← Chapters

ဝန်ခံခြင်း

Vol. 18 Ch. 262

ဝန်ခံခြင်း

Vol. 18 Ch. 262

လင်းယန်၏ အသံသည် အလွန် ကောင်းမွန်သည့်အပြင် သူမသည် နေ့တိုင်းနေ့တိုင်းတွင်ကြိုးစားပြီးသီချင်းဆိုလေ့ကျင့်နေလေသည်။

ဒီနေ့တော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေဟာတစ်ကယ်ဖြစ်လာခဲ့ပြီ။

“ပါ့...ပါ့...ပါ့!”

သီချင်းတစ်ပုဒ်ချင်းစီရဲ့ အဆုံးမှာတော့ ပရိသတ်တွေဆီက ကျယ်လောင်တဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သီချင်းတစ်ဒါဇင် သီဆိုလို့ပြီးသွားခဲ့သည်။

လူတိုင်း၏ မျက်နှာများပေါ်တွင်ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ဂီတသံနှင့်အတူ လှုပ်နေကြသည်။

လင်းယန်က မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ကျွန်မမှာ အမြဲတမ်း အိပ်မက်တစ်ခု ရှိခဲ့ပါတယ်၊ ဒါက ကျွန်မ ကိုယ်တိုင် ဖျော်ဖြေပွဲ ကျင်းပချင်တာပါ” လို့ ပြောလိုက်သည်။

“ဒါပေမယ့် ဒါကအိပ်မက်​တွေပဲဆိုတာကို ငါနားလည်တယ်။”

“ဒီ​နေ့မှာတော့သူကကျွန်မအိမ်မက်ကိုအကောင်အထည်ဖော်ဖို့ကူညီပေးခဲ့တယ်​!”

“ဒါကြောင့်သူ့ကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်!”

“ဒီဘဝမှာငါ လောက်ဘယ်လောက်ကြာကြာနေရမယ်ဆိုတာ ငါမသိပေမယ့် သူက ငါ့ဘဝရဲ့အရေးကြီးဆုံးလူပဲ”

သူမ ဒီစကားတွေပြောတဲ့အခါ လင်းယန် ရဲ့မျက်လုံးတွေကလင်းဖန်ကိုစိုက်ကြည့်နေလိုက်သည်။

ဒီစကားထွက်လာတာနဲ့ တပြိုင်နက် ပရိသတ် အများအပြားက ကျယ်လောင်စွာ အော်ပြောကြတော့သည်။

“ဝိုး ဒါက ရိုမန်တစ်ဆန်လွန်းတယ်မဟုတ်လား”

“လင်းယန်မင်းက အကောင်းဆုံးပဲ!”

“ဒါက ဝန်ခံတာမဟုတ်ဘူးလား!”

…………

VIP1 အတန်း။

ဟန်တီ၊ ချူစီရှင်း၊ ချမ်ရီရီ၊ ဟေးလင်း နှင့် အခြားအမျိုးသမီးများအားလုံးသည် လင်းဖန်အား အပြုံးများဖြင့် ကြည့်နေလိုက်ကြသည်။

သူမတို့၏အကြည့်ထဲတွင်အဲဒါက ငါတို့ညီမမဟုတ်ဘူးလို့ နင်ပြောတာလား။ဟူ၍ပင်ဖြစ်သည်။

လင်းဖန် က လင်းယန်ဒီလိုစကားမျိုးပြောဖို့ မမျှော်လင့်ထားတာပေးးထို့ကြောင့်သူကငါ့ရဲ့ ဆွဲဆောင်မှုကတကယ်ကို ကြီးမားလွန်းတာပဲဟုတွေးလိုက်သည်။

…………

လင်းယန် သည် ပရိတ်သတ်တွေပြောနေတာကို လျစ်လျူရှုလိုက်ပြီး “နောက်သီချင်းကတော့ယနေ့ညဖျော်ဖြေပွဲ၏ နောက်ဆုံးသီချင်းလည်းဖြစ်ပါသည်။ ၎င်းက ကျွန်မရဲ့မူရင်းသီချင်းမဟုတ်ပါဘူး။ဒီသီချင်းရဲ့အမည်က “ကြယ်မြစ်”ပဲဖြစ်ပါတယ်။နားဆင်ပေးပါအုံး!’’

လင်းယန်စကားဆုံးသည်နှင့်အမျှ ချိုမြိန်သော ဂီတသံများ ထွက်ပေါ်လာလေသည်။

လင်းယန်ပြောခဲ့တဲ့စကားကြောင့် ပရိသတ်မျကအနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။(သူငယ်ချင်းကိုပြောတာပါ)

သို့သော် သီချင်းသံကြားတော့ သူတို့ မထိန်းနိုင်ဘဲ ငြိမ်သွားခဲ့သည်။

သူတို့အားလုံး စောင့်မျှော်နေကြတာကတော့လင်းယန်၏ အံ့သြဖွယ်ကောင်းသော သီဆိုမှုပင်ဖြစ်သည်။

ထိုအချိန်တွင်လင်းယန်သည်သူမ၏နှုတ်ခမ်းများကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီးသီချင်းကိုစတင်သီဆိုလေသည်။

ယခင် ကဆိုခဲ့သော”ဓားသိုင်းအက” သည် ပရိသတ်အား သူရဲကောင်းဆန်သော ကမ္ဘာသို့ ခေါ်ယူဆောင်ခဲ့သည်။

ဤ”ကြယ်မြစ်” သည် ဒဏ္ဍာရီပုံပြင်ကျင့်ကြံခြင်းလောကထဲသို့ ပရိသတ်ကို ခေါ်ဆောင်သွားသည်။

လင်းယန်ဟာ တောင်တွေရွေ့ပြီး၊ပင်လယ်ကိုနှစ်ပိုင်းဖြတ်ပြီး နတ်ဆိုးတွေကို သုတ်သင်ပြီး နောက်ဆုံးမှာတော့ ကြယ်စင်တွေရှိတဲ့ကောင်းကင်ကြီးစကြာဝဠာထဲသွားတာကို တွေ့လိုက်ရသည်။

လင်းယန် ရဲ့ ခေါင်းနားမှညနေ၊လနဲ့ကြယ်တွေ ဝန်းရံထားတာကို မြင်လိုက်ရတော့ သူမက တစ်ကယ့်အင်မော်တယ်နတ်သမီးများလားလို့ပရိတ်သတ်တွေကတွေးလိုက်သည်။

ဒီအခိုက်အတန့်မှာသူမသည် သူမ၏လက်ဖြင့်ဓားကိုဆွဲထုတ်လိုက်ပြီး အဆုံးမဲ့ စကြာဝဠာဆီသို့ ခုတ်လှဲလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ကောင်းကင်နှင့် နေကို ပါထိုးဖောက်ဝင်ရောက်သွားပြီး စကြဝဠာကိုတောင်ကွဲအက်စေခဲ့သည်။

သီချင်းသံက တဖြည်းဖြည်း ရပ်တန့်သွားပြီး သီချင်းကလဲ ပြီးဆုံးသွားခဲ့သည်။

တိတ်တိတ်။

ဒီသီချင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။

အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်သည် တဖြည်းဖြည်း ပြန်လည်သတိဝင်လာပြီး ဦးစွာလက်ခုပ်တီးလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ပရိတ်သတ်အားလုံးက လက်ခုပ်တီးလိုက်ကြသည်။

လက်ခုပ်သံများက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။

လူအချို့က မကူညီနိုင်ဘဲ ကျယ်လောင်စွာအော်ပြောကြသည်။

“သီချင်းကအရမ်းကောင်းတယ်!”

“မိုက်တယ်!”

“ဒါက ငါကြားဖူးသမျှထဲမှာ အကောင်းဆုံးသီချင်းပဲ “

“လင်းယန်မင်းက အကောင်းဆုံးပဲ!”

…………

တကယ်တော့ပရိသတ်တွေ စိတ်လှုပ်ရှားနေရုံသာမက ရိုလင်အင်တာနက် ရဲ့ လက်ထောက်ဒါရိုက်တာ ကျောက်ရှန်ဟိုင် ကလည်း “သူမရဲ့ ဒီသီချင်းတွေက တကယ်ကောင်းတာပဲ၊ အထူးသဖြင့် နောက်ဆုံးသီချင်းကအကောင်းတစ်ကာ့အကောင်းဆုံးပဲ !”

“အံ့သြစရာပဲ!”

ဒါရိုက်တာကျောက်ပန်က စိတ်လှုပ်ရှားသောလေသံဖြင့် “လှပသောအသွင်အပြင်၊လှပသော အသံ၊ပြီးပြည့်စုံတဲ့ဖန်တီးမှုစွမ်းရည်.... စူပါစတား၊ သူမဟာ အနာဂတ်မှာ သေချာပေါက် စူပါစတားဖြစ်လာလိမ့်မယ်။’’

“မဟုတ်ဘူး ငါသူမနဲ့စကားသွားပြောရမယ်!”

ထို့နောက် စင်မြင့်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

သို့သော် သူနှင့် တူညီသော အတွေးအမြင်ရှိသူ များစွာရှိသည်။

လုံခြုံရေးအစောင့်တွေက ဒီအခြေအနေကို ဟိုးအရင်ကတည်းက ကြိုသိထားပြီးဖြစ်သောကြောင့်စင်မြင့်ပေါ်ကို တက်လို့မရအောင်ကတည်းက ပိတ်ဆို့ထားပြီဖြစ်သည်။

…………

လင်းယန်သည် သူ့မကိုယ် လှိုက်လှိုက်လှဲလှဲ အားပေးသည့် ပရိသတ်များကို ကြည့်ကာ သူမ၏ နှလုံးသားသည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး သူမက “မင်းတို့ရဲ့ လက်ခုပ်သံအတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”ဟုပြောလိုက်သည်။

ထို့နောက် သူမသည် စင်မြင့်အောက်ခြေအထိ ဖြည်းဖြည်းချင်းဆင်းလာသည်။(နှစ်ထပ်စင်မြင့်ပါသူမရပ်နေတာကနေတစ်ုဖည်းဖြည်းနိမ့်ဆင်းလာတာပါ)

တစ်ချိန်တည်းမှာပင် အားကစားရုံထဲမှအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီနေ့ ဖျော်ဖြေပွဲပြီးသ်ားပြီ​ြဧ်သောကြောင့်စနစ်တကျပြန်ကြပါ”

သို့သော် လူအများစုသည် ကောင်းမွန်သော သီချင်းဆိုသံကြောင့် တိတ်ဆိတ်နေနေကြပြီး ထွက်ခွာရန် လုံးဝ စိတ်ကူးမရှိကြပေ။

…………

VIP 1အတန်း။

ဟန်တီ၊ချမ်ရီရီ၊ ဟေးလင်း၊ ချူစီရှင်းနှင့် အခြားသူများအားလုံး ကလင်းဖန်ကိုကြည့်လိုက်ကြသည်။

သူမတို့အကြည့်ထဲတွင်ပြောတာက မင်းက ဒီလောက်ကောင်းတဲ့သီချင်းကို ရေးထားတယ်ဆိုတာကိုဘာလို့မပြောထားတာလဲ’’ပင်ဖြစ်သည်။

လင်းဖန်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး “သီချင်းရေးတာက ရိုးရှင်းတဲ့ကိစ္စမို့ ငါမင်းတို့ကိုမပြောပြတာပါ”

ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

【ဒင်း! မစ်ရှင်ပြီးမြောက်။ ကြည့်ရှုသူ 100,000 ကျော်ဖြင့် ဖျော်ဖြေပွဲကျင်းပပြီး ငွေရောင်စာအိတ် 10 စောင်ကို ရရှိသည်။ 】

မစ်ရှင်ပြီးပြီ။

ဒါကိုကြားတော့လင်းဖန်သည် အနည်းငယ်ပြုံးလိုက်သည်။

ထိုအချိန်တွင် သူ့ဘေးတွင်ထိုင်နေသော ချူစီရှင်းက “လင်းယန် က စင်ပေါ်မှာ သီချင်းဆိုနေတာကြာပြီဆိုတော့ အရမ်းပင်ပန်းနေမှာပဲ၊ သူ့မဆီ သွားကြည့်ရအောင်”

ဤစကားထွက်လာသည်တစ်ပြိုင်နက်အမျိုးသမီးများအားလုံးကတညီတညွတ်တည်း သဘောတူညီလိုက်ကြသည်။

လူအများစုသည် စင်မြင့်အနီးသို့ မချဉ်းကပ်နိုင်ကြသော်လည်း ဒီထဲတွင်လင်းဖန်နှင့် အခြားသူများကမပါဝင်ပေ။ ရှောင်ရီ သည် လူများစွာကဲ့သို့ပင် လင်းယန် ၏သီဆိုမှုကို သဘောကျသည်။

သူမက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး “ငယ်ငယ်ကတည်းက သီချင်းဆိုတတ်အောင် ညီမလေးနှစ်ယောက်ကို သင်ခွင့်ပေးလိုက်ရင် သူတို့က ငါ့အတွက် သီချင်းကောင်းတွေဆိုပေးနေလောက်ပြီ”

နောက်အခိုက်အတန့်တွင် သူမသည် ရင်းနှီးသောလူနှစ်ယောက်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် လှုပ်သွားပြီး “ဟမ်! ရှောင်ပန်၊ ရှောင်အန်း?”

သို့သော် ရှောင်ရီက ထပ်မံအတည်ပြုဖို့အတွက်ထပ်ကြည့်လိုက်သောအခါတွင် ရင်းနှီးသောပုဂ္ဂိုလ်နှစ်ဦးသည် လူအုပ်ထဲသို့ရောက်သွားခဲ့သည်။

ရှောင်ရီက သူမခေါင်းကိုခါပြီး “ဒါက ငါ့ထင်ယောင်ထင်မှားဖြစ်တွေဖြစ်တာနေမယ်။သူတို့ကျောင်းမှာ စာကြိုးစားနေတာဘယ်လို​လုပ်လာမှာလဲ”

“သူမတို့က လင်းဖန်ကို လုံးလုံး စွဲလန်းနေတယ်။ သူတို့ဒီလိုစွဲလန်းနေတာကနေ ငါ့ညီမတွေကို ကယ်တင်ရမယ်”

ဒါဟာ ကယ်တင်ခြင်းလို့ ပြောခဲ့ပေမယ့်ရှောင်ရီက တိမ်မြုပ်နေတဲ့ အပြုံးကို ထုတ်ဖော်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters