသာ စာချုပ်ကိုဖျက်ပြီး ပုံမှန်အတိုင်း ပြန်သွြးမယ်ဆိုရင် သူမဘဝလေးတော့ သွားပါပြီ။

ထိုအကြောင်းကိုတွေးမိသောအခါ သူမသည် ခြေ၂လှမ်းဆုပ်ကာ သတိရှိစွာနှင့် ပြောလိုက်သည် “ငါတို့ စာချုပ်ဖျက်လိုက်ရင် ငါ့ကိုမသတ်ဘူးဆိုတာ ကတိပေးပြီးသားနော်၊ ကိုယ့်ကတိကိုယ်တည်ရမယ်”

သူမမျက်လုံးမှ သူ့ကိုမယုံကြည်ခြင်းများကို မိုရှား မြင်လိုက်သောအခါ ဒေါသထပ်ထွက်မိလေသည်။ သို့သော် သူမ၏ ဖျော့တော့သော မျက်နှာကိုမြင်သောအခါ ဒေါသကိုထိန်းချုပ်ထားလိုက်သည်။ သူသည် အေးစက်စွာ သက်ပြင်းရှိုက်လိုက်ပြီး သူ့မျက်ခုံးကြားမှ အနက်ရောင်အလင်းတန်း ပစ်လွှတ်ပြီး ဝူလင်းယူဆီသို့ ဒေါသပုံချလေ သည်။

“စီနီယာအစ်ကို” အကြည့်များပုံမှန်နှင့် မတူတော့သော ဝူလင်းယူကို သူမမြင်သောအခါ မသေချာစွာဖြင့် ခေါ်လိုက်သည်။

ဝူလင်းယူသည် သူမအား ကြည့်လိုက်ရာ သူ့အကြည့်သည် မိုရှားအကြည့်နှင့် လုံးဝပင်တူနေလေသည်။

“စီနီယာအစ်ကိုဘာဖြစ်တာလဲ” သူမသည် သတ္တိမွေးကာ မေးလိုက်သည်။

“အိပ်သွားပြီ” မိုရှားပြောလိုက်သည်။

“ပေါင်းစပ်လိုက်ရင် ငါ့စီနီယာအစ်ကိုရဲ့ အသက်ကို မယူဘူးလို့ပြောခဲ့တယ်မလား” သူမ အပြစ်တင်လေ သည်။

သူမ ဒေါသထွက်သော်လည်း သူသည် သူမ၏ စီနီယာအစ်ကိုပင်ဖြစ်သေးသည်။ သူ သေသွားသည်ကို အဘိုးနတ်ဆိုးသိပါက သောကရောက်သွားမည်။

“သူ့အသက်ကို ငါယူချင်တယ်လို့ဘယ်သူပြောလို့လဲ” သူမ သူ့ကိုထပ်အော်လိုက်သည်ကို မိုရှား မြင် သောအခါ သူမလုပ်ဖူးသည့်နည်းလမ်းအတိုင်း ပြန်လုပ်လေသည်။ သူမသည် အကြောက်တရားကြောင့် သူ့အား မကြည့်ပဲ အဝေးသို့ကြည့်နေရာ သူ့စိတ်ထဲမှ မကျေနပ်မှုသည် ပျက်သုဉ်းသွားလေသည် “သူ့ဝိဉာဉ်က အိပ်သွား ရုံပါ”

“ဒါပေမယ့် မင်းက သူ့ခန္ဓာကိုယ်ထဲမှာ အချိန်တစ်ခုနေသွားမှာလေ၊ မပေါင်းစပ်ရင်တော့ သူသတိမေ့နေ မှာပဲ၊ မင်းတို့ပေါင်းစပ်လိုက်ရင်ရော သူကရှိပါ့ဦးမလား”

“ငါတို့ မပေါင်းစပ်ထားလို့ သူအိပ်ပျော်နေရုံပဲ၊ ငါတို့ပေါင်းစပ်လိုက်ရင် ဒီလိုထပ်ပြီးဖြစ်မှာမဟုတ်ဘူး” မိုရှား ပြောလေသည်။ “ပြီးတော့ သူသတိမေ့အောင်လုပ်ပေးတာပဲ တော်သေးတယ်”

“ဘာကောင်းတာလဲ”

“သူ့ဝိဉာဉ်အင်အားက ငါ့လောက်မသန်မာဘူး၊ သူ့ကို ဝိဉာဉ်အရည်ပေးပေမယ့် ဒီခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့က အရမ်းပင်ပန်းတယ်၊ အခုသူ့ ဝိဉာဉ်က နားလို့ရတော့ ပင်ပန်တဲ့လူ နားတဲ့ပုံနဲ့အတူတူပဲ” မိုရှား ရှင်း ပြလေသည်။

“သြော်” မိုရှား သူမကို မလိမ်သည်ကိုတော့ ရှီမာယူယူ ယုံကြည်သည်။ “ဒါဆို ပေါင်းစပ်ပြီးရင်တော့ ဘာ ဖြစ်မှာလဲ”

“ပေါင်းစပ်ပြီးရင်… သူက ငါဖြစ်သွားပြီး၊ ငါက သူဖြစ်သွားမှာပေါ့” မိုရှားသည် ဇဝေဇဝါပြောလေသည်။

ဝူလင်းယူ၏ ခန္ဓာကိုယ်အတွင်းဝင်ပြီးနောက် သူ့ဝိဉာဉ်သည် လက်ခံနိုင်သည်ကို ခံစားမိသည်။ အခုမှပင် သူသည် ဝူလင်းယူတွင် သူမအား သဘောကျသော ခံစားချက်ရှိသည်ကို နားလည်လိုက်သည်။

သူကလည်း သူမကို သဘောကျသည်၊ သူ၏ ဝိဉာဉ်နောက်တစ်ဝက်မှာလည်း သူမကို သဘောကျသည်။ သူတို့သာ ပေါင်းစပ်လိုက်ပါက သူတို့မည်သို့ အဆုံးသတ်မည်ကို သူမသိတော့ပေ။

ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သူတို့နှစ်ယောက် ပေါင်းစပ်ပြီးပါက မည်သို့ ဖော်ပြရမည်ကို သူမ မသိတော့ပေ။

မိုရှားလျှောက်လာကာ သူမ နှာခေါင်းကိုဆိတ်လိုက်သည်။ သူမ၏ နီရဲသော နှာခေါင်းကို တွေ့သောအခါ သူ စိတ်ကောင်းပြန်ဝင်သွားလေသည်။

ထိုသည်မှာ သူမကို အမှန်တကယ်ပင် ထိတွေ့ရသောကြောင့် ထိုအတိုင်းခံစားရခြင်းဖြစ်သည်။

သူ နတ်ဆိုးမျိုးနွယ်၏ အဖွဲ့ဝင်မဖြစ်ခင်တွင် မိန်းကလေးများနှင့် ပတ်သတ်မှုမရှိခဲ့ပေ။ နတ်ဆိုးမျိုးနွယ်သို့ ဝင်ပြီးနောက်တွင် ပို၍ အခွင့်အရေးနည်းသွားသည်။ သူသည် ထိုခံစားချက်ကို တစ်ခါမှ မခံစားဖူးပေ။

ရှီမာယူယူ၏ နှာခေါင်းသည် အဆိတ်ခံရသဖြင့် နာသွားရာ သူ့လက်ကို ဘေးသို့ပုတ်ထုတ်ပြီး ပြောလေ သည် “ဟွာရှုံကို ဘာလုပ်ကြမလဲ ပြီးတော့ မင်း ငါ့ကို ဘာလို့နတ်ဆိုးမျိုးနွယ်ကို ခေါ်သွားမှာလဲ”

“ငါနတ်ဆိုးမျိုးနွယ်ကို စစ်ဆေးစရာရှိလို့ သွားချင်တာ ဒါပေမဲ့ ငါက မင်းနဲ့ ဝေးနေလို့မရဘူး၊ အဲဒါကြောင့် မင်းကို ငါနဲ့အတူတူလိုက်ခိုင်းရတာ” မိုရှား ပြောလိုက်သည်။

“ဒါပေမဲ့ မင်းငါ့ကို ပြောသင့်တယ်လေ” ရှီမာယူယူသည် ခေါင်းငုံ့ကာ ရွေရွတ်လိုက်ပြီး ဒေါသထွက်နေ လေသည်။

“ငါမှားသွားတယ် နောက်တစ်ခါကိုပြောပါမယ်”

“ဘာ” ရှီမာယူယူ ခေါင်းပြန်မော့ကာ မှင်တက်သွားသည်။ သူမသည် စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ် လိုက်ပြီး သူမအံ့သြသွားသည့်အမူအရာ ဖြစ်သွားလေသည်။

သူက တောင်းပန်လိုက်တာလား။

မိုရှားသည် အစပိုင်းတွင် ထိုစကားကို ဘာကြောင့်ပြောလိုက်မှန်း မသိပေ။ သို့သော် ထိုခန္ဓာကိုယ် အတွင်း ဝင်ပြီးနောက်တွင် သူ့အတွေးများ ပြောင်းသွားပုံပေါက်သည်။ သို့သော် ရှီမာယူယူ အံ့သြသွားသည်ကို ကြည့်ပြီးနောက် သူသည် နေရခက်စွာ အဝေးသို့ကြည့်လိုက်သည်။

သူက တကယ်ပဲ ဒီခန္ဓာကိုယ်ရဲ့ စိတ်ခံစားချက်တွေကို ခံစားနေရတာလား။ ထိုအကြောင်းအား စဉ်းစား မိသောအခါ သူ စိုးရိမ်လာသည်။ ဒီခန္ဓာကိုယ်သည် သူမအပေါ်တွင် စိတ်ခံစားမှု ခိုင်မာသည်။ ဝူလင်းယူသည် တစ်ချိန်လုံး ဖိနှိပ်ခံထားရသော်လည်း သူနှင့် ပေါင်းစပ်လိုက်သောအခါ ရလဒ်ကို မည်သူမှ မသိနိုင်ပေ။ သူ ကိုယ်တိုင်ပင် မသိပေ။

ရှီမာယူယူ ပြုံးလိုက်သည်။ သူ့ကို ထိုပုံစံအတိုင်းမြင်ရသည်မှာ ရှားသည်။ သူမသည် သူ့ကို တကယ်ပင် စနောက်ချင်သော်လည်း သူ့မျက်နှာသည် စတော်ဘယ်ရီကဲ့သို့ နီရဲလာသဖြင့် မစရန် ဆုံးဖြတ်လိုက်သည်။ သူ သည် နတ်ဆိုးဘုရင်မဟုတ်ပါလား။ ဂုဏ်သည် သူ့အတွက် အရေးကြီးသည်။ သူ တောင်းပန်သည်ကိုက ကိစ္စကြီး ဖြစ်သည်။ သူမသာ သူ့ကို ဒေါသထွက်ပါက သူမသည် အရိုက်ခံရ၍ သေသွားသည်နှင့် မတန်ပေ။

“ဒါဆို သူ့ကိုဘာလုပ်ကြမလဲ” ရှီမာယူယူသည် မြေပေါ်တွင် လဲနေသော ဟွာရှုံအား ညွှန်ပြလိုက်သည်။ “သူက အရင်တုန်းက မင်း တပည့်လား”

“ဟုတ်တယ်” မိုရှားလျှောက်လာကာ ဟွာရှုံ၏ နဖူးပေါ်သို့ လက်ချောင်းတင်လိုက်သည်။ သူမျက်လုံး မှိတ်သွားကာ ပြန်ဖွင့်လာပြီးနောက် ပြောလိုက်သည် “သူ့ကို မင်းဝိဉာဉ်စေတီထဲကို ထည့်ထားလိုက် သူ့ကို မနိုး စေနဲ့”

“အင်း” ရှီမာယူယူ လက်ဝေ့လိုက်ရာ ဟွာရှုံသည် ချက်ချင်းပင် ပျောက်သွားလေသည် “အခုဘယ်သွား ကြမလဲ”

သူလုပ်ရမည့်အရာကို ပြောပြီးသဖြင့် သူသည် နတ်ဆိုးလောကအတွင်းသို့ သွားရမည်။

“မင်း ရောင်ဝါပြောင်းရမယ်” မိုရှား ပြောလေသည်။

“ဘယ်လိုလုပ်လို့ရမှာလဲ”

“မင်းရဲ့ တခြားဝိဉာဉ်စွမ်းအင်တွေ ဖုံးထားလိုက်၊ မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အမှောင်စွမ်းအင်ပဲ ရှိပါ စေ” မိုရှား ပြောလေသည်။

ရှီမာယူယူ ခေါင်းညိမ့်ပြီး တင်ပျင်ခွေထိုင်ချလိုက်သည်။ သူမသည် သွေးကြောများထဲသို့ ဝိဉာဉ်စွမ်းအင် များအားလုံး သိမ်းလိုက်ပြီးနောက် အမှောင်ဝိဉာဉ်စွမ်းအင်များကို နည်းနည်းစီ ပျံ့နှံ့သွားစေသည်။ သူမ ရောင်ဝါ သည် စတင်ပြောင်းလဲလာာ နောက်ဆုံးတွင် အလင်းဝိဉာဉ်စွမ်းအင် အနည်းငယ်မျှ မကျန်တော့ပေ။

“မင်းရဲ့ ပုံစံကိုလည်းပြောင်းရမယ်” မိုရှား ပြောလိုက်သည်။

“ဘာလို့လဲ ဘယ်သူမှ ငါ့ကို မမှတ်မိပါဘူး”

“နတ်ဆိုးမျိုးနွယ်က ပုံစံပြောင်းနိုင်တဲ့သူတွေက အရမ်းအားကောင်းတယ်၊ သူတို့အားကောင်းလေ လူနဲ့ ပိုတူလေပဲ” ပြောပြီးနောက်တွင် သူသည် သူမဘေးသို့ ကြည့်လိုက်လေသည်။

ရှီမာယူယူသည် သူ့အား ပြန်ကြည့်လိုက်သည်။ သူမ အလွန်အားနည်းနေသည်ဟု သူပြောလိုက်တာ မလား။

“ငါ အဲလိုမျိုးကြီးမပြောင်းချင်ဘူး”

သူမသည် မတူညီသော နတ်ဆိုးမျိုးနွယ်များကို မြင်ဖူးသည်ဖြစ်၍ အမှန်တကယ်ပင် ထိုပုံစံသို့ မပြောင်း ချင်ပေ။

“မင်း အဲလိုပုံစံပြောင်းစရာမလိုပါဘူး” သူမ စဉ်းစားနေသည်ကို မိုရှားသိသည် “မင်းနားရွက်တွေ နည်း နည်းရှည်အောင်လုပ်၊ မင်းခေါင်းထဲကဟာတွေကို ကြီးအောင်လုပ်၊ လုပ်ရင်းနဲ့ အမြီးလေးပါထည့်လိုက်ပါလား၊ မင်းရဲ့ သွေးစီးဆင်းမှုကို မြန်အောင်လုပ်လိုက်”

ရှီမာယူယူသည် နှုတ်ခမ်းများတွန့်လိုက်သည်။ သူမခေါင်းထဲက ဟာတွေကို ကြီးအောင် လုပ်ရမယ် ဟုတ်လား၊ အမြီးထည့်ရမယ်၊ သူမသည် ထိုအတိုင်းမပြောင်းချင်ပေ။

“လူနဲ့တူတဲ့ နတ်ဆိုးမျိုးနွယ်မရှိဘူးလား”

“ရှိတယ် ဒါပေမဲ့ သူတို့က တော်ဝင်သွေးသားတွေပဲ” မိုရှား ပြောလိုက်သည် “မင်းကသာ တော်ဝင် မျိုးနွယ် ဆိုရင် ငါ့ကိစ္စတွေကို လွယ်လွယ်လုပ်လို့ရမှာပဲ”

သူသည် တည့်တိုးပြောလွန်းသည်။

“ဒါပေမဲ့ မင်းက လူသားနဲ့တူနေတယ်လေ”

“မင်းမှာ ငါ့လိုအားရှိလား” မိုရှားသည် မျက်ခုံးပင့်လိုက်သည်။

“…”

ရှီမာယူယူသည် လက်သီးဆုပ်ထားကာ သူ့အား မထိုးမိစေရန် တင်းခံထားရသည်။ အသက်ပြင်းပြင်းရှု ပြီးနောက်တွင် သူမသည် ဟိန်းသံထောင်ချီကို ခေါ်လိုက်ပြီး ပေါင်းစပ်လိုက်လေသည်။ သူမသည် ချိုပေါက်လာ ပြီး နားရွက်များသည် ပိုရှည်လာသည်။ သူမသည် နောက်ကျောတွင် အဖြူရောင် အမွှေးများလည်း ထွက်လာ သည်။

သူမ၏ ချစ်စရာကောင်းပုံကို မိုရှားမြင်သောအခါ ရင်ခုန်သွားပြီး သူမကို နောက်တစ်ခေါက် ဆိတ်ချင် သွားသည်။

သူသည် အခုချိန်တွင် လုပ်ချင်လျှင် လုပ်နိုင်သည်.. ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူလျှောက် သွားပြီး လက်ဆန့်ကာ ချက်ချင်းပင် သူမ နားရွက်များကို ဆိတ်လိုက်လေသည်။

All Chapters