← Chapters

ဘာကျားဇီ

Vol. 006 Ch. 584

ဘာကျားဇီ

Vol. 006 Ch. 584

ကျောက်စိမ်းအနက်မျိုးနွယ်၏ နားရွက်ကိုထိတာနဲ့ ဒီလိုဖြစ်သွားမယ်လို့ ဘယ်သူထင်မှာလဲ။ အဲဒါ ကြောင့် သူတို့အဲလောက် ဒေါသထွက်တာကိုး။ ရိုက်တာလောက်က ဘာမှမဟုတ်ဘူး။ ရှီမာယူယူသာ သူမကို ကယ်လိုက်သောကြောင့်မဟုတ်ရင် သူမသည် သေပြီးသွားလောက်ပြီ။

သူမကို သတ်ပစ်လို့မလိုပေမယ့်လေ…

“တောင်းပန်ပါတယ် အဲလိုမျိုးရှိတယ်ဆိုတာ ငါမသိလို့…” ရှီမာယူယူ တောင်းပန်လေသည် “မသိလို့ လုပ်တာဆိုရင် အပြစ်မဟုတ်ဘူးနော်၊ ဘာမှမဖြစ်ခဲ့သလို နေပေးလို့ရလား”

ကျောက်စိမ်းအနက်မင်းသမီးသည် သူမအား ကြည့်ပြီး သူမမျက်လုံးထဲမှ စိတ်ရင်းအမှန်ကိုတွေ့ သောအခါ တမင်တကာလုပ်ခြင်းမဟုတ်သည်ကို သိသွားလေသည်။ သူမ ဒေါသမထွက်သော်လည်း နေရခက် မိလေသည်။

ရှီမာယူယူသည် ကျောက်စိမ်းအနက်မင်းသမီးလက်ကို လွှတ်လိုက်ရန် အိမ်မက်လေးကို ကြည့်လိုက် သည်။ သို့သော် သူမသည် ရှီမာယူယူအား ဒုက္ခပေးမည်ကို ကြောက်သဖြင့် သတိရှိစွာဖြင့် ကြည့်လိုက်သည်။

ဟွာရှုံသည် လျှောက်လာရာ ကျောက်စိမ်းအနက်မင်းသမီးသည် မြေပေါ်တွင်ထိုင်နေကာ ရှီမာယူယူ သည် သူမဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူပြောလိုက်သည် “နှစ်ယောက်သား တကယ်တူတာပဲ”

ရှီမာယူယူသည် သူမ နားရွက်အားကိုင်ကြည့်ပြီး သူမနှင့်တူသောကြောင့် ဖြစ်လာသော ပြဿနာများကို ကြေကွဲမိလေသည်။ သူမ၏ ပုံစံကို ထပ်ပြီးပြောင်းရတော့မည့်ပုံပင်။

သူမက တကယ်ပဲ ရုပ်ဆိုးတဲ့သတ္တဝါဖြစ်ရမှာလား။

သူမသည် ဖြတ်သွားသော ရိုးဆိုးသော နတ်ဆိုးမျိုးနွယ်များကို စဉ်းစားလိုက်သောအခါ ချွေးအေးများ ပျံ လာသည်။

“ပြောင်းဖို့မလိုပါဘူး ဒီအတိုင်းပဲနေ” မိုရှား ပြောလိုက်သည်။

ရှီမာယူယူ လှည့်ကာ သူ့ကိုကြည့်လိုက်သည်။ ဒီလူက သူတို့ရဲ့ အရင်စာချုပ်ကိုဖျက်လိုက်ပြီမဟုတ်ဘူး လား။ သူမ စဉ်းစားနေတာကို သူဘယ်လိုလုပ်သိတာလဲ။

“မင်းနာမည်ကဘာလဲ”  ဟွာရှုံသည် ကျောက်စိမ်းအနက်မင်းသမီးအား မေးလိုက်သည်။

“ဘာကျားဇီပါ” ကျောက်စိမ်းအနက်မင်းသမီး ပြန်ဖြေလေသည်။

“ဘာကျားဇီ မင်းကတကယ်ပဲ ကျောက်စိမ်းအနက်မျိုးနွယ်က မင်းသမီးလား” ရှီမာယူယူ မေးလိုက် သည်။

ဘာကျားဇီ ခေါင်းညိမ့်လေသည်။

“ဒါဆို ဒီကို ဘာလာလုပ်တာလဲ” ဟွာရှုံမေးလိုက်သည်။

“မျိုးနွယ်အများကြီးက ငါ့ကိုသတ်ဖို့လုပ်နေကြတယ်၊ ငါဒီကိုပြေးလာတာ” ဘာကျားဇီပြန်ဖြေလေသည်။

“မင်းတို့် မျိုးနွယ်ဝင်တွေရော”

ဘာကျားဇီ ခေါင်းရမ်းလိုက်သည်။ “သူတို့ ရုတ်တရက်ငါ့ကိုသတ်ဖို့ လုပ်တုန်းမှာပဲ ငါထွက်လာခဲ့တာ၊ ငါ နဲ့ပါလာတဲ့ အစောင့်တွေလည်း အသတ်ခံလိုက်ရပြီ၊ ငါတစ်ယောက်တည်းလွတ်လာတာ၊ ဒီတစ်ခေါက်ကို သူတို့ ငါ့နောက်လိုက်လာတာလား မဟုတ်ရင် ငါ့ရဲ့ ကျောက်စိမ်းအနက်မျိုးနွယ်တစ်ခုလုံးကို တိုက်လာတာလား ငါ့ကို ကူညီပေးနိုင်မလား သေချာကျေးဇူးပြန်ဆပ်ပါမယ်”

“တောင်းပန်ပါတယ် ငါတို့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာ” ဟွာဂှင်းသည် မိုရှားအား စိုက်ကြည့်လိုက်ပြီး တည်တံ့သော အမူအရာဖြင့် သူမကို ငြင်းလိုက်လေသည်။

ဘာကျားဇီကြားသောအခါ စတင်ငိုတော့သည်။ သို့သော် သူမသည် အကူအညီဆက်မတောင်းတော့ ပေ။ ဝမ်းနည်းစွာ ငိုနေသဖြင့် ရှီမာယူယူ မခံနိုင်တော့ပေ။

ဟိန်းသံလေးသည်လည်း နာကျင်သည့်နေပုံပေါက်သည်။

“ဒါက.. ငါတို့ သူ့ကိုကူညီပေးလို့မရဘူးလား” သူမသည် သူမနားရွက်အားကိုင်ပြီး “ငါတို့ သူတို့အားလုံး ကို မကယ်ရင်တောင် အနည်းဆုံးတော့ သူမကို ပြန်ပို့လို့ရတယ်လေ”

“ယူယူ ကျွန်တော်တို့ ကိုယ်တိုင်တောင် ဒုက္ခရောက်နေတာလေ” ဟွာဂျင်းပြောလေသည် “အဲအချိန် ကျရင် ကျောက်စိမ်းအနက်မင်းသမီးကိုတောင် ပြဿနာထဲဆွဲထည့်သလိုဖြစ်လိမ့်မယ်”

ရှီမာယူယူလည်း ထိုအကြောင်းကို စဉ်းစားမိသည်။ အခုဟွာမျိုးနွယ်ကိစ္စနှင့်တောင် သူတို့သည် ဒုက္ခ ရောက်နေပြီဖြစ်သည်။ သူတို့သည် ပြဿနာကိုလျင်မြန်စွာဖြေရှင်းပြီး မိုရှား၏ ကိစ္စကိုဖြစ်နိုင်သလောက်ရှင်းပြီး သည်နှင့် ရှေးဟောင်းကမ္ဘာဦးနယ်မြေသို့ပြန်ရမည်။

သူတို့သည်နတ်ဆိုးမျိုးနွယ်မှ လူများမဟုတ်သဖြင့် ကြာကြာနေရင်နေသလောက် အန္တရာယ်များလာ မည်ဖြစ်သည်။

သို့သော် သူတို့ ဘယ်လိုလုပ် ဒီလိုချစ်စရာကောင်းတဲ့ ကောင်မလေးကို ဒီမှာထားသွားမှာလဲ။

ဘာကျားဇီသည် ရှီမာယူယူတွေဝေနေသည်ကို ကြည့်ပြီးနောက် ငိုခြင်းရပ်သွားသည်။

“ယူယူ သူမကိုကူညီပေးလိုက်ပါ သူမက အံ့သြစေလိမ့်မယ်” ဟိန်းသံလေးသည် ရုတ်တရက် သူမကို ပြောလာသည်။

“အံသြစေမယ်ဟုတ်လား လန့်သွားစေမှာတော့မဟုတ်ပါဘူးနော်” ရှီမာယူယူသည် မသေချာစွာ ပြော လိုက်သည်။

ဒီကောင်သည် ဘယ်တော့မှယုံရတာမဟုတ်။

“အင်း ငါ့ကိုယုံလိုက်” ဟိန်းသံလေးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

ဟိန်းသံလေး ရုတ်တရက်ဘာကြောင့် ဒီလိုမျိုးပြောရသည်ကို ရှီမာယူယူ နားမလည်တော့ပေ။ သို့သော် သူမကိုယ်ပိုင်လူထဲမှ တစ်ယောက်က သူမကို တောင်းဆိုသဖြင့် သူမသည် မငြင်းဆိုနိုင်တော့ပေ။

ဟိန်းသံလေးသည် သူမ၏ ပထမဆုံး သူတော်စင်မိစ္ဆာဖြစ်သောကြောင့် သူ့ကို သူမ တန်ဖိုးထားသည်။ သူ ဘယ်လောက်ပဲ ပြဿနာတွေရှာရှာ၊ အစားဘယ်လောက်ပဲမက်မက် သူ့ကို ချစ်သည်။

“ငါတို့ သူမကိုကူညီသင့်တယ်လို့ ဟိန်းသံလေးပြောတယ်” သူမသည် မိုရှားကို ပြောလိုက်သည်။

ဟွာဂျင်းနှင့် ဟွာရှုံတို့သည် ဟိန်းသံလေးကို မသိကြပေ။ သို့သော် ရှီမာယူယူပြောလိုက်သည့်အခါတွင် မိုရှား၏ အမူအရာနူးညံ့သွားသည်ကို သတိထားမိပြီး သူသည် အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက် လေသည်။

ဟိန်းသံလေးသည် ရှေးဟောင်းအချိန်များမှ ဆင်းသက်လာသူဖြစ်ပြီး ကျောက်စိမ်းနတ်ဆိုးသည်လည်း သူတော်စင်မိစ္ဆာများ၏ သွေးသားဖြစ်သည်။ ထို့ကြောင့်ပင် ဟိန်းသံလေးသည် သူတို့မသိသော တစ်စုံတစ်ရာကို သိထားခြင်းဖြစ်နိုင်သည်။

“ကောင်းပြီ မငိုနဲ့တော့ ငါတို့ကူညီမယ်လို့ ကတိပေးတယ်” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သူမကို မျက်ရည်သုတ်ပေးပြီး နှစ်သိမ့်လေသည်။

“ကျေးဇူးတင်ပါတယ်” ဘာကျားဇီသည် ကျေးဇူးတင်ကြောင်း ပြောလေသည်။

ယူယူကြောင့်ပင် မိုရှားနှင့် တခြားသူများ သူမအားကူညီရန် သဘောတူခြင်းဖြစ်ကြောင်းကို သူမ သိ သည်။ မဟုတ်လျှင် နတ်ဆိုးလောကကဲ့သို့ နေရာမျိုးတွင် သူမကို ကူညီမည့်သူမရှိပေ။

“ကောင်းပြီ သွားရအောင်” ဟွာဂျင်းပြောလေသည် “လိုတာတွေကို သွားရင်းနဲ့မှပြောကြတာပေါ့”

ဟွာမျိုးနွယ်၏ အိမ်တော်အခွဲသည် ထိုနေရာနှင့်နီးကာ ဇူမျိုးနွယ်သည် ထိုနေရာပတ်ဝန်းကျင်တွင် ရှိနေ မလား မပြောတတ်တေပ။ ထို့ကြောင့်ပင် သူတို့ ဖြစ်နိုင်သလောက် မြန်မြန်သွားသည်မှာ ပိုကောင်းသည်။

သူတို့သည် မိစ္ဆာပျံများကိုစီးကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခဲ့လိုက်သည်။ သူတို့ထွက်ပြီး မကြာမီတွင် လူစု ၂စု ၃စုသည် ထိုနေရာသို့ ရောက်လာလေသည်။ သို့သော် သူတို့ထွက်သွားသည်ကို မြင်လိုက်သည့်သူ မရှိ ပေ။

“အခုဘယ်သွားကြမလဲ” ရှီမာယူယူမေးလိုက်သည်။

“အရင်ဆုံးရှေ့မှာရှိတဲ့ မြို့ကို သွားကြည့်မယ်” မိုရှား ပြောလိုက်သည်။ သူသည် ဘာကျားဇီကို ကြည့်ပြီး ပြောလေသည် “သူမကို တခြားအရောင်ဆိုးပေးလိုက်ဦး အရမ်းမြင်သာနေတယ်”

သည်လိုနှင့် သူတို့မြို့အတွင်းသို့ဝင်သောအခါ အနက်ရောင်ယုန်နှစ်ကောင်သည် အနီရောင်ယုန်များ အဖြစ်ပြောင်းသွားလေသည်။

ကျောက်စိမ်းအနီမျိုးနွယ်သည် ကျောက်စိမ်းအနက်မျိုးနွယ်နှင့်မတူပေ။ သူတို့သည် နတ်ဆိုးယုန်များဖြစ် ကြသော်လည်း သူတို့သွေးသားမှာတော့ ကွဲပြားသည်။ နတ်ဆိုးလောကတွင် ကျောက်စိမ်းအနီလျှောက်သွား လျှင် မည်သူမှ သတိထားမိမည်မဟုတ်ပေ။

သူမကိုယ်တိုင် အနီရောင်ပြောင်းပြီးနောက်တွင် တခြားသူများသည် သူမကို ကျောက်စိမ်းအနက်မျိုးနွယ် ၏ မင်းသမီးဟု မထင်ကြတော့ပေ။

“မင်း တခြားအရောင်လိုချင်လည်းရတယ် မင်းအနီရောင်ကို ငြီးငွေ့သွားပြီဆိုရင် အရောင်ပြောင်းလို့ရ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရပါတယ် ရပါတယ် ဒီအရောင်က အကောင်းဆုံးပဲ” ဘာကျားဇီသည် ခေါင်းရမ်းလေသည် “ကျောက်စိမ်းအနီမျိုးနွယ်ဝင်တွေက နတ်ဆိုးလောကမှာ မနိမ့်မမြင့်ရာထူးရှိကြတယ်၊ ရာထူးနိမ့်တဲ့လူတွေကျ အလွယ်တကူ အနိုင်ကျင့်ခံရတယ် ရာထူးမြင့်တဲ့လူကျလည်း အာရုံအစိုက်ခံရတယ် ဒါကကောင်းတယ်”

“အဲဒါလည်း ကောင်းတာပဲ နောက်တစ်ခါကို ဆေးနည်းနည်းပေးမယ်လေ မင်း အပြင်ထွက်ချင်တဲ့အခါ ကို ကိုယ့်ဘာသာဆိုးသွားပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ”

သူတို့သည် မြို့ကိုဝင်ပြီးနောက် ဘာကျင်းဇီတို့ မျိုးနွယ်၏ ဆက်သွယ်ရမည့်နေရာသို့ သွားခဲ့ကြသည်။ ထိုနေရာတွင် သူမအတွက် သတင်းကြားရလိမ့်မည်ဟု ထင်မထားမိပေ။

ထို့နောက်တွင် သူတို့သည် တည်းခိုဆောင်သို့ သွားကြလေသည်။ တည်းခိုဆောင်သို့ ဝင်ပြီးနောက်တွင် ဟွာဂျူနှင့် တခြားသူများသည် တာဝန်ခံနှင့် လျှို့ဝှက်စကားထားခဲ့ပြီးနောက် သူတို့ကို ပြန်ခေါ်သွားလေသည်။

ခဏအကြာတွင် အဘိုးကြီးတစ်ယောက်သည် အခန်းသို့အလျင်စလိုဝင်လာသည်။

“သခင်လေးတို့ ဘေးကင်းနေလို့ ကောင်းကင်ကိုကျေးဇူးတင်ပါတယ်” ထိုအဘိုးကြီးသည် ချက်ချင်းပင် သူတို့လက်အား ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာပြောလေသည်။

“အဘိုးယန် ကျွန်တော်တို့်အဆင်ပြေပါတယ် ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်…သူ…” ဟွာရှုံသည် ဝမ်းနည်း စွာပြောလေသည်။

“မျိုးနွယ်ခေါင်းဆောင်ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့်သိပြီးပါပြီ ငါတို့ရထားတဲ့ သတင်းအရ မျိုးနွယ် ခေါင်းဆောင်က အဖမ်းခံလိုက်ရပေမယ့် အသက်အန္တရာယ်မရှိဘူးတဲ့”

“ကျွန်တော်တို့ အဲအချိန်မှာမရှိလိုက်လို့ ရှောင်သလိုဖြစ်သွားတယ်” ဟွာဂျင်းပြောလေသည်။

ဟွာယန်သည် ရှီမာယူယူနှင့် ဘာကျားဇီအား အံ့အားသင့်စွာကြည့်လိုက်သည်။ သူသည် မျက်မှောင် ကြုတ်သွားပြီး ပြောလိုက်သည် “အနီမျိုးနွယ်က ကျောက်စိမ်းအနက်မျိုးနွယ်ကို သစ္စာဖောက်သွားတယ်၊ မင်းတို့ ဒီ ကျောက်စိမ်းအနီမျိုးနွယ်တွေနဲ့ ဘာလုပ်ကြတာလဲ”

All Chapters