← Chapters

ဖိတ်ကြားချက်

Vol. 18 Ch. 267

ဖိတ်ကြားချက်

Vol. 18 Ch. 267

လင်းယန်သည်လင်းဖန်၏ စကားအပေါ် သံသယဖြစ်သွားခဲ့သည်။

ရှောင်အင်တာနက်ကုမ္ပဏီ က ငါ့ကို မခေါ်ဘူး မဟုတ်လား ?

လင်းဖန်က ရှောင်မီအင်တာနက်ကုမ္ပဏီ မှ တစ်ယောက်ယောက်ကို သိတာလား။

ကြည့်ရတာတော့ဒါပဲနေမယ်။

ထိုအချိန်တွင် စားပွဲပေါ်ရှိ လင်းဖန်၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။

လင်းဖန်သည် ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာသူမရင်းနှီးသောနံပါတ်တစ်ခုဖြစ်သောလည်းကိုင်လိုက်သည်။

“ဟယ်လို?” လင်းဖန်က ပြောလိုက်သည်။

“အခုပြောနေတာမစ္စတာလင်းလား?” ဖုန်းထဲကနေလေးစားသောလေသံတစ်ခုထွက်ပေါ်လာခဲ့သည်။

လင်းဖန်က “ဟုတ်ပါတယ်”

“မင်္ဂလာပါ မစ္စတာလင်း၊ ကျွန်တော်ကရှောင်မီအင်တာနက်ကုမ္ပဏီဥက္ကဌ ဝမ်ဟန်ဟူပါ။”

“အိုး ဒေါင်ဝမ်မင်းဘာပြောချင်လို့လဲ” လင်းဖန်က မေးလိုက်သည်။

ဝမ်ဟန်ဟူ က “မစ္စတာလင်းက ကျွန်တော်တို့ရဲ့ ရှောင်မီအင်တာနက်ကုမ္ပဏီကို ဒီနေ့၀ယ်ယူခဲ့တာကိုကျွန်တော် သိလိုက်ရတယ်... အကြီးတန်းအမှုဆောင်(ဒါရိုက်တာ)တွေ၊အနုပညာရှင်တွေနဲ့တွေ့ဆုံဖို့ လိုအပ်သလား။ ပြီးတော့ ကုမ္ပဏီရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းညွှန်ပေးပါဦး။”

အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ၊ ရန်ရှီဂရု ဥက္ကဋ္ဌ၊ ရှောင်ဝူ လက်ကားစီးတီးဥက္ကဋ္ဌနှင့် အခြားသူများအားလုံးသည် လင်းဖန်ကိုဤကဲ့သို့အလားတူစကားများကိုပြောကြားခဲ့သည်။

သို့သော် ခြွင်းချက်မရှိ လင်းဖန်က ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည်ဒါတွေကိုလုံးဝစိတ်မဝင်စားသောကြောင့်ဖြစ်သည်။

ဒါကြောင့်ဒီတကြိမ်မှာလည်း ချွင်းချက်မရှိပေ။

“မင်းလုပ်နေကျပုံမှန်အတိုင်း ကုမ္ပဏီက စီမံလိုက်ပါ။ငါအဲ့ဒါတွေကိုစိတ်မဝင်စားဘူး ။” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝမ်ဟန်ဟူဒါကိုကြားသောအခါဝမ်းသာလွန်းလို့ကင်းမီးကောက်ထောင်ချင်စိတ်ပါပေါ်သွားခဲ့သည်။

ရှောင်မီ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သူ့မှာကိုယ်ပိုင်အစီအစဉ်တွေအစကတည်းကရှိသည်။

သူဌေးအသစ်ကဒါကိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့ကိစ္စမဟုတ်ပေ။

ယခုအခါမှာတော့ဝမ်ဟန်ဟူရဲ့လေသံမှာယခင်ကထက်ပိုလေးစားသံပေါက်နေသည်။

“ဟုတ်……”

ယခုအချိန်တွင် လင်းဖန်က “မနေ့က ကျန်ပေ့မြူနီစီယန် အားကစားကွင်းမှာ ဖျော်ဖြေပွဲကျင်းပခဲ့တဲ့ လင်းယန်ကို သိလား၊ သူက ရှောင်မီအင်တာနက်ကုမ္ပဏီထဲဝင်ချင်နေတာ၊ နောက်ပြီး သူမက ကျွန်တော့်ရည်းစားလေ။’’

ဒါကိုကြားတော့ဂမ်ဟန်ဟူ နှလုံးခုန်မြန်သွားခဲ့သည်။

ကျန်ပေ့မြူနီစီယန် ဖျော်ဖြေပွဲ အဘယ်ကြောင့် ဤမျှလောက် ပြင်းထန်သည်ကို သူနားလည်လိုက်သည်။(ပြင်းထန်ဆိုတာကကျော်ကြားတာပါ)

ဖျော်ဖြေပွဲရဲ့ အပြင်အဆင်က ဘာကြောင့် ဒီလောက်တောင် ဇိမ်ရှိတာလဲ....။

ဒါတွေအားလုံးက သူ့ရဲ့သူဌေးအသစ် လင်းဖန်​ကြောင့်ဆိုတာကိုသိလိုက်သည်။

ပန်ကူဂရု၊ အဲဂရုနှင့် နက်ဝေါ့ဂရု တွေအားလုံး အားတက်သရော ကြော်ငြာပေးကြသည်။

ဖျော်ဖြေပွဲ မြင်ကွင်းကို အလှဆင်ဖို့ သန်းရာနဲ့ချီ အကုန်အကျခံခဲ့သည်။

ငါ့သူဌေးရဲ့ အင်အားက ငါထင်ထားတာထက် ပိုကြီးမားတယ်ဟုဝူဟန်ဟူကတွေးလိုက်သည်။

သိပ်မကြာခင်မှာပဲ ဝမ်ဟန်ဟူက “ငါသိပါတယ်၊ ငါသိပါတယ်... မစ္စလင်းကျေနပ်အောင်ဆောင်ရွက်ပေးပါ့မယ်”

“ကောင်းပြီ ဒါဆို သေချာလေးလုပ်ပေးလိုက်ပါ” လင်းဖန်က ပြောသည်။

စကားပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။

ထိုအချိန်တွင် သူဘေးတွင်ထိုင်နေသော လင်းယန်သည် လုံးဝအံ့အားသင့်နေခဲ့သည်။

ဘာကြောင့်လဲဆိုတော့ ဖုန်းထဲက အသံအားလုံးကို သူမကြားလိုက်ရလို့ပင်ဖြစ်သည်။

သူမ တမင်တကာ နားထောင်ခဲ့တာ မဟုတ်ပေ။

ယင်းအစား သူမနှင့် လင်းဖန် တို့သည် အလွန်နီးကပ်စွာထိုင်နေကြပြီး ဗီလာတစ်ခုလုံးတွင် အခြားဘာအသံမှမရှိသောကြောင့်သူမမကြားချင်လည်းကြားမည်ဖြစ်သည်။

လင်းဖန်သည် ယနေ့ ရှောင်မီအင်တာနကအကုမ္ပဏီကို ဝယ်ယူခဲ့သည်။ !

ပထမဆုံး သူမကိုဖျော်ဖြေပွဲကျင်းပရန် ကူညီပေးခဲ့သည်။

အဲဒီနောက် ချက်ခြင်းပဲ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ဝင်ခွင့်ရဖို့အတွက်နဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီ သုံးခုထဲကတစ်ခုကိုတိုက်ရိုက် ၀ယ်ယူခဲ့သည်။

ဒီအကြောင်းတွေစဉ်းစားပြီးလင်းယန် သည် သူမရှေ့တွင်ထိုင်နေသော လင်းဖန်ကို ကြည့်လိုက်သည်။သူမ၏ လှပသော မျက်လုံးများထဲမှ ကြည်လင်သော မျက်ရည်စက်များက ပါးပြင်သို့လိမ့်ဆင်းလာခဲ့သည်။

ဒါတွေကဝမ်းနည်းလို့ကျတဲ့ မျက်ရည်မဟုတ်ပေ။ဒါက ပျော်ရွှင်မှုကြောင့်ကျတဲ့မျက်ရည်ဖြစ်သည်။

ဒီဘဝမှာ ဘယ်သူမှ သူ့မကို ဒီလောက် ကြင်ကြင်နာနာ မဆက်ဆံဖူးပေ။

လင်းဖန်က သူ့မမျက်ရည်များကို ညင်သာစွာ သုတ်လိုက်ပြီး “ဘာလို့ ငိုနေတာလဲ” ဟု မေးလိုက်သည်။

လင်းယန် က ဘာစကားမပြောဘဲ လင်းဖန်းကိုနမ်းလိုက်ပြီးအလုပ်နဲ့ပြောတော့သည်။

( ̄ε ̄)

…………

နှစ်နာရီခန့်ကြာသောအခါ လင်းဖန်နှင့် လင်းယန်တို့သည် ဖြည်းညှင်းစွာ ခွဲခွာလိုက်ကြသည်။

“ကလင်...ကလင်... ကလင်”

ထိုအချိန်တွင်လင်းယန်၏ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

လင်းယန်သည် သူမ၏အဝတ်အစားများကို ဝတ်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်သည်။

“ဟယ်လို၊ မစ္စ လင်းယန်လား။” ဖုန်းထဲတွင် အနည်းငယ်ရင်းနှီးသော အသံတစ်ခုပေါ်လာခဲ့သည်။

လင်းယန်က “ငါလင်းယန်ပါမင်းက...ဖြစ်နိုင်မလား”

သူဒီလိုပြောလိုက်တာနဲ့ ဖုန်းထဲက အသံက ပိုပြီးလေးစားအသံဖြင့်ပြောလိုက်သည်။

“မစ္စလင်း၊ မင်္ဂလာပါ၊ ငါက ရှောင်မီအင်တာနက်ကုမ္ပဏီရဲ့ ဥက္ကဌ ဝမ်ဟန်ဟူ ပါ။ သိမ်မကြာတဲ့အချိန်တုန်းကမစ္စတာလင်းနဲ့ဖုန်းပြောခဲ့ပါတယ်...”

“ကျွန်ုပ်တို့သည် အကောင်းဆုံးအေးဂျင့်၊ အကောင်းဆုံးမိတ်ကပ်ပညာရှင်၊အကောင်းဆုံး ဝတ်စုံ အနုပညာရှင်များ၊ ရုပ်ရှင်များ၊ တီဗီစီးရီးများ၊ ရှိုးများစွာကို ပြင်ဆင်ထားပါတယ်”

“မင်းဘယ်အချိန်အားလဲမသိဘူး၊အားတဲ့အချိန် ကုမ္ပဏီကိုလာပြီးအကုန်ရွေးလို့ရပါတယ်”

လင်းယန်သည် သူ၏အသံတွင် အဘယ်ကြောင့် အနည်းငယ်ရင်းနှီးသည်ဟု ခံစားခဲ့ရသည်ကိုသူမနားလည်ခဲ့သည်။

ရှောင်မီအင်တာနက်ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သောကြောင့်ပင်ဖြစ်သည်။

အကောင်းဆုံးအေးဂျင့်၊ အကောင်းဆုံးမိတ်ကပ်ပညာရှင်၊အကောင်းဆုံး ဝတ်စုံ အနုပညာရှင်များ၊ ရုပ်ရှင်များ၊ တီဗီစီးရီးများ၊ ရှိုးများအားလုံးကို ရွေးချယ်ခွင့်ပြုသည်။

ဒါ……

ဒါက ဘယ်လိုကမ်းလှမ်းမှုမျိုးလဲ။

လင်းယန်က သူမရဲ့ စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး “ငါ ကုမ္ပဏီအချိန်မရွေး လာနိုင်ပါတယ်!”

ဝမ်ဟန်ဟူ ခဏလောက်စဉ်းစားပြီး “ဒါဆို...မနက်ဖြန်၊ မင်းအဆင်​ပြေလား”

လင်းယန် : “အဆင်ပြေပါတယ်”

သူမဖုန်းချလိုက်တာနဲ့ လက်စယန်ရဲ့ ဆဲလ်ဖုန်းက မြည်လာပြန်သည်။

ဒီတစ်ခါတော့ သူမအမေ့ဆီကဖုန်းပင်ဖြစ်သည်။

လင်းယန် ကို နေ့တိုင်း ဘားထဲမှာအလုပ်လုပ်တာကိုမကြည့်ပါနဲ့။

သူမသည်အချိန်ကျရင်အိမ်သို့နေ့တိုင်းပြန်သွားခဲ့သည်။

မနေ့က အိမ်မပြန်တာကြောင့်သူမမိဘတွေက တညလုံး စိတ်ပူနေကြသည်။

ထို့ကြောင့် ဤခေါ်ဆိုမှုကို ကိုင်လိုက်ပြီးနောက် လင်းယန် သည် အိမ်သို့ပြန်လာနေပြီဟုပြောပြီဖုန်းချလိုက်သည်။

ယင်းနှင့်ပတ်သက်၍လင်းဖန်ကလည်း ထောက်ခံပါသည်။

သူတို့နှစ်ယောက် ခဏတာ နေပြီးနောက်လင်းဖန်က Mercedes Benz G ကို မောင်းပြီးလင်းယန်ကို အိမိပြန်ပို့ခဲ့ပြီးနောက်အိမ်သို့ပြန်လာခဲ့သည်။

…………

အမေရိကန်၊ ပဲရီတက္ကသိုလ်။

ယနေ့ခေတ်တွင် ဂျက်ဖရီသည် လှုပ်ရှားမှုတွေ၊ သင်တန်းအချိန်အားလုံးကို စွန့်လွှတ်လိုက်ပါပြီ...သူသည် အဆင့်မြင့်သင်္ချာသိပ္ပံတွင် တစ်ချိန်လုံးနီးပါး နစ်မြုပ်နေကာ ရှုပ်ထွေးပွေလီသော မိုးသီးသီအိုရီအား အသေးစိတ်တွက်ချက်စစ်ဆေးနေသည်။

ယနေ့အချိန်အထိ သူသည် စာရွက်ပါအကြောင်းအရာကို အပြီးသတ်ရန် တွက်ချက်မှုများကို စစ်ဆေးပြီး ရလဒ်များကို “နှစ်စဉ်သင်္ချာဂျာနယ်” သို့ ပေးပို့ခဲ့သည်။

သူသာ သာမာန်လူတစ်ယောက်ဆိုရင် အချိန်အတော်ကြာ အလုပ်ကြိုးစားပြီးနောက်ပင်ပန်းနွမ်းနယ်နေမှာ သေချာသည်။

သို့သော် ဤအချိန်တွင် ဂျက်ဖရီ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည်။

“ဟေး၊ ပရော်ဖက်ဆာ ဂျက်ဖရီ မင်းကိုမတွေ့တာ ရက်တော်တော်ကြာပြီ” မုတ်ဆိတ်မွေးနဲ့ ပါမောက္ခ အက်ဒီက ပြောလိုက်သည်။

ဂျက်ဖရီက “ဘာလို့လဲဆိုတော့ ငါက တစ်ခုကိုသက်သေပြနေတာနဲ့မအားတာ!”(လင်းဖန်ပြောတာတွေကိုသူကလက်တွေ့စမ်းသပ်တာပါ)

“တစ်ခုကို သက်သေပြတာလား” အက်ဒီက အံသြစွာ မေးသည်။

“မိုးသီး သီအိုရီ။ တစ်စုံတစ်ယောက်က မိုးသီးသီအိုရီကိုဖြေရှင်းခဲ့သည်။” ဂျက်ဖရီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ဘာအဲ့ဒါကဘယ်သူလဲ” အက်ဒီက ပြောသည်။

ဂျက်ဖရီက ပြုံးပြီးပြောတယ် “ဟေး၊ အရမ်းစိတ်လှုပ်ရှားမနေပါနဲ့ သူငယ်ချင်း။ ငါဘယ်သူလဲဆိုတာကိုပြောမှာမဟုတ်ဘူး၊ ဒီအကြောင်းအရာကိုသိချင်ရင် နောက်လာမယ့် နှစ်စဉ်သင်္ချာစာစောင်ကို စောင့်မျှော်နေလိုက်တော့။ ”

သူ့စာတိုက်ပုံးထဲမှာဘယ်သူဖြေရှင်းလိုက်လဲဆိုတာရှိသည်။

သို့သော် အခြားသူများကို ပြသတာ အနည်းငယ် အနည်းငယ် အဆင်မပြေလို့ခံစားလိုက်ရသည်။

ပိုအရေးကြီးတာက အက်ဒီကို ငါပြရင် ငါ ဘယ်လိုဟန်ဆောင်လို့ရမှာလဲ။

မနက်၊နေ့လယ်နှစ်ပိုင်းလာမယ်နော်။မနက်ကအလုပ်သွားလို့ပါ။မနက်ဖြန်ကစပြီးပုံမှန်တင်ပေးပါမယ်😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters