← Chapters

ဖျော်ဖြေပွဲ စတင်ခြင်း

Vol. 18 Ch. 261

ဖျော်ဖြေပွဲ စတင်ခြင်း

Vol. 18 Ch. 261

မူလကအမှောင်စင်မြင့်ကနေရုတ်တရက် ပြိုးပြိုးပြက်ပြက် အလင်းတန်း ၂၀ခုထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အဆင့်မြင့်၊Rolls-Royce Phantoms(ကား) ၁၀ စီးသည် စင်မြင့်ပေါ်တွင် ပေါ်လာဆလသည်။

ဆယ်သန်းတန် Rolls-Royce Phantom

၁၀သန်း တန်ကား 10 စီး။

သာမန်လူအများအစုသည် သူတို့တစ်သက်မှာပိုက်ဆံစုရင်တောင်ဒီလိုကားမျိုးတစ်စီး်ဖို့မဖြစ်နိုင်ပေ။

ယခုအချိန်တွင်ကား၁၀ စီးရှိနေပြီဖြစ်သည်။

ကွင်းထဲတွင် အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

“Fuck! အဲဒါ Rolls-Royce Phantom(ကား)လား”

“ဒါ့အပြင်၊ ၁၀ စီးတောင်လား”

.......

ဤအာမေဋိတ်များသည် အားကစားရုံ၌သာ ပေါ်လာခြင်းမဟုတ်ပေ။

အပြင်ဘက်ရှိ ပရိသတ်များကလည်း ကျယ်လောင်စွာအော်ဟစ်ပြောကြသည်။

မှောင်နေသောစင်ကြောင့် စတုရန်းမီတာ 100 ကျော်ကျယ်ဝန်းသော ကြီးမားသော စင်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

သို့ပေမယ့်လည်း Rolls-Royce Phantoms 10 ကားကြောင့်ဒါတွေကိုအပြင်သူတွေမမြင်ကြပေ။

ကား ရှေ့မီးကြီး 20 ဖြင့် ဖွဲ့စည်းထားသော အလင်းတန်းသည် ညဘက်တွင်ရှိသော လေဆာရောင်ချည်အလုံး 20ကြောင့် စင်မြင့်ကိုပိုမိုသက်ဝင်လာစေခဲ့သည်။

မရေမတွက်နိုင်သော ပရိသတ်များ အံ့အားသင့်နေဟဉ်အဖြူရောင် ဂါဝန်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ခုနကစင်မြင့်ကနေအထက်စင်မြင့်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့သည်။(မြေအောက်မှစင်တဟ်ခုအဲ့တာကတစ်ဖြည်းဖြည်းတက်ပြီးပရိတ်သတ်တွေကမြင်လိမ့်မယ်)

သူမသည် ယနေ့အဓိကဇာတ်ဆောင် လင်းယန်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရဟတ်ယာဉ်တစ်စင်းသည် ကောင်းကင်ထက်မှ ရုတ်တရက် ပေါ်လာပြီး တောက်ပသော အလင်းတန်းတစ်ခုသည်လင်းယန်၏ ခန္ဓာကိုယ်ပေါ်သို့ပစ်လွှတ်လိုက်သည်။

ရုတ်​တရက်​ပင်​ သူမ၏ ဖြူနေပြီးသော အသားအ​ရေသည်​ အနည်းငယ်​ ပိုဖြူလာခဲ့သည်​။

သူမခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဂါဝန်က ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည်။

ဤဝတ်စုံသည် အမှန်တကယ်တွင် မရေမတွက်နိုင်သော စိန်များဖြင့် အလှဆင်ထားလေသည်။

ဒါကိုကြည့်ပြီးပရိသတ်တွေ ထပ်ပြီးတစ်ယောက်တစ်ပေါက်အော်ပြောကြသည်။

“အို ဘုရားသခင်၊ သူမကအရမ်းလှတာပဲ!”

“ဒါက နတ်သမီးများလား?”

“စင်မြင့်မီးအဖြစ် ရဟတ်ယာဉ်ကို အသုံးပြုတာကအတော်လေး လွန်ကဲတယ်မဟုတ်ဘူးလား။”

“ပြီးတော့၊ ဒါက သာမန်ရဟတ်ယာဉ်မဟုတ်ပါဘူး၊ 45 သန်းတန်တဲ့ MD902 လေ”

“သူမရဲ့ ၀တ်စားဆင်ယင်မှုက နာမည်ကြီး LV ဒီဇိုင်နာလီနပ့်စ် ရဲ့ ကြယ်ပွင့်ဂါဝန်တူတယ်!”

“မှန်တယ်ဒါကကြယ်ပွင့်ဂါဝန်ပဲ။သိပ်မကြာခင်က Fနိုင်ငံမှာရှိတဲ့ အင်တာနင်ရှင်နယ်ဖက်ရှင်ပွဲ မှာ တွေ့ဖူးတယ်။ ဒီဝတ်စုံကို စိန် ၃၆၅ လုံးနဲ့ အလှဆင်ပြုလုပ်ထားပြီး စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိတယ်။”

.....

ထိုအချိန်တွင် အားကစားရုံတစ်ခုလုံးတွင် မြူးမြူးကြွကြွ တေးဂီတသံများ စတင်ထွက်ပေါ်လာခဲ့သည်။

ဂီတဖြင့် ဝန်းရံထားသောကြောင့် လူတိုင်းသည်နားကြပ်တပ်ပြီးနားထောင်နေရသလိုမျိးခံစားလိုက်ရသည်။

ဒါကြောင့်လူတချို့က ထပ်အော်ပြီးပြောလိုက်သည်။

“ဘုရားသခင်! ဒါကိုဖျော်ဖြေပွဲမှာ သုံးတာလား”

“ဒီဟာတွေကစျေးကြီးလို့လား?” သူ့ဘေးက တစ်ယောက်ယောက်က မေးလိုက်သည်။

“ အဲဒါက ကမ္ဘာ့ထိပ်တန်း အသံစနစ်။ ကားတစ်စီးမှာ တပ်ဆင်မယ်ဆိုရင် အနည်းဆုံး ကယွမ်တစ်သန်းလောက် ကုန်ကျမှာ ဖြစ်ပြီးဖျော်ဖြေပွဲတွေမှာ သုံးတဲ့ ကြီးမားတဲ့ အသံစနစ်က အနည်းဆုံး ယွမ် သန်း 20 ကနေ သန်း 50 လိုအပ်တယ်”

ဒါကိုကြားပြီးနောက်ပတ်ဝန်းကျင်က လူတွေ အားလုံး အသက်ရှုကြပ်သွား​သလိုခံဟားလိုက်ရသည်။

ထိုအချိန်တွင် စင်မြင့်ပေါ်တွင် ရပ်နေသော လင်းယန် သည် သူမ၏နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးစတင်သီချင်းဆိုတော့သည်။

သူမရဲ့ သီချင်းဆိုသံကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ ရှေးခေတ်တရုတ်လူတွေရဲ့ အံ့သြဖွယ်ဘဝတွေကို ပုံဖော်ထားသလိုမြင်လိုက်ရသည်။

ဤအခိုက်အတန့်တွင် ပရိသတ်များသည် လံရှေးခေတ်တရုတ်၏ အဖွဲ့ဝင်များဖြစ်လာပြီး အမျိုးသမီးများသည် ဓားရှည်များဖြင့် မကောင်းဆိုးဝါးများကို ချေမှုန်းပစ်ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာသည်ကို တွေ့မြင်ခဲ့ကြရသည်။

လူတိုင်းသည် ထိုအရာထဲတွင် နှစ်မြုပ်နေခဲ့ရပြီး သူတို့ကိုယ်သူတို့ ရုန်းမထွက်နိုင်တော့ပေ။

မြူးကြွသော တေးဂီတသံ ထွက်ပေါ်လာပြီးနောက် သီချင်းသည် ပြီးဆုံးသွားတော့သည်။

“ပါ့..ပါ့...ပါ့!”

ဂီတသံရပ်တန့်ခါနီးတွင် ပြင်းထန်သောလက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

လင်းယန်သည် ပရိသတ်၏ စိတ်အားထက်သန်စွာ လက်ခုပ်သံများကို နားထောင်ပြီး ပရိသတ်၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ရှုရင်းသူမ၏ လှပသော မျက်လုံးများကနေမျက်ရည်များ တဖျပ်ဖျပ် စီးကျလာခဲ့သည်။

သူမကိုယ်တိုင် ဖျော်ဖြေပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လူတိုင်းရဲ့ ကြိုက်နှစ်သက်မှုကိုလည်း ရရှိခဲ့သည်။

ထို့နောက် လင်းယန် သည် ပရိသတ်ရှေ့ကို ကြည့်လိုက်သည်။

မကြာမီ သူမသည် အရှေ့တွင်ထိုင်နေသော လင်းဖန်ကို စိုက်ကြည့်လိုက်သည်။

ဤအရာအားလုံးကို လင်းဖန်ကြောင့်ဖြစ်ကြောင်းကိုသူမနားလည်သည်။

လက်ခုပ်သံများ ရပ်သွားပြီးနောက် လင်းယန်က “လက်ခုပ်သံအတွက် ကျေးဇူးတင်ပါတယ်။”ဟုပြောလိုက်သည်။

“ကျမနာမည်က လင်းယန်ပါ။ ငယ်ငယ်ကတည်း ကိုယ်ခံပညာကို အရမ်းကြိုက်တယ်။ဒါကြောင့် လမ်းဘေးမှာရောင်းနေတဲ့’ကိုယ်ခံပညာ’ စာအုပ်ဝယ်ပြီး အိမ်မှာ တိတ်တဆိတ် လေ့ကျင့်နေလိုက်တယ်။”

“တစ်လလောက် ကြာပြီးတဲ့ နောက်မှာ ကိုယ်ခံပညာကို ကျွမ်းကျင်သွားတယ်လို့ ခံစားလိုင်ရတယ်၊ ဒါကြောင့် အရင်က ငါ့ကို အနိုင်ကျင့်ခဲ့တဲ့ သူတွေရဲ့မျက်ခွက်ကိုထိုးဖို့ပြေးခဲ့တယ်။ဒါပေမဲ့ရလဒ်ကတော့ကျမကငါရိုက်နှက်ခံလိုက်ရလို့ ငိုခဲ့ရတယ်”

စင်မြင့်ပေါ်ရှိအလှလေးမှာဒီလိုမျိုး အတွေ့အကြုံတွေ ရလိမ့်မယ်လို့ ပရိသတ်များက မမျှော်လင့်ထားပေ။

လင်းယန်က “နောက်ဆုံးတော့ အမှန်တရားကို နားလည်လိုကအတယ်။ ကျွန်မကကိုယ်ခံပညာ ကျွမ်းကျင်တဲ့သူဖြစ်မှာမဟုတ်ဘူးဆိုတဲ့အချက်ပင်ဖြစ်သည်” လို့ ဆိုလိုက်သည်။

“ကိုယ့်ကိုယ်ကို ကိုယ်ခံပညာကျွမ်းကျင်သူတစ်ယောက်လိုမျိုးစိတ်ကူးကြည့်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး၊ ဒါကြောင့် “ဓားသိုင်းအက” ကို ဖန်တီးထားတာပဲဖြစ်ပါတယ်။’’

“ပါ့...ပါ့....ပါ့”

နွေးထွေးတဲ့ လက်ခုပ်သံတွေ ထပ်မံထွက်ပေါ်လာပြန်သည်။

ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ချူစီရှင်း က “ဒါက ငါတို့ညီမလေးပဲလား။ သူမကအရမ်းလှတယ်၊ သီချင်းဆိုတာလည်ကောင်းတယ်၊ ပုံပြင်တွေလဲပြောနိုင်တယ်၊ ဒါကအရမ်းအံ့သြဖို့ကောင်းတယ်။”

လင်ဖန်းသည် သူ့စကားကြောင့် တစ်တွေးနင်လုမတတ်ဖြစ်သွားခဲ့သည်။ထို့နောက်သူက“ငါနဲ့သူမနဲ့ကဒီလိုမျိုး ဆက်ဆံရေးမျိုး မရှိသေးပါဘူး” ဟု ရှင်းပြလိုက်သည်။

“ဒါက ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာနင်ရဲ့ကောင်မလေး ဖြစ်လာမှာပဲလေ” ချူစီရှင်းက ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိအမျိုးသမီး များက လဲခေါင်းညိတ် သဘောတူကြသည်။

......

ထိုအချိန်တွင် စင်မြင့်ပေါ်၌ ရပ်နေသော လင်းယန်က “နောက်တော့ အမေက မိန်းကလေးတစ်ယောက်လိုအေးအေးဆေးဆေး နေသင့်တယ်တဲ့။နောက်ပြီးအမြဲတမ်း မတိုက်ချင်ရဘူးလို့ ပြောခဲ့တယ်။ဒီလိုနည်းနဲ့ပဲအဖြူရောင်မင်းသားတစ်ပါးကနင့်ကိုမင်းသမီးလေးလို ဆက်ဆံလိမ့်မယ်တဲ့။”

“ဒါပေမယ့် မင်းသားလေး ဘယ်တော့မှ ပေါ်မခဲ့ဘူးဒါကြောင့် “ငါကမင်းသမီး”ဆိုတဲ့သီချင်းကို ရေးခဲ့တယ်၊ဒါကြောင့်နားဆင်ပေးပါအုံး’’

ကျယ်ပြောလှသော အားကစားရုံထဲတွင် ချိုမြိန်သော တေးဂီတသံများ ထွက်ပေါ်လာခဲ့ပြန်သည်။

ဂီတသံထွက်ပြီးခဏအကြာတွင်သူမသည်သူမရေးထားသောသီချင်းကိုစတင်သီဆိုလေသည်။

ယခင်က ဖျတ်လပ်ပြီး ပြေပြစ်သော သီချင်းနှင့် ကွဲပြားသည်၊ ဤသီချင်း၏ တေးသွားသည် ပို၍ သွက်လက်ပြီးစိတ်ကူးယဉ်ဆန်တဲ့ခံစားချက်ကိုပေးစွမ်းသည်။

သူမအသံ၊ဝတ်စုံနှင့် လေယာဉ်အလင်းရောင်တို့ကြောင့် လင်းယန်သည် အမှန်တကယ် မြင့်မြတ်သောမင်းသမီးဖြစ်ပုံရသည်။

လူတိုင်း၏အမြင်တွင် ၎င်းတို့သည် လှပသောပွဲရုံတစ်ခုတွင် တည်ရှိနေပြီး လင်းယန် နှင့် အရပ်ရှည်ပြီးချောမောလှပသော မင်းသားလေးတို့သည် တေးဂီတများအတိုင်းဖြည်းညှင်းစွာကနေသည်ကိုမြင်လိုက်ကြသည်။

ဒါတွေအားလုံးက အရမ်းမိုက်တယ်။

ဂီတရပ်သွားပြီးနေညက်အလွန်ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

မနက်ဖြန်gp endပါမယ်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters