စည်းစနစ်တကျဖြစ်အောင်လုပ်ခြင်း
Vol. 18 Ch. 259
ကျန်ပေ့တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်။
မနက်ကတည်းကရှောင်ပန် နဲ့ ရှောင်အန်းတို့သည်အိပ်ဆောင်ရှေ့ရှိသစ်ပင်ကြီးအောက်မှာ ရပ်နေကြပြီး သူတို့ရဲ့ တောက်ပတဲ့ မျက်လုံးကြီးနှစ်လုံးက အဝေးကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်။
သူမတို့မျက်လုံးထဲမှာတော့ မျှော်လင့်ချက် တွေနဲ့ပြည့်နှက်နေသည်။
ထိုအချိန်တွင် အပြင်မှပြန်လာသော အခန်းဖော် ကျောက်နီသည် ရှေ့သို့ တိုးလာပြီး “ရှောင်ပန်နဲ့ ရှောင်အန်း မင်းတို့မနက်ကတည်းကနေအခုထိမတ်တပ်ရပ်နေသေးတာလား။ “
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် အခန်းဖော်များနှင့် စကားပြောခဲသည်။
သို့သော်လည်းကျောက်နီသည်အလွန်ကြင်နာတတ်ကြောင်းကိုတော့ အလွယ်တကူ ခံစားနိုင်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် လိမ်ညာခြင်းကို မကြိုက်ကြသောကြောင့်”ဟုတ်...ဟုတ်တယ်” ဟု အမှန်အတိုင်းပြောလိုက်သည်။
“မင်းတို့ဒီမှာ ဘာကိုစောင့်နေတာလဲ။ ညစာစားပြီးပြီလား” ကျောက်နီက မေးလိုက်သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့က “မစားရသေးဘူး”ဟုပြန်ဖြေလိုက်သည်။
“နင်တို့ နေ့လည်စာတောင် မစားရသေးတာတော့မဟုတ်ပါဘူးနော်” ကျောက်နီ က ထပ်မေးလိုက်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့ကရှက်ကိုးရှက်ကန်း ခေါင်းညိတ်လိုက်ကြသည်။
“ဘာ” ကျောက်နီက ချက်ချင်း မျက်လုံးပြူးပြီး “ဘာရပ်လုပ်နေတာလဲ၊ သွားစားတော့လေ!”
ရှောင်ပန်နှင့် ရှောင်အန်းတို့က တုံ့ဆိုင်းသွားပြီးနောက်သူမတို့က”ငါတို့... တစ်ယောက်ယောက်ကို စောင့်နေတာ” လို့ပြောလိုက်သည်။
“ဘယ်သူလဲ၊ မင်းတို့ကိုဒီလိုစောင့်ခိုင်းထားတာ!” ကျောက်နီက အော်ပြောလိုက်သည်။
စကားပြောပြီးနောက် သူမတို့နှစ်ယောက်ကို ကော်ဖီဆိုင်ဆီသို့ အတင်းဆွဲခေါ်သွားမလို့လုပ်လိုက်သည်။
ထိုအချိန်တွင် အဝေးမှဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက်ရဟတ်ယာဉ်တစ်စင်းသည် အထက်တန်းကျောင်း၏ အထက်တွင် ပေါ်လာလေသည်။
ဒီမြင်ကွင်းက လူတော်တော်များများရဲ့ အာရုံကို ဖမ်းစားလို့သွားခဲ့သည်။
“အဲဒါ ဟယ်လီကော်ပတာလား”
“ရဟတ်ယာဉ်(ဟယ်လီကော်ပတာ)တွေ ငါတို့ကျောင်းကို ဘာလို့လညတာလဲ”
လူအများက ကောင်းကင်ကို မျှော်ကြည့်ကာ မှတ်ချက်ပေးနေစဉ်ရဟတ်ယာဉ်ပေါ်မှ ကြိုးလှေခါးတစ်ခု ပြုတ်ကျလာခဲ့သည်။
ထို့နောက် အရပ်ရှည်ပြီးချောမောသော သူတစ်ယောက်သည် ကြိုးလှေခါးမှ ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
သူကတော့လင်းဖန်ပင်ဖြစ်သည်။
လင်းဖန်သည်သူမတို့စီကိုလာနေသည်ကိုကြည့်ပြီးရှောင်ပန် နှင့်ရှောင်အန်း တို့၏မျက်လုံးများသည်ချက်ချင်းတောက်ပသွားတော့သည်။
လင်းဖန်က ပြုံးလိုက်ပြီး “မင်းတို့ စောင့်နေတာကြာပြီလား။”ဟုမေးလိုက်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့က ခေါင်းယမ်းလိုက်ပြီး တစ်ခုခုကို တွေးလိုက်မိပြီးနောက်သူမတို့ကျောပိုးအိတ်သေးသေးလေးမှရေ ပုလင်းကို အမြန်ထုတ်ပြီးပေးလိုက်သည်။
ယင်းနှင့်ပတ်သက်၍ လင်းဖန်သည် တစ်ဘူးကိုတစ်ငုံစီသောက်ပေးလိုက်သည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့ကဒါကိုမြင်ပြီးနောက်တွင် သူတို့၏မျက်နှာပေါ်တွင် ပျော်ရွှင်သာအမးအရာပေါ်လာခဲ့သည်။
လင်းဖန်က “ဒါဆိုလဲသွားကြရအောင်။”ဟုပြောလိုက်သည်။
ဒီအချိန်မှာ သူ့တျု့ဘေးမှာ ရပ်နေတဲ့ကျောက်နွ က “နင်ဘာကိုသွားမှာလဲ၊ ရှောင်ပန်နဲ့ ရှောင်အန်းတို့က မင်းကိုဒီမှာ တစ်နေ့လုံးနီးပါးစောင့်နေတယ်ဆိုတာကိုမင်းသိလား!”
“သူတို့ကနေ့လယ်စာနဲ့ ညစာတောင်မစားရသေးဘူး! ဒါတောင်နင်ကသူတို့ကို သွားဖို့ ပြောတာမျက်နှာရှိသေးတယ် မင်းမှာ ပိုက်ဆံရှိတိုင်းအရာရာကိုလုပ်နိုင်မယ်မထင်နဲ့!”
ကျောက်နီသည် ကောင်းကင်တွင် ရီဟယ်လီကော်ပတာကြောင့် တုန်လှုပ်သွားခဲ့သည်။
ထို့ကြောင့် လင်းဖန်အားအစ ကဘာမှမပြောခဲ့ခြင်းဖြစ်သည်။
လင်းဖန်က အံ့အားသင့်သွားပြီး “ဘာလဲ၊ မင်းတို့ဒီမှာ တစ်ရက်နီးပါးစောင့်နေတာလား။”
ရှောင်ပန် နှင့် ရှောင်အန်းတျု့သည် အမှားတစ်ခုခုလုပ်ဖူးသောကလေးများကဲ့သို့ ခေါင်းညိမ့်လိုက်ကြသည်။
လင်းဖန်သည် နှစ်ယောက်သား၏ မျက်နှာများကို ကြည့်ပြီး စိတ်ထဲတွင် ဘတ်စကက်ဘောကွင်းတွင် နေ့တိုင်း စောင့်နေသည့် အချိန်ကို သူတွေးတောရင်းသူ့နှလုံးသား အနည်းငယ် နာကျင်သွားခဲ့သည်။
ထို့ကြောင့်သူသည် လက်ကိုဆန့်ကာ သူမတို့၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ “နောက်တစ်ခါကျရင်ဒီလိုမလုပ်ပါနဲ့” ဟုဆိုလိုက်သည်။
ရှောင်ပန် နှင့် ရှောင်အန်းတျု့က ခေါင်းညိတ်လိုက်ကြသည်။
ခေတ္တနားပြီးနောက်လင်းဖန်က “ဒါတွေကငါ့အမှားတွေပါ။မနေ့က မင်းတျု့စီကိုဘယ်အချိန်လာမယ်ဆိုတာကို ငါမပြောခဲ့ဘူး...”
“ကဲ ဒါဆို အခုသွားစားရအောင်”
ရှောက်ပန်နှင့် ရှောင်အန်း က “ဟုတ်ကဲ့။”ဟုပြန်ပြောလိုက်သည်။
ထို့နောက်လင်းဖန် က ကျောက်နီအား “မင်း ငါတို့နဲ့အတူတူ သွားမလား”
ကျောက်နီ၏ လေသံသည် ကဲ့ရဲ့ခြင်းဟုပင် ဆိုနိုင်သည်။
သို့သော် လင်းဖန်သည်ဒါကိုဒေါသမထွက်ပေ။
ဘာလို့လဲဆိုကျောက်နီက ရှောင်ပန်နဲ့ရှောင်အန်းတို့အတွက်ပြောနေတယ်ဆိုတာကိုသူသိသောကြောင့်ဖြစ်သည်။
ကျောက်နီသည်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူမက “ငါ... စားပြီးပြီမို့ မလိုက်တော့ဘူး”ဟုပြန်ဖြေလိုက်သည်။
လင်းဖန်သည် အတင်းမပြောတော့ဘဲနှုတ်ဆက်ကာရှောင်ပန်နှင့် ရှောင်အန်း တို့နှင့်အတူ ကြိုးလှေခါးကနေရဟတ်ယာဉ်ပေါ်သို့ တက်သွားလေသည်။
“အင်ပါယာဟိုတယ်ကိုသွားပါ။”
လေယာဉ်မှူးနှစ်ဦးက “ဟုတ်ကဲ့!”
“ဗွမ်း!”
ရဟတ်ယာဉ်သည်ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် အမြ်ရှေ့သို့မောင်းထွက်သွားလေသည်။ခဏအကြာတွင်သူတို့သည်အင်ပါယာဟိုတယ်၏ အပေါ်ဆုံးထပ်ရှိ ရဟတ်ယာဉ်ရပ်ရာနေရာတွင် မှန်မှန်ရပ်တန့်သွားခဲ့သည်။
အပေါ်ထပ်တွင် စောင့်ဆိုင်းနေသော စားပွဲထိုး၏ ဦးဆောင်မှုအောက်တွင် လင်းဖန်နှင့် အခြားသူများသည် မကြာမီ VIP အခန်းထဲသို့ ရောက်လာကြသည်။
ထိုအချိန်စားပွဲပေယ်တွင်အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။
လင်းဖန်က ရှောင်ပန်နဲ့ ရှောင်အန်းတို့ကိုကြည့်ပြီး’’ မင်းတို့တစ်နေ့လုံးဘာမှမစားရသေးဘူးမလား။ဒါကြောင့်အခုနင်ဆို့ကြိုက်သလောက်စားပါ “ဟုပြောလိုက်သည်။
ရှောက်ပန် နှင့်ရှောင်အန်းတို့ကခေါင်းညိတ်ပြလိုက်သည်
........
ရှောင်ပန် နှင့် ရှောင်အန်း စားသောက်နေစဉ် ကျန်ပေ့မြူနီစီယန်တွင် မရေမတွက်နိုင်သော လူများ ရပ်နေကြသည်။
ယာဉ်မတော်တဆမှု တားဆီးကာကွယ်ရေးအတွက်မော်တော်ပီကယ်များ၊ မီးသတ်ကားများနှင့် လူနာတင်ယာဉ်များ ဘေးတွင် တန်းစီလို့ရပ်ထားသည်။
“အစ်ကို ဝမ် မင်းရဲ့သူဌေးက အံ့သြစရာပဲ!”
“အရမ်းအံ့သြစရာကောင်းတယ်!”
ဖန်လုံကုမ္ပဏီ၏ မန်နေဂျာ ဝမ်လီက ဂုဏ်ယူစွာဖြင့် “ဟုတ်တယ်!”ဟုပြောလိုက်သည်။
ဝမ်လီသည်လင်းဖန်၏အဆင့်အတန်းကအရမ်းမြင့်မည်ဆိုတာကိုသူကသိသည်။
ထို့နောက် ချက်ချင်းပင်၊ ဝမ်လီက အလေးအနက်ပြောလိုက်သည် “ဒီည ဒီမှာ လူတွေ အများကြီး ရှိတာကို မင်းတို့လည်း မြင်တယ်မလား။ဒါကြောင့်မင်းရဲ့လူတွေနဲ့အတူပွဲကြည့်သူတွေကို စနစ်တကျ ဖြစ်အောင်ထိန်းထားရမယ်၊ပြီးတော့ ဘာမတော်တဆမှုမှမဖြစ်မိစေနဲ့”
ယနေ့တွင် ဝမ်လီသည်ဖန်လုံလုံခြုံရေးကုမ္ပဏီမှ လုံခြုံရေးအစောင့် ရာပေါင်းများစွာကို ခေါ်ယူခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိလူများက ခေါင်းညိတ်ပြီး “အစ်ကို ဝမ်ဒါကိုစိတ်မပူပါနဲ့!”
အနောက်တျုင်းဝတ်စုံဝတ်ထားတဲ့ ထိပ်ပြောင်တဲ့ အမျိုးသားက “ကျုပ်တာဝန်ယူတဲ့ ဧရိယာမှာ ပြဿနာတွေရှိခဲ့ရင် မင်းက ငါ့ခေါင်းကို ဘောလုံးကန်သလိုမျိုးကန်ပစ်နိုင်တယ်”
“ဟုတ်တယ်!”
“ငါကိုရောပဲ!”
အခြားသူများကလည်း လိုက်ပြောလိုက်ကြသည်။
ဒါကိုကြားတော့ဝမ်လီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “အခွင့်အရေးရရင် မင်းတနု့ကို ငါ့သူဌေးနဲ့ မိတ်ဆက်ပေးမယ်။”
လူတိုင်းဒါကိုကြားသောအခါတွင်သူတို့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။
သူတို့အမြင်မှာဒီလိုကြီးမားတဲ့ ဖျော်ဖြေပွဲကြီးကို လက်ခံကျင်းပနိုင်သူရဲ့အဆက့်အတန်းကကောင်းကင်ထက်မှာ တည်ရှိနေမှာ သေချာတယ်ဟုတွေးလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် အစ်ကို ဝမ်” အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
ဝမ်လီက “ကောင်းပြီ၊ အချိန်က နီးနေပြီဆျုတော့ ပရိသတ်တွေကလဲ ဖြည်းဖြည်းချင်း ဝင်လာကြလိမ့်မယ်၊ဒါကြောင့်မင်းတို့သွားပြီးစီစဉ်စရာရှိတာကိုစီစဉ်လိုက်တော့”
“ကောင်းပြီ ငါသွားပြီးတော့ စီစဉ်လိုက်မယ်!”
မကြာမီပင်မြူနီစီယန်၏ A’B’C’D’E’F’G’H’I’J ‘၏ နံဘေးဆယ်ခုတွင် လုံခြုံရေးအစောင့်များစွာ၏ ထိန်းသိမ်းမှုအောက်တွင် စည်းစနစ်တကျဖြင့်ပရိတ်သတ်များကသွားလာနေကြသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး