← Chapters

နှစ်သက်ခြင်း89

Vol. 18 Ch. 256

နှစ်သက်ခြင်း89

Vol. 18 Ch. 256

ကျန်ပေ့ရှိ ကြယ်နှစ်ပွင့်စားသောက်ဆိုင်ဖြစ်သော​မြူချီစတားခေါ် အမ်ပလတ်စ်သည် ဘိုဂျန်အဆောက်အဦး၏ ၃၇ ထပ်တွင် တည်ရှိသည်။

ကျောက်ပုံစံမီးအိမ်များ၊သားရေသစ်သားစားပွဲများနှင့် ကုလားထိုင်များ၊ သိုးမွှေးကြမ်းခင်းများ....... စသည်တို့ကြောင့်စားသောက်ဆိုင်တစ်ခုလုံးသည် လူများကို နန်းတော်ထဲတွင်စားနေရသလိုခံစားစေသည်။

လင်းဖန် နဲ့ ဆောင်ကျင်းအန်းတို့ဝင်လာပြီးတာနဲ့ စသောက်ဆိုင်ဝန်ထမ်းတစ်ယောက်က “မစ္စတာနဲ့မစ္စမင်္ဂလာညနေခင်းပါ အခန်းမှာထားတာရှိလား”

“ငါရဲ့ မျိုးရိုးအမည်က ဆောင်ပါ၊သီးသန့်အခန်း၉ ကိုမှာထားတယ်” ဆောင်ကျင်းအန်းက ပြောလိုက်သည်။

ဝန်ထမ်းက ဒါကိုကြားတော့ သူ့မျက်နှာပေါ်က ရိုသေတဲ့အကြည့်ပေါ်လာခဲ့သည်။

သိရန်အမ်ပလတ်စ်စားသောက်ဆိုင်၏သီးသန့်အခန်းနေရာကိုမှာယူရန် အလွန်ခက်ခဲသည်။

အထူးသဖြင့် အခန်း၉ ကတော့ပိုခက်ခဲတဲ့ထဲပါသည်။

နံပါတ် 9 အခန်းသည် စျေးကြီးသောကြမ်းခင်းနှင့်ပြတင်းပေါက်အကြီးကြီးရှိသောကြောင့် မျက်လုံးများဖြင့်ပြင်ပရှုခင်းကို ကြည့်ရှုနိုင်ပြီး တစ်ချိန်တည်းမှာပင် အကောင်းဆုံးဝန်ဆောင်မှုကို ခံစားနိုင်မည်ဖြစ်သည်။

လင်းဖန်နှင့် ဆောင်ကျင်းအန်းတို့ ထိုင်ပြီးနောက် စားပွဲထိုးသည် ထူထဲသော မီနူးတစ်ခုကို ထုတ်ကာ “လေးစားရပါသော မစ္စတာ၊မစ္စဘာမှာအုံးမလဲ”

ဆောင်ကျင်းအန်းသည် မီနူးကို လှန်ကြည့်ကာ “ဒီမှာကမှာကအရသာရှိတဲ့ဟင်းတွေအများကြီးရှိတယ်။ဒါကြောင့်မင်းကြိုက်တာမှာ?”

လင်းဖန် က “မင်းကောင်းမယ်ထင်တဲ့ ဟင်းပွဲကိုမှာလိုက်လေ၊မင်းမှာတဲ့ဟင်းပွဲက အရသာရှိမှာသေချာတယ်”

လင်းဖန် က ဒီစကားကိုချီးကျူးပြီးပြောခဲ့တာမဟုတ်ပေ။

ဆောင်ကျင်းအန်း သည် ဆောင် မိသားစု၏သမီးဖြစ်ပြီး ငယ်စဉ်ကတည်းက အရသာရှိသောဟင်းပွဲများကိုမည်မျှစားခဲ့သည်ကိုသူမသိပေ။

သူမ မှာလိုက်တဲ့ ဟင်းပွဲတွေရဲ့ အရသာက ဘယ်လိုလုပ်ဆိုးရွားနိုင်ပါမလဲ။

ဒီစကားလုံးများကိုဆောင်ကျင်းအန်းသည်အကြိမ်ပေါင်း မည်မျှကြားခဲ့သည်ကိုပင်သူမမှတ်မိပေ။

သို့သော်လည်း လင်းဖန်၏စကားကိုကြားပြီးနောက် ဆောင်ကျင်းအန်းသည် ချိုမြသောအပြုံးကို ထုတ်ဖော်ကာ “တကယ်လားဒါဆို ငါမင်းအတွက် ရွေးပေးမယ်” လို့ပြောလိုက်သည်။

“ကျေးဇူးပဲ။” လင်းဖန်က ပြောလိုက်သည်။

ဆောင်ကျင်းအနက “ဒါဆို ချိစ်ဆမ်းခရုအကောင်ကြီးတကောင်၊ ကိုရီးယားအမဲသားကင်နှစ်ပွဲ၊ပုစွန်ချဉ်စပ်၊....... နောက်ထပ် အချိုပွဲ နှစ်ခုနဲ့ရိုမန်ကော်တစ် တစ်ပုလင်းကို လာယူပါ။ ဒါပါပဲ။ “

စားပွဲထိုးက မီနူးကို လေးလေးစားစား ယူလိုက်ပြီး “ကောင်းပါပြီ မစ္စ ကျေးဇူးပြုပြီး ခဏစောင့်ပါ “ လို့ ပြောလိုက်သည်။

အမ်ပလတ်စ်စားသောက်ဆိုင်၏ စွမ်းဆောင်ရည်သည် အလွန်ကောင်းမွန်တယ်ဟုဆိုရမည်ဖြစ်သည်။

ခဏအကြာတွင် အမျိုးအစားစုံလင်သော အရသာရှိသော ဟင်းပွဲများကို သယ်ဆောင်လာခဲ့သည်။

ဟင်းပွဲတစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင်ပုံစံရှိပြီး အလွန်အရသာရှိမှာသေချာသည်။

လင်းဖန်က မထိန်းနိုင်ဘဲ ခေါင်းညိတ်ပြသည်။

ဒါကိုမြင်တော့ ဆောင်ကျင်းအန်းရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်ပြီး ဖန်ခွက်ကို မြှောက်လိုက်ပြီး “ချီးယားစ်။”ဟုပြောလိုက်သည်။

“ချီးယားစ်!” လင်းဖန်ကပြော လိုက်သည်။

ဒေါက်ပါဖန်ခွက်နှစ်ခုသည် လေထဲတွင် ထိတွေ့လိုက်ကာ ကြည်လင်ပြတ်သားသော အသံထွက်ပေါ်လာသည်။

လင်းဖန်သည် ဝိုင်နီကို နှာခေါင်းဘေးတွင် ထားကာ ရှူသွင်းပြီးနောက် ရိုမန်ကော်တစ်၏ ရနံ့ကို ခံစားလိုက်ရသည် ။

ထို့နောက် ရနံ့များ ပိုမိုပျံ့လွင့်လာစေရန် ညင်သာစွာလှုပ်ခတ်ပေးလိုက်သည်။

ထို့နောက် လင်းဖန်သည် ဝိုင်နီကို ပါးစပ်ထဲသို့လောင်းထည့်လိုက်တာနဲ့ဝိုင်သည် လည်ချောင်းထဲသို့ သူ့ဗိုက်ထဲသို့ စီးဝင်သွားသည်။

“ဝိုင်နီက ပါးစပ်ထဲကိုရောက်တာနဲ့အရသာက ချိုတယ်၊ ချဉ်ည်တယ်... ရိုမန်ကော်တ် အရသာက တကယ်ကောင်းတယ်။” လင်းဖန်က ခေါင်းညိတ်ပြီးပြောလိုက်သည်။

ဒီမြင်ကွင်းကိုဆောင်ကျင်းအန်းတောက်ပသောမျက်လုံးမျာဖြင့်ကြည့်နေလေသည်။ထို့နောပ်သူမသည် “မင်းသာ တရုတ်ဆိုတာကိုမသိရင် အမေရိကန်က မှူးမတ်တစ်ယောက်လို့ ငါထင်လိမ့်မယ်”(မှူးမတ်ကအဆင့်အတန်းမြင့်)

“ငါမင်းရဲ့မိဘတွေကို အရမ်းတွေ့ချင်နေပြီသူတို့က မင်းကို ဘယ်လိုသင်ပေးခဲ့တာလဲလို့ ငါမေးချင်တယ်”

လက်းဖန်က “ဒါဆိုရင် မင်းကို စိတ်ပျက်စေလိမ့်မယ်၊ သူတို့က သာမန်လူတွေပဲ”

နှစ်ယောက်သားသည်စားသောက်ရင်း စကားစမြည်ပြောကြသည်။

စားသောက်ပြီးသည်နှင့် အောက်ထပ်သို့ ဆင်းလာသောအခါ ကောင်းကင်သည် လုံးဝ မှောင်နေပြီဖြစ်သည်။

ဆောင်ကျင်းအန်းက ပြုံးပြီး မေးလိုက်သည်။ “ငါကြားတာကတော့မင်း သီချင်းဆိုတတ်​တယ်ဆို”

လင်းဖန်သည် ခဏလောက်တွေးပြီး ဆောင်ကျင်းအန်း ဘယ်လိုသိသွားမှန်း သိလိုက်သည်။

ဒီတော့သူက “ဟုတ်တယ်”ဟုပြန်ဖြေလိုက်သည်။

“မင်းငါ့အတွက်သီချင်းဆိုပေးနိုင်မလား” ဆောင်ကျင်းအန်း က ထပ်မေးလိုက်သည်။

“ဒီမှာ သီချင်းဆိုရမှာလား။” လင်းဖန်ကမေးလိုက်သည်။

ဆောင်ကျင်းအန်း က မနီးမဝေးက ဂစ်တာဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးလိုက်ပြီး “အဲဒီကို သွားရအောင်”

ဂိတာဆိုင်သည်ကျယ်ဝန်းပြီး ဂစ်တာမျိုးစုံကို ထားရှိထားသည်။

လင်းဖန်သည် ဂီတာတစ်လက်ကိုယူလိုက်ပြီးကြိုးများကိုအနည်းငယ်တီးပြီးနောက်သူက “ဘာသီချင်းလေး နားထောင်ချင်လဲ” လို့ မေးလိုက်သည်။

“ကြယ်မြစ်.” ဆောင်ကျင်းအန်းက ပြောလိုက့သည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်များသည်ဂီတာကြိုးများကို တီးလိုက်ပြီးနောက်စတင်သီချင်းဆိုတော့သည်။

လင်းဖန်သီချင်းဆိုသံကြောင့်ဆောင်ကျင်းအန်းသည် ဝိုင်နီသောက်ခြင်းကြောင့်လား၊ရှက်တာကြောင့်လားမသိပေ။သူမ ၏ လှပသော မျက်နှာသည်အနီရောငအများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။

နောက်ဆုံးတွင် လင်းဖန်သည် နောက်ဆုံးစာကြောင်းကို သီဆိုပြီးသွားကာ ဂစ်တာတီးသောသောသူ၏လက်များကို တဖြည်းဖြည်း ရပ်သွားခဲ့သည်။

“ပါ့...ပါ့..ပါ့”

မနီးမဝေးမှာ ရပ်နေတဲ့ သူဌေးက လက်ခုပ်မတီးဘဲ မနေနိုင်ဘဲသူသည်”သီချင်းဆိုတာရောဂီတာတီးတာရော အရမ်းကောင်းတယ်၊အရမ်းကောင်းတယ်!”

လင်းဖန်က “ချီးကျူလွန်းနေပါပြီ”

ဒီအချိန်မှာအတွေးလွန်နေသောဆောင်ကျင်းအန်းကပြန်လည်သတိဝင်လာပြီး “မင်းဆိုတာက အရမ်းကောင်းတယ်” လို့ ပြောလိုက်သည်။

လင်းဖန်က ပြုံးပြီးပြောလိုက်သည်။”တကယ်လား ဒီသီချင်းက အမျိုးသမီးတွေဆိုဖို့ပိုသင့်တော်တယ်။ ၂၉ ရက်နေ့မှာအချိန်ရရင် လာနားထောင်လို့ရတယ်။”

“ဒါဆို လက်မှတ်အတွက် မင်းကို ပဲအားကိုးတော့မယ်” ဆောင်ကျင်းအန်း က ပြောလိုက်သည်။

လင်းဖန်က “ကောင်းပြီ။”

ထို့နောက် နှစ်ယောက်သား ဂစ်တာဆိုင်မှ ထွက်ခွာကာ ကျန်ပေ့တက္ကသိုလ်သို့ ဦးတည်သွားကြသည်။

လမ်းတစ်လျှောက်တွင် လင်းဖန်နှင့် ဆောင်ကျင်းအန်းတို့သည် စကားစမြည်ပြောရင်းရံဖန်ရံခါ ရယ်မောနေကြသည်။

ကျောင်းဝင်းထဲသို့ ဝင်ပြီးသိပ်မကြာခင်မှာပဲ မိန်းကလေးအိပ့််ဆောင်ကို ရောက်လာလေသည်။

ဆောင်ကျင်းအန်းက “ဒါဆို ငါအရင်တက်တော့မယ်နော်’’ဟု သူမပြောသော်လည်း သူမ၏ မျက်လုံးများတွင် ကွဲပြားခြားနားသော အကြည့်များ ရှိနေသည်။

လင်းဖန်သည် ဤအကြည့်နှင့် အလွန်ရင်းနှီးသည်။

သူသည် ဆရာမဟန်တီ၊ ချမ်ရီရီ၊ ချူစီရှင်း၊ ဟေးလင်း၊ ရှောင်ပန်၊ရှောင်အန်း နှင့် အခြားသူများထံမှ ခံစားခဲ့ရသောကြောင့်ဖြစ်သည်။

ထို့ကြောင့်လင်းဖန်သည် ဆောင်ကျင်းအန်းကို အမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 95]

[အနှစ်သက်ဆုံးဘွဲ့- 89]

89 !

ဤသည်မှာသူကိုသူမကအလွန်ကောင်းမွန်သော အထင်အမြင်ရှိနေပြီဖြစ်သည်။

လင်းဖန်၏ အတွေ့အကြုံအရ နှစ်သက်မှု90 သို့မဟုတ် ထို့ထက်ပိုရောက်တာနှင့် စုံတွဲဖြစ်သွားနိုင်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-​​​စောင့်ချောကြီး

All Chapters