အန္တရာယ်ကျရောက်နေသော ကျောက်စိမ်းအနက်မျိုးနွယ်
Vol. 006 Ch. 585
ဟွာယန်ပြောလိုက်သည့်စကားကို ကြားပြီးနောက် အားလုံးသည် အံ့သြသွားကြသည်။
“ကျောက်စိမ်းအနီမျိုးနွယ်က ကျောက်စိမ်းအနက်မျိုးနွယ်ကို သစ္စာဖောက်တယ်ဟုတ်လား” ဘာကျားဇီ သည် အော်လိုက်မိသည် “ဒါဆို ကျွန်မအဘိုးအဘွားတွေ အခုဘယ်လိုနေလဲ”
သူမ မေးလိုက်သော မေးခွန်းကိုကြားသောအခါ ဟွာယန်သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက် သည်။
“အဘိုးယန် သူမက ကျောက်စိမ်းအနက်မျိုးနွယ်က မင်းသမီးဘာကျားဇီပါ” ဟွာဂျင်း ရှင်းပြလေသည်။
“သမီးက ကျောက်စိမ်းမျိုးနွယ်က မင်းသမီးလား” ဟွာယန်သည် ဘာကျားဇီအား အံ့သြစွာ ကြည့်လေ သည်။
“အဘိုးယန် ကျွန်တော်တို့ သူမကို လာတဲ့လမ်းမှာကယ်လာတာ၊ အခုက ယူယူက သူမအမွေးတွေကို အရောင်ဆိုးပေးထားတာ” ဟွာရှုံပြောလိုက်သည်။
“သမီးရဲ့ အဘိုးအဘွားတွေနဲ့ တခြားလူတွေဘယ်လိုနေကြလဲ” ဘာကျားဇီမေးလိုက်သည်။
“သမီးရဲ့ အဘိုးအဘွားတွေက အဘိုးတို့ရဲ့ အကြီးအကဲတွေလိုပဲ အဖမ်းခံလိုက်ရပြီ၊ သူတို့ကို အခု တစ်နေရာတည်းမှာ ပိတ်ထားတယ်” ဟွာယန်ပြောလေသည် “တခြားမျိုးနွယ်တွေလည်း အသတ်ခံရပြီး အဖမ်းခံ ကြရတယ်၊ ပြီးတော့ ကျောက်စိမ်းအနီမျိုးနွယ်ရဲ့ သစ္စာဖောက်မှုကြောင့် သမီးတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်သွယ်နေကြလဲဆိုတာကို ကျန်းမျိုးနွယ်ကသိသွားပြီ၊ အပြင်မှာရှိတဲ့လူတွေကို အိမ်ပြန်ဖို့ပြောလိုက် တာနဲ့ အဖမ်းခံလိုက်ရပြီ”
ရှီမာယူယူသည် အစောက သူတို့ လက်ခံရရှိသော လျှို့ဝှက်စာကို စဉ်းစားမိလိုက်သည်။ ထိုအရာသည် အတုဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။ ဘာကျားဇီသာ တစ်ယောက်တည်းဆိုပါက သူမသည် ထိုလျှို့ဝှက်စာကို ရပြီးနောက် သူတို့ကိုလိုက်ရှာမည်ဖြစ်သ်ည။ ထို့နောက်တွင် သူမ အဖမ်းခံရနိုင်သည်။
“ကျောက်စိမ်းအနီမျိုးနွယ်” ဘာကျားဇီသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူမ မျက်နှာသည် ဒေါသကြောင့် တင်းမာနေသည်။ “သူတို့ကို ယုံတဲ့ငါ့အဘိုးအဘွားတွေကို လိမ်ရဲတယ် သေချာပေါက် လက်စား ချေမယ်”
“မင်းအခုသွားရင် သူတို့ထောင်ချောက်ထဲကျသွားမယ်” ရှီမာယူယူသည် သူမအား ဆွဲထားလိုက်သည် “မင်း ငါတို့နဲ့တွေ့တာတော်သေးတယ်၊ မင်းသာ တစ်ယောက်တည်း သူတို့်ကိုသွားရှာမယ်ဆိုရင် မင်းကိုဖမ်းပြီး မင်းအဘိုးအဘွားတွေအတွက် ဓားစာခံဖြစ်သွားမယ်”
ဘာကျားဇီသည် စိတ်ငြိမ်ငြိမ်ထားပြီးနောက် ပြောလိုက်သည် “ဟုတ်တယ် ငါ အလောကြီးလို့မဖြစ်ဘူး သူတို့ကို ကယ်ဖို့ နည်းလမ်းကောင်းစဉ်းစားရမယ်”
ပြောပြီးနောက်တွင် သူမသည် ထောင့်တွင်ထိုင်ကာ နည်းလမ်းစဉ်းစားလေသည်။
“အဘိုးယန် ဘယ်လိုတွေဖြစ်သွားတာလဲ ကျွန်တော်တို့သွားတာ လပိုင်းပဲရှိသေးတယ် ဘာလို့ဒီလောက် တောင်ဆိုးသွားတာလဲ” ဟွာရှုံ မေးလိုက်သည်။
“ငါတို့အကြီးအကဲတွေနဲ့ ဇူမျိုးနွယ်တွေက တော်ဝင်မိသားစုနဲ့ ပူးပေါင်းဖို့လုပ်ထားတာ၊ သူတို့က ကျောက်စိမ်းအနီမျိုးနွယ်နဲ့ လျှို့ဝှက်ပူးပေါင်းသွားမယ်လို့ထင်မထားမိဘူး၊ ဘယ်သူမ မသိလိုက်ချိန်မှာပဲ သူတို့က ဟွာနဲ့ ကျောက်စိမ်းအနက်မျိုးနွယ်ကို နှိမ်နှင်းလိုက်ကြတယ်၊ သူတို့လှုပ်ရှားတာကို ငါတို့သတင်းအစအနရလိုက် လို့တော်သေးတယ် မဟုတ်ရင် ငါတို့အားလုံး အဖမ်းခံလိုက်ရတော့မှာ” ဟွာယန်ပြောလေသည်။
“ကျွန်တော်တို့အကြီးအကဲတွေက ကျောက်စိမ်းအနက်မျိုးနွယ်အကြီးအကဲနဲ့ တစ်နေရာတည်းမှာပဲ ရှိနေ တာလား”
“သူတို့ကို သွေးမြေပြင်မြို့တော်မှာ ချုပ်ထားတယ်လို့ သတင်းရတယ်” ဟွာယန် ပြောလေသည်။
“သူတို့က မျိုးနွယ်၂ခုက အကြီးအကဲတွေကို ဘာလို့ဖမ်းတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့ မသိသေးတဲ့ ဆက်နွယ်မှုတစ်ခုတော့ရှိရမယ်” ဟွာရှုံပြောလိုက်သည် “ဒါ့ထက် သူတို့ကို ကယ်ရ မယ့် နည်းလမ်းကို ကျွန်တော်တို့ စဉ်းစားရမယ်၊ ဘာကျားဇီက ကျွန်တော်တို့နဲ့ ရှိနေတာဆိုတော့ သူတို့ကို အတူ သွားကယ်လို့ရတယ်”
“သူမ မျိုးနွယ်ကို အရင်ပြန်တာ ကောင်းလိမ့်မယ်” ဟွာယန် ပြောလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ကျောက်စိမ်းအနီမျိုးနွယ်က ယုန်နတ်ဆိုးမျိုးနွယ်ကို သစ္စာဖောက်ရုံတင်မကဘူး သူတို့ကိုပါ လိုချင်နေကြတာ်၊ အဲဒါကြောင့် အဖမ်းမခံရတဲ့ ကျောက်စိမ်းအနက်ယုန်တွေက အန္တရာယ်ရှိတယ်” ဟွာယန် ပြောလေသည် “အခု သွေးမြေပြင်မြို့တော်မှ အဖမ်းခံထားရတဲ့ အကြီးအကဲတွေက လက်ရှိမှာတော့ အသက်အန္တရာယ်မရှိသေးဘူး၊ ဒါပေမဲ့ သူတို့မျိုးနွယ်ကိုတော့ ငါလည်း အာမမခံနိုင်ဘူး”
“ဒါပေမဲ့ သူတို့ကအဖမ်းခံထားရပြီးပြီ်ဆိုတော့ သူတို့ကို စောင့်ကြပ်တဲ့သူတွေအများကြီးရှိမှာပဲ၊ သူတို့ကို ကယ်ဖို့ အင်အားဘယ်လောက်လိုမလဲ” ဟွာဂျင်း မေးလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် သွေးမြေပြင်မြို့ကိုသွားပြီး ငါတို့လူတွေကို ကယ်ဖို့ ငါတို့မှာ အင်အား လုံလုံ လောက်လောက်မရှိဘူး” ဟွာယန် ရိုးသားစွာ ပြောလေသည် “ဒါပေမဲ့ ငါတို့သာ ကျောက်စိမ်းအနက်က လူတွေ ကို ကယ်နိုင်ရင် ငါတို့လူတွေကို ကယ်ဖို့အခွင့်အရေးများလာမယ်”
“ဒါဆို အခု ကျွန်တော်တို့လူတွေကို သွားကယ်မယ်ဆိုရင် အောင်မြင်ဖို့ရာခိုင်နှုန်းဘယ်လောက်ရှိလဲ”
“အခု ငါတို့မှာ လူသိပ်မရှိဘူး၊ ပြီးတော့ ရှိတဲ့လူကလည်း သွေးမြေပြင်မြို့ကိုသွားနေကြတယ်၊ သူတို့က လည်း ကျောက်စိမ်းအနက်မျိုးနွယ်ကို ကယ်ဖို့မဖြစ်နိုင်ဘူး”
“ဒါဆို ကျွန်တော်တို့ သူတို့ကိုကယ်ဖို့က ဘာကျားဇီတစ်ယောက်တည်းပေါ်မှာ မူတည်နေတာလား” ဟွာရှုံမေးလိုက်သည်။
“ငါတို့ စစ်ဆေးပြီးပြီ တကယ်တော့ ကျောက်စိမ်းအနက်မျိုးနွယ်က အဖမ်းခံရတဲ့လူတွေက အဲလောက် မစိုးရိမ်ရဘူး၊ သူတို့က အဆိပ်မိထားတော့ အဆိပ်ဖြေဖို့နည်းလမ်းမရှိတာပဲရှိတာ။ သူတို့ကို ကုဖို့အတွက် ငါတို့ အဂ္ဂိရတ်ပညာရှင်ရှာလို့ရရင် ပြဿနာမရှိဘူး” ဟွာယန် ပြောလေသည် “ငါတို့မျိုးနွယ်က အဂ္ဂိရတ်ပညာရှင်လည်း အဖမ်းခံလိုက်ရတော့ တစ်ယောက်တော့ရှာရမယ်၊ ငါတို့ ၂ရက် ၃ရက်အတွင်းကို သေချာပေါက်ရှာရမယ်”
“၂ရက် ၃ရက်အတွင်းဟုတ်လား” ဟွာရှုံနှင့် ဟွာဂျင်းတို့သည် အော်လိုက်ကြသည် “နတ်ဆိုးလောကမှာ အဂ္ဂိရတ်ပညာရှင် အဲလောက်နည်းတာ၊ ဒီလောက်အချိန်တိုအတွင်းကို ဘယ်လိုသွားရှာမလဲ”
ဘာကျားဇီ၏ မျက်လုံးထဲမှ မျှော်လင့်ချက်သည် ချက်ချင်းပင် အရောင်မှိန်သွားလေသည်။ အဂ္ဂိရတ် ပညာရှင် နည်းပါးသဖြင့် လအနည်းငယ်အတွင်းတွင် တွေ့ရန် မဖြစ်နိုင်ပေ။ ၂ရက် ၃ရက်အတွင်းကို ဘယ်လိုလုပ် တစ်ယောက်သွားရှာမှာလဲ။
“ကျွန်မ မျိုးနွယ်ဝင်တွေ သေသွားမှာကို ဒီအတိုင်းကြည့်နေရမှာလား၊ ကျွန်မ အဘိုးအဘွားနဲ့ တခြားလူ တွေကို ဘယ်လိုမျက်နှာပြရမှာလဲ” ထိုအကြောင်းအား တွေးလိုက်မိသည်နှင့် ဘာကျားဇီသည် မျက်ရည်များကျ လာသည်။
ဟွာရှုံနှင့် ဟွာဂျင်းတို့လည်း စိတ်ဓာတ်ကျသွားလေသည်။ သူတို့သာ ကျောက်စိမ်းအနက်မျိုးနွယ်ကို ကယ်နိုင်ပါက ဟွာမျိုးနွယ်ကိုလည်း အထောက်အကူဖြစ်မည်။ သို့သော် အခုချိန်တွင် သူတို့အဂ္ဂိရတ်ပညာရှင် မရှိ ပေ။
“အဆင့်ဘယ်လောက်ရှိတဲ့ အဂ္ဂိရတ်ပညာရှင်ဆိုရပြီလဲ” အားလုံး ငြိမ်နေကြစဉ်တွင် ရှီမာယူယူသည် ရုတ်တရက်မေးလိုက်သည်။
“အဆင့် ၅လောက်ဆိုရင် ရပြီ” ဟွာရှုံ ပြောလိုက်သည်။
“ဒါဆို ကျွန်တော်ကူညီနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ နင်က အဂ္ဂိရတ်ပညာရှင်လား” ဘာကျားဇီသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ငါ မင်းတို့ ဆေးကိုတော့ ဖော်လေ့မရှိဘူး၊ အဲတော့ မင်းဆေးလိုတယ်ဆိုရင်တော့ စမ်းကြည့်ရမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဆင့်၅ ဆေး ဆိုတာက မြင့်မှာမမြင့်တာ အဆင်ပြေမှာပါ”
“သခင်မလေးက တကယ်ပဲ အဂ္ဂိရတ်ပညာရှင်လား” ဟွာရှုံသည် သူမအား ကြည့်ပြီး မယုံနိုင်သေးပေ။ သူတို့သည် တစ်လမ်းလုံးသတိမထားမိခဲ့ပေ။ “ဒါပေမဲ့ သခင်မလေးက လူသားမျိုးနွယ်ကမလား၊ ဘယ်လိုလုပ် ကျွန်တော်တို့ ဆေးကိုဖော်နိုင်မှာလဲ”
“ဘာ… မင်းက လူသားလား” ဟွာယန်နှင့် ဘာကျားဇီတို့သည် လန့်သွားကြလေသည်။ လူသားတစ် ယောက်ဒီနေရာတွင် ပေါ်လာသည်ကို တခြားနတ်ဆိုးမျိုးနွယ်များ သိသွားပါက မထင်မှတ်ထားသည့် ကိစ္စများ ဖြစ်လာနိုင်သည်။
“အဘိုးယန် ကျွန်တော်တို့ ပြန်ပေးဆွဲလာတာ သူမပဲလေ” ဟွာရှုံ ပြောလိုက်သည်။
ရှီမာယူယူ နှုတ်ခမ်းများတွန့်လိုက်သည်။ မိုရှားနှင့် သူသာ လှည့်ကွက်လိုက်သည့် အချက်ကြောင့်သာ မဟုတ်ပါက သူတို့က သူမကို ဘယ်လိုလုပ် ပြန်ပေးဆွဲလာနိုင်မှာလဲ။
“မင်းက လူသားဆိုရင် မင်းဖော်တဲ့ဆေးတွေက ငါတို့သုံးလို့မရဘူး၊ ငါတို့အတွက်က အဆိပ်ဖြစ်သွားမှာ” ဟွာယန် ပြောလေသည်။
“ဘာကျားဇီ စားလိုက်တဲ့ဆေးကို ကျွန်မ ဖော်တာပဲ သူမအဆင်ပြေနေတာပဲလေ” ရှီမာယူယူ ပြောလိုက် သည်။
“ငါစားလိုက်တာက နင်ဖော်တဲ့ဆေးလား” ဘာကျားဇီသည် သေတော့မည်ဟု ခံစားလာရသဖြင့် အသက်ပြင်းပြင်းရှုလိုက်သည်။ သို့သော် အကျိုးဆက်မှာ မဆိုးလှပေ။
ရှီမာယူယူသည် လက်ဖြန့်လိုက်ရာ သူမ လက်ဝါးပေါ်တွင် အမှောင်ဝိဉာဉ်စွမ်းအင် စုလာလေသည်။ ထို စွမ်းအင်က သူမအစား ပြောပေးလိုက်သလိုပင်။
“ယူယူ ငါ့မျိုးနွယ်ဝင်တွေကို ကယ်ဖို့အတွက် အပ်ပါတယ်၊ အချိန်ကျရင် ငါတို့ ယုန်နတ်ဆိုးမျိုးနွယ်က နင့်ကို ကျေးဇူးဆပ်မှာပါ” ဘာကျားဇီသည် သူမလက်အား ကိုင်ပြီးပြောလေသည်။
ရှီမာယူယူသည် မိုရှားအား ကြည့်လိုက်သည်။ သူမ မကန့်ကွက်သည်ကို မြင်သည်နှင့် သူမ ဘာကျားဇီ ကို ခေါင်းညိမ့်ပြလိုက်သည်။
“မင်းတို့ ဆေးဖော်တဲ့နည်းလမ်းကို ငါသိရမှဖြစ်မယ် ပြီးတော့ ဆေးပစ္စည်းတွေလည်းပြင်ဆင်ထားဖို့ လို တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါ့မှာ နည်းလမ်းရှိတယ် ပြီးတော့ ဆေး၂မျိုးလည်းရှိတယ်၊ ငါ အရင် အဂ္ဂိရတ်ပညာရှင်တွေကို စမ်း ပြီး လုပ်ခိုင်းထားတာ” ဟွာယန်သည် အနက်ရောင်အဝတ်လိပ်နှင့် ဆေးပစ္စည်းထုတ်လိုက်သည်။ ထိုအနက် ရောင်အဝတ်လိပ်တွင် လိုအပ်သည့်ဆေးနည်းများရေးထားသည်။
ရှီမာယူယူသည် ထိုဆေးအားယူပြီး စမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် ဆေးယူပြီး စတင် ဖော်တော့သည်။
သူမ အဆင့်၆ထိ တက်ပြီးောနက်တွင် မိုရှားအတွက်ဆေးဖော်ခြင်းများ စတင်ခဲ့သည်။ ထို အဆင့်၅ ဆေးသည် သူမ အတွက် ပြဿနာမဟုတ်ပေ။ ထို့အပြင် ထို ဆေးသည် အဆင့်၅ဆေးထက်ပင် ဖော်ရန် လွယ် ကူနေသည်။
၂နာရီကြသောအခါ သူမသည် တစ်ခါတည်းနှင့် ပြီးသွားလေသည်။ ဒုတိယအသုတ်တွင် သူမသည် အဆင့် တစ်ခုလုံးတက်ကာ ဖော်လေသည်။ ဟွာဂျင်းနှင့် တခြားလူများသည် သူမအား မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသားကြည့်နေလေသည်။