မရှင်းလင်းသောအစီအစဉ်
Vol. 006 Ch. 587
သူမ အခြေအနေသည် မကြာသေးခင် နှစ်များအတွင်း တည်ငြိမ်လာသော်လည်း စိုးရိမ်မှုမှာ မရပ်နိုင် သေးပေ။ သူမ အင်အားကြီးမာလာသည့်အချိန်တိုင်းတွင် သူမ ပိုရင်ခုန်ရသည်။ သူမခန္ဓာကိုယ် မခံနိုင်တော့သည့် တစ်နေ့တွင် ပေါက်ကွဲမည်ကို ကြောက်မိသည်။
ကျောက်စိမ်းအနက်မျိုးနွယ်သာ အလင်းနှင့်အမှောင် အရည်အချင်းရှိပါက သူမခန္ဓာကိုယ်၏အခြေအနေ ကို တစ်နည်းနည်းဖြင့် ဖြေရှင်းရန်ဖြစ်နိုင်သည်။
“ကျောက်စိမ်းအနက်မျိုးနွယ်က အမြဲတမ်းနတ်ဆိုးလောကမှာ နေလာတာ၊ သူတို့မှာ အလင်းအရည် အချင်းရှိလား ငါတို့လည်းမသေချာဘူး” ဟိန်းသံလေး ပြောလေသည်။
ရှီမာယူယူသည် ဒေါသမထွက်တော့ပဲ ဟိန်းသံလေးအားဖက်ပြီး သူ၏နားရွက်ရှည်များကို ဆိတ်ကာ ပြောလိုက်သည် “အရင်က ရှိဖူးတယ်ဆိုတော့ အခုချိန်မှာမရှိရင်တောင် ပြဿနာကိုဖြေရှင်းတို့ နည်းလမ်းတစ်ခုခု ရှာရမှာပဲ၊ ငါတို့ အချိန်ကျရင်တော့ ဘာကျင်းဇီကိုမေးကြည့်ရမယ်”
“အင်း သူတို့ဆီမှာ အကြံကောင်းရှိနိုင်တာပဲ” ဟိန်းသံလေးသည် ဖားပြီးပြောလိုက်သည် “အဲဒါကြောင့် သူမကို ငါတို့ကယ်သင့်တယ်လို့ပြောတာလေ”
“မင်းကံကောင်းသွားတယ်မှတ်လိုက်၊ နောက်ကို ဒီလိုမျိုး စိတ်မချရတဲ့ ဆုံးဖြတ်ချက်ချရရင် မင်းကို မညှာတော့ဘူး” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။
“သိပါပြီ…” ဟိန်းသံလေးသည် အစတုန်းက စကားကတ်ပြောမည်လုပ်သော်လည်း သူမ၏ အကြည့်ကို မြင်သောအခါ သူပြန်ပြောလိုက်သည်နှင့် သူမ အလွတ်ပေးမည်မဟုတ်ဆိုသည်ကို သိလိုက်သည်။
သည်လိုနှင့် သူသည် ကျိုးနွံစွာနေရန် ရွေးချယ်လိုက်သည်။
နတ်ဆိုးလောက၏ အန္တရာယ်များသော နေရာတစ်ခုတွင် မျက်လုံးကြီးများပေါ်လာသည်။ မျက်လုံးတစ်စုံ ချင်းစီသည် ပျော်ရွှင်မှုဖြင့် ရီဝေနေသည်။ ထိုပနောက်တွင် တောင်တစ်တောင်အမြင့်ရှိသော ခန္ဓာကိုယ်ကြီးတစ်ခု သည် မြေပေါ်မှ ကုပ်တက်လေသည်။ သူ၏ ရှည်လျားသော ကျောသည် သက်ရှိသတ္တဝါတစ်ကောင် တွားသွား သည့်ပုံပေါက်နေလေသည်။
နုံးမြေအား ကွေ့ပတ်စီးဆင်းနေသော မြစ်သည် နှေးကွေးစွာစီးဆင်းသော မြစ်တို့၏ သင်္ကေတဖြစ်သည်။ ထိုမြစ်ကြီး၏ အလယ်တွင်ကွဲသွားသည်မှာ အထဲမှရှည်လျားပြီး ကြီးမားသော မြွေကြီးထွက်လာသည်နှင့် တူလေ သည်။ မြစ်ကမ်းရိုးသည် ကြီးမားသော မြွေကြီးအတိုင်းပင်။
နတ်ဆိုးမိစ္ဆာများသည် ခေါ်သံကြားသည်နှင့် သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ တိကျသာ ဦးတည်ဘက်သို့ အလင်းတန်းပစ်လွှတ်လိုက်လေသည်။
ထိုအချိန်တွင် နတ်ဆိုးလောကသည် ထိုအအဖြစ်အပျက်ကို မသိလိုက်ကြပေ။ ကမ္ဘာကြီးတုန်ခါသွား သည်မှာ အပြောင်းအလဲဖြစ်တော့မည်ဖြစ်သည်ကို သူတို့မသိကြပေ။
မိုရှား ရှီမာယူယူအား လာရှာချိန်တွင် ဘာကျားဇီနှင့်တခြားသူများသည် ပြန်ရောက်ခါနီးဖြစ်သည်။ သူ သည် ထိုနေရာတွင် ဟွာရှုံတို့ကိုစောင့်ရန် ပြောကာ သူကတော့ အပြင်သွားကြည့်လေသည်။
သူမအားမလိုက်ခိုင်းသည်ကို ရှီမာယူယူတွေ့သောအခါ သူဝေးဝေးမသွားသည်ကို သိလိုက်သည်။ သူမ သည် ကျောက်စိမ်းအနက်မျိုးနွယ်အကြောင်းများကို တွေးနေသဖြင့် သူဘယ်သွားမည်ကို မမေးပဲနှင့် နားလည် လိုက်သည်။
မိုရှားထွက်သွားပြီးနောက်တွင် ဘာကျားဇီနှင့်တခြားသူများ ပြန်လာသည်။ သူတို့နှင့်အတူ တခြားသော လူသားနှင့်တူသော နတ်ဆိုး၂ယောက်ပါလာလေသည်။
“ဘာကျားဇီ ငါ နင့်ကိုမေးစရာရှိတယ်” ရှီမာယူယူသည် ဘာကျားဇီကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြော လိုက်သည်။
ဘာကျားဇီသည် သူမ မျိုးနွယ်ဝင် ၂ယောက်ကိုကယ်တင်လာရာ ပျော်ရွှင်နေသဖြင့် ပြေးလာကာ မေး လိုက်သည် “ဘာမေးချင်တာလဲ”
ရှီမာယူယူသည် ဟွာရှုံနှင့် တခြားသူများကို ကြည့်ပြီးနောက် ဘာကျားဇီအား သူမ အိမ်အတွင်းသို့ ဆွဲခေါ်လာလေသည်။ သူမ၏ လျှို့ဝှက်သော အပြုအမူများကြောင့် ဘာကျားဇီ ပိုသိချင်သွားသည်။
“ဘာဖြစ်လို့လဲ” ဘာကျားဇီ မေးလိုက်သည်။
“မင်းက ရှေးဟောင်းအံ့ဖွယ်မိစ္ဆာဟိန်းသံရဲ့ သွေးသားလို့ကြားတယ်၊ အမှန်ပဲလား” ရှီမာယူယူ မေးလိုက် သည်။
ဘာကျားဇီ ခေါင်းညိမ့်ကာ ပြန်ဖြေလေသည် “ဟုတ်တယ် ငါတိုု့က ရှေးဟောင်းအံ့ဖွယ်မိစ္ဆာရဲ့ သွေးသား ဖြစ်တာကြောင့် ယုန်နတ်ဆိုးမျိုးနွယ်မှာ ငါတို့ရာထူးကမြင့်နေတာ၊ ဘာဖြစ်လို့လဲ”
“အံ့ဖွယ်ဟိန်းသံက အလင်းအရည်အချင်းနဲ့ ဝိဉာဉ်မိစ္ဆာပဲ မင်းတို့ကကျ နတ်ဆိုးမိစ္ဆာတွေလေ၊ အဲတော့ မင်းတို့ခန္ဓာကိုယ်က အလင်းနဲ့အမှောင်အရည်အချင်းရှိတယ်လို့ ဆိုလိုတာပဲ”
“အင်း ငါ့မျိုးနွယ်ဝင်တွေက အရည်အချင်း၂ခုလုံးနဲ့ မွေးဖွားလာကြတာ” ဘာကျားဇီသည် သူမ၏ ကျေးဇူး ရှင်အား လျှို့ဝှက်ထားရန် အစီအစဉ်မရှိပေ။ ထို့အပြင် ထိုအကြောင်းအရာသည် နတ်ဆိုးလောကတွင် လျှို့ဝှက် ထားရမည့် ကိစ္စတော့မဟုတ်ပေ။
“ဒါဆို အဲဒီအရည်အချင်း ၂ခုလုံးကို ဘယ်လိုကိုင်တွယ်လဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါလည်းမသိဘူး ငါ့မျိုးနွယ်ဝင်တွေကတော့ မွေးဖွားလာတာနဲ့ ဖြေရှင်းကြတာပဲ” ဘာကျားဇီ ပြောလိုက် သည်။ “ငါတို့က ဒီမှာ အလင်းအရည်အချင်းနည်းဆိုတာ သိတယ်မလား၊ အဲဒါကြောင့် ငါတို့က အလင်းအရည် အချင်းကို စွန့်ပစ်ပြီး အမှောင်အရည်အချင်းကိုပဲ ထိန်းသိမ်းထားကြတာ”
“ဒါဆိုရင် အခုချိန်မှာ နင့်ခန္ဓာကိုယ်က အရည်အချင်းတစ်ခုပဲရှိတာပေါ့” ရှီမာယူယူသည် အနည်းငယ် စိတ်ပျက်သွားလေသည်။ သူတို့သည် မွေးကတည်းက တစ်ခုကိုစွန့်ပစ်ရန် ရွေးချယ်ခဲ့ပါက သူမအတွက် အသုံး ဝင်ပါ့မလားကို မသိတော့ပေ။
“ဟုတ်တယ်” ဘာကျားဇီ ပြောလိုက်သည် “နင့်ခန္ဓာကိုယ်မှာ အလင်းရော အမှောင်အရည်အချင်းပါရှိ တာ ငါသိတယ်၊ ဒါပေမဲ့ ငါလည်း နည်းလမ်းမသိဘူး၊ ငါတို့အကြီးအကဲတွေနဲ့ အဘိုးအဘွားတွေပဲသိမှာ ငါတို့ အဘိုးအဘွားတွေကယ်ပြီးရင် သူတို့ကို နင့်အတွက် နည်းလမ်းရှာဖို့ကူပြောပေးမယ်”
“ကောင်းပြီ အဲဒါဆိုရင် နင့်ကိုကျေးဇူးတင်ရတော့မှာပဲ” ရှီမာယူယူ ပြန်ဖြေလေသည်။ ထိုနည်းလမ်းသည် သူမအတွက် အသုံးဝင်သည် မဝင်သည်ကို မသေချာသော်လည်း ထိုအရာသာ သူမအတွက် မျှော်လင့်ချက် ဖြစ်သည်။
“ငါ့ကို ဘာလို့ကျေးဇူးတင်တာလဲ နင်က ငါ့ဘဝကိုကယ်ခဲ့တာလေ၊ ငါက ကျေးဇူးတောင် မဆပ်ရသေး ဘူး၊ ပြီးတော့ နင်က ငါ့မျိုးနွယ်ဝင်တွေရဲ့ အဆိပ်ကိုတောင် ရှင်းပေးဦးမယ်၊ အဲဒါက ငါ့မျိုးနွယ်တစ်ခုလုံးအတွက် အကူအညီကြီးတစ်ခုပဲ နင့်ကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတာ စဉ်းစားရဦးမယ် အဲဒါကြောင့် အဲနည်းလမ်းကို နင့် ကိုပေးနိုင်ရင် ကောင်းမှာပဲ” ဘာကျားဇီသည် ပြုံးပြီးပြောလိုက်သည်။
ရှီမာယူယူသည် သူ၏ စိတ်ရင်းအမှန်ဖြစ်သော အကြည့်ကိုမြင်ပြီးနောက် နတ်ဆိုးမျိုးနွယ်တွေက ရက်စက်တယ်လို့ ဘယ်သူကများ သတင်းဖြန့်လိုက်သလဲဆိုသည်ကို သိချင်မိသည်။ အိမ်မက်လေးနဲ့ ဘာကျားဇီ တွေကရိုးရှင်းပြီး နူးညံ့တဲ့စိတ်ထားရှိတယ်လေ။
ထိုညတွင် ဟွာယန်သည် လိုအပ်သည့် ဆေးပစ္စည်းများကို သူမဆီသို့ ပို့ပေးလေသည်။ သူမသည် အခန်းတံခါးပိတ်ကာ ဆေးဖော်နေချိန်တွင် ဘာကျားဇီ၊ ဟွာရှုံနှင့် တခြားသူများသည် လူများကို ပြန်ခေါ်လာလေ သည်။
သူမ ဆေးဖော်ပြီးသည်နှင့် ဟွာရှုံနှင့် တခြားသူများသည် ကျောက်စိမ်းအနက်မျိုးနွယ်ဝင်များကို ကယ်ရန် ပြင်ဆင်ပြီးဖြစ်လေသည်။
“စီနီယာဘယ်မှာလဲ၊ သူပြန်မလာသေးဘူးလား” ရှီမာယူယူသည် လှည့်ပတ်ကြည့်သော်လည်း မိုရှားကို မမြင်မိပေ။
“မလာသေးဘူး သူဘယ်သွားလဲ မသိဘူးလား” ဟွာရှုံ မေးလိုက်သည်။
“မမေးမိဘူး”
“…”
အားလုံးသည် သူအား ဆွံ့အစွာ ကြည့်လိုက်သည်။ သူက သူမစီနီယာမဟုတ်ဘူးလား။ သူဘယ်သွားလဲ ဆိုတာကို ဘာလို့မမေးတာလဲ။
ထိုအချိန်တွင် မိုရှားသည် လျှောက်လာပြီး ကြေညာလေသည် “ငါပြန်လာပြီ”
ဟွာယန်၊ ဟွာဂျင်းနှင့် ဟွာရှုံတို့သည် ထိုနေရာတွင် အာဏာအရှိဆုံးဖြစ်သည်။ မိုရှားသည် သူတို့စောင့်နေသူနှင့် ဆက်နွယ်မှုရှိသည်ကို ဟွာယန်သိသည်။ ထို့ကြောင့် သူတို့သည် မိုရှားကို လေးစားကာ သူ ရောက်သည်နှင့် နှုတ်ဆက်ခိုင်းလေသည်။
ဟွာမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်တွင် အင်အားကြီးမားသော မျိုးနွယ်ဖြစ်သည်။ ဇူမျိုးနွယ်သည် သူတို့ မျိုးနွယ်ကို ဖမ်းသွားကာ အိမ်တော်အခွဲများကို ဖျက်ဆီးသွားသော်လည်း ကုလားအုပ်ပိန်သည် မြင်းထက်တော့ ကြီးသေးသည်။ ရှီမာယူယူ ဆေးဖော်နေချိန်တွင် သူတို့သည် အင်အားကောင်းသော တည်ဆောက်မှုသခင်ရှာပြီး နောက် ယာယီဖြတ်လမ်းတည်ဆောက်မှုကို တည်ဆောက်လေသည်။
ရှီမာယူယူသည် ဖြတ်လမ်းတည်ဆောက်မှုကို အနီးကပ်စစ်ဆေးကြည့်လေသည်။ ထိုတည်ဆောက်မှု သည် ကမ္ဘာဦးနယ်မြေမှ တည်ဆောက်မှုနှင့် ဆင်တူကာ အနည်းငယ်သာကွာခြားလေသည်။
ဒီတစ်ခေါက်တွင် အများကြီးမသွားကြပေ။ အများစုသည် ကျောက်စိမ်းအနက်မျိုးနွယ်မှ ပြန်ခေါ်လာသူ များဖြစ်ကြသည်။
ရှီမာယူယူသည် တည်ဆောက်မှုတွင် စိုးရိမ်တကြီးရပ်လိုက်သည်။ မြေကြီးလှုပ်ခတ်လိုက်သည့်အချိန် တွင် သူမအတွက် အချိန်ကောင်းမဟုတ်သည်ကို သိလိုက်သည်။
ထင်ထားသည့်အတိုင်းပင် တည်ဆောက်မှုအသက်သွင်းလိုက်သည်နှင့် သူမသည် ဗိုက်ထဲတွင် ရှိသမျှ အားလုံးကို အန်ထုတ်တော့သည်။
ဟွာဂျင်းနှင့် တခြားသူများသည် စစ်ဆေးရန်သွားကြပြီး သူမနှင့် မိုရှားသည် တည်းခိုဆောင်သို့ သွားကြ သည်။ ထိုနေရာသည် ကျောက်စိမ်းအနက်မျိုးနွယ်နှင့် အနည်းငယ်ဝေးနေသေးသဖြင့် အလျင်အမြန်သွားပါက ၂ရက်အတွင်းရောက်မည်ဖြစ်သည်။
ရှီမာယူယူသည် အိမ်ရာပေါ်တွင် မူးဝေစွာ လဲလျောင်းပြီး မျက်နှာသည် ဖြူဖျော့နေသည်။ သူမ ထိုကဲ့သို့ ဖြစ်တိုင်း ဘေဂုံထန်အတူရှိပေးသည်ကို သတိရသွားသည်။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်သည်နှင့် ဘေဂုံထန် နတ်ဆိုးလောကသို့ လိုက်လာသည်ကို ထင်လိုက်မိသည်။