← Chapters

ကမ်းလှမ်းချက်

Vol. 18 Ch. 264

ကမ်းလှမ်းချက်

Vol. 18 Ch. 264

ထိပ်ပြောင်သော၏စကားအသံကိုကြားပြီးနေက်အခြားအကြီးတန်းအရာရှိများစွာက ခေါင်းညိတ်ပြလိုက်ကြသည်။

ရှင်းပါတယ်၊ သူတို့လည်း ဒါကို သဘောတူတယ်ဆိုတာ။

သူတို့ဟာ ဖျော်ဖြေရေးလောကထဲကို ရောက်နေတာနှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ဒါကြောင့်အင်တာနက်မှာအရမ်းဟော့တဲ့သူတွေကိုတွေ့ဖူးသည်။သို့သော်အရမ်းဟော့တဲ့သူများသည်အချိန်ကြာလာသည်နှင့်အဟော့ခံရသူကိုပရိတ်သတ်တွေကမေ့သွားကြသည်။

ကျောက်ပန် က “ငါဘယ်လောက်ပဲပြောပြော မင်းတို့ဘူးဆိုတာ ငါသိတယ်။ ဒါကြောင့်ဒီဒီဗီဒီယိုကိုကြည့်ပြီးရင်မင်းတို့နားလည်လိမ့်မယ်”

ထို့နောက် ပရိုဂျက်တာအား တိုက်ရိုက်ဖွင့်ပြလိုက်သည်။

ရုတ်တရက် ကြယ်ပွင့်စိန်ဝတ်စုံကို ၀တ်ဆင်ထားသည့် လင်းယန် သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာလေသည်။ သူမသည် မိုက်ခရိုဖုန်းဖြင့် “ကြယ်မြစ်” သီချင်းကိုသီဆိုနေပါသည်။

ဒါကိုကြည့်ပြီးအထက်တန်းအဆင့်ရှိ ဒါရိုက်တာများ၏ မျက်လုံးများပြူးကျယ်သွားကာ သူတို့၏မျက်နှာများပေါ်တွင်တုန်လှုပ်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေသည်။

ဗီဒီယို ပြီးသွားသောတဲ့အခါမှာနောင်အားလုံးက ပရိုဂျက်တာအား စိုက်ကြည့်နေကြဆဲဖြစ်ပြီး အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။

ဒီအချိန်မှယကျောက်ပန် “ဒါက ဒီနေ့ ဖျော်ဖြေပွဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုပါ။ မိုဘိုင်းလ်ဖုန်းမှာက လုပ်ဆောင်ချက်တွေ အကန့်အသတ်ရှိတယ်။ သီချင်းဆိုရတာရော ပုံစံရောကဖုန်းထဲမှာသိပ်မကောင်းဘူး၊​ဖျော်ဖြေပွဲမှာကဒီထက် ပိုကောင်းတယ်။”

ထိုအချိန်တွင် ထိပ်တွင်ထိုင်ကာ စကားမပြောရသေးသော ဥက္ကဌက “ဒါရိုက်တာကျောက် ပြောသလိုပဲ လင်းယန် နဲ့ ပူးပေါင်းဆောင်ရွက်မှုရအောင်အစွမ်းကုန်လုပ်ပေးမယ်!”

......

တကယ်တော့ လင်းယန်နဲ့ပတ်သက်တဲ့ အကြောင်းများကိုဖျော်ဖြေရေးကုမ္ပဏီများကအစည်းအဝေးကျင်းပကာတိုင်ပင်နေလေသည်။

........

ဒါတွေနဲ့ပတ်သက်ပြီး လင်းဖန်နဲ့ လင်းယန်တို့ က မသိပေ။

နောက်တစ်နေ့နံနက်။

လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူသည် သူ့ဘေးတွင် ငြိမ်သက်စွာ လှဲလျောင်းနေသော လင်းယန် ကို ငုံ့ကြည့်လိုက်ပြီး အဖြူရောင်ကုတင်ပေါ်တွင် အနီရောင်အကွက်ကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လင်းယန် သည် တစ်ခုခုကို ခံစားလိုက်ရပုံရပြီး သူမ၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် လှုပ်ခပ်သွားသည်။

ထို့နောက်သူမရဲ့လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ့မရှေ့မှာ လင်းဖန်ကို မြင်လိုက်ရတော့ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရမိလိုက်ဝည်။ထို့ကြောင့်သူမသည် အလွန်ရှက်ရွံ့နေသောကြောင့်သူမခေါင်းကို စောင်ထဲတွင် မြှုပ်ထားလိုက်သည်။

သူမ၏ လှုပ်ရှားမှုများကဝမ်းဗိုက်အောက်ပိုင်းကိုနာကျင်ကိုက်ခဲစေသောကြောင့်သူမ၏ သူမ၏ လှပသော မျက်လုံးများမှ မျက်ရည်တစ်စက် ထွက်လာခဲ့သည်။

လင်းဖန်က “လင်းယန် အဆင်ပြေရဲ့လား?”

“ငါ...အဆင်ပြေပါတယ်။” လင်းယန် က ပြန်ပြောလိုက်သည်။

“ကလင်..ကလင်..ကလင်”

ထိုအချိန်တွင် စားပွဲပေါ်ရှိ လင်းယန်၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။

ထို့ကြောင့်သူမသည်ဖုန်းကို ကောက်ကိုင်ချင်သောကြောင့် ခေါင်းကို လှည့်ပြီးလင်းဖန်ကိုကြည့်လိုက်သည်။(မနေ့ကသူမရဲ့ပထမအကြိမ်ကြောင့်နာလို့ဖုန်းတောင်မယူနိုင်တာပါ)

လင်းဖန် က “မင်းကို ကူညီပါရစေ”

စကားပြောနေစဉ်တွင် သူက လင်းယန်ထံသို့ ဖုန်းကိုယူပြီးပေးလိုက်သည်။

လင်းယန် ခေါ်ဆိုသူကိုတစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာသူမ မရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်၊ သူမသည် ဖုန်းကိုင်လိုက်သည်။

“ဟယ်လို...အခုပြောနေတာ မစ္စ လင်းယန်လား။” ဖုန်းထဲမှအသံတစ်ခုထွက်ပေါ်လာသည်။

လင်းယန် က “ဟုတ်ပါ၊ မင်းဘယ်သူလဲလို့ မေးလို့ရမလား...”

“မစ္စ ယန်၊ မင်္ဂလာပါ၊ ကျွန်တော်ကရိုင်လင်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ကျောက်ရှောင်ကျူဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိမရှိ သိပါရစေ။ကျွန်ုပ်တို့၏ ရိုလင်အင်တာနက်ကုမ္ပဏီကသင့်ကို တီဗီစီးရီးများ၊ ရုပ်ရှင်များတွင်ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းဖို့ဆန္ဒရှိနေပါသည်။ ပြီးတော့သီချင်းအယ်ဘန်များ ထုတ်ဝေခြင်း၊ အမျိုးအစားစုံလင်သော ရှိုးဧည့်သည်များ.....နှင့် စာချူပ်တစ်ခါချုပ်ရင်ယွမ်ငွေ ဆယ်သန်းကျော်ပေးအုံးမှာပါ။နောက်ပိုင်းကျရင်ဒီထက်မကပေးအုံးမှာပါ’’ကျောက်ရှောင်ကျူ က ပြောလိုက်သည်။

ဖုန်းပြောသံကိုကြားပြီးနောက် လင်းယန် ၏အမူအရာသည် အနည်းငယ်ပြောင်းသွားသည်။

သူမသည် ဘားတွင်ဆိုသောအဆိုတော်တစ်ဦးသာဖြစ်သည်။

သို့သော် ဖျော်ဖြေရေးကုမ္ပဏီများအကြောင်း သူမ မသိဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေနဲ့ သူမဟာ ဖျော်ဖြေရေးကုမ္ပဏီတွေအကြောင်း အလွန်လေ့လာထားသူဖြစ်သည်။

သူမကရိုင်လင်အင်တာနက်သည် ပြည်တွင်းဖျော်ဖြေရေးရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် ထိပ်တန်းကုမ္ပဏီကြီးဆယ်ခုထဲမှ တစ်ခုဖြစ်သည်။

တစ်ချိန်က သူမသည် ထိုကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုသို့ ဝင်ရောက်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။

ယခုတော့ သူ့တို့ဘက်ကခေါ်ဖို့ အစပြုခဲ့တာလား?

ထို့အပြင်၊ တီဗီသရုပ်ဆောင်၊ ရုပ်ရှင်သရုပ်ဆောင်၊ အယ်ဘန်နှင့် အမျိုးအစားအမည်ရှိရှိုးဧည့်သည်အပြင်စာချုပတစ်ခါချုပ်ရင််ယွမ်သန်းဆယ်ဂဏန်းကျော်ကိုလည်း ပေးအုံးမယ်တဲ့။

ဒါတွေကသူမသည်ဒါတွေကိုအိပ်မက်တောင်မမက်ဖူးပေ။

အချိန်အတော်ကြာပြီးနောက်တွင် လင်းယန်သည် ပြန်လည်သတိဝင်လာခဲ့သည်။

သို့သော် ချက်ချင်း စကားမပြောဘဲ လင်းဖန်ကို ဦးစွာ စိုက်ကြည့်လိုက်သည်။

ဒီဖုန်းဆက်ရခြင်းရဲ့ အကြောင်းရင်းက လင်းကြောင့်ဆိုတာကို သူမနားလည်သည်။

ထို့ကြောင့်လင်းယန်က “ဒါ... ငါ အဲဒါကို အရင်စဉ်းစားလိုက်အုံးမယ်မယ်”

ကျောက်ရှောင်ကျူက “ကျွန်တော်တို့ ရိုင်လင်အင်တာနက်က မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ကို မျှော်လင့်ပါတယ်။ ဒီကိစ္စကစဉ်းစားဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ နောက်ပြီး မစ္စမှာ တခြားလိုအပ်ချက်တွေရှိရင် ရိုင်လင်အင်တာနက်ကို ပြောပြနိုင်ပါသေးတယ်.....”

လင်းယန်နှင့် ကျောက်ရှောင်ကျူတို့သည် စကားအနည်းငယ်ပြောပြီးနောက်ဖုန်းချလိုက်သည်။

သူမ ဖုန်းချလိုက်ပြီးနောက်တွင် နောက်ထပ် ဖုန်းခေါ်ဆိုမှုအချို့ကို သူမလက်ခံရရှိခဲ့သည်။

ခြွင်းချက်မရှိ၊ ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံ၏ ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီများကသူမကိုလာကမ်းလှမ်းတာပင်ဖြစ်သည်။

ဖျော်ဖြေရေးကုမ္ပဏီတိုင်းသည် အလွန်ရက်ရောသောအချက်များ​ဖြင့်ကမ်းလှမ်းထားခဲ့သည်။

လင်းဖန်သည် လင်းယန် ၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်ရင်း “ဖျော်ဖြေရေးနယ်ပယ်ကို သွားချင်လား” လို့ ပြောလိုက်သည်။

လင်စယန်က ညင်သာစွာ ခေါင်းညိတ်သည်။

လင်းဖန်သည် ဤအဖြေကြောင့် မအံ့သြပေ။

လင်းဖန် က “မင်းကြိုက်ရင် သွားလိုက်လေ။ငါ မင်းကို တားမှာ မဟုတ်ဘူး။ မင်းအခက်အခဲရှိရင် ငါ့ကို အချိန်မရွေးပြောပါ မင်းက ငါ့မိန်းမမို့လို့!”

လင်းဖန်စကားများကြောင့်သူ့မရဲ့မျက်နှာလှလှလေးက နီမြန်းလာခဲ့သည်။

လင်းယန်သည်ဤစကားကို အမှန်တိုင်းပြောတာပင်ဖြစ်သည်။

ဒီလိုမှမဟုတ်ရင် သူသည်ပန်းလုံဗီလာမှာသူရဲ့ အမျိုးသမီးအားလုံးကို ထားနိုင်သည်။ဒီဘဝမှာသူသည်သူမတို့အားလုံးကို အစားအသောက်နဲ့ အဝတ်အစား၊ပိုက်ဆံအတွက်ကိုစိတ်ပူစရာမလိုပေ။

ကျူရီရှောင်သည်မှော်မြို့တွင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု တည်ထောင်ခွင့်ပြုခဲ့သည်။ ချမ်ရီရီ သည် ဟန်စီဒီကုမ္ပဏီကို ဖွင့်လှစ်ထားသည်။ဟန်တီသည်လဲကျောင်းဆရာမအဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ရင် ကိုယ့်အနားမှာသူမတို့ကိုထားမဲ့အစားသူမတို့ကို လုံလောက်တဲ့ လွတ်လပ်ခွင့်ပေးသင့်သည်။

လင်းဖန်က “မနေ့က နည်းနည်း ပင်ပန်းထားတယ်ဆိုတော့။ အခု ကောင်းကောင်း အနားယူလိုက်အုံး။ မနက်စာသွားဝယ်လိုက်အုံးမယ်’’

“ကောင်းပြီ။” လင်းယန် က ဖြေလိုက်သည်။

ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထကာစားသောက်ဆိုင်တစ်ခုကိုဝင်ကာမနက်စာများကိုဝယ်လာပြီးပြန်လာခဲ့သည်။

လင်းဖန်ဆိုဖာပေါ်ထိုင်ချလိုက်တာနဲ့ အိတ်ကပ်ထဲရှိ ဆဲလ်ဖုန်းက အသံမြည်လာခဲ့သည်။

“မစ္စတာလင်း၊ မင်းရဲ့အနားယူမှုကို အနှောင့်အယှက်ပေးမိသလား။” အင်ပါယာဟိုတယ် ၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီကပြောလိုက်သည်။

“မဟုတ်ဘူး၊ ငါနိုးနေတာကြာပြီ” လင်းဖန်က ပြောသည်။

ဝမ်ဖန်ရီ”မနေ့က ဖျော်ဖြေပွဲအတွက် စုစုပေါင်း ယွမ် 149 သန်း ကုန်ကျခဲ့ပါတယ်။ အတိအကျအသေးစိတ်အချက်အလက်တွေကို မစ္စတာလင်းဝိုက်ချက်ဆီကို ငါပို့ထားလိုက်ပါပြီ... ဒါ့အပြင် မင်းပေးခဲ့တဲ့ သန်း 500 မှာယွမ် 351 သန်း ကျန်ပါသေးတယ်။ မစ္စတာလင်းရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက် ထည့်ပေးလိုက်ရမလား”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters