← Chapters

လှုပ်ရှားမှုဖြစ်စေခြင်း

Vol. 006 Ch. 582

လှုပ်ရှားမှုဖြစ်စေခြင်း

Vol. 006 Ch. 582

ထိုလူသည် စကားပြောရန်အကြိမ်အနည်းငယ် ကြိုးစားသော်လည်း စကားလုံးများ ထွက်မလာပေ။ ထို အဖြစ်အပျက်သည် သူတို့အတွက် မည်မျှအကျိုးသက်ရောက်သည်ကိုတော့ ပြောရန်ပင်မလိုတော့ပေ။

“အဲမျိုးနွယ် ပြန်ပေါ်လာတာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့က မျိုးနွယ်ကြီးတွေရဲ့ သုတ်သင်မှုကို ခံလိုက်ရပြီးပြီလေ၊ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ”

“ငါတို့ မှန်းတာမှားပါစေလို့ မျှော်လင့်ပါတယ်”

“ငါတို့်က မြေခွေးနတ်ဆိုးကို ဖမ်းဖို့လာတာ ဒါပေမဲ့ သူတို့လူတွေအကုန်သေနေကြပြီ ငါတို့ ဘယ်သွားရှာ ကြမလဲ”

“အဲဒီမြေခွေးနတ်ဆိုးပေါ်လာရင် တစ်ယောက်ယောက်ကတော့မြင်မိမှာပဲ သတင်းစုံစမ်းရအောင်”

မြေခွေးနတ်ဆိုးသည် သန့်ရှင်းသောနတ်ဆိုးမျိုးနွယ်ဝင်၏ မျိုးဆက်များဖြစ်ကြသည်။

“ဒီက အခြေအနေကို ဘယ်လိုလုပ်ကြမလဲ”

“ငါတို့မျိုးနွယ်ဆီကို ပြန်သွားပြောမယ် သူတို့ဆုံးဖြတ်လိမ့်မယ်”

“အဲလိုလုပ်ဖို့ပဲရှိတာပဲ၊ တစ်ယောက်ယောက်လာနေပြီ အရင်ဆုံးဒီကနေသွားကြမယ်”

ထိုလူ၂ယောက် နေရာမှပျောက်သွားသည်နှင့် နတ်ဆိုးများသည် တစ်ခဏအတွင်းရောက်လာကြသည်။ ထိုအခြေအနေအားမြင်ပြီးနောက် သူတို့သည် အံ့သြသွားကြကာ သူတို့၏ အထက်လူကြီးများကို ချက်ချင်းပင် ဆက်သွယ်ကြလေသည်။

ရှီမာယူယူနေခဲ့သော တည်းခိုဆောင်၏ တာဝန်ခံသည် ကိစ္စတော်တော်များများ ကြုံလိုက်ရသည်။ အရင်က ဆိုလျှင် ထိုနေရာသို့ အရေးပါသော လူများရောက်လာခဲသည်။ သို့သော် မြေခွေးနတ်ဆိုး နေသွား သောကြောင့် အုပ်စု ၁၀ခုကျော်သည် သတင်းရပြီး ရောက်လာကြသည်။ တချို့မှာ နူးညံ့သော်လည်း တချို့မှာ ကြမ်းတမ်း သည်။ သူသည် ထိုလူများလက်ထဲတွင် အသက်ဆုံးရှုံးတော့မလိုဖြစ်သည်မှာ နှစ်ကြိမ်ရှိ ပြီဖြစ်သည်။

ဒီနေ့တွင် အားလုံးထွက်သွားပြီးနောက် တာဝန်ခံသည် ထပ်ပြီးအသက်အန္တရာယ်ကြုံတွေ့ရသည်။ သူသည် ပြဿနာများမှ ရှောင်ထွက်ရန် တည်းခိုဆောင်ကို ၁နှစ်ပိတ်ရန်ဆုံးဖြတ်လိုက်သည်။

လူသားလောကကိုသွားရန် အတားအဆီးများကို ဖြတ်ကျော်သည့် သူများ နတ်ဆိုးလောကတွင် အများ အပြားရှိသော်လည်း အခုလောက် အန္တရာယ်များသည့် အခြေအနေကို တစ်ခါမှ မခံစားဖူးပေ။

သူ ဆက်သိရသည်မှာ သူတို့ ၃ယောက် ဒီနေရာသို့ လာပြီးနောက်တွင် နတ်ဆိုးလောကသည် အထက် အောက် လှန်ပစ်လိုက်သလိုပင်။

မြေခွေးနတ်ဆိုးပေါ်လာသည်ဆိုသည့် သတင်းသည် နတ်ဆိုးလောကတွင် လျင်မြန်စွာပင် ပျံ့နှံ့သွားလေ သည်။ မြေခွေးနတ်ဆိုးပေါ်မလာသည်မှာ နှစ် ၁သောင်းနီးပါးရှိပြီဖြစ်သည်။ ထို့ကြောင့်ပင် သတင်းပထမဆုံးရသူ များအပါအဝင် တခြားအုပ်စုများသည်လည်း မြေခွေးနတ်ဆိုးအားရှာဖွေရာတွင် ပါဝင်လာကြသည်။

သို့သော် မြေခွေးနတ်ဆိုးသည် မြို့မှထွက်ခွာသွားပြီဖြစ်သဖြင့် သူမ၏ ခြေရာပင်ဖမ်းမိသည့်သူမရှိလိုက် ပေ။

ထိုအချိန်တွင် ရှီမာယူယူသည် အပျက်အစီးများရှေ့တွင်ရပ်ကာ ဟွာရှုံနှင့် သူ့အစ်ကိုတို့ ဝမ်းနည်းစွာ ငို နေသည်ကို ကြည့်နေခဲ့သည်။

ထိုအချိန်တွင် သူမသည် အဝတ်အစားများလဲပြီးကာ သူမ၏ ချိုများကို နားရွက်ရှည်များအဖြစ် ပြောင်း လိုက်ပြီဖြစ်သည်။ သူမအနောက်ဘက်တွင် အမြီးရှိနေကာ နောက်ကျောဘက်သည် အမွေးများရှိနေသေးသည်။

သို့သော် ဟွာရှုံနှင့် သူ့အစ်ကိုကို သတိရသွားသဖြင့် သူမသည် အမွေးများကို အနက်ရောင်ပြောင်းလိုက် လေသည်။ သူမ အရောင်ဆိုးမည့်အကြံဖြစ်မလာသည်မှာ ရက်များစွာရှိနေပြီ။

ရှီမာယူယူ၏ အသွင်ပြောင်းမှုနှင့်အတူ အိမ်မက်လေးနှင့် မိုရှားသည်လည်း အသွင်ပြောင်းရမည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် ထိုပံစံအတိုင်း မွေးဖွားခဲ့သဖြင့် ပြောင်းလဲရန် ခက်သည်။ ဟွာရှုံသည် အသွင် ပြောင်းရာတွင် ကျွမ်းကျင်၍တော်သေးသည်။ သူသည် အသွင်ပြောင်းပြီးနောက်တွင် သူတို့သည် လုံးဝကွဲပြား သွားတော့သည်။

သူတို့အသွင်ပြောင်းပြီးနောက်တွင် အားလုံးရှေ့တွင် ထပ်ပေါ်လာသည်။ ထို့နောက်တွင် သူတို့သည် သူတို့မျိုးနွယ်ခေါင်းဆောင်ရောက်နေသည်ဟု သတင်းကြားထားသဖြင့် မျိုးနွယ် ခေါင်းဆောင်အားတွေ့ရန် ဟွာ မျိုးနွယ်သို့ တိုက်ရိုက်သွားကြလေသည်။

“အဲဒါက.. ကိုယ့်လူတို့ ဝမ်းမနည်းကြပါနဲ့ မင်းတို့မျိုးနွယ်ခေါင်းဆောင် အသက်ရှင်နိုင်မလား မသိနိုင်ဘူး လေ” ရှီမာယူယူသည် စိတ်ဓာတ်ကျနေသော ညီအစ်ကိုနှစ်ယောက်အားကြည့်ပြီးနောက် သူမ၏ အဘိုးနှင့် အစ်ကိုများ ပြန်ပေးဆွဲခံရသည့်အဖြစ်ကိုတွေးမိကာ ပျက်ဆီးနေသော အိမ်တော်ရှေ့တွင် ရပ်ပြီးပြောလိုက်သည်။ သူမသည် သူတို့အား အားပေးရုံပင်တတ်နိုင်သည်။

“ဘယ်သူက မင်းတို့ကိုတိုက်တာလဲ” မိုရှားမေးလိုက်သည်။

“ဇူမျိုးနွယ်” ဟွာဂျင်းပြောလေသည်။

ဇူမျိုးနွယ်ဟု ကြားသည်နှင့် မိုရှားမျက်မှောင်ကြုတ်လိုက်သည်။

“မင်းလက်အောက်က မျိုးနွယ်ပဲလား” ရှီမာယူယူ မေးလိုက်သည်။

“သူတို့က သစ္စာခံတာပြောင်းလိုက်ပြီ၊ ဘုရင်ဆုံးသွားပြီးတဲ့ အချိန်တိုအတွင်းမှာပဲ သူတို့က တော်ဝင် မိသားစုရဲ့ လက်အောက်ဝင်သွားတယ်” ဟွာရှုံ ပြောလေသည် “အဲဒါတင်မဟုတ်သေးဘူး သူတို့က တခြား သစ္စာတော်ခံ မျိုးနွယ်တွေကိုလည်း စွန့်ပစ်လိုက်တယ်၊ ဆန္ဒမရှိတဲ့သူတွေကို ဖိအားပေးတယ်၊ တချို့က သူတို့ ဖိအားပေး ခြိမ်းခြောက်တာကို မခံနိုင်လို့ တော်ဝင်မိသားစုရဲ့ ခွေးတွေဖြစ်လာကြတယ်၊ သစ္စာတော်ခံ မပြောင်း ချင်တဲ့ သူတွေကိုတော့ တော်တော်များများ သုတ်သင်လိုက်ကြတယ်၊ ပုန်းနေတဲ့သူတွေပဲ အသက်ရှင်တယ်”

“အဲလူတွေ ရှိသေးလား” ရှီမာယူယူ မေးလိုက်သည်။

“အဲနှစ်က ပုန်းနေတဲ့လူတွေက အရမ်းအားကောင်းကြတယ်၊ တော်ဝင်မိသားစုတွေလည်း သူတို့ကို ဖိအားပေးဖို့ နည်းလမ်းမရှိဘူး၊ နှစ်တွေအများကြီးကြာပြီးတော့ အဲဒီလျှို့ဝှက်မျိုးနွယ်တွေ ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့တောင် မသိတော့ဘူး” ဟွာဂျင်းပြောလေသည်။ “ဒါပေမဲ့ အဲနှစ်က ဘုရင်ရဲ့ နောက်လိုက်တွေလိုပဲ အကြီးအကဲတွေကတော့ သိမယ်လို့ယုံတယ်၊ သခင်လေး သူတို့ကိုရှာချင်ရင် ကျွန်တော်တို့ လူကြီးတွေကို ရှာပေး ပါမယ်”

“ဒါပေမဲ့ နတ်ဆိုးလောကက အရမ်းကြီးတယ်၊ မင်းတို့ အကြီးအကဲတွေတောင် ခေါ်သွားခံရလားမသိတာ သူတို့ခေါ်သွားခံရရင်တောင် ဘယ်ကိုခေါ်သွားခံရလဲဆိုတာ ငါတို့မသိဘူး၊ သူတို့ကို ဘယ်သွားရှာမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့ နေရာက ဖျက်ဆီးခံလိုက်ရပြီ မင်းတို့မျိုးနွယ်ရဲ့ အခြေအနေကိုလည်း သိရ တာမဟုတ်ဘူး”

ဟွာရှုံနှင့် သူ့အစ်ကိုတို့သည် စိတ်ဓာတ်ကျသွားလေသည်။ ဟုတ်သည်၊ သူတို့၏ အိမ်တော်သည် ဖျက်ဆီးခံလိုက်ရပြီ။ တခြားသူများရှိသည့်နေရာကိုလည်း မသိကြပေ။

မိုရှားသည် ဘာမှမပြောပေ။ သူသည် အပျက်အဆီးများကြားသို့ လျှောက်သွားပြီး လက်နှစ်ဖက်ဖြင့် ချိပ် ပိတ်လိုက်သည်။ သူ့ဘေးမှ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ပျက်စီးသွားသယောင်ရှိသည်။ သူ့ပုံရိပ်သည်ပင် လျှင် အနည်းငယ် ထိုးဖောက်မြင်ရလေသည်။

“ဒါက…” ဟွာရှုံသည် အသက်ပြင်းပြင်းရှုကာ ပုံရိပ်အဖြစ်ပြောင်းနေသော နေရာအား ကြည့်နေခဲ့သည်။ ပုံရိပ်များမှတစ်ဆင့် သူတို့သည် တိုက်ခိုက်မှုများကို မြင်ရလေသည်။ အားလုံးအသတ်ခံရပြီးနောက်တွင် သူတို့ သည် အိမ်နှင့် လူများကို မီးရှို့လေသည်။ အပြီးသတ်ရောက်တော့မည့်အချိန်တွင် သူတို့သည် ဟွာမျိုးနွယ်၏ အကြီးအကဲများကို ခေါ်ပြီး ထွက်သွားလေသည်။

ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ပျက်ဆီးသောနေရာသည် ကျန်နေခဲ့သည်။ မိုရှား၏ ခန္ဓာကိုယ်သည် အပျက်အဆီးများကြားတွင် ပြန်ပေါ်လာသည်။

“မင်းသေချာမြင်လိုက်ရလား” သူသည် ဟွာရှုံနှင့် တခြားသူများကို မေးလိုက်သည်။

“မြင်လိုက်ရတယ် တကယ်ပဲ ဇူမျိုးနွယ်ဝင်တွေပဲ” ဟွာရှုံ ပြောလိုက်သည်။

“နောက်ဆုံးမှာ ခေါ်သွားခံလိုက်ရတာက မင်းတို့ရဲ့ မျိုးနွယ်အကြီးအကဲတွေလား” ရှီမာယူယူ မေးလိုက် သည်။

“ဟုတ်ပါတယ်” ဟွာဂျင်း အတည်ပြုလေသည် “သူတို့ နောက်ဆုံးပြောသွားတဲ့ပုံဆိုရင် သူတို့က သွေး မြေပြင်မြို့တော်ကိုခေါ်သွားချင်တာနဲ့ တူတယ်”

“သွေးမြေပြင်မြို့တော်ဟုတ်လား” ညီအစ်ကိုနှစ်ယောက်၏ အမူအရာများ မကောင်းသည်ကို ရှီမာယူယူ မြင်သည်နှင့် တစ်စုံတစ်ခုရှိရမည်ဟု ခံစားမိပြီး “အဲမှာ အရမ်းအန္တရာယ်များတာလား”

“အဲမှာ ဇူမျိုးနွယ်ရဲ့ ပင်မမိသားစုရှိတယ်” ဟွာဂျင်းရှင်းပြလေသည် “ပြီးတော့ နောက်ဆုံးသူတို့ ပြောသွား တာက မိတ်ဆွေအဟောင်းတွေကို သွားတွေ့မယ်တဲ့၊ အဲဒါက အကြီးအကဲတွေက သူတို့ ပထမဆုံး ဖမ်းသွားတာ မဟုတ်ဘူးပဲ၊ သူတို့က အကြီးအကဲတော်တော်များများကို ဖမ်းပြီးဘယ်ကိုသွားကြတာလဲ”

“တော်ဝင်မိသားစု” မိုရှား ပြောလိုက်သည်။

ရှီမာယူယူသည် ထိုမျိုးနွယ်ရော မျိုးနွယ်ခေါင်းဆောင်ကို မရင်းနှီးပေ။ သို့သော် ဟွာဂျင်း၏ စကားလုံးများ နှင့် အမူအရာမျာကို ကြည့်ပြီး မလွယ်သည်ကိုတော့ ပြောနိုင်သည်။

“ဒါဆို ငါတို့ သူတို့အကြီးအကဲတွေကို ကယ်ဖို့ သွေးမြေပြင်မြို့တော်ကို သွားရမှာလား”

“ကျွန်တော်တို့ အကြီးအကဲတွေကို မြန်မြန်ကယါရမယ် ဒါပေမဲ့ အရင်ဆုံး ကျွန်တော်တို့ မျိုးနွယ်အကြား မှာဖြစ်ခဲ့တာတွေကို ပြောပြရမယ်၊ သွေးမြေပြင်မြို့တော်ကို ဒီအတိုင်းသွားလို့မရဘူး၊ အရင်ဆုံး သေချာပြင်ဆင် ရမယ်” ဟွာဂျင်းပြောလေသည်။

“ဒါဆို မင်းတို့ ပင်မမိသားစုဆီအရင်သွားရအောင်” မိုရှားသည် ထိုစကားပြောပြီးနောက် လှည့်ထွက်လေ သည်။

ရှီမာယူယူသည် သူ့နောက်လိုက်လေသည်။ ထိုနေရာတွင် လူသားလောကကဲ့သို့ မြို့တစ်မြို့တွင် ဖြတ်လမ်းတည်ဆောက်မှုတစ်ခုရှိသကဲ့သို့မဟုတ်ပဲ တည်ဆောက်မှုအနည်းငယ်သာရှိသည်။ သူတို့သည် ဝိဉာဉ် မိစ္ဆာပျံကိုသာ မှီခိုရသည်။

သို့သော် သူတို့ အဝေးသို့မရောက်ခင်တွင် လူတစ်စု၏ အဝိုင်းကိုခံလိုက်ရလေသည်။

“မင်းတို့က ဘယ်သူတွေလဲ” ဟွာရှုံမေးလိုက်သ်ည။

“ငါတိုု့ဘယ်သူတွေလဲဆိုတာ မင်းမှာမေးခွင့်မရှိဘူး သူမကို ဒီကိုလွှဲပေးလိုက်” ပထမဆုံးလူသည် ရှီမာယူယူအား ညွှန်ပြကာ ပြောလေသည်။

All Chapters