စျေးဝယ်ခြင်း
Vol. 18 Ch. 268
လင်းဖန်သည် သူ့ရဲ့မိုးသီးသီအိုရီကို စိစစ်မှုအောင်မြင်ပြီး နှစ်စဉ်သင်္ချာသတင်းစား တွင် ထုတ်ဝေတော့မည်ကို သိရင်တောင် အံ့သြမှာမဟုတ်ပေ။
ဘာလို့ဆိုဤသည်မှာ စနစ်မှပေးသော အဖြေဖြစ်သောကြောင့်၊ဒါက မည်သို့မှားနိုင်မည်နည်း။
“နှစ်စဉ်သင်္ချာ ဂျာနယ်” နဲ့ ပတ်သက်ပြီးလင်းဖန်သည်ဒါကို လုံးဝ ဂရုမစိုက်ပေ။
မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာကုန်လွန်သွားလေသည်။
...
နောက်တစ်နေ့တွင် လင်းဖန်က အိမတွင်မနက်စာမစားပေ။
ယင်းအစား၊ သူသည် Mercedes-BenzG(ကား)ကိုကီလိုမီတာအနည်းငယ်အကွာရှိ စားသောက်ဆိုင်တစ်ခုစီသို့ မောင်းနှင်ခဲ့သည်။
လင်းဖန်သည် ဗိုက်ပြည့်အောင်စားပြီးတညနှင့် သူ့အိတ်ကပ်ထဲရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
အဲဂရု၏ ဥက္ကဌထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“မစ္စတာလင်း၊ မင်္ဂလာနံနက်ခင်းပါ!” မလေးက(နာမည်ပြောင်းထားပါတယ်)ပြောလိုက်သည်။
လင်းဖန်က “မစ္စတာမလေး၊ မင်္ဂလာနံနက်ခင်းပါ”
ခေတ္တနားပြီးနောက် သူက “မလေးက ဘာလို့ ဒီနေ့ ကျွန်တော့်ကို ဖုန်းခေါ်တာလဲ” ဟု မေးလိုက်သည်။
မလေးက “ဘာမှပြောစရာမရှိရင်လဲမစ္စတာလင်းကို ဖုန်းခေါ်လို့မရဘူးလား”
ထို့နောက် သူက “ဒါပေမယ့် ဒီဖုန်းခေါ်တာတော့ပြောစရာရှိလို့ပါ…”
“မစ္စတာလင်း၊ ငါတို့နိုင်ငံရဲ့ အလယ်အစိတ်အပိုင်းကအပြင်းအထန် ဖွံ့ဖြိုးတိုးတက်နေပြီဆိုတာ မင်းလည်း သိမယ်ထင်ပါတယ်”
ကျန်ပေ့သည် တရုတ်နိုင်ငံ၏ အလယ်အစိတ်အပိုင်းဖြစ်ပြီး ၎င်းသည်အခုပြင်းပြင်းထန်ထန်တိုးတက်လာပြီးအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကိုလဲအားလုံးကလဲအာရုံစူးစိုက်နေကြသည်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် တိုင်းပြည်၏ အရှိန်အဟုန်အလိုက်လျှောက်ရမည်ဖြစ်သည်။(ပြောချင်တာကတိုင်းပြည်ရဲ့အခြေနေအချိန်ခါကိုကြည့်ပြီးလုပ်တာကိုပြောတာပါ)
“ဒါကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ကျန်ပေ့မှာ ရုံးခွဲတစ်ခု ထူထောင်ခဲ့တဲ့အပြင်၊ ကုမ္ပဏီပေါင်းများစွာကလဲရင်းနှီးမြှုပ်နှံထားပါတယ်..”
“မကြာသေးမီက၊ ကျန်ပေ့တာဝန်ခံက သူ့အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ပိုရှိတဲ့ ကုမ္ပဏီအုပ်စုတစ်စုကို စစ်ဆေးပြီး ရင်းနှီးမြှုပ်နှံမလား ဒါမှမဟုတ် ဝယ်ယူမလား တိုတာကိုဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့တယ်။’’
“ဒါကြောင့်ငါ ဒီမနက် အစောကြီးကျန်ပေ့မြို့ကိုလာခဲ့..”
“မစ္စတာလင်းမင်းအားလား။ မင်းအားရင်အကြံဉာဏ်လေး၊ဘာလေးပေးဖို့ လာပြီး အတူတူထမင်းစားမယ်လေ။ ငါကျန်ပေ့ ရဲ့ဟင်းလျာတွေကို အရမ်းလွမ်းနေတာ”
မလေးဟာ အဲဂရုကို ဖန်တီးသူဖြစ်ထိုက်တယ်လို့ဆိုရမည်ဖြစ်သည်။
ပထမဆုံးတိုင်းပြည်ရဲ့တိုးတက်မှုမြို့အဖြေအနေကနေ တဖြည်းဖြည်းနဲ့ အကြံပြုချက်၊အကြံဉာဏ်၊ပြီးနေညက်စားသောက်ဖို့တောင်ဖိတ်လိုက်သေးတယ်။
အမှန်တော့လင်းဖန်သည် အဲဂရု၏ ရှယ်ယာ 5% ကို ထပ်မံဝယ်ယူခဲ့ကြောင်း ယမန်နေ့က မလေးက ရုတ်တရက် သိလိုက်သည်။
ဒါကြောင့်လင်းဖန်သည် အဲဂရု ၏ ရှယ်ယာစုစုပေါင်း၏ 10% ကို ပိုင်ဆိုင်ထားပြီး မလေးရဲ့စုစုပေါင်းရှယ်ယာကို ကျော်လွန်ကာ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်လာခဲ့သည်။
မလေးက ဒါကိုသိတော့စိတ်ပူသွားခဲ့သည်။လင်းဖန်က ဘာကြောင့်ရှယ်ယာတွေ ထပ်ဝယ်တယ်ဆိုတာကိုမသိတဲ့အတွက် ကျန်ပေ့ကို ဒီမနက် အစောကြီး လာခဲ့တာပင်ဖြစ်သည်။
ရည်ရွယ်ချက်ကတော့သူသည်လင်းဖန်နဲ့ မျက်နှာချင်းဆိုင် စကားပြောချင်လို့ပင်ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍လင်းဖန်သည်သူ၏ခံစားချက်ကိုသိသည်။ထို့ကြောင့်သူက “ကျွန်တော် ကဘာအကြုံပြုချက်မှပြောမှာမဟုတ်ဘူး... ဒါပေမယ့် စားတာကတော့အဆင်ပြေပါတယ်” လို့ ပြောလိုက်သည်။
မလေးက ရယ်လိုက်ပြီး “ဟားဟား၊ ကောင်းပြီ၊ ဒါဆို ငါမင်းကိုနေရာမက်ဆေ့ပို့လိုက်မယ်”
နှစ်ယောက်သား ဖုန်းမချခင် စကားအနည်းငယ်ပြောလိုက်ကြသည်။
လင်းဖန်သည် စားသောက်ဆိုင်မှ ထွက်လာသောအခါ ချောမောလှပသော အသွင်အပြင်တစ်ခု ကိုတွေ့လိုက်သည်။
“ဟန်တီ” လင်းဖန်က ခေါ်လိုက်သည်။
ဟန်တီသည်ခေါ်သံကြားတာကြောင့်ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာပေါ်တွင် အံ့သြသောအမူအရာပေါ်လာပြီးနောက် “လင်ဖန်း!”ဟုခေါ်လိုက်သည်။
ယနေ့တွင်ဟန်တီသည် အနားသတ်ကွဲစကတ်ကို ၀တ်ဆင်ထားပြီး သူမ၏ အနက်ရောင် ဆံပင်ရှည်သည်သူမရဲ့ပုခုံးပေါ်တွင် တွဲလောင်းကျနေပြီး လေနှင့်အတူ လွင့်နေကာ သူမ၏ တစ်ကိုယ်လုံး မွှေးရနံ့သင်းသင်းလေးနှင့် ပြည့်နှက်နေသည်။ဒီဟာကပင်သူမကအလွန်ချစ်စရာကောင်းတယ်ဆိုတဲ့အတွေးတစ်ခုလင်းဖန်စိတ်ထဲပေါ်လာခဲ့သည်။
လင်းဖန်က “မင်းဘယ်သွားတာလဲ”
“ဒီနေ့ကအလုပ်မသွားရဘူးလေ။ဒါကြောင့်ဈေးဝယ်ထွက်မလို့” ဟန်တီ က ပြောလိုက်သည်။
ဈေးဝယ်တာလား?
လင်းဖန်သည်သူမကိုအိတ်နှစ်လုံးသာပေးပြီးနောက်တော့သူမကို ဘာမှ ထပ်မပေးခဲ့ပေ။
ထို့အပြင် သူမနှင့် အတူရှိချိန်သည် အနည်းဆုံးဖြစ်သည်။
ဒါကြောင့်လင်းဖန်က “ဒါဆို ငါမင်းနဲ့အတူဈေးဝယ်ထွက်ပေးမယ်လေ”
“တကယ်လား?”
ဟန်တီ၏လှပသောမျက်လုံးများသည် ချက်ချင်းပင် တောက်ပလာလေသည်။
လင်းဖန်က ပြုံးပြီး “ဟုတ်ပါတယ်။ စျေးဝယ်ထွက်ကြရအောင်!”
ထို့နောက် လင်းဖန်သည် Mercedes-Benz Big G(ကား) ကို မောင်းနှင်ပြီးဟန်တီနဲ့အတူရှော့ပင်းမောလ်ဆီသို့ မောင်းနှင်သွားခဲ့သည်။
သူတို့သည် ကလတ်စ် အထည်ဆိုင်သို့ ဦးစွာလျှောက်သွားကြသည်။
“ကလတ်စ်မှကြိုဆိုပါတယ်” အမျိုးသမီးဝန်ထမ်းကအလျင်စလို နှုတ်ဆက်လိုက််ပြီး “ဘာကူညီရမလဲ?”ဟုမေးလိုက်သည်။
လင်းဖန် က “ငါ့ရည်းစားကို အဝတ်အစားဝယ်ပေးမလို့။ မင်းမှာ အကြံပြုချင်တာများရှိသေးလား”
အမျိုးသမီးဝန်ထမ်းက လင်းဖန်ဘေးရှိ ဟန်တီကိုကြည့်လိုက်သည်။
ပြီးနောက်သူမက “မင်းရဲ့ရည်းစားက အရမ်းရမ်းကိုလှတယ်။ပြီးတော့သူမရဲ့အသားရည်ကလဲအပြစ်ပြောစရာမရှိအောင်ဖြူတယ်။ဒီလောက်ရုပ်ချောတဲ့မိန်းမကို ငါအခုမှတွေ့ဖူးတာ’’
ဝန်ထမ်းရဲ့ အရည်အချင်းက တကယ်ကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။
စကားလုံးအနည်းငယ်မျှသာပြောလိုက်သောလည်းလူများကို ရင်းနှီးလာစေသည်။
ဟန်တီ ၏ မျက်နှာသည် အနည်းငယ် နီရဲသွားပြီး “ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။”ဟုပြောလိုက်သည်။
“ဒါက ချီးကျူးတာမဟုတ်ပါဘူး၊ ဒါကအမှန်တရားမို့ပြောတာပါ” လို့ အမျိုးသမီးဝန်ထမ်းက ပြောလိုက်သည်။
ထို့နောက် သူမသည် မဝေးသောအဝတ်အစားအနည်းငယ်ကို လက်ညှိုးထိုးပြပြီး “ဒီအဖြူရောင်ဝတ်စုံနှစ်ခုအပြင် ပန်းရောင်ဖျော့ဖျော့အရောင်အဝတ်အစားတွေကမင်းနဲ့ပိုသင့်တော်တယ်၊ဒါကငါ့ရဲ့ကိုင်ပိုင်အမြင်ကိုပြောတာပါ...”
စကားပြောနေစဉ် ဝန်ထမ်းအမျိုးသမီးက အဖြူရောင်ဝတ်စံြနှစ်ထည်ကိုယူလိုက်ပြီး “ဒါ့အပြင် ဒီအဝတ်အစားတွေကို ချည်သား 100% စစ်စစ်ဖြစ်တဲ့အတွက် ဝတ်ရတာ သက်တောင့်သက်သာရှိစေမယ့်လို့အာမခံပါတယ်” လို့ ပြောလိုက်သည်။
ဟန်တီ က အမျိုးသမီးဝန်ထမ်း အကြံပြုအဝတ်အစားကို ပြောင်းလိုက်တဲ့အခါ သူမရဲ့ ပြီးပြည့်စုံတဲ့ ရုပ်ရည် နဲ့ယုန်နှစ်ကောင်ကို ပိုပြီးထင်ရှားစေသည်။
လင်းဖန်က “ကြိုက်လား ဝတ်ရတာရော အဆင်ပြေလား”
ဟန်တီကအကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လင်းဖန်က သူ့အကြိုက် နောက်ထပ်အ၀တ်အစား နှစ်ခုကို ထုတ်ပေးလိုက်ပြီး “ဒီနှစ်ခုကို ထပ်ဝတ်ကြည့်” လို့ပြောလိုက်သည်။
“ကောင်းပြီ။” ဟန်တီ က ဖြေလိုက်သည်။
သိပ်မကြာခင်မှာပဲ ဟန်တီ က လင်းဖန် ရွေးထားတဲ့ အဝတ်အစားကို ဝတ်ပြီး ထွက်လာခဲ့သည်။
ဟန်တီကအလွန်ချောမောသောကြောင့်အဝတ်အစားတိုင်းက သူမကိုပို၍လှပစေသည်။
လင်းဖန်က “မင်း တခြားအဝတ်အစားတွေ စမ်းဝတ်ကြည့်ချင်လား” လို့ မေးလိုက်သည်။
“မလိုတော့ပါဘူး။” ဟန်တီက ပြောလိုက်သည်။
လင်းဖန် က “ကောင်းပြီ ဒါဆိုမင်းဝတ်ထားတဲ့ဟာတွေအကုန်ယူမယ်”
အနားမှာရပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးက ဒီစကားကြားတော့ စိတ်လှုပ်ရှားသွားပြီး “အဝတ်သုံးထည်စလုံး ယူမှာလား” လို့ အလျင်စလိုမေးလိုက်သည်။
သိရန်ဤသည်မှာ ကလတ်စ်ဆိုင်ဖြစ်ပြီး အဝတ်အထည်သုံးထည်၏စျေးနှုန်းသည် ယွမ်ထောင်သောင်းနှင့်ချီပြီးကုန်ကျမည်ဖြစ်သည်။
သူမအတွက်ကတော့ ကံကောင်းတယ်လို့မှယူနိုင်သည်။
လင်းဖန်က ခေါင်းခါလိုက်ပြီး “မဟုတ်ဘူးဒီလိုအဝတ်၈စုံရှိတယ်မလားငါဒါတွေအကုန်ယူမယ်”
ဝန်ထမ်း သိသိသာသာ အံ့အားသင့်သွားပြီး “မင်း... သေချာရဲ့လား” လို့ ပြန်မမေးဘဲမနေနိုင်ပေ။
“ပြဿနာရှိလို့လား?” လင်းဖန်က မေးလိုက်သည်။
“ပြဿနာမရှိပါဘူး။”
အမျိုးသမီးဝန်ထမ်းမလေယသည် အဝတ် ၈ ထည်လုံးကို အလျင်အမြန် ခေါက်ထည့်လိုက်ပြီး “စုစုပေါင်း ၁၃၇,၈၉၉ ယွမ်” လို့ပြောလိုက်သည်။
“ဒင့်”
လင်းဖန်သည် သူ့ဘဏ်ကတ်ကို POS စက်ပေါ်တင်ပြီးချက်ချင်းငွေရှင်းလိုက်သည်။
ဒဒါကိုကြည့်ပြီးဝန်ထမ်းမလေးက နှလုံးခုန်သံအနည်းငယ်မြန်လာပြီးနောက်သူမက “နောက်တစ်ခေါက်လဲလာဖို့ ကြိုဆိုပါတယ်” လို့ ပြောလိုက်သည်။
လင်းဖန် နှင့် ဟန်တီတျု့လုံးဝထွက်သွားပြီးနောက်၊ ဝန်ထမ်းအမျိုးသမီးက “ဒါကချမ်းသာတဲ့လူတွေရဲ့အထာ လား?”
ထို့နောက် ချက်ချင်းပင် သူမသည် နောင်တရသည့်ပုံစံဖြင့်”ငါဒါကိုသိရင်တစ်ခြားအဝတ်အစားကိုလဲညွှန်ပြလိုက်ပါတယ်” လို့ပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး