← Chapters

အမှန်တရားမျက်လုံးကိုအဆင့်မြှင့်ခြင်း

Vol. 18 Ch. 266

အမှန်တရားမျက်လုံးကိုအဆင့်မြှင့်ခြင်း

Vol. 18 Ch. 266

လင်းဖန်သည် ကျွမ်းကျင်မှုနှစ်ထပ်ကတ်နှင့် ကျွမ်းကျင်မှုအဆင့်မြှင့်ကတ် တို့ကိုကြည့်လိုက်သည်။

[ကျွမ်းကျင်မှုနှစ်ထပ်ကတ်- ဒီကတ်ကိုသင်ပိုင်ဆိုင်သောစွမ်းရည်တစ်ခုတွင်သုံးပါကသုံးလိုက်သောအစွမ်းရဲ့နှစ်ဆတိုးစေပါမယ်။သတိပြုရန်ဒါက၁နာရီသာ။ဒီကတ်ကိုသုံးခြင်းဖြင့်သင်သည်ပိုမိုချစ်စရာကောင်းလာမှာပါ။ 】

[ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်-သင်ပိုင်ဆိုင်သောစွမ်းရည်တစ်ခုကို အဆင့်မြှင့်တင်နိုင်ပါသည်။ သင့်ရဲ့ကျွမ်းကျင်မှုကိုအဆင့်မြှင့်အောင်လုပ်ခြင်းသည် သင့်ကိုပိုမိုစွဲမက်ဖွယ်ကောင်းလာစေပါသည်။ 】

လင်းဖန်သည် ဤကတ်နှစ်ခုကိုသူသိသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးကို သူအသုံးပြုဖူးသောကြောင့်ဖြစ်သည်။

လင်းဖန်သည် အဆိုပါ အနီရောင်စာအိတ် 15,721 ကို မဖွင့်မီအချိန်ကသူ့တွင်ကျွမ်းကျင်မှု နှစ်ထပ်ကတ် နှစ်ကတ်နှင့် ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်တစ်ခု ရှိနေသည်။

ကျွမ်းကျင်မှုနှစ်ထပ်ကတ်ထဲကတစ်ကတ်ကိုသူသုံးလိုက်ပေမဲ့တစ်ကတ်ကိုတော့အသုံးမပြုရ​သေးပေ။

ကျွမ်းကျင်မှုအဆင့်မြှင့်ကတ်ကိုတော့သူသိမ်းထားသည်။ဘာလို့ဆိုလိုအပ်ရင်အဆင့်မြှင့်လို့ရအောင်ပင်ဖြစ်သည်။အခုတော့နှစ်ခုရှိပြီဖြစ်သောကြောင့်တစ်ခုကိုသုံးလို့ရပြီဖြစ်သည်။

ထို့ကြောင့် လင်းဖန်သည် သူ့စနစ်ကို အာရုံစိုက်လိုက်သည်။

[ကျွမ်းကျင်မှုစွမ်းရည်များ- ပရော်ဖက်ရှင်နယ် ကားမောင်းကျွမ်းကျင်မှု၊ ကျက်သရေ ရောင်ဝါ (မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး 5%၊ မမေ့နိုင်သောအချစ်)၊ တိုက်ခိုက်ရေးစွမ်းရည်၊ ဘာလောက်သောက်သောက်မမူးစွမ်းရည်၊ ပညာရှင်အဆင့် သင်္ချာစွမ်းရည်၊ အမှန်တရား...]

အချိန်အတော်ကြာ စဉ်းစားပြီးနောက် လင်းဖန်သည် အမှန်တရားမျက်လုံးကို အဆင့်မြှင့်ရန်ဆုံးဖြတ်လိုက်သည်။

[အမှန်တရားမျက်လုံးကိုအဆင့်မြှင့်တင်မှာလား 】

“ဟုတ်တယ်!”

【ဒင်း! အဆင့်မြှင့်တာအောင်မြင်ပါသည်။ အမှန်တရားမျက်လုံးကိုအဆင့်မြှင့်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ၊ 】

【အမှန်တရားမျက်လုံး- လူတစ်ယောက်၏ပုံစံ၊စိတ်ကိုကြည့်လို့ရပါသည်။သတိမိန်းကလေးသာ။ ထို့အပြင် အရာဝတ္ထုတို့ မူလဇာစ်မြစ်ကိုလည်း တွေ့မြင်နိုင်ပြီး သာမန်လူတွေမသိသောအရာကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှပြီး အံ့သြဖွယ်ကျက်သရေကိုရရှိမှာဖြစ်ပါတယ်။ 】

အမှန်တရားမျက်လုံး?

အရာဝတ္ထု၏ဇာစ်မြစ်ကိုကြည့်လို့ရတာလား။

လင်းဖန်သည် မအံ့သြထားကြောင့် မနေနိုင်ဘဲ သူ့ရှေ့ရှိ စကျင်ကျောက်စားပွဲပေည်သို့အမှန်တရားမျက်လုံးကို အသုံးပြုလိုက်သည်။

ရုတ်တရက်၊ စကျင်ကျောက်တစ်လုံးကိုမည်သို့ ရှာဖွေတွေ့ရှိပုံ၊ပြုပြင်တာ၊ထွင်းထုလိုက်တာ..... ဖြစ်စဉ်အားလုံးသည် ရုပ်ရှင်ဖန်သားပြင်တစ်ခုလိုမျိုးလင်းဖန်၏စိတ်ထဲတွင် အလွန်ရှင်းလင်းစွာ ပေါ်လာခဲ့သည်။

ဒါကိုတွေ့တော့လင်းဖန်သည်အလွန်အံသြ သွားခဲ့သည်။

ထို့နောက် စားပွဲပေါ်ရှိဖန်ခွက်ပေါ်သို့အမှန်တရားမျက်လုံးကို အသုံးပြုလိုက်သည်။ပြီးနောက် နံရံပေါ်ရှိ တိုင်ကပ်နာရီ......စသည့်မည်သည့်ပစ္စည်းမဆိုအမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်တဲ့အခါအရာတွေ အားလုံးရဲ့ မူလ၊ပြုလုပ်တာ...စည်တို့အားလုံးသည် လင်းဖန်ရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။

ဒီခံစားချက်အရာတွေအားလုံးကိုသူကိုယ်တိုင် ဖန်တီးထားသလိုမျိုးလင်းဖန်ခံစားလိုက်ရသည်။

လင်းဖန်က “ဒီစွမ်းရည်အဆင့်မြှင့်ကတ်က တစ်ကယ့်ကိုကောင်းတာပဲ!”

ထို့နောက် သူသည် ကျွမ်းကျင်သော အကစွမ်းရည်ကိုကြည့်လိုက်သည်။

【ကျွမ်းကျင်အဆင့် အကစွမ်းရည်- အမျိုးမျိုးသော အကနည်းပညာများကို ကျွမ်းကျင်စွာ ကနိုင်ပြီး ကလိုက်တာနဲ့စွဲမက်ဖွယ်ကောင်းသော ကျက်သရေရှိမှုကို ပြသမှာဖြစ်သည်။ 】

အကသမား?

ဒါကြောင့်လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ထို့နောက်သူသည်စတိုးဆိုင်သို့ဝင်ကာတစ်ရှူးတစ်ထုတ်ကို၁ယွမ်းသုံးပြီးဝယ်လိုက်ပြီးနောက်ပြန်ထွက်လာခဲ့သည်။

[1 ယွမ်ကတ်- 1 ယွမ်သုံးပြီးနောက် ယွမ်သန်း 100 ရရှိခဲ့သည်။ 】

ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းဖန်က အမှတ်တမဲ့ ကြည့်လိုက်ပေမယ့် အလေးအနက်တော့မထားပေ။

ယေဘုယျအားဖြင့်​ပြောရရင်ဖျော်ဖြေပွဲတွင် လင်းဖန်သည် ယွမ် ၅ ဘီလီယံတန်ဖိုးရှိ အဆင့်မြင့်ရုံးခန်းအဆောက်အအုံ၊အဲ ၏ ရှယ်ယာ ၅ ရာခိုင်နှုန်း၊ ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခု၊ မြေကတ်၂ ခု၊ စတုရန်းမီတာ၊ ကျွမ်းကျင်သော အကစွမ်းရည်နှင့် ၁ ယွမ် ကတ်ပြားတစ်ကတ်...တို့ကို ရယူနိုင်ခဲ့သည်။ . ….....

ဒီလောက်ကောင်းတဲ့ဟာတွေရအောင်လင်းဖန်သည်အများကြီးမလုပ်ခဲ့ရပေ။ဆန့်ကျင်ဘက်အနေနဲ့ လင်းဖန် ဟာ ဒီဖျော်ဖြေပွဲကျင်းပဖို့အတွက် ယွမ် ၁၄၉ သန်းသာ သုံးစွဲခဲ့သည်။

ဤသည်မှာ ကျိန်းသေပင် တစ်ဖက်သတ်အမြတ်ပင်ဖြစ်သည်။

“ဒင်ဒေါင်!”

ထိုအချိန်တွင် အပြင်ဘက်တွင် ဘဲလ်ထွက်ပေါ်လာခဲ့သည်။

လက်ထဲတွင် မြင့်မားသော ထမင်းဗူးကိုင်ထားသော အဖြူရောင်ရှပ်အင်္ကျီဝတ် အမျိုးသားတစ်ဦးသည် အပြုံးဖြင့် တံခါးအပြင်ဘက်တွင် ရပ်နေလေသည်။

ဒါကိုတွေ့တော့လင်းဖန်သည် တံခါးကို တိုက်ရိုက်ဖွင့်လိုက်သည်။

ထိုလူက “မစ္စတာ ဒါ မင်းမှာထားတဲ့ မနက်စာ”

“ကောင်းပြီ။” လင်းဖန်ကပြန် ဖြေသည်။

အဲဒီလူက ခေါင်းငုံ့လိုက်ပြီး “မစ္စတာပျော်ပျော်ရွှင်ရွှင် သုံးဆောင်ပါ” လို့ပြောပြီးတာနဲ့ထွက်သွားလေသည်။

လင်းယန်သည် အပြင်ဘက်မှအသံကိုကြားရပြီးနောက်သူမရဲ့ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲယူကာ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

လင်းဖန်က “မင်းထပြီလား။ မနက်စာရောက်ပြီအတူတူစားရအောင်”

“ကောင်းပြီ...” လင်းယန်က ပြန်ဖြေလိုက်သည်။

ထို့နောက် သူမနှင့် လင်းဖန်သည် စားပွဲသို့လာကာ အတူတူထိုင်ပြီး ထမင်းဗူးကိုဖွင့်လိုက်သည်။

ဗူးထဲတွင် အရသာရှိသော အစားအစာကို မြင်ပြီးနောက် လင်းယန်အံသြ သွားသည်။

ကြက်ဥမှိုနှင့်တွဲကြော်၊ ဂုံးကောင်ပြုတ်၊ ငှက်သိုက်ယာဂု၊ ပင်လယ်စာယာဂု၊ပုစွန်ကိတ်မုန့်၊အမဲသားစွပ်ပြုတ်......

လင်စာန်က “ဒီ.. မနက်စာကဘယ်လောက်ရှိလဲ?”

“၃၀၀၀၀ ကျော်ပဲရှိတယ်” လင်းဖန်က ပေါ့ပေါ့ပါးပါးပြန် ဖြေလိုက်သည်။

မနက်စာ 30,000ကျော် ?

လင်းဖန်သည် ချမ်းသာကြောင်းသူမသိထားပြီးသားဖြစ်သော်လည်းအမှန်တစ်ကယ်ကြားလိုက်ရသော်အခါတွင်အံသြနေဆဲဖြစ်သည်။

သိရန်သူမရဲ့ လစဉ် စားသောက်စရိတ်က ယွမ် ၃၀၀၀ ပဲရှိသည်။

တစ်နည်းပြောရရင် ဒီနေ့ မနက်စာ​ကသူ့မရဲ့ တစ်နှစ်နီးပါးအစားသောက်တန်ဖိုးလောက်ရှိသည်။

လင်းဖန်သည် လင်းယန် ၏ အံ့သြမှုကို ဂရုမစိုက်ဘဲ သူကိုယ်တိုင်က ငှက်သိုက်ယာဂုပန်းကန်ကိုယူကာ လင်းယန်ထံသို့ ပေးကာ “မင်း အခုအားနည်းနေသေးတယ်။ဒါကြောင့်ဒါကိုသောက်လိုက်ပါ..”

“ကောင်းပြီ...ကောင်းပြီ။” လင်းယန်ကချက်ချင်းပြန်ပြောလိုက်သည်။

ငှက်သိုက်ယာဂုကို သောက်ပြီးနောက်လင်းယန်က မထိန်းနိုင်ဘဲ “အရသာရှိလိုက်တာ!”ဟုထုတ်ဖော်ပြောကြားလိုက်သည်။

လင်းဖန်က ပြုံးပြီး “အရသာရှိရင် များများသောက်”

“အွန်း” လင်းယန် က ပြောသည်။

ဒီမနက်စာကိုလင်းယန်ကသာ အများဆုံးစားတာဖြစ်သည်။

သိရန်လင်ဖန်းသည် လူသုံးယောက်စာမှာထားတာပင်ဖြစ်သည်။

ရလဒ်ကတော့ အကုန်စားလို့ကုန်သွားလေသည်။

လင်းယန်ကိုအစားပုပ်မလေးဟုခေါ်လိုက်ချင်သည်။သို့သော်သူသည်စိတ်ထဲကသာခေါ်နေပေမဲ့အပြင်ကိုတော့မပြောရဲချေ။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် လင်းယန်၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။

“မစ္စလင်း၊ မင်္ဂလာပါ၊ ကျွန်တော်က ဒီဖန်အင်တာနက် ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ လီရှောင်ဖိန်ပါ။” ဖုန်းထဲမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ရဲ့ အသံထွက်ပေါ်လာခဲ့သည်။

အလားတူခေါ်ဆိုမှုများအကြိမ်ပေါင်းများစွာ ကိုသူမဖြေကြားထားပြီးဖြစ်သည်။

ခို့ကြောင့်သူမသည်အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိနေပြီဟု ဆိုနိုင်သည်။

အစပိုင်းမှာ ထစ်​​နေမှုရှိပေမဲ့နောက်ပိုင်းမှာတော့ပုံမှန်ဖြစ်သွားခဲ့သည်။

လင်းယန်က “မင်္ဂလာပါ မန်နေဂျာလီ။”

လီရှောင်ဖိန်က “ကျွန်တော်တို့ရဲ့ ဒီဖန်အင်တာနက်ကုမ္ပဏီက မစ္စလင်းနဲ့ပူးပေါင်းချင်ပါတယ်.....”

လင်းယန်က “ကျွန်မနဲ့ပူးပေါင်းချင်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါစဉ်းစားချင်သေးတယ်”

လီရှောင်ဖိန် က “ဒါက တကယ်ကို စဉ်းစားဖို့ လိုအပ်ပါတယ်... ဒါပေမယ့် မစ္စလင်း၊ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက သင့်ကို အကောင်းဆုံး အရင်းအမြစ်တွေကို သေချာပေါက် ပေးနိုင်မှာပါ...”

ခဏအကြာနှစ်ယောက်သား စကားစမြည်ပြောပြီးနောက်ဖုန်းချလိုက်သည်။

လင်စယန် သည် သူမ၏ လက်ကိုင်ဖုန်းပေါ်ရှိ မှတ်စုကို ဖွင့်ပြီး ဒီဖန်အင်တာနက်ကုမ္ပဏိ ၏ အမည်.....အဆက်အသွယ်ရမည့်ဖုန်းနံပါတ်ကို ဖြည်းညှင်းစွာ ရေးချလိုက်သည်။

ထို့နောက်လင်းယန်သည် မှတ်စုတိုတွင် ပါရှိသည့် ကုမ္ပဏီတစ်ခုစီ၏ နာမည်နှင့် ကမ်စလှမ်းချက်များကို ကြည့်ပြီး သူမမျက်နှာတွင်အတွေးများဖြင့်ပြည့်နေသည်။

လင်းဖန်က “ဘယ်ကုမ္ပဏီကို ရွေးဖို့ စဉ်းစားထား​လဲ”

လင်းယန်က ခေါင်းခါလိုက်ပြီး “ငါအခုထိတော့မရှိသေးဘူး..”

“ရှောင်မီအင်တာနက် ကုမ္ပဏီကို မင်းဘယ်လိုထင်လဲ။” လင်းဖန်က မေးလိုက်သည်။

“ရှောင်မီအင်တာနက်ကုမ္ပဏီကတရုတ်နိုင်ငံရဲ့ထိပ်တန်းဖျော်ဖြေရေးကုမ္ပဏီသုံးခုထဲကတစ်ခု။ တရုတ်နိုင်ငံရဲ့လေးပုံတစ်ပုံနီးပါးခန့်ရှိသော ပထမအဆင့်ရုပ်ရှင်သရုပ်ဆောင်များနှင့် ပထမအဆင့်အဆိုတော်များလဲရှိတယ်။ဒါက အလွန်ကောင်းမွန်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး ငါအသွားချင်ဆုံးကုမ္ပဏီဖြစ်သော်လည်း သူတို့ကငါ့ကိုဖုန်းမခေါ်ဘူး…” လင်းယန် က ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်။

လင်းဖန်က “ဒါဆို သွားလိုက်လေ”

“ဘာ.....?”

မီးပျက်တာကြောင့်တစ်ပိုင်းတည်းပါမနက်လာပါမယ်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters