မင်းကို မစိုးရိမ်အောင်လို့
Vol. 006 Ch. 579
သူမ ပြောင်းလဲလိုက်ခြင်းကြောင့် နားရွက်များရှည်သွားသော်လည်း သူမ နားရွက်ပင်ဖြစ်နေသေးသည်။ မိုရှား ထိုအတိုင်းထိလိုက်သဖြင့် သူမ လုံးဝခံစားမိသည်။
သူမ ခေါင်းကိုရွေ့လိုက်ပြီး သူ၏ နတ်ဆိုးလက်သည်းများမှ ရှောင်လိုက်သည်။ ထို့နောက်တွင် သူမ ခြေထောက်မြောက်ကာ သူ့ကို ကန်လိုက်လေသည်။ သူရှောင်ရှားမည်ဟု အစပိုင်းတွင် သူမ ထင်ထား သော်လည်း သူသည် မလှုပ်မယှက်ရပ်နေခဲ့သည်။ ထိုကန်ချက်သည် သူ့ခြေထောက်ပေါ်သို့ ကျရောက်သွားလေ သည်။
“ကျွတ်”
ရှီမာယူယူသည် ခန္ဓာကိုယ်ကိုလေ့ကျင့်ထားပြီး ဝူလင်းယူသည် ပြန်တိုက်ခိုက်ရန် ပျင်းနေခြင်းကြောင့် ဖြစ်သည်။ ထိုကန်ချက်သည် သူအား နာကျင်သွားစေသည်။
သူ နာကျင်မှုကို အံကြိတ်ခံနေသည်ကို သူမမြင်သောအခါ ကျေနပ်ကာ အနောက်သို့ပြန်ဆုတ်လိုက်ပြီး ပြောလိုက်သည် “အခုဘယ်သွားကြမလဲ”
မိုရှားသည် နာကျင်မှုကို ကြိတ်ခံပြီးနောက် ဟွာရှုံဆီမှ သတင်း ရလိုက်သဖြင့် ပြောလိုက်သည် “သူက လည်း မင်းကို ခေါ်သွားချင်တဲ့နေရာကို”
“မင်းရဲ့ အရင်တပည့်တွေရဲ့ နောက်ပိုင်းမျိုးဆက်တွေနေတဲ့ နေရာကိုလား” ရှီမာယူယူ သဘောပေါက် လိုက်သည်။
မိုရှားခေါင်းညိမ့်သည်။
“ဒါပေမဲ့ ဒီလောက်နှစ်တွေကြာပြီးသွားပြီ ပြီးတော့ မင်းကလည်း အသတ်ခံလိုက်ရပြီးပြီ၊ မင်းရဲ့ တပည့် နောက်ပိုင်းမျိုးဆက်တွေ ဘယ်လိုဖြစ်သွားလဲဆိုတာ မင်းမသိဘူးမလား”
“သိတယ် အဲဒါကြောင့် ငါပြန်လာတာ” မိုရှား ပြောလေသည်။
“မင်း သူတို့ကို သွားစစ်ဆေးမလို့လား”
“အင်း ငါ့နောက်ကို လိုက်တဲ့လူတွေက ငါ့ဝိဉာဉ်အားကောင်းတာကို သိကြတယ်၊ ငါပြန်လာမယ်လို့ ပြော ခဲ့တယ်၊ သူတို့က အခုထိသစ္စာရှိကြတုန်းပဲ၊ ဒါပေမဲ့ အချိန်တွေပြောင်းသွားပြီ အဲစည်းမျဉ်းကို ဘယ်လောက် လောက် လိုက်နာကြသေးလဲ မသိတော့ဘူး၊ အဲစည်းမျဉ်းသာပြောင်းသွားရင် ငါပြန်လာပြီ်ဆိုတာ သူတို့ကို ပေးသိ လို့မဖြစ်ဘူး”
“ဒါပေမဲ့ သူတို့တွေက မင်းရဲ့ တပည့်မျိုးဆက်တွေဖြစ်မယ်ဆိုတာ ဘယ်လိုသိမှာလဲ၊ သူတို့ဘယ်မှာလဲ ဘယ်လိုပုံစံလဲဆိုတာ ဘယ်လိုသိမှာလဲ”
မိုရှား သူ့ခေါင်းကိုညွှန်ပြကာ “ငါ ဟွာရှုံရဲ့ မှတ်ဉာဏ်ထဲက အချက်အလက်တွေရထားပြီးပြီ ငါမျိုးနွယ် တစ်ခုကို ရှာရုံပဲ”
“မင်းပြန်လာပြီဆိုတာ ဟွာရှုံသိလား” ရှီမာယူယူ ခြေလှမ်းများ ရပ်တန့်သွားသည်။
“သူက ဟွာမျိုးနွယ်နဲ့ အဆက်အသွယ်ရှိတော့ သူတို့လည်းသိသွားကြမှာပဲ၊ ဒါပေမဲ့ ငါဘယ်သူလဲဆိုတာ သူတို့ မသိဘူး၊ မင်းရဲ့ ခန္ဓာကိုယ်မှာ သဲလွန်စရှိတယ်လို့ပဲ သူ သူတို့ကိုပြောထားတာ၊ အဲဒါကြောင့် ဟွာရှုံကို သူတို့က ဒီကိုခေါ်လာခိုင်းတာ” မိုရှားသည် သူမအား ကြည့်လိုက်ရာ သူမ ဒေါသမထွက်တော့သည်ကို တွေ့မှပင် သက်ပြင်းချနိုင်တော့သည်။
“ဟွာမျိုးနွယ်ကို ယုံလို့ရနိုင်လား”
မိုရှားသည် ခေါင်းရမ်းကာ “သူတို့ကို တွေ့ကြည့်မှပဲသိမှာပဲ”
“ငါ့ကို ငါးစာအဖြစ်သုံးလိုက်တာလား”
“ဘာ” မိုရှား သူမအား အံ့သြစွာကြည့်လိုက်သည်။ သူမသည် ပွင့်ပွင့်လင်းလင်း ပြောလိုက်သဖြင့် သူ သည် မှင်တက်သွားလေသည်။
“ငါပြောတာက ငါ့ဆီကသတင်းလိုချင်ရင် မေးလိုက်လို့ရတာပဲ၊ အဲဒါဆို သူတို့ဘယ်မှာလဲဆိုတာ ငါသွား လိုက်မှာပေါ့၊ သူတို့သာ သစ္စာရှိတယ်ဆို ငါတို့ စိတ်ချလို့ရတယ်၊ မဟုတ်ရင် မင်းလာပြီးမှ ငါနဲ့ ပြေးနေရမယ်” ရှီမာယူယူ ပြောလိုက်သည်။
မိုရှားခြေလှမ်းများရပ်သွားကာ သူမ၏ ချစ်စရာကောင်းသော ပုံစံကို အချိန်အတော်ကြာကြည့်နေလေ သည်။ သူနောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည် “အဲဒါ အရမ်းအန္တရာယ်များလွန်းတယ်”
“ငါသိပါတယ်” ရှီမာယူယူသည် တိုးညင်းစွာရေရွတ်လိုက်သည်။ သူသည် တုံးအခြင်းမရှိသဖြင့် အဲဒါကို သိသည်။
ဟွာမျိုးနွယ်သာ သူ့ကို သစ္စာရှိပါက သူမသည် အန္တရာယ်မှ လွတ်မြောက်မည်။ သို့သော် သူတို့သာ သစ္စာ မရှိပါက သူတို့သည် သူမအား ချေမှုန်းကာ ထွက်ပြေးခွင့်ပေးမည်မဟုတ်ပေ။
“ဒါဆို မင်းသွားချင်သေးလား”
“ဒါပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အပေးအယူရှိတယ်”
“ဘာလဲ”
“မင်းရဲ့ ပုံစံအမှန်ကို ပြန်ရမယ့်နေ့ကျရင် မင်းစာချုပ်ချုပ်ခဲ့တာကို ရှက်တာနဲ့ ငါ့ကို မသတ်ရဘူး၊ ငါ့ မိသားစုရော သူငယ်ချင်းတွေကိုပါ အန္တရာယ်မပေးရဘူး” ရှီမာယူယူသည် တည်ငြိမ်စွာ ပြောလေသည် “မဟုတ်ရင် ငါ မင်းနဲ့ စာချုပ်ဖျက်မပေးဘူး”
သူမသည် ထိုအကြောင်းကို အရင်ကပင် စဉ်းစားဖူးသည်။ ထိုလူများသည် သူ၏ အမိန့်အောက်တွင် ရှိ မနေပါက သူရှိနေသည်ကိုသာ သိပါက သူတို့သည် သူမအား သတ်ပစ်နိုင်သည်။ ထိုသို့ဆိုျှင် အန္တရာယ်ရှိသည်မှာ အတူတူပင်။ သူမသည် အရင်လှုပ်ရှားကာ ခြေတစ်လှမ်းအသာယူထားရမည်။
“ငါမှတ်မိတယ်၊ ငါတို့အရင်ကလည်းပြောဖူးတယ်လေ” မိုရှား၏ အမူအရာသည် သုန်မှုန်သွားသည်။ သူ က အဲလောက်တောင် ဆိုးဝါးတာလား။ သူက ပြောတဲ့အတိုင်းမလုပ်တတ်တဲ့သူ ဘယ်တုန်းကဖြစ်သွားတာလဲ။
သူ လာသည့်နေရာကို ရှီမာယူယူသိသည်။ နတ်ဆိုးမျိုးနွယ်ကလူတွေရဲ့ အကျင့်က ကတိပေးပြီးလည်း လေထဲပျောက်သွားတယ်လို့ ပြောကြတယ်မလား။
“ဒါဆို ထပ်ပြီး ကတိပေး” သူ့ဂုဏ်ကို ထိန်းသိမ်းရန်အတွက်တော့ သူမသည် သစ္စာမဆိုခိုင်းပေ။
“အထက်မှာရှိတဲ့ အမှောင်နတ်ဘုရားများခင်ဗျား.. ရှီမာယူယူနဲ့ ကျွန်တော် စာချုပ်ကိစ္စရှင်းရမယ့်နေ့ ရောက်ခဲ့ရင် ကျွန်တော်က သူမ၊ သူမမိသားစုနဲ့ သူငယ်ချင်းတွေကို အန္တရာယ်ဖြစ်အောင် မလုပ်ပါဘူး၊ ကျွန်တော် သာ ဖောက်ဖျက်ခဲ့ရင် ကျွန်တော့်ဝိဉာဉ်က ငရဲမှာ တစ်သက်လုံးလှောင်မြိုက်ခံရပါစေ”
မိုရှားပြောပြီးနောက်တွင် အနက်ရောင်အလင်းတန်းသည် သူ့ရင်ဘတ်သို့ ဝင်သွားလေသည်။
“မိုရှား မင်း….” ရှီမာယူယူသည် မှင်တက်သွားလေသည်။ သူ သစ္စာဆိုလိမ့်မည်ဟု သူမ မထင်ထားပေ။
“အခု စိတ်အေးပြီလား”
“မင်း သစ္စာဆိုဖို့လောက်အထိတော့ မလိုပါဘူး” ရှီမာယူယူသည် သူဒေါသထွက်လောက်သည်အထိ ဖိအား ပေးမိသည်ကို ခံစားမိသည်။
မိုရှား ဆက်လျှောက်သွားပြီးနောက် ပြောလေသည် “မင်းစိုးရိမ်နေတာကို သက်သာအောင်လို့”
ရှီမာယူယူသည် သူမ နှာခေါင်းအား ထိလိုက်သည်။ သို့သော် သူဆိုလိုက်သော သစ္စာကြောင့် စိတ်အေး သွားသည်မှာတော့ အမှန်ပင်။
သူသည် တခြားလူများကို စိုးရိမ်မှုများဖြစ်စေသည်ကို သူ သိလိုက်ရသည်။
သို့သော် သူ့ကို သစ္စာဆိုရလောက်အောင် လုပ်စေသည်မှာတော့ ရှားပါးသည်။
သူမသည် သူ့အား ခြေလှမ်းအနည်းငယ်ဖြင့်မှီသွားကာ မေးလိုက်သည် “ငါတို့က ဟွာမျိုးနွယ်ကို သွားမှာ ဆိုတော့ ဟွာရှုံကို ဘာလို့ ခေါ်မသွားခိုင်းတာလဲ”
“မဖြစ်နိုင်ဘူး” မိုရှားသည် မစဉ်းစားပဲနှင့် သူမကို ငြင်းလိုက်လေသည်။
“ဘာလို့လဲ အဲဒါက ဟွာမျိုးနွယ်ကို တိုက်ရိုက်ရောက်မည့် နည်းပဲလေ”
“အဲလောက် အန္တရာယ်များတာကို မင်းကို မဆွဲသွင်းနိုင်ဘူး” မိုရှားသည် အနည်းငယ်မှ တွေဝေခြင်းမရှိပဲ ငြင်းလိုက်လေသည်။
သူသည် ထိုနှစ်များတွင် သူ့အတွက် သစ္စာခံလက်ကျန်များကို ရှာဖွေရန် များစွာစိုးရိမ်ခဲ့သည်။ သူမအား ထိုကဲ့သို့ အန္တရာယ်ကြားတွင် ဆွဲမသွင်းနိုင်ပေ။ သူမကို ထားခဲ့ရန်မဖြစ်နိုင်သည့် အချက်ကြောင့်သာမဟုတ်လျှင် သူသည် သူမအား နတ်ဆိုးလောကအတွင်းခေါ်လာမည် မဟုတ်ပေ။
ဒါသည်… သူသည် သူမကို နှစ်သက်၍ကြောင့်လား..
သူသည် နှစ်ပေါင်းများစွာ နေခဲ့ပြီးဖြစ်သော်လည်း အချစ်ဆိုသည့်အရာကို တွေ့ကြုံခဲ့ခြင်းမရှိပေ။ ဒီခန္ဓာကိုယ်ကို ငှားပြီးနောက်မှ သူ နားလည်မည်ဟု ဘယ်သူထင်မိမှာလဲ။
သူသည်လည်း သူမကိုနှစ်သက်သည်။ သူ ထိုအကြောင်းကို တွေးမိသောအခါ ထပ်ပြီး မပျော်မရွှင်ဖြစ်ရ သည်။ တစ်ဖက်လူသည် သူ၏ ဝိဉာဉ်တစ်ဝက်ဖြစ်သော်လည်း သူ သဘောမကျနိုင်ပေ။
ရှီမာယူယူသည် မိုရှား၏ အမူအရာဆက်တိုက်ပြောင်းနေသည်ကို ကြည့်နေသည်။ သို့သော် သူသည် ဖုံးဖိ ထားသဖြင့် သူဘာတွေးနေသည်ကို သူမ မသိတော့ပေ။
“အခုဘယ်သွားကြမလဲ”
“ဒီနားက မြို့”
“ငါတို့အဲဒီကို လမ်းလျှောက်သွားရမှာလား”
“မင်းမှာ အမှောင်မိစ္ဆာပျံရှိလား”
“မရှိဘူး” သူမတွင် ဝိဉာဉ်မိစ္ဆာအနေနှင့် အိမ်မက်လေးသာရှိသည်။ သို့သော် သူမသည် ချစ်စရာကောင်း လွန်းသည်။ သူမကို ဘယ်လိုလုပ်စီးနိုင်မှာလဲ။
သို့သော် အိမ်မက်လေးအကြောင်းတွေးမိသောအခါ သူမကို ခေါ်ထုတ်လိုက်သည်။
“ယူယူ အိမ်မက်လေးက ဘာလုပ်ပေးစရာရှိလဲ” အိမ်မက်လေးသည် အိမ်နေပုံပေါ်ကာ မိန်းမောနေသေး သည်။
“ငါတို့ အခုနတ်ဆိုးလောကမှာ မင်းနေခဲ့တဲ့နေရာကို ကြည့်ချင်လား” ရှီမာယူယူသည် သူမခေါင်းအား ထိ ပြီးပြောလိုက်သည်။
အိမ်မက်လေးသည် နတ်ဆိုးလောကကိုတွေ့ပြီးနောက် အလွန်စိတ်လှုပ်ရှားနေလေသည်။ သူမသည် ခေါင်းညိမ့်ကာ ရှီမာယူယူအား ပြုံးပြီးပြောလေသည် “ယူယူ ဒီမှာအရမ်းနေလို့ကောင်းတာပဲ”
သူမ ပြောလိုက်သည့်စကားကို ရှီမာယူယူကြားသောအခါ တိတ်တဆိတ် သက်ပြင်းချပြီး တွေးလိုက် သည် “ငါးကရေထဲမှာ ပျော်တယ်ဆိုတာ တကယ်ပဲ”
အိမ်မကလေးသည် မြင်းအသွင်ပြောင်းပြီး လှည့်ပတ်ပြေးပြီးနောက် ပြန်လာကာ အော်လေသည် “ယူယူ ဘယ်သွားမှာလဲ ငါခေါ်သွားပေးမယ် ငါကမြန်တယ်”
ရှီမာယူယူ မပြောရသေးခင်မှာပင် မိုရှားသည် အိမ်မက်လေး၏ ကျောပေါ်တက်ပြီးလေသည်။
“မင်းလမ်းလျှောက်မယ်ဆိုရင် ငါတို့အရင်သွားနှင့်မယ်” မိုရှားသည် သူမ၏ မျက်စောင်းကို လျစ်လျူရှု လေသည်။
“…”
သူမလျှောက်သွားလိုက်ပြီး သူ့အရှေ့တွင် ထိုင်ရမလား အနောက်တွင် ထိုင်ရမလားကို ဆုံးဖြတ်မရဖြစ် နေလေသည်။ ထိုအချိန်တွင် သူသည် သူမအား ဆွဲလိုက်ကာ ချက်ချင်းပင် သူ့အရှေ့တွင် ထားလိုက်လေသည်။