← Chapters

အိမ်မက်ထဲတွင် သေဆုံးခြင်း

Vol. 006 Ch. 581

အိမ်မက်ထဲတွင် သေဆုံးခြင်း

Vol. 006 Ch. 581

ပွဲဖြစ်တော့မည်ကို မြင်သောအခါ လမ်းပေါ်မှလူများသည် ချက်ချင်းပင် လမ်းဖယ်ပေးကာ သူတို့အား လမ်းရှင်းပေးလေသည်။

အိမ်မက်လေးသည် ရှီမာယူယူရှေ့တွင် ရပ်ကာ ပြောလေသည် “ယူယူ မကြောက်နဲ့ အိမ်မက်လေး ကာကွယ်ပေးမယ်”

ရှီမာယူယူသည် သူမ၏ ခန္ဓာကိုယ်သေးသေးလေးအား ကြည့်ပြီးနောက် ပြုံးလိုက်သည် “ကောင်းပြီ”

ထိုလူများသည် ကြမ်းတမ်းကာ ကြောက်စရာကောင်းသည်ကို ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။ သူတို့ ရောက်လာချိန်တွင် အရှေ့တွင်ရပ်နေသော လူများကို ကန်ထုတ်လေသည်။ ထိုလူများသည် နတ်ဆိုး မျိုးနွယ်များဖြစ်သော်လည်း နတ်ဆိုးလောတွင် နေထိုင်သော သာမန်လူများဖြစ်ကြသည်။

အရင်ကဆိုလျှင် သူမသည် နတ်ဆိုးမျိုးနွယ်အား သဘောတွေ့ခြင်းမရှိခဲ့ပေ။ အများစုသည် ကြမ်းတမ်း သောကြောင့်ဖြစ်သည်။ အခု သူမ နတ်ဆိုးမျိုးနွယ်သို့ လာကြည့်သောအခါ သာမန်ဘဝများလည်းရှိကြောင်း သူမ မျက်လုံးနဲ့တပ်အပ်မြင်ရသည်။ ထိုအခါမှပင် သူတို့သည် လူသားလောကနှင့် ဆင်တူကြောင်းသိလေသည်။ သူတို့ သည် သာမန်လူများဖြစ်ကာ သာမန်ဘဝကိုဖြတ်သန်းကြသည်။

ရက်စက်သော လူများသည် လက်တစ်ဆုပ်စာသာရှိသည်။

“မင်းတို့က ဘယ်သူတွေလဲ ငါတို့ အိမ်မက်လေးတို့ိကို လာဝိုင်းတာလဲ” အိမ်မက်လေးသည် သူတို့နှင့် တွေ့သော်လည်း ပူပန်ခြင်းမရှိပေ။

“ငါတို့ သခင်လေးက မင်းတို့ကို ဧည့်သည်အဖြစ်ဖိတ်ချင်လို့” အဝါရောင် အမွေးနှင့် မျောက်ကပြော လေသည်။

ရှီမာယူယူသည် သူ့အား ကြည့်လိုက်သည်။ တည်းခိုဆောင်တွင်ရှိသော အဝါရောင်အမွေးကို ပြန်သတိရ သွားသည်။

“မင်းတို့ သခင်လေးက ဘယ်သူလဲ အိမ်မက်လေးတို့ သူ့ကိုမသိဘူး မသွားဘူး” အိမ်မက်လေးသည် သူ့ အား တိုက်ရိုက်ပင် ငြင်းလိုက်လေသည်။

“ဟင် ဒီနေရာမှာတောင် မသွားဘူးလို့ စဉ်းစားထားတယ်ပေါ့၊ ငါတို့ ကောင်းကောင်းပြောနေတုန်း မငြင်း နဲ့” ထိုအဝါရောင်အမွေးသည် စိတ်မရှည်တော့ကာ အိမ်မက်လေးအား ကြည့်ပြီး ခြိမ်းခြောက်လေသည်။

သူတို့ကို ဝိုင်းနေသော အစောင့်များလှုပ်ရှားကြရာ အားလုံး၏ အာရုံစိုက်ခြင်းကိုခံရလေသည်။ သူတို့ နောက်သို့ ကျိုးကျိုးနွံနွံလိုက်မလာပါက သူတို့သည် တိုက်ခိုက်မည်။

အိမ်မက်လေးသည် သူတို့အား အနီးကပ်ကြည့်ကာ ဟိန်းဟောက်လေသည် “ဝါး”

“ကိုယ့်လူတွေ သခင်လေးရဲ့ အမိန့်ပဲ သူတို့ကို ခေါ်သွားလိုက်” အဝါရောင်အမွေးသည် အော်လိုက်ရာ တခြားလူများသည် ကပ်လာလေသည်။

“ဟင်” အိမ်မက်လေးသည် ရှုပ်ထွေးစွာ နှာမှုတ်လေသည်။ သူမသည် သူတို့ရှိရာ ဘက်သို့ လက်ရမ်း လိုက်ရာ ချက်ချင်းပင် လွင့်သွားလေသည်။

“နတ်ဆိုးဧကရာဇ်လား” ထိုအဝါရောင်အမွေးသည် မြေပေါ်တွင်တွားသွားကာ အိမ်မက်လေးအား အလန့်တကြားကြည့်လေသည်။

ထိုကလေးမလေးသည် အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်လား…

“ရှုး” ရှီမာယူယူ အာရုံအစိုက်မခံချင်သည်ကို အိမ်မက်လေးသိသဖြင့် သူတို့ကို မသတ်လိုက်ခြင်းဖြစ် သည်။

ထိုအချိန်တွင် သူတို့သည် နောက်ပင် လှည့်မကြည့်ပဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေး လေသည်။

တခြားသူများသည် သူတို့အား ညွှန်ပြကာ သူတို့အကြောင်းပြောနေသည်ကို ရှီမာယူယူ မြင်သောအခါ အိမ်မက်လေးအား တစ်စုံတစ်ရာပြောပြီး ပြန်လာခဲ့သည်။

အိမ်မက်လေးသည် လှုပ်ရှားနေရသည်ကို နှစ်သက်သော်လည်း ရှီမာယူယူသည် လမ်းဘေးမှ လူများ ကြည့်ရန်ပွဲမဖြစ်စေလိုပေ။ ထို့ကြောင့် သူမသည် အိမ်မက်လေးလက်အား ဆွဲပြီးတည်းခိုဆောင်သို့ ပြန်လာလိုက် သည်။

သို့သော် ထိုမတော်တဆမှုသည် အလွယ်တကူ ဖြေရှင်းမပြီးပေ။

ညရောက်သောအခါ ခိုးထွက်မည်လုပ်နေသော အိမ်မက်လေးအား ရှီမာယူယူ မြင်သောအခါ ခေါင်းရမ်း မိလေသည်။

အိမ်မက်လေးသည် လျင်မြန်စွာပြန်လာပြီး အိပ်ရာပေါ်တွင်လှဲကာ မျက်လုံးမှိတ်ထားသော ရှီမာယူယူ အားတွေ့လိုက်ရသည်။ သူမသည် ပြေးလာကာ ရှီမာယူယူအား သွားဖြဲပြလေသည်။

“ယူယူ အိမ်မက်လေး အဲလူတွေကို သွားရှင်းတာပါ” အိမ်မက်လေးသည် သူမ၏ လုပ်ဆောင်မှုအတွက် အမှတ်ရချင်နေသည်။

“ဘယ်လိုရှင်းခဲ့လဲ” ရှီမာယူယူသည် အိမ်မက်လေးအား သူမ ဘေးလှဲစေလိုက်သည်။

“သူတို့ကို နတ်ဆိုးအိမ်မက်ထဲကျအောင်လုပ်ပြီး ဒီရက်အတွင်းကို အိမ်မက်ထဲမှာ သေအောင်လုပ်လိုက် တယ်” အိမ်မက်လေးသည် လက်ဆစ်များကို ချိုးလေသည် “အဲလူတွေက မုန်းစရာကြီးတွေ၊ သူတို့က ယူယူ့ကို ပြန်ပြေးဆွဲချင်တယ်လို့လည်း ကြားခဲ့တယ် အဲဒါကြောင့် သူတို့အိမ်တော်တစ်ခုလုံး အိမ်မက်ထဲမှာ နစ်သွား အောင်လုပ်ခဲ့တယ်”

သူမ ပေါ့ပါးစွာပြောလိုက်သော်လည်း နတ်ဆိုးအိမ်မက်အတွင်းကျသူများသည် အချိန်ကောင်းပိုင်ဆိုင် မည်တော့မဟုတ်ပေ။ အိမ်မက်လေးသည် သူမအား ကာကွယ်ပေးသူသောကြောင့်ပင် သူတို့ပြေးသွားခြင်း ဖြစ် ပြီး အိမ်မက်လေးကပင် သူတို့ကို အိမ်မက်ပေးခြင်းဖြစ်သည်။

“ဟုတ်သားပဲ ယူယူ သူတို့ ပြောနေတာ အိမ်မက်လေးကြားခဲ့တယ် အဲဒါက ယူယူ့အကြောင်းပဲ” အိမ်မက်လေးသည် စိုးရိမ်စွာပြောလေသည်။

“ဘာလဲ”

“ယူယူက သန့်ရှင်းတဲ့နတ်ဆိုးမျိုးနွယ်ဖြစ်နေလို့ သခင်လေးတချို့ကဖမ်းပြီး ကျင့်စဉ်အတွက်သုံးချင်တာ တဲ့၊ သူက အင်အားကြီးတွေကို ယူယူ့ကိုတောင် လက်ဆောင်ပေးဦးမှာတဲ့၊ သူကအဲအဖွဲ့ကိုတောင် ပြောလိုက် ပြီ” အိမ်မက်လေးပြောလေသည် “ဒါပေမဲ့ ယူယူ မစိုးရိမ်ပါနဲ့ အိမ်မက်လေးကာကွယ်မှာပါ တစ်ယောက်လာရင် တစ်ယောက်သတ်မယ် ၂ယောက်လာရင် ၂ယောက်သတ်မယ်”

သန့်ရှင်းသော နတ်ဆိုးမျိုးနွယ်များသည် ကျင့်ကြံခြင်းတွင် အထောက်အကူဖြစ်သည်ဟု ဘယ်ကများ သတင်းထွက်တာလဲ။

ရှီမာယူယူသည် သူမလက်ထဲမှ အမွေးနှင့် သူမခေါင်းပေါ်မှ အမွေးကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်း များတွန့်သွားသည်။

သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။ ဟိန်းသံထောင်ချီသည် အဖြူဖြစ်၍ အမွေးများသည်လည်း အဖြူဖြစ်သည်။ သူမသာ အစောကသိခဲ့ပါက အမွေးကို တခြားအရောင်ဆိုးခဲ့မည်ဖြစ်သည်။

သူမ ပုံစံကို လူအများမြင်ပြီးသည်ဖြစ်သဖြင့် အခုမှ ဆိုးရန်တော့ နောက်ကျသွားခဲ့ပြီ။

ထိုကိစ္စသည် မိုရှားအား အခက်တွေ့စေသလားတော့ သူမ မသိပေ။

သူမ ထိုအကြောင်းအားစဉ်းစားမိသောအခါ သက်ပြင်းချလိုက်သည်။ အိမ်မက်လေးက မမှတ်မိလို့ ထား တော့၊ ဒီလူက သိရဲ့သားနဲ့ သူမကို ဘာလို့ဒီလိုပုံမျိုးနဲ့ခေါ်လာရတာလဲ။ တစ်ခုခုဖြစ်ရင်တော့ သူမ အပြစ်မဟုတ် ဘူး။

သို့သော် ထိုလူက အခုတလော လျှို့ဝှက်လွန်းနေတယ်။ သူဘာလုပ်နေလဲဆိုတာ သူမ တောင်မသိရ ဘူး။

၂ရက်အကြာတွင် သူမ အခန်းတွင် စာဖတ်နေရာ ဟွာရှုံကို သူ့အခန်းသို့ပို့ရန် မိုရှား ပြောလေသည်။ သူ ဘာတွေ ကြံစည်နေသည်ကို သူမ မသိသော်လည်း သူပြောသည့်အတိုင်းလုပ်လိုက်သည်။

ခဏအကြာတွင် မိုရှားသည် အစိမ်းရောင်ဆံပင်ရှိသော လူသားပုံစံနှင့် အမျိုးသားတစ်ယောက်ကို အခန်းသို့ခေါ်လာသည်ကို ရှီမာယူယူ မြင်လိုက်သည်။

ထိုလူသည် ရှီမာယူယူကို မြင်လိုက်သောအခါ အံ့သြသဖြင့် မျက်လုံးများအရောင်တောက်သွားလေ သည်။ သူ့မျက်လုံးများသည် စွေနေသော်လည်း ရှင်းလင်းသည်။

“ဒါက ဟွာဂျင်းပဲ ဟွာရှုံဘယ်မှာလဲ” မိုရှား မေးလိုက်သည်။

“ကျွန်တော်က ဟွာဂျင်းပါ ဟွာရှုံရဲ့ အစ်ကိုပါ၊ ဟွာရှုံဘယ်မှာလဲဆိုတာ သိပါရစေ” ဟွာဂျင်းသည် အခန်း ထဲတွင် မည်သူမှရှိမနေသည်ကို မြင်သောအခါ စိုးရိမ်စွာ ပြောလေသည်။

မိုရှားအပြုအမူကို ရှီမာယူယူတွေ့သောအခါ ဟွာမျိုးနွယ်သည် သူတို့၏ သခင်ဖြစ်သော နတ်ဆိုးဘုရင် ကို သစ္စာရှိသေးကြောင်း သိလိုက်ရသည်။ ထို့ကြောင့်ပင် သူသည် သူတို့ထဲမှ တစ်ယောက်ကို ခေါ်လာခြင်း ဖြစ် သည်။ သူမသည် သူတို့ဘေးမှ ဗီရိုကို ဖွင့်လိုက်ချိန်တွင် အနည်းငယ်တော့ရှက်ရွံ့မိသည်။

“သူဒီမှာပါ”

ဟွာဂျင်းသည် ဟွာရှုံအသက်မရှုသည်ကို တွေ့သောအခါ သူ့ဆီသို့ ပြေးသွားလေသည်။ သူ့ပခုံးကိုကိုင် ပြီး အော်လေသည် “ဟွာရှုံ ထထ”

“အဲဒါက… သူက ကျွန်မဆီက အဆိပ်မိပြီး ဆေးမရှိရင် မနိုးနိုင်ဘူး” ရှီမာယူယူသည် နှာခေါင်းမှ ယား သလိုခံစားမိသဖြင့် လက်ဆန့်ကာ ပွတ်လိုက်လေသည်။

“ကျွန်တော်တောင်းပန်ပါတယ် သခင်မ သူ့ကို ဖြေဆေးပေးပေးပါ” ဟွာဂျင်းသည် သူ့ညီအတွက် နာကျင် မိသော်လည်း မလေးမစားမဆက်ဆံရဲပေ။

ရှီမာယူယူသည် ပုလင်းထုတ်ကာ ဟွာဂျင်း၏ လက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် အိမ်မက်လေးအား ဆွဲပြီး ဖွက်ထားလေသည်။ မိုရှားသည် သူမအား ကြည့်ပြီး နောက်ဆုတ်လေသည်။

သူတို့ ဘာကြောင့် ဒီလောက်အဝေးကြီး သွားရပ်သည်ကို ဟွာဂျင်း မသိသော်လည်း ပုလင်းအား ဖွင့် လိုက်ချိန်တွင် နားလည်သွားသည်။

ထိုဆေးသည် သာမန်အနံ့မဟုတ်ပေ။

ဟွာဂျင်း၏ မျက်ခုံးများ ကြုတ်သွားသည်ကို ရှီမာယူယူမြင်လိုက်သည်။ မိုရှားသည် မသိမသာပြုံးပြီး ကြိတ်ရယ်လေသည်။

ထိုဆေးတွင် ထူးခြားချက်တစ်ခုရှိသည်။ ထိုသည်မှာ အလွန်ပင် ညှီဟောင်ခြင်းဖြစ်သည်။ ထိုဆေး အမျိုးအစားသည် သာမန်လူအတွက် သုံးမရပေ။

ဟွာရှုံ ဆေးစားပြီးနောက်တွင် လျင်မြန်စွာ နိုးလာသည်။ သူသည် ဟွာဂျင်းအားကြည့်ပြီး မသိစိတ်မှ ခေါ် မိလေသည် “အစ်ကို”

“သူနိုးလာပြီဆိုတော့ မြန်မြန်သွားလိုက်တော့” မိုရှားပြောလိုက်သည်။

သည်လိုနှင့် ရှုပ်ထွေးနေသော ရှီမာယူယူနှင့် မနိုးတစ်ဝက်ဖြစ်နေသော ဟွာရှုံတို့သည် သူတို့နောက် လိုက်ကာ တည်းခိုဆောင်မှ အလျင်စလိုထွက်ကာ မြို့မှ ထွက်ခဲ့လေသည်။

သူတို့ထွက်ပြီး မကြာမီတွင် လူ၂ယောက်သည် အိမ်ထဲသို့ ဝင်လာသည်။ ထိုနေရာရှိ အားလုံးသေဆုံး နေသည်ကို တွေ့သောအခါ သူတို့သည် မျက်နှာများတင်းသွားကြလေသည်။

“သူတို့ကို ကြည့် သူတို့က အိမ်မက်ထဲမှာ သေနေတယ်နဲ့တူတယ်” တစ်စုံတစ်ယောက်သည် မှတ်ချက် ပေးလေသည်။

တခြားတစ်ယောက်သည် အငွေ့ထုတ်ပြီးနောက် “သူတို့အိမ်မက်ထဲမှာ သေတယ်ဟုတ်လား၊ မဟုတ် မှလွဲရော…”

All Chapters