အလင်းနှင့်အမှောင်ကြားမှ ပေါင်းစပ်မှု
Vol. 006 Ch. 586
ရှီမာယယူ၏ ဆေးအမှုန့်ထုတ်လုပ်ခြင်းသည် သူတို့အတွက် အမှန်တကယ်ပင် ကမ္ဘာအသစ်ဖွင့်လှစ်ပေး လိုက်သလိုပင်။ သူတို့သည် အရင်ကသူမကို လေးစားသမှုရှိသည်ဟုဆိုလျှင် အခုဆိုလျှင် သူမကို ကိုးကွယ်မိ လုနီးပါးပင်။
“ဟူး ငါဒါနဲ့ သိပ်မရင်းနှီးသေးဘူး အဲဒါကြောင့် ဒီဆေးက အနိမ့်အဆင့်ပဲရတယ်”
သူမ ထိုသို့ပြောလိုက်သည်နှင့် အားလုံးသည် လန့်သွားပြီးနောက်မှ သတိပြန်ဝင်သေလည်။
“ယူယူ ဒါက နင်ဒီဆေးကိုဖော်တာ ဒုတိယတစ်ခါပဲရှိသေးတယ်၊ ရလဒ်ကို မကျေနပ်ဘူးလား” ဘာကျားဇီသည် သူမ မျက်လုံးကိုပင် မယုံနိုင်သေးပေ။ သူမ မျိုးနွယ်သည် အဂ္ဂိရတ်ပညာရှင်များဖြစ်သော ကြောင့် သူမပိုအံ့သြရသည်။ သူမသည် သူတို့ဆေးဖော်သည်ကို အကြိမ်များစွာမြင်ဖူးသည်။ သို့သော် သူတို့ သည် သူမကဲ့သို့တစ်ခါတည်း မအောင်မြင်ကြပေ။
“ဆေးဖော်ခဲတယ်” ရှီမာယူယူသည် ဆေးများကို ဟွာယန်အားပေးလိုက်သည် “ကျွန်တော် ဒီလောက် အရည်အသွေးကိုပဲ ဖော်လို့ရတယ်၊ ပိုရင်းနှီးလာတဲ့အချိန်ကျရင် တစ်သုတ်ကို ဆေး ၂မျိုး ၃မျိုးလုပ်နိုင်မယ်၊ အဲလောက်ထွက်နိုင်မယ့် ဆေးပါဝင်ပစ္စည်းတွေကို ပြင်ထားပေးပါ ပြီးတော့ ကျွန်တော်က ဒီနှစ်ကြိမ်ကို အောင်မြင် သွားလို့ အကြိမ်တိုင်းအောင်မြင်မယ်လို့ မဆိုလိုဘူး အဲထက်များတဲ့ပစ္စည်းတွေ ပြင်ထားတာပိုကောင်းမယ်”
ဟွာယန်သည် ဆေးများကိုယူရင်း စိတ်လှုပ်ရှားမိလေသည်။ ထိုအောင်မှုနှုန်းသည် သူထင်ထားသည် ထက်ပင် ကျော်လွန်နေသည်။
“ငါ မင်းအတွက် ချက်ချင်းပဲ ပါဝင်ပစ္စည်းတွေပြင်ပေးပါမယ်” သူမသည် ဆေးများကိုယူပြီးနောက် ထွက် သွားလေသည်။
“ယူယူ ဘာတွေစဉ်းစားနေတာလဲ” အိမ်မက်လေးသည် ယူယူအားမြင်ပြီး သူမလက်ကိုဆွဲပြီးမေးလေ သည်။
“ဒီဆေးတွေက တစ်ခုခုဖြစ်လို့လား” ဘာကျားဇီသည် သူမအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။ ဒီဆေးတွေက ဘာမှမဖြစ်ဘူးမလား။ သူမ မျှော်လင့်ချက်ကို မြေကြီးပေါ်ကျမသွားချင်ဘူး။
“မဟုတ်ဘူး” ရှီမာယူယူပြောလိုက်သည် “ဆေးတွေက ဘာမှမဖြစ်ဘူး”
“ဒါဆို ဘာလို့နင်..” ဘာကျားဇီသည် သူမ ရင်ဘတ်အား ဖိလိုက်သည်။ သူမသည် ကြောက်လွန်းသဖြင့် သေမတတ်ဖြစ်သည် “ငါတချို့ဟာတွေကို စဉ်းစားနေတာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာကိုလဲ” မိုရှား မေးလိုက်သည်။
“စီနီယာ ထူးဆန်းတာတစ်ခုတွေ့လိုက်လို့၊ ငါတို့သာ လူသားမျိုးနွယ်မှာဆိုရင် ဆေးတွေက အရည် အသွေးမြင့်တယ်၊ ဒါပေမဲ့ ဒီမှာတော့ အဆင့်နိမ့်နေတယ်၊ စိတ်စွမ်းအင်ကို ပိုပြီးသုံးပေးရတယ်၊ ဆေးဖော်နည်းနဲ့ လုပ်နည်းကတော့ အတူတူပဲ” ရှီမာယူယူသည် သူမ အတွေးကို ထုတ်ပြောလိုက်လေသည်။
“အဲဒါက ပုံမှန်ပါပဲ” မိုရှားသည် ပေါ့ပါးစွာပြောလေသည် “နတ်ဆိုးလောကက အဂ္ဂိရတ်ပညာက လူသား လောကမှာထက် အများကြီးဆိုးတယ်”
“အဲလောက်တောင်လား” ရှီမာယူယူ မှင်တက်သွားလေသည်။ မိုရှား ခေါင်းညိမ့်လိုက်သည်ကို ကြည့်ပြီး ထိုနေရာတွင် ကောင်းကင်၏ စည်းမျဉ်းကန့်သတ်ချက်ရှိနေသလားဟု သိချင်မိသည်။
“ဒေါက် ဒေါက် ဒေါက်”
တံခါးခေါက်သံနှင့်အတူ တည်းခိုဆောင်တာဝန်ခံဝင်လာကာ ပြောလေသည် “သခင်လေး မြို့ထဲမှာ ဂျန် နတ်ဆိုးမျိုးနွယ်ဝင်တွေ ရောက်လာတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်၊ သူတို့က ကျောက်စိမ်းအနက် မျိုးနွယ် ဆက်သွယ်တဲ့နေရာကို သွားပြီးကြည့်တယ်တဲ့ အခုတော့ တွေ့မယ့်နေရာကို အလောတကြီးထွက်သွား တယ်တဲ့”
ဘာကျားဇီ ချက်ချင်းမတ်တပ်ရပ်ကာ ပြောလိုက်သည် “တကယ်လား အဲဒီကိုသွားတာဘယ်သူတွေလဲ သိလို့ရမလား”
“ကျောက်စိမ်းနတ်ဆိုးမျိုးနွယ်ဝင်တွေကတော့ တုန့်ပြန်မှုမရှိပါဘူး” တာဝန်ခံ ပြန်ဖြေလေသည်။
“လူတွေကို ခေါ်လိုက် သွားကြည့်ကြမယ်” ဟွာဂျင်း အမိန့်ပေးလိုက်လေသည် ထို့နောက်တွင် သူသည် မိုရှားနှင့် ရှီမာယူယူဘက်လှည့်ကာ ပြောလိုက်သည် “ဒီမှာပဲစောင့်နေပါ ကျွန်တော်တို့ မြန်မြန်ပြန်လာမယ်”
အစပိုင်းတွင် လိုက်သွားမည်ဟု မိုရှားတွေးလိုက်သည်။ ရှီမာယူယူသည် ဆေး ၂သုတ်ထုတ်ပြီးခါစဖြစ် သဖြင့် စိတ်စွမ်းအင် ပြန်ပြည့်ရန်လိုသည်။
ဟွာရှုံနှင့် တခြားသူများထွက်သွားသည်နှင့် ရှီမာယူယူသည် ဝိဉာဉ်အရည်ထုတ်ကာ ၂စက်သောက် လိုက်လေသည်။
“မင်း နတ်ဆိုးလောကမှ ဆေးပထမဆုံးဖော်ဖူးတာဆိုတော့ မရင်းနှီးမှာသေချာတယ်၊ အောင်မြင်ဖို့ဆို စိတ်စွမ်းအင် ပိုထည့်ဖို့လိုတယ်၊ မင်းထပ်ပြီး ဖော်ရင် အဆင်ပြေမှာပါ”
“ဟုတ်တယ် ငါအရင်သွားနားလိုက်ဦးမယ်”
ရှီမာယူယူ ထွက်သွားသောအခါ မိုရှားသည် အိမ်ထဲတွင် အနည်းငယ်နေနေသေးသည်။ သူသည် လက် နှစ်ဖက်ဖြင့် ချိတ်ပုံဖော်လိုက်ပြီး လေထဲတွင် လအနက်နှင့် ဓားရှည်အမှတ်အသား ပုံဖော်လိုက်သည်။
သူသည် အံကြိတ်ပြီးနောက် ထိုအမှတ်အသားအားကြည့်လိုက်ရာ သူ့မျက်လုံးအိမ်သည် နီရဲလာသည်။
“သွားတော့”
ထိုအမှတ်အသားသည် သူ့အမိန့်ကိုနာခံကာ သူ့ထိန်းချုပ်မှုအရ ကောင်းကင်သို့ပျံသွားကာ လျင်မြန်စွာ ပင် ပျောက်သွားလေသည်။
အမှတ်အသားပျောက်သွားသည်နှင့် သူရပ်ပြီး အိမ်မှထွက်သွားလေသည်။
ရှီမာယူယူသည် ပြန်ရောက်သည်နှင့် စတင်ကျင့်ကြံလေသည်။ သိပ်မကြာခင်တွင် သူမသည် မျက်လုံး ဖွင့်လာပြီး ရှုပ်ထွေးနေလေသည်။
“ဒီက အမှောင်ဝိဉာဉ်စွမ်းအင်က ကမ္ဘာဦးနယ်မြေမှာထက်တောင် နည်းနေသေးတယ်၊ ဘာလို့လဲ မိုရှား ပြောသလိုပဲ ဒီက အခြေအနေတွေက လူသားလောကထက် ပိုပြီးတင်းကြပ်လို့လား၊ ကောင်းကင် ဥပဒေက ဘယ်လောက်မှ အဆုံးသတ်မှာလဲ ဘုရင်ရှင်းဒေါင်…”
သူမသည် ကောင်းကင်စံအိမ်တော်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်ကို စဉ်းစားမိသောအခါ ထိုအတွေးရဲ ခြင်းကြောင့် ကြက်သေသေသွားမိသည်။
“ငါမှန်းသလိုမဖြစ်လောက်ပါဘူး ဟုတ်တယ်…”
သို့သော် နတ်ဆိုးလောကသည် နတ်ဆိုးလောကပင်။ သူမလို လူသားလောကမှ လူတစ်ယောက် အတွက် စိုးရိမ်ရန်မလိုအပ်ပေ။ ထို့ကြောင့်ပင် မိုရှားကိစ္စပြီးအောင် စောင့်ပြီး မြန်မြန်ပြန်သွားရန်သာလိုသည်။
“ဟူး ငါဒီအတိုင်းထွက်လာခဲ့တာ ဆရာတို့ရော ဘယ်လိုနေလဲမသိဘူး ငါ့ကိုစိုးရိမ်နေကြမလားပဲ၊ သူတို့ စိတ်ချအောင် ဆက်သွယ်လို့မရတာတော့ နှမြောတယ်”
“ယူယူ မစိုးရိမ်ပါနဲ့ ယူလင်းနဲ့ တခြားသူတွေမှာ ယူယူ့ရဲ့ ရောင်ဝါရှိတယ်လေ၊ ရောင်ဝါက ဘာမှဖြစ်ဘူး ဆိုရင် အဆင်ပြေနေတာ သိလောက်ပါတယ်” အိမ်မက်လေးသည် ပြောလေသည်။
“ဆရာတို့က ယူလင်းတို့ကိုသွားမရှာပဲ ဒီအတိုင်းစိတ်ပူနေမှာကိုပဲ စိုးရိမ်တာ” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ငါ့ကိုနတ်ဆိုးလောကက ခေါ်သွားခံရတဲ့ အရေးကြီးတာမျိုးကိုတော့ ငါ့အဖိုးကိုသွားပြောကြမှာပါ သူတို့လည်း ဒီသတင်းကိုကြားကြမှာပါ”
“သူတို့ သိကြမှာပါ” အိမ်မက်လေး ခေါင်းညိမ့်လေသည်။
“ဟုတ်တယ်” ရှီမာယူယူသည် ဟိန်းသံလေးကို ခေါ်ထုတ်ပြီး ပြောလိုက်သည် “ဟိန်းသံလေး ဘာလို့ ဘာကျားဇီကို ကယ်ခိုင်းတာလဲ”
ဟိန်းသံလေးသည် အပျင်းကြောဆန့်ကာ ပြောလေသည် “ကျောက်စိမ်းအနက်မျိုးနွယ်ဝင်တွေ ဒုက္ခ ရောက်တာကို တွေ့ရင် ကူပေးရမယ်လို့ ဒဏ္ဍာရီတွေကပြောတယ်၊ မထင်မှတ်ထားပေမယ့် အံ့တော့ အံ့သြသွား တာပဲ”
“ဒဏ္ဍာရီက အဲလိုပြောတာလား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ဒါဆို ဒဏ္ဍာရီတွေက ကိစ္စ တွေအဲလိုဖြစ်မယ်ဆိုတာ သတ်မှတ်ထားတာလား မဟုတ်ရင် ဘာလို့အဲလောက်တောင် တိုက်ဆိုင်တာလဲ”
“…မဟုတ်ဘူး” ဟိန်းသံလေးသည် သူမ၏ သေနိုင်လောက်သည့် အကြည့်ကို မြင်ပြီးနောက် ခေါင်းရမ်း လိုက်သည်။
ရှီမာယူယူသည် မျက်လုံးလှန်လိုက်သည်။ ကိစ္စတွေ ဒီလိုဖြစ်မယ်ဆိုတာ အခုမှသိတာလေ။
လူဆိုးကြီး…
“ယူယူ စိတ်အေးအေးထား ဒဏ္ဍာရီတွေက အဲလိုပြောထားတာဆိုတော့ ဒါက အမှန်ဖြစ်မှာပါ” ဟိန်းသံလေးသည် ယုံကြည်မှုအပြည့်ဖြင့် ပြောပြီးနောက် ခေါင်းညိမ့်လိုက်သည်။
ရှီမာယူယူသည် သူ့လည်ပင်းမှ အမွေးကိုဆုပ်ကိုင်ပြီး မြှောက်လိုက်သည် “ငါသိချင်တာ ဒဏ္ဍာရီတွေ ပြောခဲ့တာကို မင်းကဘာလို့ ငါ့ကိုတစ်ဝက်ပဲပြောတာလဲ”
“မပြောပါဘူး အဲဒါက သေချာနေလို့ သူတို့က ငါတို့ကိုမပြောတာနေမှာပေါ့” ဟိန်းသံလေးရှင်းပြလေ သည်။
“သြော်” ရှီမာယူယူသည် စကားကိုဆွဲပြောပြီးနောက် ဟိန်းသံလေးကို ဘောလုံးတစ်လုံးအသွင် လုံးကာ “အဲဒီဒဏ္ဍာရီတွေရဲ့ ရလဒ်က နာကျင်စရာကောင်းလွန်းလို့ မပြောတော့တာဆိုတာ သေချာလား”
“ယူယူ…” ဟိန်းသံလေးသည် ကာကွယ်လေသည်။ သူမသည် သူ့ကို အထင်သေးလွန်းသည်။ သို့သော် ယူယူ့၏ အကြည့်ကို ကြည့်ရသည်မှာ သူမသည် အားလုံးကို သိပြီးပြီဆိုသည်ကို ပြနေသဖြင့် သူ အရှုံးပေးလိုက် လေသည်။ သူ၏ ရှည်လျားသော နားရွက်များသည် ခတ်လိုက်သည် “တကယ်တော့ သူတို့က အတိုချုံ့လိုက် တာမဟုတ်ဘူး အဲကိစ္စက အရေးမကြီးဘူးလို့ထင်လို့ ဆက်မပြောတော့တာ”
“မင်းပျင်းတယ်လို့ ဝန်ခံလိုက်ပါ” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည် “ကျောက်စိမ်းအနက်မျိုးနွယ် က ဟွာမျိုးနွယ်နဲ့ တစ်လှေတည်းစီးလို့တော်သေးတယ်၊ သူတို့သာ ဘက်မတူရင် တော်တော်ပြဿနာတက်မှာ ဟုတ်သားပဲ မင်းတို့နဲ့ သူတို့မျိုးနွယ်နဲ့ကြားက ဆက်နွယ်မှုကိုသိလား”
“ငါ့ဘိုးဘွားတွေက ယုန်အနက်မျိုးနွယ်နဲ့ အတူရှိခဲ့တဲ့ပုံပဲ၊ နောက်ပိုင်းမျိုးနွယ်တွေလည်း ငါတို့သွေးသား နဲ့ မွေးဖွားလာတာပဲလေ ဒါပေမဲ့ မင်းဒါကိုတော့သိမှာပါ ငါတို့က အလင်းမျိုးနွယ်ဖြစ်ပြီး သူတို့က အမှောင်မျိုးနွယ် တွေ၊ သူတို့က နတ်ဆိုးလောကမှာနေပြီး နည်းနည်းပဲ ငါတို့သွေးသားဆက်ခံတာ၊ သူတို့ မင်းမြင်တဲ့အတိုင်း ဖြစ် လာတာပဲ”
ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်လာသည် “မင်းပြောသလိုဆိုရင် ကျောက်စိမ်းအနက် မျိုးနွယ်က အလင်းရောအမှောင် စွမ်းရည်ရှိတာလား”