ဖိတ်ကြားခြင်း
Vol. 18 Ch. 257
နောက်ရက်အနည်းငယ်တွင်းလင်းဖန်သည် ပန်လုံဗီလာသို့ ရံဖန်ရံခါ သွားအိပ်ကာ လင်လက်ဖက်ပင်ကို ရေလောင်းပြီးပြန်လာခဲ့သည်။
လင်းချမ်သည် စနစ်မှပေါ်ပေးသောလက်ဖက်ပင်ခေါ်ထိုက်သည်ဟု ဆိုရမည်ဖြစ်ပြီး ၎င်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကြီးထွားနေသည်။
ယခုဆိုလျှင် လင်းချမ်လက်ဖက်ပင်သည်လင်းဖန်၏ ခြေသလုံးကြွက်သားနားအထိ အကြီးထွားလာပြီးဖြစ်သည်။
ဤနှုန်းအားဖြင့် ဤဧရိယာသည်မကြာမီတွင် ထူထပ်သော လက်ဖက်ပင်များဖြစ်လာမည်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းသို့ရောက်သွားလေသည်။
လင်းဖန်၊ စုရီ ၊မူဇောင်နှင့် ဇောင်ချင်းဘိုတို့ သည် စာသင်ခန်းသို့ ရောက်လာပြီး လွတ်နေသောထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
“မနက်ဖြန်ငါတို့ မြို့ကမြူနီစီယန်အားကစားရုံမှာ ဖျော်ဖြေပွဲကျင်းပမယ်ဆိုတာ မင်းသိလား” မူဇောင်က မေးလိုက်သည်။
ဇောင်ချင်းဘို က “ငါမသိဘူး”
“လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကဝိုက်ချက်၊ နက်ဝေါ့ နဲ့ UB ဘရောက်ဆာတို့ကနေသုံးရက်မှာငါးကြိမ်မက်ဆေ့ခ်ျတွေ ပေါ်လာတယ်။ မနေ့က ရှမ်းရှမ်း၏စပတ်ကလဲဒီ ဖျော်ဖြေပွဲကိုကြော်ငြာရိုက်ထားတဲ့အပြင် အင်ပါယာဟိုတယ်၊ ဖန်ရီအဆောက်အဦ၊ ချင်ကောင်းအဆောက်အဦးစသည်ဖြင့်၊ အဆောက်အဦများစွာတို့သည်LED ပြသမှုများဖြင့် ဖျော်ဖြေပွဲ ကိုကြော်ငြာခဲ့သည်။”
“စကားမစပ်၊ဖျော်ဖြေမှာဘယ်သူလဲဆိုတာကိုလူတိုင်းကစိတ်ဝင်စားနေကြတယ်။”
မူဇောင် က “မင်းပြောတာ၊ ဒီဖျော်ဖြေပွဲကိုဖျော်ဖြေမဲ့သူလား”
ဇောင်ချင်းဘိုကမရှိရှိတဲ့မိတ်ဆိတ်မွှေးကိုကိုင်လိုက်ပြီး ပညာရှိတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ ပြောလိုက်သည်။”ငါ့ရဲ့ ခန့်မှန်းချက်အရနာမည်ကြီးတွေ သီချင်းဆိုရတာကဖြစ်နိုင်မယ်”
“နာမည်ကြီးတွေ သီချင်းဆိုမှာလား” မူဇောင် အံ့အားသင့်စွာ မေးလိုက်သည်။
ဇောင်ချင်းဘိုက “ ရှမ်းရှမ်း၏စပတ် ၊ အင်ပါယာဟိုတယ် ၊ ဖန်ရီအဆောက်အဦးအကြောင်း ငါမပြောသေးဘူး...”
“ဝိုက်ချက်၊ နက်ဝေါ့နဲ့ UB ဘရောက်ဆာတွေဆိုတာဘယ်လဲဆိုတာသိသင့်တယ်။ အဲဒါက ပန်ကူဂရု၊ နက်ဝေါ့ နဲ့ အဲဂရုတို့ပဲ!”
“သူတို့လိုအကောင်ကြီးကြီးသုံးယောက်ကဖျော်ဖြေပွဲလိုမျိုးကိုကြောငြာပေးမှာလား။”
“ဖျော်ဖြေတဲ့အဆိုတော်က အကောင်ကြီးသုံးယောက် ရဲ့ သူဌေးဆိုရင်တော့ကွဲပြားသွားပြီ”
လင်းဖန်သည် ဤစကားကိုကြားသောအခါတွင် သူ့မျက်နှာတွင် အံ့အားသင့်သွားသည့်ပုံစံကို မပြပဲမနေနိုင်ပေ။
သို့သော်လည်း ဖျော်ဖြေပွဲ၏ အဆိုတော်သည် အကောင်ကြီးသုံးယောက်ရဲ့ သူဌေးမဟုတ်ပေ။
သို့သော်၊ ဖျော်ဖြေပွဲအဆိုတော်သည်အကောင်ကြီးသုံးကောင်သူဌေးရဲ့ဝန်ထမ်းဖြစ်သည်။
ဇောင်ချင်းဘိုသည် ကွန်ပြူတာမှ တိုက်ရိုက်ထုတ်လွှင့်မှုများကို နေ့တိုင်းကြည့်ရှုနေသည်။ လင်းဖန်သည် သူ့နှလုံးသားထဲတွင် သူသည်အမျိုးသမီးကျောက်ဆူးတစ်ခုထဲသာရှိသည်ဟု ထင်ခဲ့သည်။
မမျှော်လင့်ဘဲ၊ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိပါသေးသည်။
လင်းဖန်သည် သူ့စကားကြောင့် စွဲဆောင်ခံရသည်ကို မြင်လိုက်ရသဖြင့် ဇောင်ချင်းဘို သည် အနက်ရောင်မျက်မှန်ကို သူ့နှာခေါင်းတံတားပေါ် တွန်းတင်ကာ ဉာဏ်ပညာရှိစတိုင်ဖြစ်ပြောလိုက်သည်ယ
“ဆော့တီးခုကပြောတာမှားသွားလို့အဖြေတစ်ခုပဲရှိတယ်... ဒါက ကြယ်ပွင့်မျိုးစုံရဲ့ ပရဟိတဖျော်ဖြေပွဲပဲ!”
“ အ ကောင်ကြီးသုံးကောင်နှင့် ရှမ်းရှမ်းဧစပတ်တို့သည် အများသူငှာ သက်သာချောင်ချိရေး လုပ်ငန်းများကို ပံ့ပိုးပေးနေသည်။ ထို့ကြောင့်ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။”(အများသူငှာသက်သာချောင်ချိရေး-ပရဟိတလိုမျိုး)
လင်းဖန်ဒါကိုကြားလိုက်သောအခါ သူ့ပါးစပ်ထောင့် အနည်းငယ်တုန်ခါသွားခဲ့သည်။
ငါ့အတွေးတွေမှားနေတာပဲဒီကောင်စိတ်ထဲမှာလှပတဲ့ကျောက်ဆူးတစ်ခုသာရှိတယ်။
မူဇောင်သည် ဇောင်ချင်းဘို ၏စကားများသည်ဖြစ်နိုင်ချေရှိ၊မရှိကို တွေးတောနေလိုက်သည်။
သူ့ဘေးက စုရီက “ဒါက ကြယ်ပွင့်အဖွဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်ကြယ်ပွင့်ပဲ ဖြစ်ဖြစ်ဒါက အလကားလို့ မပြောဘူးလားဒါကြောက့်သွားကြည့်ရအောင် “
စကားပြောနေစဉ်တွင် အိတ်ကပ်ထဲမှ အသစ်စက်စက် လက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်သည်။
ဇောင်ချင်းဘို က အံ့သြတကြီးနဲ့ “မင်း လက်မှတ်နှစ်စောင် ရခဲ့တာလား၊ဘယ်နေရာမှာလဲ။”
Song Yi က “ထိုင်ခုံအမှတ်933 နှင့် ထိုင်ခုံအမှတ်အမှတ် 934၊ အတန်း Cက” ဟု ဂုဏ်ယူစွာပြောလိုက်သည်။
“အတန်း C မှာ နံပါတ် ၉၀၀ ကျော် အဲဒီ အနေအထားက အရမ်းကောင်းမယ်ထင်တယ်။” မူဇောင်က အံ့သြစွာပြောသည်။
သိရန်ဒီဖျော်ဖြေပွဲအတွက် လက်မှတ်စုစုပေါင်း 100,000 ထုတ်ပေးခဲ့သည်။
၎င်းတို့တွင် အတွင်းလက်မှတ် ၆၀,၀၀၀ နှင့် ပြင်ပ လက်မှတ် ၄၀,၀၀၀ ပါဝင်သည်။
လက်မှတ် 60,000 ကို A၊B၊C၊D၊E၊F၊G၊H၊I၊J အတန်း10 ခု ခွဲထားပြီး တစ်ခုလျှင် ထိုင်ခုံ 6,000 ရှိသည်။
ကွင်းထဲမှာ လက်မှတ်ရဖို့ တော်တော်ခက်သည်။
ကွင်းတွင်းလက်မှတ်ပထမဆုံးထိုင်ခုံ 1,000 ကိုရယူရန် ပို၍ပင်ခက်ခဲသည်။
စုရီက “မှန်တယ်!”
မူဇောင် : “စုရီမှာ နှစ်ယောက်အတွက်နေရာရှိပြိနောက်ထပ် နှစ်ယောက်အတွက်လက်မှတ်ယူဖို့ နည်းလမ်းရှာရမှာပေါ့... ဒါမှ အားလုံးအတူတူ ဖျော်ဖြေပွဲသွားလို့ရမှာ”
ဒါကိုကြားတော့ဟုရီက ချောင်းဆိုးပြီး “ဒါကိုမင်းတို့.. စောစောက ပြောသင့်တယ်၊ ငါဘဏ္ဍာရေးဌာနကအလှလေးနဲ့သွားဖို့ကတိပေးထားလိုက်တယ်”
ဇောင်ချင်းဘို က သက်ပြင်းတစ်ချက်ချလိုက်ပြီး “မင်းကညီအစ်ကိုတွေကိုသတိတောင်မရတဲ့ကောင်ပဲ!”
လင်းဖန်သူတို့ပြောတာကိုနားထောင်ပြီးသူက “ငါ့မှာ လက်မှတ်တွေ ရှိသေးတယ်။ မနက်ဖြန် မင်းတို့ကိုဖုန်းဆက်ပြီးပြောလိုက်မယ်။ မင်းတို့ကအချက်အလက်တွေ ငါ့ကိုပြောလိုက်ရုံပဲ”
ဇောင်ချင်းဘို က စိတ်လှုပ်ရှားစွာနဲ့ “အစ်ကို လင်းမင်းက အရမ်းကောင်းတာပဲ!”
မူဇောငမက “ကျေးဇူးတင်ပါတယ် အစ်ကိုလင်း”
ထို့နောက် လင်းဖန်က ဟုရီအား “စုရီ၊ မင်းအတွက်ကောကူညီပေးရအုံးမှာလား။”
စုရီက “အင်း... မေ့လိုက်ပါ၊ ဘဏ္ဍာရေးဌာနက ကောင်မလေးနဲ့ ဖျော်ဖြေပွဲသွားဖို့ ကတိပေးထားတယ်”
လင်းဖန်က ခေါင်းညိတ်လိုက်သည်။
“ဂျိမ်း!”
ခေါင်းလောင်းသံမြည်ပြီးနောက် နေ့ခင်းပိုင်း အတန်းကို တရားဝင်စတင်ခဲ့သည်။
စာသင်ခန်းထဲရှိ အချိန်သည် ရေစီးရေလာကဲ့သို့ အမြဲမြန်ဆန်သည်။
အတန်းဆင်း ခေါင်းလောင်းသံ မြည်လာလေသည်။
လင်းဖန်သည် ညစာစားပြီးနောက် မာစီဒီး-ဘင့်ဇ်ဂျီကားကြီးကို ပန်လုံဗီလာသို့ တန်းတန်းမတ်မတ် မောင်းနှင်ခဲ့သည်။
သူသည် လက်ဖက်ပင်ကို ဦးစွာ ရေလောင်းပြီး စိမ်းလန်းစိုပြေသော လက်ဖက်ပင်များကို ကြည့်ကာ ခဏတာ လန်းဆန်းသွားသည်ဟု ခံစားရသည်။
ထို့နောက်လင်းဖန်သည် သားရေဆိုဖာပေါ်တွင် အိပ်ပြီးဝိုက်ခကေ်ကိုဖွင့်လိုက်သည်။
ကျူရီရှောင်သည် မကြာသေးမီက အလုပ်များနေပြီး သူမသည် မှော်မြို့၌ ရှိနေသောကြောင့် ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုရန် မသင့်တော်ပေ။
ညီမ လင်းရှောင်ရီ အခု အထက်တန်း တတိယနှစ်တက်နေသည်။သိပ်မကြာခင်မှာပဲ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့ နီးတော့ ဖျော်ဖြေပွဲကို ကြည့်ဖို့ မသင့်တော်ပေ။
မနေ့က ငါ ရီကေ ကိုသွားတုန်းကဟေးလင်း နဲ့ ချူစီရှင်းတို့ကိုတော့ပြောခဲ့တယ်။
မနေ့က ကျောင်းမှာ ဆရာမဟန်တီ နဲ့ တွေ့တုန်းက ဖျော်ဖြေပွဲအကြောင်း ပြောခဲ့လိုက်သည်။
ချမ်ရီရီ သည် ဖန်ရိအဆောက်အအုံမှ ဖျော်ဖြေပွဲအကြောင်းကို သိရှိခဲ့ပြီး သူမသည် ထိုနေရာသို့ နံနက်စောစောသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
...
လင်းဖန်သည် ဝိုက်ချက် မှတစ်ဆင့် လှည့်ကြည့်ကာ မကြာမီ သူ့အား ဟန်တီထံ အာရုံစိုက်လာခဲ့သည်။
လင်းဖန် : ကျွန်တော် ဖျော်ဖြေပွဲတစ်ခု လုပ်ထားတယ်။ ဒါမနက်ဖြန် နားထောင်ဖို့ အဲဒီကို သွားမလား။
ဟန်တီ: မနက်ဖြန်။ မြူနီစီယန်မှာ ထူးထူးခြားခြား ဖျော်ဖြေပွဲကို နင်က ကျင်းပခဲ့တာလို့ ဆိုလိုတာလား။
လင်းဖန်: ဟုတ်တယ်။
ဟန်တီ: အိုး .........ဘုရားရေ။ ငါသွားချင်တယ်!
...
ထို့နောက်လင်းဖန်သည် ရှောင်ပန်နှင့် ရှောင်အန်းတို့၏ဝိုက်ချက်ကိုအာရုံစိုက်လိုရ်သည်။
လင်းဖန်: မနက်ဖြန် ဖျော်ဖြေပွဲကြည့်ဖို့ မြူနီစီယန်အားကစားရုံကို သွားမလား။
...
ကျန်ပေ့တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည်စားပွဲပေါ်တွင်ထိုင်ကာလေးလေးနက်နက် စာဖတ်နေသည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် ၎င်းတို့၏ မိုဘိုင်းဖုန်းများ အနည်းငယ်တုန်ခါသွားကာဝိုက်ချက်မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်။
ရီ : ညီမလေးတို့စားပြီးပြီလား။
ရှောင်ပန်(ရှောင်အန်း): ငါစားပြီးပြီ။
ရီ: ရေသောက်ပြီးပြီလား။
ရှောင်ပန်(ရှောင်အန်း):...
လမိန်းကလေး ရီ: ဟုတ်ပြီ ညီမလေးတျု့ကိုပြောချင်တာက မနက်ဖြန်ဖျော်ဖြေပွဲက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမယ့် နင်တို့သွားကြည့်မလား။
ရှောင်ပန် (ရှောင်အန်း) : မကြာခင် ရက်ပိုင်းအတွင်းမှာ နောက်ထပ် ပြိုင်ပွဲတစ်ခု ရှိသေးလို့ငါတို့စာအုပ်ကို သေချာဖတ်ရပါမယ်။ ဒါကြောင့်ငါတို့ အဲဒီကို မသွားဘူး။
ရီ : နင်တို့ရှိသေးလား?
ဒါပေမယ့် ရှောင်ပန် နဲ့ ရှောင်အန်းတို့က ဒါကိုဂရုမစိုက်တော့ပေ။
စာအုပ်တွေကို အာရုံစိုက်ပြီး တစ်ချိန်တည်းမှာပဲ သူတို့က ဒီပြိုင်ပွဲမှာ ပါဝင်ရင်ကောင်းမလားလို့စဉ်းစားနေသည်။
“ဒင်ဒေါင်!”
ယခုအချိန်တွင် ရှောင်ပန် နှင့် ရှောင်အန်တို့ ၏မိုဘိုင်းဖုန်းများ တုန်ခါသွားကာ အခြားဝိုက်ချက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး