← Chapters

ထူးဆန်းသော လူသုံးယောက်အုပ်စု

Vol. 006 Ch. 580

ထူးဆန်းသော လူသုံးယောက်အုပ်စု

Vol. 006 Ch. 580

ရှီမာယူယူသည် သူတို့နေရာကျမှုကို မကျေနပ်လှပေ။ သို့သော် အိမ်မက်လေးသည် အော်ပြီးနောက် ထွက်သွားပြီးလေသည်။ သူမသည် သူတို့သွားရာဘက်မှာ မှန်ကန်ရဲ့လားကို မသိပေ။ သို့သော် မိုရှားသည် ဘာမှ မပြောသဖြင့် လမ်းအမှန်သွားနေခြင်းဖြစ်မည်။

အိမ်မက်လေးသည် မြန်သည်။ သူတို့သည် ရက်ပိုင်းအနည်းငယ်အတွင်းတွင် စွန့်ပစ်နယ်မြေများကို ကျော်လာသည်။ သစ်တော်ကိုဖြတ်ပြီးနောက်တွင် အိမ်များကိုစတင်မြင်လာရသည်။

“နတ်ဆိုးလောကမှတောင် သာမန်ဘဝမှာ အေးအေးချမ်းချမ်းနေတဲ့လူတွေ တကယ်ပဲရှိတာလား” သူမ သည် ခေါင်းကို နောက်ပြန်လှည့်ကာ တိုးညင်းစွာမေးလိုက်သည်။ ထိုအခါ သူမနားရွက်သည် မိုရှား၏ နှုတ်ခမ်း အရှေ့ရောက်သွားလေသည်။ ထိုအခါ မိုရှား ဖြေရန် ပါးစပ်ဟလိုက်သောအခါ မိုရှားပါးစပ်သည် သူမ နားတွင် ကပ်သွားလေသည်။

သူတို့ကြားမှ ရောင်ဝါသည် ခေတ္တမျှ နားမလည်နိုင်အောင်ဖြစ်သွားလေသည်။

ရှီမာယူယူ၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ လျင်မြန်စွာပင် ပြန်လှည့်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလေသည် “မင်း ငါမေးတာကို မဖြေရသေးဘူးနော်”

မိုရှားသည် သူမ မျက်နှာရဲသွားသည်ကို မြင်ပြီးနောက် ပြုံးလိုက်ပြီး “နတ်ဆိုးလောကကလည်း လူသား လောကနဲ့ အတူတူပဲ သာမန် ပြည်သူတွေလည်းရှိတာပေါ့”

“ဒါပေမဲ့ နတ်ဆိုးလောကက အရိုင်းတွေနဲ့ပြည့်နေတာလို့ ကောလဟလတွေရှိတယ်လေ၊ ပြီးတော့ လောကတစ်ခုလုံးက အမှောင်တွေ ပြည့်နေပြီး နေဖို့ မသင့်တော်ဘူးဆို၊ ကြည့်လိုက်လေ ငါတို့ဝင်လာကတည်း က အနီရောင်ကြီးပဲတွေ့နေရတယ်”

“ဒီနေရာက နေဖို့အတွက်တော့ တကယ် မသင့်တော်ဘူး” မိုရှားပြောလေသည်။

“ဒါပေမဲ့ ဒီက ပတ်ဝန်းကျင်ကတော့ လူသားလောကနဲ့ တူတယ်”

“ဒီနေရာက အရင်းအမြစ်တွေမရှိဘူး” မိုရှား ရှင်းပြလေသည်။

“ဒါပေမဲ့ မင်းတို့ နတ်ဆိုးလောကက လူသားလောကက ပစ္စည်းတွေ မသုံးဘူးမလား၊ မင်းက ဝိဉာဉ် စွမ်းအင်ကိုတောင် စုပ်ယူနိုင်တာမဟုတ်ဘူး အဲတော့ မင်းက အဲဒီမှာရှိတာလည်း အသုံးမဝင်ဘူးလေ” ရှီမာယူယူ နားမလည်ပေ။

ထိုသို့ဖြစ်လျှင်တောင် နတ်ဆိုးမျိုးနွယ်သည် ထိုနေရာသို့သွားရန် ကြိုးစားမည်ဖြစ်ကာ သေပြီးရင်း သေ သွားမည်ဖြစ်သည်။ မိုရှားအသက်ရှိစဉ်ကပင် သူသည်လည်း လူသားလောကကို ချီတက်ဖူးသည်။

မိုရှားနှုတ်ခမ်းများမှ အပြုံးများဖြစ်လာသည် “ငါတို့က လူသားလောကက ပစ္စည်းတွေသုံးလို့မရဘူးလို့ မင်းကို ဘယ်သူပြောတာလဲ”

“မဟုတ်လို့လား၊ မင်းသုံးတဲ့ ဆေးတွေကအစ မတူဘူးလေ ဟုတ်တယ်မလား” သူမ မေးလေသည်။

“အရင်တုန်းက နတ်ဆိုးလောကကဒီလိုမဟုတ်ဘူး..” မိုရှားသည် စကာကို အတိုချုံးပြောကာ ထို အကြောင်းကို ဆက်မပြောချင်ပေ။ ထိုသည်မှာ သူမကို မသိစေချင်သော လျှို့ဝှက်ချက်ပင်ဖြစ်သည်။

သူမအနောက်မှ လေအေးများဖြတ်သွားသည်ကို သူမ ခံစားရသဖြင့် အခုချိန်တွင် ပါးစပ်ပိတ်ထားမည်မှာ အကောင်းဆုံးဖြစ်မည်ဟု အာရုံခံမိသည်။

သို့သော် နတ်ဆိုးလောကနှင့် ပတ်သတ်ပြီး သူမ သိချင်နေတုန်းပင်။

နတ်ဆိုးလောကက ဒီလိုမဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်ခဲ့တာလဲ။ လူသားလောကနဲ့ တူခဲ့တာလား။ မဟုတ်ရင် တကယ်ပဲ လူသားလောကရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာလား။

သူမ ခေါင်းထဲမှ အတွေးများကို ဘယ်လိုပင် ဆက်ကြည့်ပါစေ အဖြေရမလာပေ။ ထို့ကြောင့်ပင် တွေးရ မှာပင် ပျင်းလာသည်။ သူမသည် အနီးဆုံးမြို့သို့ အိမ်မက်လေးအား သွားခိုင်းလိုက်သည်။

အစပိုင်းတွင် သူသည် ထိုလောကအား ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် မိုရှားပြောသည့်စကား အရ ထိုနေရာတွင် အရင်းအမြစ်များမရှိပေ။ သူတို့တွင် ဘာမှမရှိပြီး မြေကြီးမှာလည်း မီးမြှုက်ထားသကဲ့သို့ပင်။ ထိုနေရာတွင် အမှောင်ဝိဉာဉ်စွမ်းအင်မှာလည်း နည်းပါးသည်။ အစပိုင်းတွင် သူတို့သည် အပြင်ပိုင်းနှင့် နီး၍ဟု ထင်ထားခဲ့သည်။ သို့သော် အတွင်းပိုင်းဧရိယာများသို့ရောက်သောအခါတွင်လည်း အတူတူပင်။

မြို့သည် ဝိဉာဉ်စွမ်းအင်ထူထပ်သော နေရာများအနီးတွင် တည်ဆောက်ထားသည်။

မိုရှားလျှောက်လာကာ သူ့ရောင်ဝါသည် တဖြည်းဖြည်း နိမ့်လာသည်။ ထိုရောင်ဝါကြောင့် အရှေ့တွင် ထိုင်နေသော သူမခန္ဓာကိုယ်သည် တောင့်တင်းလာသည်။ သူမသည် ရေခဲတုံးအဖြစ်ပြောင်းသွားမည်ကိုပင် စိုးရ သည်။

“မြို့ကသိပ်မဝေးတော့ဘူး လမ်းလျှောက်သွားရအောင်” မိုရှားပြောပြီးနောက်တွင် အိမ်မက်လေးအပေါ် မှ ဆင်းလိုက်လေသည်။

ရှီမာယူယူ ဆင်းပြီးနောက်တွင် အိမ်မက်လေးသည် ကောင်မလေးအသွင် ပြန်ပြောင်းသွားလေသည်။ ထိုနေရာသို့ အလျင်စလိုလာရ၍ထင်သည်။ သူမ မျက်လုံးများသည် အနည်းငယ်ပင်ပန်းနေသည့်ပုံပေါက်သည်။

“ပြန်သွားပြီး နည်းနည်းလောက်နားမလား” သူမသည် အိမ်မက်လေး၏ ပါးအား ဆိတ်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

“အိမ်မက်လေး မပင်ပန်းပါဘူး သွားနားဖို့မလိုဘူး” အိမ်မက်လေးသည် ခေါင်းရမ်းလေသည်။ ခဏ အကြာတွင် သူမ ဆက်ပြောလေသည် “ဒီနေရာက အရင်နေခဲ့တုန်းကနဲ့ တူသေးလားလို့ ကြည့်ချင်တယ်”

ရှီမာယူယူသည် နာကျင်မှုကို ခံစားရလေသည်။ ထိုနာကျင်မှုသည် အိမ်မက်လေးဆီမှ လာခြင်းဖြစ် သည်။ သူမသည် ဒီနေရာမှ အရင်ဘဝကို မမှတ်မိသော်လည်း ပြောင်းလဲသွားသည့်နေရာကို ကြည့်ချင်သေး သည်။

“ကောင်းပြီ အိမ်မက်လေးကြည့်ချင်မှတော့ ဒီမှာနေပြီးကြည့်ပေါ့၊ နားဖို့ တည်းခိုဆောင်ရှာရအောင်”

သူမ မိုရှားကိုကြည့်လိုက်ရာ မငြင်းဆန်သည်ကို တွေ့ပြီးနောက် အိမ်မက်လေး၏ လက်ကိုဆွဲကာ မြို့ အတွင်းသို့ဝင်လေသည်။

နတ်ဆိုးလောက၏ မြို့သည်လည်း လူသားလောကနှင့် ဆင်တူလေသည်။ တချို့ပစ္စည်းများတွင် ဈေး ကြီးသည်။ လူအများစုသည် ပေးရန်မတတ်နိုင်ကြပေ။

တည်းခိုဆောင်များတွင်လည်း အရည်အသွေးကောင်းသည်နှင့် ဆိုးသည်ဆိုတာ ရှိသည်။ တိုက်ခိုက်ရာ တွင် ကျန်ခဲ့သော အမှတ်အသားများသည် ကျန်နေဆဲပင်ဖြစ်သည်။

ရှီမာယူယူသည် နတ်ဆိုးဘာသာစကားကို နားလည်သော်လည်း မပြောတတ်ပေ။ ထို့ကြောင့် သူမသည် အခန်းငှားရန်အတွက် မိုရှားကို အပ်ထားလေသည်။

သူတို့ဝင်သွားသည်နှင့် အားလုံး၏ အာရုံစိုက်ခြင်းကိုခံလိုက်ရလေသည်။ သူတို့ တည်းခိုဆောင်သို့ ဝင် သောအခါ ခန်းမတစ်ခုလုံးသည် ငြိမ်ကျသွားလေသည်။

အားကောင်းပြီး ဆွဲဆောင်မှုရှိသော သခင်ကြီးတစ်ယောက် ချစ်စရာကောင်းသော မိန်းကလေး တစ် ယောက်နှင့် လူတိုင်းသိနိုင်သော မျိုးနွယ်က သွေးသား ကလေးတစ်ယောက်… ထိုလူတစ်စုသည် သူတို့၏ အာရုံ ကို သေချာပေါက် ဖမ်းစားနိုင်သည်။

အထူးသဖြင့် လူသားတစ်ဝက်ပုံပေါက်သော မိန်းကလေးပင်ဖြစ်သည်။ သူမသည် ဆွဲဆောင်မှုရှိသည်။ သူမ ခေါင်းပေါ်မှ ရှိနေသော နားရွက်၂ခုသည် အမှန်တကယ်ကဲ့သို့ပင် ခံစားရသည်။

ထိုအချိန်တွင် ရှီမာယူယူသည် မိန်းကလေးအသွင်ပြောင်းထားသည်။ သူမ ခန္ဓာကိုယ်တည်ဆောက်ပုံ သည် နတ်ဆိုးလောကတွင် အလွန်သေးငယ်ကာ သူမ ဦးချို၊ နားရွက်နှင့် လင်းလုံ၏ ပုံစံကိုပါ ထည့်ပေါင်းလိုက် သောအခါ ထိုနေရာရှိ အမျိုးသားများသည် တံတွေးမျိုချမိကြလေသည်။

“အပေါ်ထပ်မှာ အခန်း ၂ခန်း” မိုရှားသည် နတ်ဆိုးဘာသာစကားဖြင့် ပြောလေသည်။ သူ၏ အေးစက် သော ရောင်ဝါသည် စားပွဲနောက်တွင်ထိုင်နေသော ဆိုင်တာဝန်ခံအား အေးခဲသွားစေသည်။

“ဟုတ်ဟုတ် အပေါ်ထပ်မှာ အခန်း၂ခန်း” တာဝန်ခံသည် သူ့အကြည့်အောက်တွင် ဒူးများညွှတ်ကျ မလိုဖြစ်သွားသည်။ သူသည် လျင်မြန်စွာပင် စားပွဲထိုးတစ်ယောက်ကို အပေါ်ထပ်သို့ လိုက်ပို့ခိုင်းလေသည်။

သူတို့ထွက်သွားသည်နှင့် ခန်းမတစ်ခုလုံးသည် စကားပြောသံများ ဆူညံသွားလေသည်။ သူတို့သည် ရှီမာယူယူတို့၏ သရုပ်မှန်ကို ခန့်မှန်းနေကြသည်။ သူတို့သည် အမျိုးသားကိုတော့ ခန့်မှန်းမိသည်။ သူသည် သူတို့ ကိုပင် သုတ်သင်ပစ်နိုင်လောက်အောင် အားကောင်းသည်။ လူသားကလေးနှင့် တူသော ကလေးမလေးသည် သွေးသားမြင့်မြတ်သည်မှာတော့ သေချာသည်။

သူတို့ ပြောဆိုနေကြသည့်အကြားတွင် နတ်ဆိုးမျိုးနွယ်ဝင်များသည် လျင်မြန်စွာပင် ပြေးထွက်လာ သည်။

ရက်အနည်းငယ်အကြာတွင် မိုရှားသည် မကြာခဏအပြင်ထွက်သည်။ သူဘယ်သွားသည်ကိုတော့ ဘယ်သူမှ မသိကြပေ။ ရှီမာယူယူသည် နတ်ဆိုးဘာသာစကားမပြောတတ်သဖြင့် အခန်းထဲတွင် နေကာ အပြင် သို့မထွက်ပေ။ မိုရှားသည် ဟွာမျိုးနွယ်အား သွားရှာချိန်တွင် သူမအားခေါ်မသွားချင်ပေ။ ထို့ကြောင့် သူမ လိုက် လာသော်လည်း လုပ်စရာမရှိပေ။ သရုပ်မှန်ပေါ်သွားခြင်းမှ ရှောင်နိုင်ရန် သူမသည် တံခါးအပြင်သို့ တစ်လှမ်းမှ မထွက်ပေ။

သို့သော် အိမ်မက်လေးသည် နတ်ဆိုးလောကမှ မြို့အကြောင်းကို အလွန်သိချင်နေသည်။ မတတ်နိုင် ပေ။ သူမသည် အိမ်မက်လေးအားခေါ်ကာ လျှောက်ပတ်ပြရတော့သည်။

ထိုသို့လမ်းလျှောက်လိုက်ခြင်းသည် သူမတို့အတွက် ကိစ္စကြီးတစ်ခုဖြစ်သွားလိမ့်မည်ဟု သူမ ထင် မထားမိပေ။

သန့်ရှင်းသောနတ်ဆိုးမျိုးနွယ်ဝင်များသည် နတ်ဆိုးမျိုးနွယ်တွင် ရှားပါးသည်။ သို့သော် ဒီနေရာရှိ ထိုနတ်ဆိုးများသည် ရာထူးအဆင့်လိုက်ရှိကြသဖြင့် နတ်ဆိုးများ၏ ပစ်မှတ်ထားခြင်းခံရလေသည်။ ဒဏ္ဍာရီများ အရ သန့်ရှင်းသော နတ်ဆိုးများသည် အတူတကွ နေထိုင်ခြင်းကြောင့် ပျော်ရွှင်မှုသာမက သူတို့၏ ကျင့်စဉ်မှာ လည်း တိုးတက်သည်ဟု ပြောကြသည်။

အရင်ကဆိုလျှင် နတ်ဆိုးမျိုးနွယ်ဝင်များသည် ရှားပါးခြင်းမရှိပေ။ သို့သော် လွန်ခဲ့သည့်နှစ်များတွင် သန့်ရှင်းသော နတ်ဆိုးများ နည်းလာကာ လူတိုင်း၏ ပစ်မှတ်ဖြစ်တော့သည်။

မိုရှားသည် အချိန်အတန်ကြာပြန်မလာပေ။ အိမ်မက်လေးသည် အရင်ကိစ္စများကို မေ့သွားကာ သူတို့ သည်လည်း သန့်ရှင်းသော နတ်ဆိုးမျိုးနွယ်များအကြောင်းကို မသိကြကာ ရှောင်ရှားရန် ရှုံးနိမ့်ခဲ့သည်။

သို့သော် ထိုရှုံးနိမ့်မှုကပင် သူတို့ အစီအစဉ်ကို ပျက်သွားစေသည်။

ရှီမာယူယူသည် အရာအားလုံးကို သိချင်နေသော အိမ်မက်လေးနှင့် လျှောက်လာသည်။ သူမသည် ဟိုဟိုဒီဒီကိုင်ကြည့်ပြီး အားလုံးကို လျှောက်ကြည့်လေသည်။ သူမ မျက်လုံးများသည် သိချင်စိတ်များဖြင့် တောက်ပနေကာ အနောက်မှလိုက်လာရသော ရှီမာယူယူမှာတော့ ပျင်းနေလေသည်။

နတ်ဆိုးလောက၏ မြို့သည် ရှေးကျကာ ယိလင်းတိုင်းပြည်ထက်ပင် ပိုဆိုးသည်။ လမ်းများတွင် နတ်ဆိုး မျိုးနွယ် ကလေးများဖြင့် ပြည့်နေသည်။ သူတို့သည် ကြည့်မကောင်းပဲ မြို့၏ အသွင်အပြင်ကို နှောင့်ယှက်နေ သည်။

သူမ စိတ်ထဲမှ ကျိန်ဆဲနေစဉ်တွင် လူတစ်စုသည် ရုတ်တရက်ပြေးလာပြီး သူမနှင့် အိမ်မက်လေးကို ဝိုင်း လိုက်လေသည်။

All Chapters