← Chapters

ခွေးတစ်ကောင်နဲ့တွေ့ခြင်း

Vol. 18 Ch. 270

ခွေးတစ်ကောင်နဲ့တွေ့ခြင်း

Vol. 18 Ch. 270

ဟေးတီအိမ်။(ဟန်တီနဲ့ဟေးတီမှားသွားလို့ပါ😁)

ဟေတီးသည် ရေချိုးနေသောအခါတွင်လင်းဖန်သည် အနည်းငယ်ပျင်းလာသောကြောင့်အနီရောင်စာအိတ် ၅၆၈ လုံးကို ဖွင့်ရန်ရွေးချယ်လိုက်သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရသည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။”

...

“Ding! ဂုဏ်ယူပါတယ် ပျော်ရွှင်စရာကမ္ဘာ့အပန်းဖြေဥယျာဉ်ကိုရရှိခဲ့သည်။”

...

“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရရှိသည်။”

...

အနီရောင်စာအိတ် 568 အိတ်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း 432,113 ယွမ်ရရှိပြီးပျော်ရွှင်စရာကမ္ဘာ့အပန်းဖြေဥယျာဉ်တစ်ခုနှင့် 1 ယွမ်ကတ်ပြားတို့ကို လက်ခံရရှိခဲ့သည်။

ဒါကိုကြည့်ပြီးလင်းဖန်၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။

ပျော်ရွှင်စရာကမ္ဘာအပန်းဖြေဥယျာဉ် လား။

ဤသည်မှာ မကြာသေးမီနှစ်အတွင်း ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲခဲ့သည်ဟု ဆိုထားသော တရုတ်နိုင်ငံအလယ်ပိုင်းရှိ အကြီးဆုံးအပန်းဖြေဥယျာဉ်ဖြစ်သည်။

ဒါကအခုသူ့ပိုင်ဖြစ်သွားတာလား?

၁ ယွမ်ကတ်ကိုသုံးစွဲလိုက်ရင် ယွမ် သန်း ၁၀၀ ရနိုင်သည် ။

တစ်နည်းအားဖြင့်ဆိုရသော် ဟေးတီအတွက် ပစ္စည်းတွေ အများကြီးဝယ်ပေးခဲ့တယ်ဆိုပေမဲ့သန်းအနည်းငယ်သာကုန်ကျခဲ့သည်။အခုတော့သူကအဲ့ထက်အဆပေါင်းများစွာတန်ဖိုးရှိသည့်ဟာကိုသူရခဲ့သည်။

ထိုအချိန်တွင် ဟေးတီသည် ပျော်ရွှင်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။

လင်းဖန်၏ထူးဆန်းသောအပြုအမူကိုသူမသတိပြုမိလိုက်ပြီး “မင်းဘာဖြစ်နေတာလဲ?”

လင်းဖန်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး “စိတ်ဝင်စားစရာတစ်ခုတွေ့လို့ပါ..”

ထို့နောက် သူသည် လက်ကောက်ဝတ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “အချိန်နီးနေပြီဆိုတော့ ညစာသွားစားကြရအောင်၊ လူတချို့နဲ့ အတူစားဖို့ချိန်းထားတယ်” လို့ ပြောလိုက်သည်။

“ကောင်းပြီ။” ဟေးတီ က ပြောသည်။

ထို့ကြောင့် လင်းဖန် သည် Mercedes-Benz Big G(ကား) ကို မောင်းနှင်ပြီး အင်ပါယာဟိုတယ်ဆီသို့ ဦးတည်သွားခဲ့သည်။

အဲဂရု၏ ဥက္ကဌ မလေး က သူနှင့်အတူ ဤနေရာတွင် ထမင်းစားရန် ချိန်းဆိုခဲ့သည်။

လင်းဖန်သည် ကားကိုရပ်လိုက်ပြီး အင်ပါယာဟိုတယ် တံခါးဆီသို့ လျှောက်သွားလိုက်သည်။

အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသော အမျိုးသားတစ်ဦးသည် သူ့တို့မျက်နှာချင်းဆိုင်မှထွက်လာကာ အံ့သြစွာဖြင့် “ဟေးတီမလား!”

“ဝမ်ဟူ?” ဟေးတီ က ပြောလိုက်သည်။

ဟေးတီ ၏ လှပသော မျက်နှာကို ကြည့်လိုက်ရာ ဝမ်ဟူ သည် သူ့မျက်နှာပေါ်တွင် လောဘတက်နေတဲ့အကြည့်ကို ပြသလိုက်သည်။

ဒါပေမယ့် သူက အမြန်ပြန်ဖိနှိမ့်လိုက်ကာပြုံးပြပြီး “ဟားဟား။ဟေးတီမင်းကိုဒီမှာတွေ့မှာကိုမမျှော်လင့်ထားဘူး၊ ငါတို့နှစ်ယောက် တက္ကသိုလ်ကျောင်းပြီးကတည်းက မတွေ့ဖြစ်တာ နှစ်အတော်ကြာနေပြီမဟုတ်လား?”

“မင်း လုံးဝ မပြောင်းလဲသေးဘူးပဲ!”

“မဟုတ်ဘူးမှားလို့၊နင်က အရင်ကထက် ပိုငယ်ပြီး ပိုလှလာတယ်!”

ဟေးတီ က “နင်အရမ်း ချဲ့ကားလွန်းနေပါပြီ။”

“ချဲ့ကားတာမဟုတ်ဘူးဒါက အမှန်တရားပဲလေ” ဝမ်ဟူ က လေးလေးနက်နက် ပြောလိုက်သည် ။

ဝမ်ဟူသည် သူ့ဘေးတွင် ရပ်နေသော လင်းဖန်ကိုသာ မြင်လိုက်ရတော့”ဟုတ်သားပဲ၊သူက” ဟု မေးလိုက်သည်။

လင်းဖန်က “ကျွန်တော်က လင်းဖန် ပါ၊ဟေးတီ ရဲ့ ချစ်သူ”

ဒါကိုကြားတော့ဝမ်ဟူ၏ မျက်နှာ သည်အနည်းငယ် ညှိုးသွားပြီး “မထင်မှတ်ထားဘူးဟေးတီနင့်မှာရည်းစားရှိတယ်ဆိုတာ၊ဒါနဲ့ မစ္စတာလင်းကအခုဘာလုပ်နေလဲ”

“ကျွန်တော်ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။” လင်းဖန်က ပြောလိုက်သည်။

ဝမ်ဟူသည် ထိုစကားကိုကြားသောအခါတွင် သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသောအမူအရာတစ်ခု ပေါ်လာခဲ့သည်။

သာမန်လူတွေရဲ့အမြင်မှာတော့တက္ကသိုလ်ကျောင်းသားတွေက အရမ်းထူးခြားရင်ထူးခြားနေလိမ့်မယ်။

သို့သော် ဝမ်ဟူ၏မျက်လုံးထဲမှာတော့ကောလိပ်ကျောင်းသားဆိုတာကဘာမှမဟုတ်ပေ။

ဒါပေမယ့် သူက “ဒါဆိုကျန်ပေ့တက္ကသိုလ်က ကျောင်းသားပေါ့။ ကျောင်းသားအကြောင်းပြောရင်ဟေးတီက ကျောင်းမှာ ကျောင်းသားတွေကိုစီမံခန့်ခွဲတဲ့ မြင်ကွင်းကို မမေ့နိုင်ဘူး”

“အဲဒီတုန်းက ငါတွေးနေတာက ဟေးတီလို ပြီးပြည့်စုံတဲ့ လူတစ်ယောက်ကဘာလို့ ဒီကမ္ဘာကြီးမှာရှိနေတာလဲပေါ့၊ လှပရုံသာမက အရည်အချင်းလည်း ရှိတယ်။”

“စကားမစပ်၊ ငါဘွဲ့ရပြီးနောက်အင်တာနက်ကုမ္ပဏီတစ်ခုကို စတင်ထူထောင်ပြီးလုပ်ခဲ့တယ်၊ အခု ငါမှာ ဒုဥက္ကဌတစ်ယောက်မရှိဘူးဟေးတီမင်းလာချင်လား”

ဟေးတီ က ခေါင်းခါပြလိုက်ပြီး “တောင်းပန်ပါတယ် ငါဘွဲ့ရပြီးကတည်းက အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ၊ အင်တာနက်ကုမ္ပဏီတွေအကြောင်း ငါဘာမှမသိဘူး။ ဒါကြောင့်နင်တို့ရဲ့ဒုဥက္ကဋ္ဌကိုယူဖို့ကမဖြစ်နိုင်ဘူး”

ဝမ်ဟူက “ဒီဟာကကိစ္စမရှိပါဘူးမင်းဒုဥက္ကဌရဲ့အလုပ်အတွက်သင်ပြပေးဖို့တစ်ယောက်ကိုငှားလိုက်ရင်ရတာပဲ။ပြီးတော့မင်းရဲ့စီမံခန့်ခွဲမှုစွမ်းရည်နဲ့ကလုံးဝ ပြဿနာရှိမှာမဟုတ်ဘူး!”

ပြီးနောက်သူကလင်းဖန်ကို “မင်းဟေးတီ ကို လက်ဝတ်ရတနာကိုဝယ်ပေးသင့်တယ်ဆိုတာငါသိပါတယ်၊ မင်းက ဟေးတီ ကို လှလှပပ ၀တ်ဆင်ပြီး လူစုလူဝေးတွေမှာအဆွဲဆောင်နိုင်ဆုံး အမျိုးသမီး ဖြစ်အောင်လုပ်ပေးတယ်ဆိုတာငါသိပါတယ်။”

“ဒါပေမယ့် ဟေးတီက ဒီဖန်စီလက်ဝတ်ရတနာတွေကို ၀တ်ဆင်ထားတာကြောင့် သူမကို လှပစေမှာမဟုတ်ဘဲ သူမကို လူတွေကရင်ထဲမှာရယ်မောနေလိမ့်မယ်”

“တစ်ကာရက် စိန်ကိုသာ ၀တ်ထားလိုက်ရင် သူမကအရမ်းကိုလှပသွားလိမ့်မယ်!”

ဝမ်ဟူ သည် ဟေးတီဝတ်ဆင်ထားသော လည်ဆွဲ၊ လက်ကောက်နှင့် နားကပ်များသည် ဖန်စီပစ္စည်းများဖြစ်ကြောင်း ထင်ရှားသည်။

သူဒီလိုတွေးတာလဲအဆန်းတော့မဟုတ်ပေ။

ဟေးတီ သူမဟာ အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်လို့ပဲ ပြောခဲ့သည်။

အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တာကဝင်ငွေဘယ်လောက်ရနိုင်မှာမလို့လဲ။

စိန်လက်ဝတ်ရတနာ အပြည့်အစုံကို ဘယ်လိုလုပ်တတ်နိုင်မလဲ။

လင်းဖန်သည် ကျောင်းသားတစ်ဦးသာဖြစ်သောကြောင့် စိန်လက်ဝတ်ရတနာအားလုံးကို ဝယ်နိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ချမ်းသာသောဒုတိယမျိုးဆက်ဖြစ်ရင်တောင် ဒီလိုဝယ်ပေးမှာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝမ်ဟူ သည် ချမ်းသာသော ဒုတိယမျိုးဆက်တွေရဲ့မိသားစုသည် အလွန်စည်းကမ်းတင်းကျပ်ကြောင်းကို ကောင်းစွာသိပြီး တန်ဖိုးကြီးသော လက်ဝတ်ရတနာများကို တစ်ကြိမ်တည်းအပြီးဝယ်ရန် ပိုက်ဆံများစွာ ပေးဆောင်ရန်မှာမဖြစ်နိုင်သောကြောင့်ဖြစ်သည်။

ဝမ်ဟူ က “တောင်းပန်ပါတယ်၊ ငါနည်းနည်းတည့်တိုးဆန်သွားတယ်။ ဒါပေမယ့် ဒါက တကယ်မှန်တရားလေ၊အခြေခံအုတ်မြစ်တစ်ခုအနေနဲ့ အသက်မွေးဝမ်းကြောင်းမရှိရင် အချစ်ဆိုတဲ့အရာက ဘယ်လိုတည်မြဲနိုင်မှာလဲ။ လင်းဖန်မင်းက ကောလိပ်ကျောင်းသားတစ်ယောက်ဆိုတော့ ဒီအမှန်တရားကို မင်းပိုပြီးနားလည်သင့်တယ်။”

“မင်း ဟေးတီ ကို အချိန်တိုင်းပျော်ရွှင်စေချင်ရင် သူမ ကို ငါတို့ကုမ္ပဏီမှာ ဒုဥက္ကဌအဖြစ် လိုက်ခိုင်းဖို့အကြံပေးတယ်။ မင်းဘွဲ့ရပြီးရင် လဲငါတို့ကုမ္ပဏီမှာ အလုပ်လာလုပ်လို့ရတယ်။ ဒီနည်းနဲ့ မင်းရဲ့အချစ်ကို ထာဝရတည်မြဲစေနိုင်မယ်လို့ ငါယုံကြည်တယ်!”

“ငါတို့ကုမ္ပဏီရဲ့ အင်အားကို မင်းမသိသေးဘူးမလား။ငါကအဲဂရုရဲ့ ရင်းနှီးမြှုပ်နှံမှုကို အခုမှပဲ ရခဲ့တယ်၊ အနာဂတ်မှာငါတို့ကုမ္ပဏီကအာရှမှာတောင်နာမည်ကြီးလာလိမ့်မယ်။အဲ့အချိန်ကျရင် မင်းတို့အားလုံးကကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ ဖြစ်ချင်ဖြစ်လာမှာပေါ့။အဲ့အခါကျရင်လွတ်လပ်ပြီးချမ်းသာတာကို ပါနားလည်ပြီး ထာဝရ ပျော်ရွှင်နိုင်မှာပါ!”

ဝမ်ဟူသည်လင်းဖန်ကဟေးတီကို သူ့ကုမ္ပဏီမှာလုပ်အောင်ဆွဲဆောင်မည်ဟု ယုံကြည်သည်။

ယခုအချိန်မှာတော့လင်းဖန်၏ မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာများဖြင့်ပြည့်နက်နေသည်။

အခုဟေးတီဝတ်ထားတဲ့ လက်ဝတ်ရတနာတွေကို လှောင်ရယ်နေတာလား။

အခြားသူများကို အံ့အားသင့်စေရန် 1 ကာရက် စိန်ကို ၀တ်ဆင်ရမည်လား။

သူမှတ်မိတာမှန်ရင် လည်ဆွဲနဲ့ လက်ကောက်တွေကို ဖယ်ထားရင်တောင်မှဟေးတီ ရဲ့ နားကပ်တွေကို စိန်နှစ်ကာရက်တစ်ရံနဲ့ ပြုလုပ်ထားတာ မဟုတ်ဘူးလား။

ဒီလိုစိန်ကြီးနဲ့ဟာကိုလှောင်ပြောင်နေတာလား?

စိန်သေးသေးလေးက အံ့သြစရာကောင်းတာလား။

ဒါဆို ဘာအကြောင်းကြောင့်ဟေးတီကိုဒီခွေးကောင်ရဲ့ကုမ္ပဏီမှာ အလုပ်သွားခွင့်ပြုလိုက်ရမှာလဲ။

သူ့မကိုယ်တစ်လ ၁ သန်း ဒါမှမဟုတ် ၅ သန်း ပေးမှာမို့လား။

10 သန်းပေးတောင် သူလုပ်ခိုင်းမည်မဟုတ်ပေ။

နောက်ဆုံးမှာတော့သူ့ကုမ္ပဏီက အဲဂရုရဲ့ ရင်းနှီးမြုပ်နှံမှု ရထားတာလေးပဲလေ။

သူသည် အဲဂရု ၏ ရှယ်ယာ 10% ကို ပိုင်ဆိုင်ပြီး အဲဂရု ၏ အကြီးဆုံး ရှယ်ယာရှင်လည်း ဖြစ်သည်။

တစ်နည်းအားဖြင့် သူ့ကုမ္ပဏီမှာသူ့ကရင်းနှီးမြှုပ်နှံနေတာလား။ဒီလိုကုမ္ပဏီမှာသူ့ကောင်မလေးကိုလုပ်ခိုင်းရမှာလား။

မနက်ကျရင်၃ပိုင်းသေချာလာပါမယ်။စောင့်ပေးပါဗျ။နှစ်ပိုင်းတင်ဖို့တစ်ပိုင်းကိုဖျက်မိသွားလို့ပါ။

All Chapters