ကံကောင်းတဲ့နေ့
Vol. 18 Ch. 265
လင်းဖန်သည် လင်းယန်ကိုဖျော်ဖြေပွဲကျင်းပရန် သဘောတူပြီးနောက် ဝမ်ဖန်ရီကို တိုက်ရိုက်ဆက်သွယ်ခဲ့သည်။
လင်းဖန်က ဝမ်ဖန်ရီကိုဖျော်ဖြေပွဲကိုအကောင်းတစ်ကာ့အကောင်းဆုံးလုပ်ပေးပါလို့ပြောပြီးယွမ်သန်း ၅၀၀ ပေးခဲ့လိုက်သည်။
လင်းဖန်ကဝမ်ဖန်ရီသည်အင်ပါယာဟိုတယ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သောကြောင့်သူ၏ အရည်အချင်းကိုယုံကြည်လေသည်။
လက်ရှိရလဒ်များအရ ဝမ်ဖန်ရီ သည် လင်းဖန်၏ယုံကြည်မှုကိုပျက်ယွင်းခြင်းမရှိခဲ့ပေ။
…………
ဝမ်ဖန်ရီက ယွမ် သန်း 500 ကို လက်ခံလိုက်သောအခါတွင်သူသည် အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။
အင်ပါယာဟိုတယ် ၏ အထွေထွေမန်နေဂျာအနေဖြင့် သူသည် အလွှာပေါင်းစုံမှ အကောင်ကြီးများနှင့် မိတ်ဆွေများဖွဲ့ထားပြီး ဖျော်ဖြေပွဲများအကြောင်းကို သေချာနားလည်သူဟု ဆိုနိုင်သည်။
ယေဘုယျအားဖြင့်ပြောရလျှင်ဖျော်ဖြေပွကိုသန်းအနည်းငယ်လောက်နဲ့ဖြေရှင်းနိုင်သည်။
လင်းဖန်ကတော့သန်း 500 ကိုပေးခဲ့သည်။
သန်း ၅၀၀၊ အဲ့ဒါက သန်း ၅၀၀ပါ။
ပိုက်ဆံယူပြီးထွက်ပြေးသွားမှာမကြောက်ဘူးလား။
ဝမ်ဖန်ရီသည် အကောင်းဆုံး အသံပစ္စည်းများ၊ LEDများ၊ အဝတ်အစားများ စသည်တို့ကို မှာယူရန်အတွက် သူမှာရှိတဲ့အဆက်အသွယ်အားလုံးကို အသုံးပြုခဲ့ရသည်။
Rolls-Royce နှင့် MD902 ရဟတ်ယာဉ် 10 စင်းစလုံးသည်လင်းဖန်မှဖြစ်သောကြောင့်ပိုက်ဆံပေးစရာလုံးဝမလိုအပ်သောကြောင့် စုစုပေါင်းကုန်ကျစျေးနှုန်းသည် အင်တာနက်သုံးစွဲသူများမှန်းဆထားသည်နှင့် ကွာခြားသည်။
ဝမ်ဖန်ရီ၏စကားကိုကြားပြီးနောက် လင်းဖန်က “ငါ ဒီလောက်ပဲ သုံးခဲ့တာလား?”ဟုပြောလိုက်သည်။
ဒါကိုကြားတော့ဝမ်ဖန်ရီကဘာပြောလို့ပြောရမှန်းတောင်မသိတော့ပေ။
ဒါက ယွမ် ၁၄၉ သန်းပါ။
ဒါက ယွမ်၁၄၉ယွမ်မဟုတ်ပါ။
လင်းဖန်က “ဟုတ်တယ် ငါ့ရဲ့ဘဏ်ထဲကိုထည့်လိုက်”
ဖုန်းချလိုက်တာနဲ့ လင်းဖန်ရဲ့စိတ်ထဲမှာ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV7။ 】
[LV7 ဆု- ထွက်သက်၊ဂင်သက်တိုင်းအတွက် ယွမ် 100 ရရှိမည်ဖြစ်သည်။ အိပ်ချိန် 1 စက္ကန့်တိုင်းအတွက် ယွမ် 100 ရရှိမည်။ သင်ခြေလှမ်းလှမ်းတိုင်းအတွက် ယွမ် 100 ရရိမဘ်။ ဆုလက်ဆောင်များအားလုံးကို နေ့စဉ် 24 နာရီတွင် သင့်ရဲ့ဘဏ်အကောင့်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်သည်။ 】
LV6 မှာတျုင်းက နေ့တိုင်း ယွမ် ၃.၅ သန်းလောက် ရရှိသည်။
အခုတော့နှစ်ဆဖြစ်သွားလေသည်။တစ်နည်းဆိုရသော် သူသည် တစ်နေ့လျှင် ယွမ် ၇ သန်းခန့် ဝင်ငွေရှိနေပြီဖြစ်သည်။
လင်းဖန်ဒါကိုကြည့်ပြီးပြုံးလိုက်သည်။
[အဆင့်မြှင့်သုံးစွဲမှုပမာဏ- 500သန်း/ 6980 သန်း (အခြားသူများရဲ့လက်ဆောင်များ၊ လောင်းကစား စသည်တို့မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ပါသည်)]
ထို့နောက်လင်းဖန်သည် ငွေရောင်စာအိတ်များကိုအာရုံစိုက်လိုက်သည်။ “ဒီတစ်ခါ ငွေရောင်စာအိတ် ၁၀ စးခု ဘာရနိုင်မလဲ ကြည့်ရအောင်။”
【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 200,000 ရရှိသည် 】
…………
【ဒင်း! ဂုဏ်ယူပါတယ်၊ မင်း ဟော့တန် အဆောက်အဦးကိုအနိုင်ရရှိခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 100,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ပြုပါသည်၊ သင်သည် ရှောင်မီအင်တာနက် ကုမ္ပဏီကို ရရှိခဲ့ပါသည်။ 】
ငွေရောင်စာအိတ် ၁၀ ခုဖွင့်ရာတွင်လင်းဖန် သည် ဟော့တန်အဆောက်အဦး၊ရှောင်မီအင်တာနက်ကုမ္ပဏီနှင့်စုစုပေါင်း ယွမ် ၂.၇ သန်း ရရှိခဲ့သည်။
ဒါကိုကြည့်ပြီးလင်းဖန်သည် သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။
သူသည်ယွမ် 2.7 သန်းကိုဂရုမစိုက်ပေ။
ဟော့တန် သည် အသစ်တည်ဆောက်ထားသော အဆင့်မြင့် အဆောက်အအုံတစ်ခုဖြစ်သည်။ လင်းဖန်သည်ဖုန်းသုံးနေချိန်တွင် သတင်းတစ်ပုဒ်ကို မတော်တဆတွေ့လိုက်ရသည်။ အဆိုပါ အဆောက်အအုံသည် မြစ်ကမ်းစပ်တွင် တည်ရှိပြီး စုစုပေါင်း ယွမ် ၅ ဘီလီယံ အကုန်အကျခံပြီးဆောက်ထားသည်ဆိုတာပင်ဖြစ်သည်။
ဆောက်ပြီးတာနဲ့ကိုယ်ပိုင်ဟာဖြစ်သွားတာလား?
ထို့အပြင်၊ သူသည် ရှောင်မီအင်တာနက်ကုမ္ပဏီ ကိုလည်းရရှိခဲ့သည်။
လင်းဖန်သည် ဖျော်ဖြေရေးလောကအကြောင်း သိပ်မသိပေ။
သို့သော်၊ သူသည် ရုပ်ရှင်နှင့် တီဗီစီးရီးအချို့ကို ကြည့်နေစဉ်တွင်၊ အမေရိကန်ဖျော်ဖြေရေးကုမ္ပဏီ၏ အမည်သည် ပထမဆုံးထုတ်လုပ်သူတွင် မကြာခဏဆိုသလို ပေါ်လာသည်။(ပြောချင်တာကဒီနာမည်ကြီးရုပ်ရှင်၊အဆိုတော်..စသည်တို့မှာထုတ်လုပ်သူအမည်မှာဒီရှောင်မီအင်တာနက်နာမည်ပါနေတာကိုပြောတာပါ)
တစ်နည်းအားဖြင့်ပြောရရင်လင်းယန်ကိုဖျော်ဖြေပွဲကျင်းပရန် ကူညီပေးခဲ့ပြီး ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရရှိခဲ့သည်။
လင်းဖန်က “ငါဒီနေ့ ကံကောင်းနေပုံပဲ?”ဟုရေရွတ်လိုက်သည်။
ထို့နောက်သူသည် အကောင့်ဝင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“အကောင့်ဝင်မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်မျှဝေကူပွန်ကို ရရှိခဲ့သည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာခဲ့သည်။
မျှဝေကူပွန်၊ ဒါက လုံးဝကောင်းတဲ့ အရာဖြစ်သည်။
မကြာသေးမီကသူသည်ပန်ကူအဖွဲ့ကိုဒီမျှဝေကူပွန်ကို အသုံးပြုပြီးနောက် လင်းဖန်၏ ပိုင်ဆိုင်မှုများကို ယွမ် 250 ဘီလျံအထိ ချက်ခြင်းတိုးလာစေပြွး ရှယ်ယာများမှာလဲ5% မှ 10% အထိ တိုးမြှင့်လာခဲ့သည်။
အခု သူသည်နောက်တစ်ခုထပ်ရသည်။ ပန်ကူကိုသာဆက်လက်အသုံးပြုပါက Lin Fan သည် ပန်ကူ၏ ရှယ်ယာ 20% ကို ရရှိမည်ဖြစ်သည်။ သူ၏ပိုင်ဆိုင်မှုသည်လဲယွမ် ဘီလီယံ ၅၀၀ တိုးလာလိမ့်မည်ဖြစ်သည်။(ဒီကတ်က၁တစ်ခုရှိရင်၂ခု၊နှစ်ခုရှိရင်၄ခုစသည်ဖြင့်ရှိတဲ့ဟာကိုနှစ်ဆတိုးတာပါ)
သို့သော်လည်းလင်းဖန်သည်မျှဝေကူပွန်ကို ချက်ချင်းအသုံးမပြုဘဲ အနည်းငယ်စဉ်းစားပြီးနောက်တွင် သူဆုံးဖြတ်ချက်ချလိုက့သည်။
【ဒင်း! အဲဂရု ကို မျှဝေကူပွန်ကို သုံးမည်လား။ 】
“ဟုတ်တယ်!”
【ဒင်း! အဲဂရု၏ စုစုပေါင်းရှယ်ယာ 10% ကို အောင်မြင်စွာ ရရှိခဲ့သည်။ 】
ပန်ကူအဖွဲ့ကိုသာမျှဝေကူပွန်ကို အသုံးပြုလိုက်ရင်ပိုက်ဆံပိုမိုရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း လင်းဖန်၏ ရည်မှန်းချက်မှာ ပန်ကူနှင့် အဲ တို့၏ ရှယ်ယာအများစုကို ညီတူမျှတူသိမ်းယူရန်ဖြစ်သည်။
ထို့ကြောင့်သူသည် ယာယီအမြတ်အစွန်းများ ဆုံးရှုံးသည်ကို ဂရုမစိုက်ပေ။
သူ နောက်ဆုံးအကြိမ် ပန်ကူ ကို ရွေးချယ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အဲဂရု ကို ရွေးချယ်ခဲ့ပါတယ်။ ဒါက မျက်နှာလိုက်မှု မဟုတ်ပေ။
အဲ သည် စျေးကွက်တန်ဖိုး ယွမ် 5 ထရီလီယံရှိပြီး ယခုအခါ ၎င်း၏ရှယ်ယာပိုင်ဆိုင်မှု 5% တိုးလာခဲ့သည်။
ရလဒ်အနေနဲ့ Lin Fan ရဲ့ ပိုင်ဆိုင်မှုဟာ ယွမ် 250 ဘီလီယံ ထပ်မံတိုးလာခဲ့သည်။
ဒါကိုကြည့်ပြီးလင်းဖန်က”ငါဒီနေ့ ကံကောင်းနေဆာအမှန်ပဲ” ဟု ပြုံးကာ ပြောလိုက်သည်။
ထို့နောက် ဖုန်းကို အာရုံစိုက်လိုက်ပြန်သည်။
ယခုအချိန်တွင်၊ မျက်နှာပြင်ပေါ်တွင် အနီရောင်စာအိတ် 15,712 ရှိသည်။
အဲဒီအထဲမှာ အနီရောင်စာအိတ် ၁၄,၉၀၀ ဟာ ဖျော်ဖြေပွဲရဲ့ သုံးစွဲမှု ၁၄၉ သန်းမှရရှိသောစာအိတ်နီဖြစ်သည်။
ကျန်တဲ့အနီရောင်စာအိတ်နီကအရင်ကသုံးလို့ရထားတာပင်ဖြစ်သည်။
အရင်တုန်းကလင်းဖန် စာအိတ်အနီ ၁,၀၀၀ စုဆောင်းပြီးမှ အတူတူဖွင့်ဖို့ စဉ်းစားခဲ့သည်။
ယခုတော့15712 တိုက်ရိုက်စုမိသွားခဲ့သည်။
ဒီစာအိတ်အနီတွေ အများကြီးရှိတာ ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။
လင်းဖန်သည် မဆိုင်းမတွဘဲ ယနေ့ကံကောင်းသည်ဟု ထင်သောကြောင့် ၎င်းတို့အားလုံးကို ဖွင့်ရန်ရွေးချယ်လိုက်သည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်။”
…………
“ဒင်း! ဂုဏ်ယူပါတယ်၊ မြေကတ်ကိုရရှိခဲ့သည်။”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိသည်။”
“ဒင်း! ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုနှစ်ထပ်ကတ်ကို ရရှိသည်။”
…………
“ဒင်း ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်ကို ရရှိသည်။”
…………
“ဒင်း! ဂုဏ်ယူပါတယ်၊ မြေကတ်ကိုရရှိသည်။”
…………
“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရရှိသည်။”
…………
“ဒင်း! ဂုဏ်ယူပါတယ်၊ ကျွမ်းကျင်တဲ့ အကစွမ်းရည်ကို ရရှိသည်။”
…………
ဤစာအိတ်အနီ 15721ဖွင့်ရာတွင် လင်းဖန်စုစုပေါင်း 23,208,811 ယွမ် ရခဲ့သည်။ သို့သော်လင်းဖန်သည်ဒါတွေကိုလျစ်လျူရှုလိုက်သည်။
မြေကတ်ကိုအရင်ကြည့်လိုက်သည်။
[မြေကတ်- ကိုအသုံးပြုပြီးနောက်၊ သင်သည် စတုရန်းကီလိုမီတာ 10,000 အတွင်းရှိသော မြေနှင့်မြေအထက်ရှိအဆောက်အအုံအားလုံး၏ ပိုင်ဆိုင်မှုကို ရရှိနိုင်ပါသည်။ မြေသည် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုပြီး တစ်ချိန်တည်းမှာပင် ၎င်းသည် ကြီးမြတ်သော ကျက်သရေကိုလည်း ပြသမည်ဖြစ်သည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
ပုံမှန်အသိုင်းအဝိုင်းတစ်ခု၏ စုစုပေါင်းဧရိယာသည် စတုရန်းမီတာ ၅၀၀၀ ခန့်ရှိသည်။
10,000 စတုရန်းမီတာ ဆိုလိုသည်မှာ သူသည် အသိုက်အဝန်းနှစ်ခုကို တိုက်ရိုက်ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်။
နှစ်ခုဆိုတော့အနီးနားက ရုံးခန်းတချို့နဲ့ အဆောက်အဦပေါင်းများစွာကို တိုက်ရိုက်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဒီမြေကတ်က ရှားရှားပါးပါး ကောင်းမွန်တဲ့ အရာတစ်ခုပင်ဖြစ်သည်။
ပြီးတော့ သူကမြေနှစ်ကတ်တောင်ရခဲ့သည်။
ဒါကြောင့်လင်းဖန်သည်မပြုံးပဲမနေနိုင်ပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး