သံသယ
Vol. 18 Ch. 260
ဤဖျော်ဖြေပွဲကိုလာကြည့်သူပရိသတ် 100,000 ရှိသည်။ လူတိုင်းဝင်ဖို့ဆိုတာကအချိန်အတော်ကြာမည်ဖြစ်သည်။
စုရီသည်သူ့လက်မှတ်ကို လုံခြုံရေးအစောင့်တွေကိုစစ်ဆေးခိုင်းပြီးနောက်သူထိုင်ရမယ့်နေရာကို သူ့ထိုင်ခုံကို တွေ့လိုက်သည် ။
သူ့ဘေးတွင် အမှတ် 80 ခန့်မျက်နှာတန်ဖိုးရှိသော လန်ဝမ် ဟုခေါ်သော မိန်းကလေးသည် မြူနီစီယန်အားကစားခန်းမရှိ လူများကို ကြည့်ပြီး “လူများလွန်းတယ် ငါ့သူငယ်ချင်းတွေလာမလားမသိဘူး၊ .”
သူစကားပြောနေရင်းအဝေးကို လှမ်းကြည့်ကာသူ့မသူငယ်ချင်းကိုရှာနေလိုက်သည်။
“လူရှာဖို့ဆိုဒါကိုသုံးလေ” စုရီ က သူယူလာတဲ့ အဝေးကြည့်မှန်ပြောင်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။
လန်ဝမ် အံ့သြသွားပြီး “မင်း အဝေးကြည့်မှန်ပြောင်းတောင် ယူလာတာလား!”
“ဒါက လူတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လေ” စုရီ က “လင်းဂျန်နဲ့ တခြားသူတွေက အတန်း E ရဲ့ ခုံ 4000ကျော်မှာ ရှိတယ်ဆိုတာကိုငါမှတ်မိတယ်၊ဒါကြောင့်သူတို့က အဲဒီလမ်းကြောင်းနားမှာ ရှိသင့်တယ်...”
လန်ဝမ်သည် စုရီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။ ထို့နောက် သူမသည်သူမရဲ့သူငယ်ချင်းတွေကို အမြန်တွေ့လိုက်ပြီးနောက်သူမကလက်ဝှေ့ယမ်းပြီး အော်ခေါ်လိုက်သည်။
သို့သော်အကွာအဝေးကြီးလွန်းတာကြောင့်တစ်ဖက်မှာသူမ၏အသံကိုမကြားနိုင်ပေ။
စုရီသည် လန်ဂမ် ၏ ချစ်စဖွယ်အသွင်အပြင်ကို ကြည့်ပြီးစွဲလန်းသွားလေသည်။
ထို့နောက်သူသည်ခေါင်းကို မော့ကာ တစ်စုံတစ်ခုကို ရှာနေသလိုမျိုးအဝေးကို လှမ်းကြည့်သော်လည်း မတွေ့ပေ။
“ဇောင်ချင်းဘို နဲ့ တခြားသူတွေ ဘယ်မှာထိုင်နေလဲ ငါမသိဘူး။ထားလိုက်တော့ငါသူတို့ကိုပဲမေးလိုက်တော့မယ်”
စကားပြောပြီးနောက်စုရီက သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး သူ့အခန်းဖော်ထံမက်ဆေ့ချ်ပို့လိုက်သည်။
စုရီ: မူဇောင်၊ဇောင်ချင်ဘို မင်းတို့အခန်းထဲရောက်ပြီလား။
မူဇောင်: ငါတို့ ရောက်ပြီ။ကး
ဇောင်ချင်းဘို : မင်းသိလား ငါတို့ထိုင်နေတဲ့ထိုင်ခုံများသည် VIP196 နှင့် VIP197 ဖြစ်ပြီး VIP ဧရိယာရှိရှေ့နှင့်အလယ်တန်းများဖြစ်သည်။(ပြောချင်တာကအရမ်းလဲအရှေ့မရောက်သလိုအရမ်းလဲအနောက်မရောက်VIPဧရိယာကိုပြောနာပါ)
ဇောင်ချင်းဘို : ဒီကထိုင်ခုံတွေ အားလုံး ကသားရေ ဆိုဖာပဲ! ?
စုရီ: တကယ်လား?
ဇောင်ချင်းဘို: ငါကဘာလိုလိမ်ပြောရမှာလဲ။
ထို့နောက် စုရီသည် လန်ဝမ် မှအဝေးကြည့်မှန်ပြောင်းကိုယူ၍ အောက်ခြေ VIP ဧရိယာဆီသို့ လှမ်းကြည့်လိုက်သည်။(ဘောလုံးကန်တဲ့ကွင်းးလိုမျိုးပါ)
မျက်နှာဝိုင်းဝိုင်းနှင့် ပိန်ပိန်ပါးပါး လူနှစ်ယောက်သည် သူ့ဦးတည်ရာသို့ ဝှေ့ယမ်းပြနေတာကိုတွေ့လိုက်သည်။
စုရီသည်အဝေးကြည့်မှန်ပြောင်းကို ဖြည်းညှင်းစွာ ချလိုက်ပြီး “အစ်ကိုလင်းမေးတုန်းကငါဘာလို့ငြင်းလိုက်မိတာလဲ” ဟု ဝမ်းနည်းစွာပြောလိုက်သည်။
…………
ယခုအချိန်တွင် ရိုလင်အင်တာနက်၏ တေးဂီတဒါရိုက်တာ ကျောက်ပန်နှင့် လက်ထောက်ဒါရိုက်တာ ကျောက်ရှန်ဟိုင်တို့သည် အားကစားကွင်းအတွင်းသို့ ဝင်ရောက်ပြီးထိုင်နေပြီဖြစ်သည်။
ကျောက်ရှန်ဟိုင်က လူများကို ကြည့်ပြီး “လူအရမ်းများတယ်!”
ကျောက်ပန်က “ဒါက ပုံမှန်ပါပဲ။ ဝိုက်ချက်၊ UB ဘရောက်ဆာနဲ့ ဒီနေ့ရဲ့ နက်ဝေါ့တို့ကရက်အတော်ကြာ ကြောငြာပေးခဲ့သောကြောင့်လူများတာကမဆန်းပါဘူး”
ကျောက်ရှန်ဟိုင်က “မစ္စတာ ကျောက်၊ ဒါ ဘယ်သူ့ဖျော်ဖြေပွဲလို့ ထင်လဲ။”
ကျောက်ပန် က ခေါင်းယမ်းလိုက်ပြီး “ငါလည်း မသိဘူး”ဟုပြန်လည်ပြောကြားလိုက်သည်။
ထို့နောက် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး “ပွဲစဖို့ နီးနေပြီ၊ စင်ပေါ်မှာ ဘာလို့ အမှောင်ထုကြီး ရှိနေသေးတာလဲ”
တကယ်တန်းတော့ကျောက်ပန်သည် ပဟေဠိဖြစ်ရုံသာမကဘဲ ပရိသတ်ထဲမှာလည်း အလားတူသံသယရှိသူများလည်း ရှိနေသည်။
အတွင်းရှိပွဲကြည့်ပရိသတ်များနှငွ ပွဲရုံအပြင်ဘက်ရှိလူများသည်အနည်းငယ် ဒေါသထွက်နေပြီဖြစ်သည်။
“စင်ကဘာလို့ မည်းမှောင်နေတာလဲ”
“ဟုတ်တယ်ဘာလို့လဲစင်ကမှောင်နေတာလား”
“ဟုတ်တယ်”
…………
အားလုံးက ပဟေဌိနဲ့ ဆွေးနွေးကြတဲ့အခါ ရဟတ်ယာဉ်တစ်စင်းက အားကစားကွင်းဘေးမှာ တိတ်တဆိတ် ရပ်တန့်သွားခဲ့သည်။
လင်းဖန်၊ ရှောင်ပန်နှင့် ရှောင်အန်း တို့သည် လေယာဉ်မှဆင်းပြီးနောက် အားကစားရုံရှေ့ရှိ VIP ထိုင်ခုံဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့ကြသည်။
ထိုအချိန်တွင် ဟန်တီ၊ ချမ်ရီရီ၊ ချူစီရှင်း၊ဟေးလင်း၊ ဆောင်ကျင်းအန်းနှင့် အခြားသူများ အားလုံးသည်ဤနေရာတွင် ရှိနေကြပြီဖြစ်သည်။
လင်းဖန်ကိုတွေ့ပြီးနောက် သူတို့အားလုံး ဝမ်းသာသွားခဲ့ကြပြီးတစ်ယောက်တစ်ပေါက်ပြောတော့သည်။
“နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပဲ”
“မင်းတို့က ရှောင်ပန်နဲ့ ရှောင်အန်း လား?နင်တို့ကအရမ်းချစ်စရာကောင်းတာပဲ”
.....
ရှောင်ပန်နှင့်ရှောင်အန် တို့သည် မူလက လူများတာကြောင့်နည်းနည်းရှက်နေကြသည်။
သို့သော်လည်း နှုတ်ဆက်ပြီးနောက်ရှက်တဲ့စိတ်တွေပျောက်ကွယ်သွားတော့သည်။
လင်းဖန်သည် ကောင်မလေးများ၏လိုက်ဖက်ညီသော အမူအရာများကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
လင်းဖန်သည် သူ့မိန်းကလေးများကိုအချင်းချင်းတွေ့ဆုံခွင့်ပေးသောအခါတွင်စိတ်ထဲမှာနည်းနည်းစိတ်ထင့်နေခဲ့သည်။
လင်းဖန် မှာ တခြားမိန်းမတွေရှိတယ်ဆိုတာ သူ့ရဲ့မိန်းမတွေအားလုံးသိသည်။
သို့သော် သူတို့သည် တစ်ယောက်နှင့်တစ်ယောက်တျု့သည်တစ်ခါမှတွေ့ဖူးကြပေ။
လင်းဖန်သည် သူတို့ အမှန်တကယ်တွေ့ဆုံပြီးနောက် ဘာဖြစ်မလဲဆိုတာကို မသိပေ။
ဒါပေမယ့်.ဒီလိုနေ့မျိုးကိုတစ်နေ့တေည့ရင်ဆိုင်ရမည်ဆိုတာကိုသူသိသည်။
ထို့ကြောင့်သူသည်ဒီဖျော်ဖြေပွဲကိုသုံးပြီးသူမတို့အားလုံးကိုဖိတ်လိုက်လေသည်။
အခုအခြေအနေက ကောင်းနေပုံရသည်။
လင်းဖန်သည် အမျိုးသမီးများကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားကာကျင်းအန်း ကို မြင်သောအခါတွင် သူမ ကိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်လေသည်။
[မျက်နှာတန်ဖိုး- 95]
[အနှစ်သက်ဆုံးဘွဲ့- 89.5]
ဒါကိုကြည့်ပြီးလင်းဖန်သည် အံ့အားသင့်သွားခဲ့သည်။
89.5?
အခြေအနေဘယ်လိုလဲ
ဒဿမအမှတ် နှစ်သက်နိုင်မှု
ဆောင်ကျင်းအန်းကသူ့ကိုနောက်ဆုံးအကြိမ်တွေ့တုန်းက89မှတ်နှစ်သက်သည်။
အခု တိုးလာတာလား?
အနောက်တွင်ထိုင်နေသော တန်ရှိန် သည်လင်းဖန်ပတ်ပတ်လည်တွင် ထိုင်နေသော အလှလေးများကို ကြည့်ပြီး “အစ်ကို လင်းက မျှော်လင့်ထားသလိုပါပဲ”
“ဒါကိုမင်းပြောစရာတောင်လိုသေးလို့လား” လီယွင်ဟိုင်က ပြောသည်။
သူ့ဘေးမှာထိုင်နေတဲ့ စုလင်းဟိုက နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ပွဲစဖို့အချိန်နီးနေပြီ စင်ပေါ်မှာ ဘာလို့မှောင်နေသေးတာလဲ”
“အဆင်သင့်မဖြစ်သေးလို့များလား?” ကျောက်ပန် က မေးလိုက်သည်။
သူတို့ ပဟေဠိဖြစ်လိုက်ချိန်မှာပဲ စင်ပေါ်မှာ အသံတစ်ခု ရုတ်တရက်ပေါ်လာလေသည်။ထိုအသံသည်လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး