ပျော်ရွှင်နေသောအမြွှာညီအစ်မ
Vol. 18 Ch. 258
အမှန်ဆိုရှောင်ပန်နဲ့ ရှောင်အန်းတို့သည်ပြိုင်ပွဲကိုစိတ်မ၀င်စားကြပေ။
သူတို့ပါဝင်တယ်လို့ပြောမှဆရာက စာရင်းသွင်းပေးမည်ဖြစ်သည်။
သို့သော်သင်္ချာ မော်ဒယ်လ်ပြိုင်ပွဲ လိုမျိုးရောက်ရှိလာခြင်းကို သူတို့မျှော်လင့်လျက် ရှိကြသည်။
အဲ့အခါကျရင် လင်းဖန်လည်း ပါဝင်နိုင်လို့ပင်ဖြစ်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် သင်္ချာမော်ဒယ်ပြိုင်ပွဲအကြောင်းကို စဉ်းစားလိုက်သောအခါတွင်လင်းဖန်ပြိုင်ပွဲတွင်လုပ်ခဲ့သောအပြူအမူအားလုံးသည်သူမတို့၏စိတ်တွင်ပေါ်လာလေသည်။
ထို့ကြောင့် မကြာသေးမီကရှောင်ပန် နှင့် ရှောင်အန်းတို့သည် အခြားပြိုင်ပွဲများရှိနေကြောင်း သိလိုက်သောအခါတွင် ၎င်းတို့သည် လုံးဝမတွန့်ဆုတ်ဘဲ စာရင်းသွင်းရန် ရွေးချယ်ခဲ့သည်။
စာရင်းသွင်းပြီးသောအခါတွင် သူတို့သည် စာကိုအလွန်ကြိုးစားလေ့လာခဲ့သည်။
ရှောင်ပန်နဲ့ ရှောင်အန်းတို့ရဲ့ စိတ်ကူးတွေက အလွန်ရိုးရှင်းသည်။
လင်းဖန်လည်း စာရင်းသွင်းခဲ့မယ်ဆိုရင် သူ့မတို့အလွန်ပျော်မည်ဖြစ်သည်။လင်းဖန်မပါရင်နည်းနည်းတော့ဝမ်းနည်းပေမဲ့ကိစ္စမရှိပေ။ဘာလို့ဆိုလင်းဖန်ကအလွန်တော်တာကိုသူမတို့သိသောကြောင့်လင်းဖန်ကိုမီရန်ကြိုးစားခြင်းဖြစ်သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် ဖုန်းသည် တုန်ခါသွားကာ ၎င်းမှာ ရီထံမှမက်ဆေ့ဂျ်တစ်ခုဟု ထင်လိုက်သည်။
ထို့ကြောင့် သူမတို့သည် ဖုန်းကို မကြည့်လိုက်ကြပေ။
သို့သော် စာအုပ်ကိုလှန်ရင်းဖုန်းကြည့်သောအခါတွင် သမူတို့မျက်လုံးထောင့်မှဖုန်းဖန်သားပြင်ကို မြင်လိုက်သည်။
မကြည့်ရင် ဘာမှမဖြစ်ပေ။ကြည့်မိလိုက်သောကြောင့်သူတို့စာအုပ်လှန်နေရင်းတမ်းလမ်းရပ်သွားလေသည်။
ခဏအကြာတွင်ရှောင်ပန်နှင့်ရှောင်အန်း တို့သည် ယခုအချိန်တွင် တောက်ပသော မျက်လုံးများဖြင့် ဖုန်းကိုကြည့်နေသည်။
သူတို့ဘာလို့အဲ့လိုဖြစ်နေလဲဆိုတော့ဖုန်းစခရင်ပေါ်တွင်ဝိုက်ချက်မက်ဆေ့ချ်တစ်ခု ပေါ်လာသောကြောင့်ဖြစ်သည်။
လင်းဖန်: မနက်ဖြန် ဖျော်ဖြေပွဲကြည့်ဖို့ မြို့ကမြူနီစီယန်အားကစားရုံကို သွားမလား။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည် လက်ကိုင်ဖုန်းကို အတူတူကောက်ကိုင်လိုက်ပြီးသူမတို့၏အဖြူရောင် ကျောက်စိမ်းလက်ချောင်းများသည်ဖန်သားပြင်ပေါ် အမြန်နှိပ့်လိုက်ကြသည်။
ခဏအကြာဖုန်းမျက်နှာပြင်ပေါ်တွင် စာပိုဒ်ရှည်ကြီးတစ်ခုပေါ်လာလေသည်။
နှစ်ယောက်သားသည်စာသားကို သေချာဖတ်ပြီးနောက်”နည်းနည်းတော့ ရှည်နေပုံရတယ်” ဟု တိုးညှင်းသော အသံဖြင့် နှစ်ယောက်စလုံးညည်းညူလိုက်ကြသည်။
ထို့နောက်သူမတို့သည်စကားလုံးများအားလုံးကိုဖျက်လိုက်သည်။
ထို့နောက်သူမတို့၏အဖြူရောင်လက်ချောင်းမျသည် ဖန်သားပြင်ကိုလျင်မြန်စွာ နှိပ်လိုက်ပြန်သည်။ဒီလိုမျိုး4 ကြိမ်ထပ်ခါတလဲလဲဖြစ်ခဲ့သည်။
နောက်ဆုံးမှာတော့ရှောင်ပန်နှင့် ရှောင်အန်း တို့သည် လင်းဖန်၏အမေးကိုပြန်လည်ဖြေကြားခဲ့သည်။
ရှောင်ပန်(ရှောင်အန်း) : ငါတို့ သွားချင်တယ်။
လင်းဖန်: ဒါဆို မင်းတို့ရဲ့ ID နံပါတ် ပို့ပေးလိုက်ပါ။(ID-မှတ်ပုံတင် မျိုးပါ)
လင်းဖန် : ဒါကိုမေ့လိုက်တော့မနက်ဖြန်ကျရင်ငါမင်းတို့ကို လာခေါ်ပေးမယ်။
ဖျော်ဖြေပွဲသို့သွားရန်သူမတို့ကိုလာခေါ်မှာလား။
ရှောင်ပန်နှင့် ရှောင်အန်းတို့၏ နှလုံးသားများသည်အပြင်သို့ခုန်ထွက်လုနီးပါးဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်လင်းဖန်ကမက်ဆေ့တစ်ခုကိုပို့လိုက်သည်။
လင်းဖန်: နောက်ကျနေပြီလေ၊စောစောအိပ်တော့၊ကောင်းသောညလေးဖြစ်ပါစေ။
ရှောင်ပန်(ရှောင်အန်း): ကောင်းသောညလေးဖြစ်ပါစေ။
သူတို့သုံးယောက် စကားဝိုင်းကဒီလိုနဲ့ပဲပီးသွားလေသည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည်သူမတို့ဖုန်းကိုလက်ကနေမချခဲ့ကြပေ။
သူမတို့သည်လင်းဖန်ပို့သောစာများကိုကြည့်ရင်း သူမတို့ရဲ့ လှပတဲ့ မျက်နှာပေါ်မှာ အပြုံးတွေနဲ့ ပြည့်လို့နေသည်။
ထို့နောက်သူမတို့သည်ဖုန်းကိုရတနာတစ်ခုလိုတင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမတို့၏ မျက်နှာပေါ်ရှိ အပြုံးများရှိနေသည်။
သူမတို့သည်စိတ်လှုပ်ရှားသောကြောင့်အိပ်မပျော်ဘဲဖြစ်နေလေသည်။
...
အမြွှာညီအစ်မနှစ်ယောက်ရဲ့ အိပ်နပျော်တာနဲ့ ယှဉ်ရင် လင်းဖန်သည်ဟောက်ပြီးတော့တောင်အိပ်ပျော်နေသည်။
နောက်တစ်နေ့။
လင်းဖန်သည် နူးညံ့သောကုတင်ကြီးပေါ်မှ ဖြည်းညှင်းစွာထလိုက်သည်။(ဒါကအိပ့်နေရင်းနဲ့ထာတာကိုပြောတာပါ)
ထုံးစံအတိုင်းသူသည် ဖုန်းကို ငုံ့ကြည့်လိုက်သည်။
“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၃,၅၇၀,၀၀၀ ရရှိသည်။”
ဤအချက်အလက်များကိုသူနေ့စဥ်မြင်နေရသောကြောင့်သူသည် ၎င်းကို လျစ်လျူရှုရန် တိုက်ရိုက်ရွေးချယ်ခဲ့သည်။
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါတယ် မင်းယွမ် 10 သန်း ရရှိသည်။】
လင်းဖန်က “ဘာလို့10 သန်းပဲရနေတာလဲကွာ၊ 10သန်းအစတခြားတစ်ခုခုကို ပြောင်းပေးလေကွာ”
ထို့နောက်ခေါင်းယမ်းပြီး ကုတင်ပေါ်ကနေ ဖြည်းညှင်းစွာထလိုက်သည်။ပြီးနောက်သူသည်ရေချိုးပြီးနောက်ရေခဲသေတ္တာထဲရှိသောအစားအစာများကိုချက်ပြုတ်ပြီးစားလိုက်လေသည်။
ထို့နောက် လင်းဖန်သည် သားရေဆိုဖာပေါ်တွင် လှဲလျောင်းကာဖုန်းဖြင့်ဂိမ်းဆော့ကစားနေလိုက်သည်။
သူ့ဘဝက အေးချမ်းတယ်ဆိုပေမဲ့ကျန်ပေ့မြို့ မြူနီစီယန်အားကစားရုံအနီးတွင်တော့လင်းဖန်နဲ့ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
“ဒီဒီဒီ!”
ဆူညံသော ကားဟွန်းသံများရှိပြီးရှည်လျားထူထပ်သော ကားယာဉ်တန်းကြီးများက လမ်းကို ပိတ်ဆို့နေလေသည်။
“ဒီနေ့ဘာလို့ကားအရမ်းကြပ်နေတာလဲ” တက္ကစီပေါ်မှာ ထိုင်နေတဲ့ ခရီးသည်က စိတ်ရှုပ်ထွေးစွာဖြင့်ကားသမားကိုမေးလိုက်သည်။
ယာဉ်မောင်းက ခရီးသည်ကို ထူးဆန်းစွာကြည့်ကာ “မင်းဒါကိုမသိဘူးလား?”ဟုမေးလိုက်သည်။
“ဘာကိုသိရမှာလဲ?” ခရီးသည်က မေးသည်။
ကားသမားက “မင်းသတင်းတွေဘာတွေမဖတ်ဘူးလား၊ငါပြောပြမယ်ကီာ”
“ဒီနေ့ကနေ့ငါတို့မြို့ရှိမြူနီစီယန်အားကစားရုံမှာဖျော်ဖြေပွဲတစ်ခု ကျင်းပမှာလေ။”
ခရီးသည်က “ဖျော်ဖြေပွဲကဒီအချိန်မစသေးဘူးလေ၊ အခု ဘာကြောင့် ပိတ်နေတာလဲ။”
“လူတော်တော်များများက ညဘက်ကျရင်ဒီထက်ကား ပိုကျပ်လာမှာကို စိုးရိမ်ကြလို့လေ’’လို့ ကားသမားက ပြုံးပြီးပြောလိုက်သည်။
.....
ကားမောင်းသူပြောသည့်အတိုင်းပဲညဘက်ယာဉ်ကြောပိတ်ဆို့မှုကိုလူအများက စိုးရိမ်နေကြသည်။
ဒါကြောင့် မြူနီစီယန်အားကစားခန်းမကို အစောကြီးသွားခြင်းဖြစ်သည်။
ဒီလိုယာဉ်ကြောပိတ်ဆို့မှုကိုကြည့်ပြီးနောက်လူတချို့သည် ညဘက်မှာကားပိုကြပ်သွားမှာကို စိုးရိမ်လိုက်ကြသည်။
ဒါကြောင့်သူလည်း စောစောထွက်သွားလိုက်ကြသည်။
......
ဤအရာများကို လင်းဖန်ကမသိပေ။
သူသည်ဆိုဖာပေါ်မှာ လှဲရင်းဂိမ်းကစားနေလိုက်သည်။
လင်းဖန်သည် ပြတင်းပေါက်ကနေ မှောင်မဲနေသော ကောင်းကင်ကို ကြည့်ကာ “ငါမေ့တော့မလို့ပဲ။ ဒီနေ့ ဖျော်ဖြေပွဲရှိတယ်ဆိုတာ။အချိန်နီးနေပြီဆိုတော့သွားရအောင်”
စကားပြောပြီးသောအခါ လင်းဖန်သည် အပြင်ဘက်သို့ လျှောက်သွားလေသည်။
ထိုအချိန်တွင် လေယာဉ်မှူးနှစ်ဦးသည် ဗီလာရှိ MD902 ကိုယ်ပိုင်ဂျက်လေယာဉ်ရှေ့တွင် ရပ်နေရင်းသူတို့မျက်နှာမျပေါ်တွင်စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။
ဟယ်လီကော်ပတာကိုသူတို့မောင်းဖူးသည်။
သို့သော် အများစုမှာ Rotweiser A600၊ Schwarzer 300C နှင့် အခြားသော ရဟတ်ယာဉ်ငယ်များကိုသာမောင်းဖူးသည်။
MD902 နှင့် နှိုင်းယှဉ်ပါက ဤရဟတ်ယာဉ်များသည် Santana(ကား)နှင့် Lamborghini(ကား)အကြား ကွာဟချက်အတိုင်းဖြစ်သည်။
MD902 ကို မောင်းနှင်ဖို့နေနေသာသာ သူတို့က အဲဒါကို မဂ္ဂဇင်းတစ်ခုကနေသာမြင်ဖူးသည်။
Santana(ကား)ကို နှစ်ပေါင်းများစွာ မောင်းလာသူကိုLamborghini(ကား)ကိုပေးလိုက်ရင်ဒီလိုမျိးစိတ်လှုပ်ရှားမှာသေချာသည်။
ထို့ကြောင့် နှစ်ယောက်သား အရမ်းစိတ်လှုပ်ရှားနေတာ မဆန်းပေ။
လေယာဉ်မောင်းသူနှစ်ယောက်ကလင်းဖန် ကိုတွေ့တော့ “မင်္ဂလာပါမစ္စတာလင်း”ဟုနှုတ်ဆက်လိုက်သည်။
လင်းဖန် က ခေါင်းညိတ်လိုက်ပြီး “မင်္ဂလာပါအခုကျန်ပေ့တက္ကသိုလ်ကို အရင်သွားရအောင်”
ပထမအချက်ယနေ့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နိုင်သည်လင်းဖန်က မျှော်မှန်းထားပြီးသားသည်။
ဒုတိယကတော့ဒီရဟတ်ယာဉ်သည်ဖျော်ဖြေပွဲတွေအတွက် လဲအသုံးပြုမည်နေရာရှိသေးသည်။
ထို့ကြောင့် လင်းဖန်သည် ရှဂို လေကြောင်းလိုင်းမှ လေယာဉ်မှူးနှစ်ဦးကို ခေါ်လိုက်ငည်။
“ဟုတ်ကဲ့” လေယာဉ်မှူးနှစ်ဦးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
ပြင်းထန်သောလေပြင်းနီင့် ကျယ်လောင်သော အသံနှင့်အတူ MD902 သည် တဖြည်းဖြည်း လေထဲသို့ မောင်းထွက်သွားသည်။
သိပ်မကြာခင်မှာပဲရဟတ်ယာဉ်ကို အနက်ရောင်အစက်လေးသာမြင်ရတော့သည်။(လင်းဖန်အိမ်ကနေကြည့်ရင် ပြောတာပါ)
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး