← Chapters

မှားယွင်းအသွင်ယူမှု၏ သက်ရောက်မှုများ

Vol. 006 Ch. 583

မှားယွင်းအသွင်ယူမှု၏ သက်ရောက်မှုများ

Vol. 006 Ch. 583

သူမကို ကြည့်ပြီးလား။

ရှီမာယူယူသည် ခံရခက်စွာ မျက်တောင်ခတ်လိုက်သည်။ သူမသည် သူမ၏ ပုံစံကို ပြောင်းပြီးဖြစ်နေ သည်ကို သူမကိုဘာကြောင့်ရှာရတာလဲ။

သူမက မိန်းကလေးဖြစ်နေတာကြောင့်လား။

သူမ အလင်းအရည်အချင်းစွမ်းအင်ကို ရုတ်သိမ်းပြီး ထင်ယောင်ထင်မှားပုံသွင်းပြီးကတည်းက သူမ သည် မိန်းကလေးအဝတ်အစားသာဝတ်ခဲ့သည်။ မဟုတ်လျှင် သူမသည် အမျိုးသားနတ်ဆိုးအသွင်ပြောင်းလိုက် ပါက အလွန်ပင်ကြည့်ရဆိုးနိုင်သည်။

“ငါ့ကို ဘာလို့ရှာတာလဲ၊ မင်းတို့ကို သိတောင်မသိဘူး” သူမသည် သူတို့၏ အော့အန်ချင်လောက်သော အကြည့်ကို မြင်လိုက်သည်။ သူမသည် မသိမသာပင် မိုရှား၏ အနောက်တွင်ပုန်းလိုက်သည်။

“ကျောက်စိမ်းအနက်မင်းသမီး ကျွန်တော်က ရန်မများချင်ဘူး မင်းသမီးသာ နတ်ဆိုးလောကထဲရောက် နေတယ်ဆိုရင် ကျွန်တော့်ဆရာလက်ထဲက ပြေးမလွတ်ပါဘူး” ထိုလူ ပြောလိုက်သည်။

“ကျောက်စိမ်းအနက်မင်းသမီးဟတု်လား အဲဒါ ဘယ်လိုမျိုးကြီးလဲ”

“ကျောက်စိမ်းအနက်က နတ်ဆိုးမျိုးနွယ်က သွေးသားမြင့်မြတ်တဲ့ မျိုးနွယ်ပဲ သူတို့က ရှေးဟောင်း အံ့ဖွယ်မိစ္ဆာဟူရဲ့ သွေးသားပဲ၊ သူတို့အင်အားက အရမ်းသန်မာတယ်၊ ဒါပေမဲ့ သူတို့အခြေအနေကတော့ သိပ် မကောင်းဘူး” မိုရှားသည် ရှီမာယူယူ မသိသည်ကို သိသဖြင့် သူမ ကြားလောက်သည်အထိ ခေါင်းငုံ့ပြီး ရှင်းပြ လေသည်။

သူမ၏ နားရွက်ရှည်များနှင့် အဝတ်များကို ဆုပ်ကိုင်ထားသော အမွေးရှိသော လက်များသည် ကျောက်စိမ်းအနက်မျိုးနွယ်နှင့် တူနေလေသည်။

“အဲဒါက ဟိန်းသံလေးရဲ့ အလင်းအရည်အချင်း အံ့ဖွယ်မိစ္ဆာမျိုးနွယ်မဟုတ်လား” ရှီမာယူယူသည် အလင်း မိစ္ဆာနှင့် အမှောင်မိစ္ဆာတို့ သွေးသားမည်ကဲ့သို့ အဆက်အစပ်ရှိသည်ကို နားမလည်တော့ပေ။

“နောက်ကျရင် နားလည်လာမှာပါ”

မိုရှားသည် ထပ်ပြီးမပြောတော့ပေ။ သူမသည် နှုတ်ခမ်းတွန့်လိုက်ပြီး သူတို့ကို အော်လိုက်လေသည် “ငါ က မင်းတို့ရဲ့ မင်းသမီးမဟုတ်ဘူး မင်းတို့မှားနေပြီ”

“ဒီလိုပုံစံနဲ့ ပြီးတော့ မင်းသမီးက လူသားစကားလည်း ပြောနိုင်သေးတယ်၊ အဲဒါ ကျောက်စိမ်းအနက် မင်းသမီး အပြင်မရှိနိုင်ဘူး” လူစု၏ ခေါင်းဆောင်ဖြစ်သူသည် တခြားလူများကို လက်ဝေ့ပြလိုက်သည် “သူတို့ကို ပြန်ခေါ်ခဲ့”

“ကျန်းမိသားစုတွေလုပ်တာက မင်းသမီးကို နှောင့်ယှက်ဖို့မဟုတ်ပါဘူး” ထိုလူက ပြောလိုက်လေသည် “အစတုန်းက ကျောက်စိမ်းအနက်မင်းသမီးက တစ်ယောက်တည်းလို့ကြားတာ၊ မင်းတို့တွေ မင်းသမီးနဲ့ရှိနေမယ် လို့မထင်ထားဘူး၊ မင်းတို့ အရင်ကပဲသိခဲ့သိခဲ့ အခုမှပဲတွေ့တွေ့ ဒီအဖြစ်အပျက်ကို တွေ့လိုက်တာတော့ စိတ် မကောင်းဘူး၊ ကျောက်စိမ်းအနက်မင်းသမီးကလွဲရင် ဘယ်သူမှ အသက်မရှင်ရဘူး”

“ဟုတ်ကဲ့”

ကျန်းမိသားစု၏ အင်အားသည် မနည်းလှပေ။ သို့သော် အိမ်မက်လေးရှေ့ရောက်သောအခါ မပြောပ လောက်ပေ။ ရှီမာယူယူသည် သူမရှေ့တွင် ပုံရိပ်တစ်ခုဖြတ်သွားသည်ကို မြင်လိုက်ပြီးနောက်တွင် ထိုလူများ သည် လဲကျသွားလေသည်။

“ဟင် အိမ်မက်လေးက ယူယူ့ကိုအနိုင်ကျင့်တဲ့လူတွေကို အရမ်းမုန်းတာ” အိမ်မက်လေးသည် ကလေး တစ်ယောက်ကဲ့သို့ နောက်ဆုံးလူအား ခြေဆောင့်နင်းလိုက်လေသည်။

ထို လူအသေးလေး ခုန်ထွက်လာသည်ကို ဟွာရှုံနှင့် ဟွာဂျင်းတို့သည် မှင်တက်စွာကြည့်နေခဲ့သည်။ အထူးသဖြင့် ဟွာရှုံသည် ပါးစပ်အဟောင်းသားဖြစ်နေလေသည်။

“အိမ်မက်လေး” ရှီမာယူယူ လက်ယက်ခေါ်လိုက်သည်နှင့် အိမ်မက်လေးသည် ထိုအလောင်းများကို လွှတ်လိုက်ပြီး ရှီမာယူယူ၏ ဘေးသို့လာလေသည်။

“ယူယူ မစိုးရိမ်နဲ့ အဲလူတွေက ယူယူ့ဆီကို ထပ်ပြီးမလာရဲတော့ဘူး” အိမ်မက်လေး၏ အတွေးမှာ ရိုးရှင်း သည်။ ယူယူ့အား ဖမ်းသွားချင်သော လူမှန်သမျှသည် လူဆိုးများဖြစ်သည်။

“ငါ..”

ရှီမာယူယူ ပြောမည်အလုပ်တွင် အရိပ်တစ်ခု လှုပ်ရှားလာရာ မိုရှားသည် ရုတ်တရက် သူမဘေးသို့ လာလေသည်။ သူ၏ ညာဘက်လက် လှုပ်လိုက်သည်နှင့် အနက်ရောင်အရိပ်သည် ဆွဲယူခံရကာ မိုရှားသည် လည်ပင်းညစ်ထားလေသည်။

“ခဏလေး” ရှီမာယူယူ အော်လိုက်သည်။ မိုရှားသည် လည်ပင်းညစ်ရာမှရပ်လိုက်သည်။

သူသည် ရှီမာယူယူ တားလိုက်သည့်အတွက် မကျေနပ်ကာ သူမကို ကြည့်လိုက်သည်။

“တစ်ဖက်အဖွဲ့ကို ငါတို့မသိရသေးဘူးလေ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်သွားကာ ရှင်းပြလေသည်။

“အင်း” အနက်ရောင်အရိပ်အား ဆုပ်ကိုင်ထားသော မိုရှား၏ လက်များသည် ပြေသွားရန် ကြိုးစားလိုက် သည်။

“သခင်မလေးက ကျောက်စိမ်းအနက်မင်းသမီးလား” ဟွာဂျင်းသည် အနက်ရောင်အရိပ်အား ကြည့်ပြီး မသေချာစွာ မေးလေသည်။

“ရွှီး” အနက်ရောင်အရိပ်သည် ဟွာဂျင်းအား သွားဖြဲပြလေသည်။ ထိုသည်မှာ ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းနေလေသည်။

သူ၏ တုန့်ပြန်မှုသည် သူမသည် ကျောက်စိမ်းအနက်မင်းသမီးဖြစ်ကြောင်းကို ပြသနေသည်။

ရှီမာယူယူသည် သူမကိုယ်သူမ သတိထားစဉ်းစားလိုက်သည်။ အာရုံငါးပါးကွဲလွဲသည်မှ လွဲပြီးကျန်အရာ များသည် ဆင်တူသည်။ ထို့ကြောင့်ပင် သူမအား ကျောက်စိမ်းအနက်မင်းသမီးနှင့် အထင်လွဲခြင်းဖြစ်သည်။

“ငါ့ကိုလွှတ်ပေး” ကျောက်စိမ်းအနက်မင်းသမီးသည် သူမ ခြေထောက်အားမြောက်ပြီး မိုရှားအား ကန် လိုက်လေသည်။

မိုရှား၏ မျက်လုံးများသည် မှောင်မိုက်သွားသည်။ သူသည် လက်ကိုဖြေပြီး ကျောက်စိမ်းအနက်မင်းသမီး အား ပစ်လိုက်သည်။ သူသည် မြေပေါ်သို့ အညှာတာမဲ့စွာ ကျသွားလေသည်။

“ကျွတ်”

ကျောက်စိမ်းအနက်မင်းသမီးသည် မြေပေါ်မှ ကိုယ်ဘာသာထလိုက်ပြီး ခရမ်းရောင်သွေးအနည်းငယ် အန်ထုတ်လိုက်သည်။

“ခရမ်းရောင်သွေး…” ရှီမာယူယူသည် ကျောက်စိမ်းအနက်မင်းသမီး၏ သွေးကိုမြင်ပြီး သိချင်မိသည်။

သူမမြင်ဖူးသော နတ်ဆိုးမျိုးနွယ်များ၏ သွေးသည် အများစုမှာ အပြာရောင်ဖြစ်ပြီး လူသားကဲ့သို့ အနီ ရောင်များလည်းရှိသည်။ ခရမ်းရောင်သွေးကိုမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဒီကိုမလာခဲ့နဲ့ မဟုတ်ရင် ငါဒီမှာပဲ သတ်သေလိုက်မယ်၊ ငါ့ကိုတစ်ယောက်မှ မရစေရဘူး” ကျောက်စိမ်း အနက်မင်းသမီးသည် ဓားမြှောင်ထုတ်ကာ သူမ လည်ပင်းသို့တင်လိုက်သည်။

“ငါတို့က မင်းကိုကယ်ချင်တာပါ” ရှီမာယူယူ ခြေလှမ်းများရပ်လိုက်လေသည် “အဲလူတွေက ငါ့ကို မင်းလို့ ထင်ပြီးမှားသွားလို့ မင်းလွတ်သွားတာ၊ အဲတော့မှ ငါတို့က မင်းကိုရှာတွေ့တာ၊ ငါတို့သာ မင်းကို သူတို့နဲ့ထည့် လိုက်ရင် မင်းခေါ်သွားခံရပြီးပြီ”

ကျောက်စိမ်းအနက်မင်းသမီး၏ မျက်လုံးမှာ အရောင်လက်သွားလေသည်။ သူမသည် အမှန်တရားကို မငြင်းဆန်ပေ။

“ဒါပေမဲ့ မင်းက ငါ့ကိုသတ်ချင်နေတာလေ” သူမသည် မျက်လုံးပင့်ပြီး မိုရှားအား ကြည့်လေသည်။ သူ၏ သတ်မည့် အကြည့်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ရှီမာယူယူသာ အချိန်မှီ မအော်လိုက်လျှင် သူမ သေသွားမည် ဖြစ်သည်။

“မင်း ဒဏ်ရာရထားတဲ့ပုံပဲ မြန်မြန်မကုဘူးဆိုရင် ပိုပြင်းထန်လာလိမ့်မယ်” ရှီမာယူယူသည် သူမပုံစံကို ကြည့်လိုက်လေသည်။ မိုရှားသည် သနားညှာတာမှုမရှိဟု သူမလည်း ထင်သည်။ သူသည် တရားမျှတမှုကို ကာကွယ်ပေးချင်သည့်ခံစားချက်မရှိပေ။ “ငါ မင်းကိုကူညီပေးမယ်”

ကျောက်စိမ်းအနက်မင်းသမီးသည် အံ့သြသွားလေသည်။ သူမသည် ထိုစကားလုံးများကို မမျှော်လင့် ထားခဲ့ပေ။

ရှီမာယူယူသည် ဆေးပုလင်းကိုင်ပြီး လျှောက်လာသည်။ သူမ ဆေးထုတ်ပြီး သူမရှေ့သို့ပေးလိုက်သည်။

အိမ်မက်လေးပြေးလာပြီး မလှုပ်မယှက်ရှိနေသော ကျောက်စိမ်းအနက်မင်းသမီး၏ အဝတ်များကို ဆွဲပြီး ကြည့်လိုက်သည်။ သူမသည် မပျော်ရွှင်စွာ ပြောလေသည် “ဒီဆေးက မမရဲ့ ဒဏ်ရာတွေကို ပျောက်အောင်လုပ် နိုင်တယ်လို့ ယူယူပြောတယ်၊ အဲတော့ ပျောက်မှာပါ ယူယူက မမကိုမသတ်ချင်မှတော့ ဒီအစီအစဉ်ကို လိုမှာပဲ”

ကျောက်စိမ်းအနက်မင်းသမီးသည် အဝေးတွင်ရှိစဉ်က အိမ်မက်လေး ထိုလူများကို တစ်ချက်နှင့် သတ် ပစ်လိုက်သည်ကို မြင်ခဲ့သည်။ သူမ စကားများသည် အမှန်ဖြစ်နိုင်သဖြင့် ဆေးယူလိုက်သည်။

ထိုဆေးများသည် ရှီမာယူယူ မိုရှားအတွက် ဖော်ခဲ့သော ဆေးများဖြစ်သည်။ အခုလိုအသုံးဝင်မည်ဟု ထင်မထားပေ။

ကျောက်စိမ်းအနက်မင်းသမီးသည် ဆေးသောက်ပြီးနောက်တွင် သက်သာလာလေသည်။ ရှီမာယူယူ အပေါ်တွင် သူမအမူအရာသည် ပိုနွေးထွေးလာသည်။

“ကျေးဇူးပဲ”

“ကျေးဇူးတင်ဖို့မလိုပါဘူး၊ မင်းက ဟိန်းသံလေးနဲ့ အဆက်အစပ်ရှိရမယ်” ဟိန်းသံလေး၏ နားရွက်နှင့် တူသော ကျောက်စိမ်းအနက်မင်းသမီး၏ နားရွက်ရှည်များကို ရှီမာယူယူ ကြည့်လိုက်သည်။ သူမသည် ထို နားရွက်များကို ပွတ်ကြည့်မိလေသည်။

ကျောက်စိမ်းအနက်မင်းသမီးသည် အံ့သြကာ ရှီမာယူယူအား ကြည့်လေသည်။ သူမသည် မသိစိတ်မှ ရိုက်မိတော့မလိုဖြစ်သော်လည်း အိမ်မက်လေးသည် သူမလက်အား ဖမ်းလိုက်လေသည်။

“မမက မကောင်းဘူးပဲ ယူယူက မမကိုကယ်ထားတာ သူမကို ရိုက်ရဲတယ်ဟုတ်လား” အိမ်မက်လေး၏ မျက်လုံးများသည် နတ်ဆိုးအကြည့်များဖြင့် ပြည့်နေလေသည်။

“အဟွတ်အဟွတ် သခင်မလေးက ကျောက်စိမ်းအနက်မျိုးနွယ်ရဲ့ တားမြစ်တာကို သွားလုပ်တာကိုး” ဟွာဂျင်းသည် ဘေးမှ ရှင်းပြလေသည်။

“ဘာတားမြစ်ထားတာလဲ” ရှီမာယူယူ နားမလည်ပေ။ သူမ နားရွက်ကိုပွတ်တာက တားမြစ်ထားတဲ့ အရာလား။

“ကျောက်စိမ်းအနက်မျိုးနွယ်မှာ သူတို့နားရွက်ကို ပွတ်လို့မရဘူး” ဟွာဂျင်း ဆက်ပြောလေသည် “နားရွက်တွေကို ပွတ်တဲ့ အမျိုးသားရှိရင် သူမကို လက်ထပ်ရမယ်ဆိုတာရှိတယ်”

“ဒါပေမဲ့ ငါက မိန်းကလေးလေ”

“မိန်းကလေးဆိုရင် သူမနဲ့ပတ်သတ်ချင်တယ်လို့ အဓိပ္ပာယ်ရသည်”

ရှီမာယူယူ၏ မျက်နှာ မှောင်သွားလေသည်။ သူမခေါင်းထဲသို့ မိုးကြိုးပစ်လိုက်သလိုပင်။

All Chapters