ဂလက်ဆီ
Vol. 18 Ch. 269
လင်းဖန်နှင့် ဟန်တီတို့သည် ကလတ်စ်စတိုးဆိုင်မှ ထွက်လာပြီးနောက် တောက်ပပြီး ဖက်ရှင်ကျသော ကာလီ လက်ဝတ်ရတနာဆိုင်သို့ သွားလိုက်ကြသည်။
“ကာလီဆိုင် မှကြိုဆိုပါတယ်။” တံခါးနားမှာရပ်နေတဲ့ဝန်ထမ်းမိန်းကလေးက ပြုံးပြီး “ငါကူညီနိုင်တာတစ်ခုရှိလား” လို့မေးလိုက်သည်။
လင်းဖန်က “ကျွန်တော်က လက်ဝတ်ရတနာ၊ နားကပ်၊ လည်ဆွဲ၊ လက်ကောက်... ဒါတွေအားလုံးကို ငါ့ရည်းစားအတွက် ဝယ်ပေးချင်လို့မင်းမကြုံပြုချင်တာရှိလား”
ဝန်ထမ်းအမျိုးသမီးက့ပုံးလိုက်ပြီးဟန်တီ ၏ မျက်နှာသွင်ပြင်နှင့် ပုံသဏ္ဍာန်ကို တိတ်တဆိတ်ကြည့်ကာ “ဒီအမျိုးသမီးကိုကျွန်မစကားခွန်းပဲပြောချင်တယ်။အရမ်းလှတယ်။ သူမက ငါမြင်ဖူးသမျှထဲမှာ အလှပဆုံး အမျိုးသမီးပဲ”
ခေတ္တနားပြီးနောက် သူက “လွန်ခဲ့တဲ့ နှစ်ရက်က ငါ့တို့စီရောက်လာတဲ့အလှပဆုံး လက်ဝတ်ရတနာကိုမစ်ကီဝေးလို့ ခေါ်တယ်” လို့ ပြောလိုက်သည်။
“မစ်ပီဝေး ကို Fနိုင်ငံ ၏ နာမည်ကျော် ဒီဇိုင်နာ မစ္စတာဟန်တာဘီမှ ဒီဇိုင်းထုတ်ထားပြီး နားကပ်၊ လက်ကောက်နှင့် လည်ဆွဲများ အစုံအလင်ပါဝင်သည်... မကြာသေးမီကမစ္စတာဟန်တာဘီသည် နိုင်ငံတကာ ကျောက်မျက်ရတနာညီလာခံတွင် ကြီးကျယ်သောဆုကို ရရှိခဲ့သည်။ဒါကတော့ဂလက်ဆီကြောင့်ပါ”
“လောလောဆယ်တော့... တရုတ်နိုင်ငံတစ်ဝှမ်းမှာ ကျွန်တော်တို့ စတိုးဆိုင်ကပဲ ထူးခြားတဲ့ လက်ဝတ်ရတနာတွေလို့ ပြောလို့ရတဲ့ ဂလက်စီကို ပိုင်ဆိုင်ထားပါတယ်။”
“မင်း ငါနဲ့ VIP အခန်းကို လိုက်မှာလား။”
ထောင်ပေါင်းများစွာ၊ သောင်းနှင့်ချီသော စျေးပေါသော လက်ဝတ်ရတနာများကိုကာလီသည် ၎င်းတို့ကို လူမျညးရွေးချယ်ဝယ်ယူနိုင်စေရန် အပြင်ဘက်တွင်ဘောင့်ဖြင့်ထားရှိထားသည်။
သန်းနှင့်ချီတန်သော တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို ဝယ်ယူလိုပါက VIP အခန်းသို့ သွားရောက်ဝယ်ယူရန် လိုအပ်ပါသည်။
ရလဒ်အနေဖြင့်၊ ၎င်းသည် ပထမဆုံးဖောက်သည်များကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ၊လက်ဝတ်ရတနာများ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အဖိုးတန်မှုကို မီးမောင်းထိုးပြနိုင်ရန်ဖြစ်သည်။
ဒုတိယအနေနဲ့၊ လက်ဝတ်ရတနာတွေရဲ့ ဘေးကင်းမှုအတွက်ဖြစ်သည်။
ယေဘူယျအားဖြင့်၊ ဝန်ထန်းများသည် စျေးဝယ်သူများအား VIP အခန်းသို့ အလွယ်တကူသွားခွင့်မပြုပေ။
သို့သော် လင်းဖန်သည် သူ့လက်ထဲတွင် ကလတ်စ် အဝတ်အိတ် ၈ အိတ်ကို ကိုင်ထားသည်။
ဟုတ်ပါတယ်ဤသို့ဆိုလျှင်တောင်စျေးဝယ်လမ်းညွှန်အမျိုးသမီးသည် စျေးဝယ်သူအား VIP အခန်းသို့ တိုက်ရိုက်ခေါ်သွားမည်မဟုတ်ပေ။
ခေါ်သွားရသည့်အကြောင်းရင်းမှာ စျေးဝယ်လမ်းညွှန်အမျိုးသမီးကအိတ်ကိုကိုင်ဆောင်ထားသည့် လင်းဖန်၏လက်ကောက်ဝတ်တွင်Vacheron Constantin TourdeIleနာရီကို မတော်တဆတွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
ကာလီကဲ့သို့ ဇိမ်ခံပစ္စည်းအရောင်းဆိုင်စျေးဝယ်လမ်းညွှန်အနေဖြင့် စျေးဝယ်လမ်းညွှန်တစ်ဦး၏ အရေးကြီးဆုံးစွမ်းရည်မှာ ဇိမ်ခံပစ္စည်းအမျိုးမျိုးကို အလွယ်တကူမှတ်မိနိုင်ရန်ဖြစ်သည်။
သူမသည် Vacheron Constantin TourdelIle (နာရီ)ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။သူမသည် မရေမတွက်နိုင်သော ဇိမ်ခံပစ္စည်းများကို နေ့စဉ်နှင့်အမျှ မြင်နေရသော်လည်း သူမ၏ နှလုံးသည် အနည်းငယ် ခုန်သွားခဲ့သည်။
သိရန်Vacheron Constantin Tourdelle(နာရီ) သည်သန်းဆယ်ဂဏန်းတန်တဲ့ ထိပ်တန်း ဇိမ်ခံနာရီတစ်မျိုးဖြစ်သည်။
ဤသည်မှာ သေချာပေါက် အလွန်ထူးခြားပြီး အရည်အသွေးမြင့်သော ဖောက်သည်ဖြစ်သည်။
လင်းဖန် က လုံးဝမတွန့်ဆုတ်ဘဲ “ကောင်းပြီ” ဟု တိုက်ရိုက်တုံ့ပြန်လိုက်သည်။
ထို့နောက် စျေးဝယ်လမ်းညွှန်၏ ဦးဆောင်မှုဖြင့်လင်းဖန် နှင့် ဟန်တီတို့ သည် အတွင်းရှိ VIP အခန်းဆီသို့ လျှောက်လာခဲ့သည်။
ဥရောပစတိုင်အလှဆင်မှုနှင့်အတူ အလွန်ကျယ်ဝန်းပြီး အခန်းသည်တောက်ပနေသည်။ လေထုထဲတွင်သင်းပျံ့သောရနံ့များဖြင့် ပြည့်နှက်နေပြီး လူတို့အား ဥရောပရဲတိုက်ကြီးထဲတွင် ရှိနေသည့်ခံစားချက်ကို ပေးစွမ်းသည်။
စျေးဝယ်လမ်းညွှန်သည်လင်းဖန်နှင့် ဟန်တီတို့ကို ထိုင်ခိုင်းပြီးနောက် အပြင်သို့ထွက်သွားခဲ့သည်။သိမ်ကြာချင်သူမကပြန်ဝင်လာပြီးသူမရဲ့လက်ထဲမှာသိုးသားရေဖြက့်လုပ်ထားသောသေတ္တာကို ကိုင်ကာလျှောက်လာသည်။
လင်းဖန် နှင့် ဟန်တီတို့ထံသူမရောက်သောအခါတွင် သူမသည် အဖြူရောင်လက်အိတ်တစ်စုံကို ဦးစွာဝတ်ဆင်ပြီးနောက် သိုးသားရေသေတ္တာကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
လခြမ်းပုံစံနားကပ်၊ ရေလှိုင်းပံစုံလက်ကောက်များ၊ သရဖူနှင့်တူသောလည်ဆွဲများသည်လင်းဖန် နှင့် ဟန်တီတို့ရှေ့တွင်ပေါ်လာခဲ့သည်။
အလင်းရောင်အောက်တွင် ဤရတနာသုံးပါးစလုံးသည် ပြိုးပြိုးပြက်ပြက်ပြက်ပြက် တောက်ပနေပြီးဒီဟာက ဂလက်ဆီများနှင့်တူသည်။
စျေးဝယ်လမ်းညွှန်သည် “ဂလက်ဆီ” ကိုအကြိမ်ပေါင်းများစွာတွေ့မြင်ဖူးသည်။
ဒါပေမယ့် အခုထပ်တွေ့တော့ စွဲလန်းနေတုန်းပင်ဖြစ်သည်။(လိုချင်ပေမဲ့မဝယ်နိုင်တာပါ...)
ရလဒ်အနေဖြင့် သူမသည် ပထမအကြိမ်တွင် ပိုမိုတိကျသောမိတ်ဆက်မှုကို ချက်ချင်းမပေးနိုင်ခဲ့ပေ။
ခဏအကြာတွင် စျေးဝယ်လမ်းညွှန်က တောင့်တသောလေသံဖြင့် “ဒီဂလက်ဆီနားကပ်အစုံကို နေ၊ လနဲ့ ဂြိုဟ် ၈ လုံးကို ကိုယ်စားပြုတဲ့ စိန်နှစ်ကာရက် စိန်လေးတစ်ရံနဲ့ ၈ လုံးပါ၀င်ပါတယ်။ ...”(တစ်ရံ-နှစ်ခု)
“လက်ကောက်ကို ပလက်တီနမ်နှင့် 365 စိန်များဖြင့် ပြုလုပ်ထားပြီး နဂါးငွေ့တန်းဂလက်ဆီကို ကိုယ်စားပြုသည်။”
“လည်ဆွဲမှာ ပတ္တမြားနဲ့စိန်ပါ၀င်ပြီးပတ္တမြကို နဂါးငွေ့တန်းရဲ့အလယ်ဗဟိုကိုကိုယ်စားပြုပြီးစိန်ကိုကျတော့ကြယ်ပွင့်တွေကို ကိုယ်စားပြုပါတယ်။”
လင်းဖန်က သူ့ဘေးနားက ဟန်တီကို တစ်ချက်ကြည့်လိုက်ပြီး “ကောင်းပြီ ငါဒါကိုဝယ်မယ်” ဟု တိုက်ရိုက်ပြောလိုက်သည်။
“ဘာ?”
စျေးဝယ်လမ်းညွှန်သည် ခဏတာ အံ့အားသင့်သွားသည်။ သူမ နားထဲတွင် အနည်းငယ် မယုံနိုင်စရာ ဖြစ်နေပုံရသည်။ ထို့ကြောင့် သူမက “မင်း... မင်းဘာကိုဆိုလိုတာလဲ”
“ကတ်ကို ယူပြီးငွေချေလိက်ပါ။” လင်းဖန်သည် ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်ပြီးပြောလိုက်သည်။
ဝယ်!
တကယ်ဝယ်တာလား!
စျေးဝယ်လမ်းညွှန်က ဝမ်းသာလွန်းလို့လင်းဖန်ကိုဖက်နမ်းချင်စိဆ်ပင်ပေါက်သွားသည်။
သို့သော်လည်း သူမသည် စိတ်တည်ငြိမ်စေရန် အတင်းအကြပ် လုပ်လိုက်ပြီး”မစ္စတာ ဒီ ဂလက်ဆီရဲ့ ဈေးနှုန်းက 4888888 ယွမ်”
“အဲဒါက ထုတ်ကုန်အသစ်ဖြစ်တာကြောင့်အခုလောလောဆယ်မှာတော့ဘာလျှော့စျေးမှ မရှိဘူး၊ ဒါပေမယ့် မင်းအတွက် လက်ဆောင်လေးတစ်ခုတော့ တောင်းဆိုလို့ရပါတယ်။”
လင်းဖန်၏အမူအရာမှာ မပြောင်းလဲဘဲ “ကောင်းပြီ” ဟု အလွယ်တကူ ခေါင်းညိတ်ပြီးပြောလိုက်သည်။
စျေးဝယ်လမ်းညွှန်သည် သူ့မတံတွေးကိုတိတ်တဆိတ် မျိုချလိုက်ပြီး လင်းဖန်ရဲ့ဘဏ်ကတ်ကိုယူပြွးPOS စက်ပေါ်ပွတ်ပြီးငွေချေလိုက်သည်။
“ဒင့်”
POS စက်မှ အသံတိုးတိုးဖြင့် 4888888 ယွမ်ငွေချေပြီးကြောင်းဘေစာရွက်ပေါ်လာသည်။
ယွမ် 10,000 သုံးတိုင်းအတွက် အနီရောင်စာအိတ် 1 စောင် ရရှိမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ဖုန်းထဲတွင် စာအိတ်အနီ ၄၈၈ လုံးပေါ်လာခဲ့သည်။
ထိုအသံသည် ဟန်တီအား သတိပြန်ဝင်စေသောအသံဖြစ်သည်။
လင်းဖန်သည် နားကပ်၊ လက်ကောက်နှင့် လည်ဆွဲကို ကောက်ယူလိုက်ပြီး ဟန်တီကိုကူညီပြီးဝတ်ဆင်ပေးလိုက်သည်။
ဟန်တီသည် မှန်ထဲတွင် တောက်ပနေသော သူ့မကိုယ်သူမကြည့်ရင်းသူမမျက်ရည်ဝဲလာခဲ့သည်။
ထို့နောက် စျေးဝယ်လမ်းညွှန်ရှိနေသည်ကို လျစ်လျူရှုကာ သူမသည် လင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်ကာ “လင်းဖန်၊ ကျေးဇူးတင်ပါတယ်” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တကယ်တော့ ဒီအချိန်မှာ စျေးဝယ်လမ်းညွှန်က သူမတျု့ကိုအာရုံမစိုက်နိုင်လောက်အောင်စိတ်လှုပ်ရှားနေလို့ပင်ဖြစ်သည်။
လက်ဝတ်ရတနာ 4,888,888 ယွမ်၊ ငါ အဲဒါကို တိုက်ရိုက်ရောင်းလိုက်နိုင်တာလား။ ?
ဒဒါဆျုရင်ကော်မရှင်ခ ဘယ်လောက်ရနိုင်မလဲ။ ?
လင်းဖန် က ဟန်တီရဲ့ နောက်ကျောကို ပုတ်ပြီး ပြုံးပြီး ‘’ငါတို့တစ်ယောက်နဲ့တစ်ယောက်မှာကျေးဇူးတင်တယ်ဆိုတာကပြောစရာမလိုဘူးလေ။ဒါအပြင် ဒါကသေးငယ်တဲ့ဟာတစ်ခုပဲလေ”
သေးငယ်တဲ့ဟာ?
လင်းဖန်အတွက် 4 သန်းကျော်တန်ဖိုးရှိသောအရာသည် အမှန်တကယ်သေးငယ်သောအရာတစ်ခုမျှသာဖြစ်သည်။
အသက်ရှုခြင်း၊ အိပ်ခြင်း၊ လမ်းလျှောက်ခြင်းမှရသော၀င်ငွေကိုရေတွက်လျှင်တစ်နေ့လျှင် ယွမ် ၇ သန်းရရှိမည်မှာသေချာသည်။
ခဏကြာတော့ လူနှစ်ယောက်သည်ဖက်ထားရင်းကနေဖြည်းဖြည်းချင်းခွာလိုက်ကြသည်။
စျေးဝယ်လမ်းညွှန်သည် သူမ၏ ပြန်လည်သတိဝင်လာခဲ့သည်။ ယွမ် ၅၀၀၀ အောက်ဈေးရှိသော ကောင်တာရှိ ပစ္စည်းသေးသေးလေးများကို သူမက လက်ညှိုးထိုးပြပြီး “ကျွန်မတို့ဆိုင်က လက်ဆောင်အနေနဲ့မို့ကြိုက်တာရွေးလို့ရတယ်နော်”(ပြောတော့ကြိုက်တာတဲ့အခုတော့၅၀၀၀အောက်တဲ့လား...။)
နောက်ဆုံးတော့ ဟန်တီက ချစ်စရာဆံပင်ညှပ်တစ်ခုကို ယူလိုက်သည်။
လင်းဖန် နှင့် ဟန်တီ သည် ကာလီ မှ ထွက်ခွာသွားပြီးနောက် စျေးဝယ်လမ်းညွှန်များစွာသည် လျင်မြန်စွာ စုရုံးရောက်ရှိလာကြသည်။
“ကျန်းကျန်းမင်းက အံ့သြစရာပဲ!”
“ကျန်းကျန်းဂုဏ်ယူပါတယ်၊ ငါတို့ဆိုင်မှာ ရှိတဲ့ဂလက်ဆီကိုရောင်းလိုက်ပြီ။”
“မင်းငါတို့ကိုဝယ်ကျွေးရမယ်”
“ဟုတ်တယ်!”
…………
ထုံးစံအတိုင်းလင်းဖန် သည် ကာလီ၏စတိုးဆိုင်ရှိအခြေအနေကို ဂရုမစိုက်ပေ။
ထို့နောက်ဟန်တီသည် ဖိနပ်နှင့် အသားအရေထိန်းပစ္စည်းအချို့ကို ဝယ်ယူရန် လိုက်ပါသွားခဲ့သည်။
ဤဈေးဝယ်ခရီးစဉ်သည် စုစုပေါင်း ယွမ် ၅,၆၈၈,၉၉၃ ကုန်ကျခဲ့သည်။
လင်းဖန်သည် အနီရောင်စာအိတ် ၅၆၈ စောင်ကို လက်ခံရရှိခဲ့သည်။
အခုတစ်လောမီးတွေပျက်တာအတော်ပဲ။ဒီမနက်လဲမီးပျက်တာညနေမှလာတယ်။တော်သေးလို့မနေ့ကလုပ်ထားတဲ့နှစ်ပိုင်းရှိလို့။ဒီနေ့ကတော့နှစ်ပိုင်းပါ။မနက်ဖြန်ကျရင်တင်ပေးပါ့မယ်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး