← Chapters

ချည်နှောင်ခံရသောလက်များ

Vol. 006 Ch. 588

ချည်နှောင်ခံရသောလက်များ

Vol. 006 Ch. 588

မိုရှားသည် ဗန်းသည်လာရာ ဗန်းအပေါ်တွင် အပြာနုရောင်အရည်ပါသောပန်းကန်လုံးရှိလေသည်။

“ငါ မင်းအတွက်လုပ်လာပေးတယ်” မိုရှားသည် ဗန်းကိုစားပွဲပေါ်တင်လိုက်လေသည်။ သူသည် ပန်းကန် လုံးကို စားပွဲဘေးထားပြီးနောက် သူမအား လက်တစ်ဖက်ဖြင့် ထိန်းပေးလိုက်လေသည်။

ရှီမာယူယူသည် ပန်းကန်လုံးထဲမှ အပြာနုရောင်စွတ်ပြုတ်အားတွေ့လိုက်သည်။ သူမသည် အားဖျော့စွာ မေးလိုက်သည် “ဒါဘာလဲ”

“မင်းအတွက်ကောင်းတဲ့ဟာပါ” မိုရှား ပြောပြီးသည်နှင့် ပန်းကန်လုံးကို သူမနှုတ်ခမ်းတွင် တေ့ပေးလိုက် သည်။

ရှီမာယူယူသည် သူတိုက်သော ပန်းကန်လုံးထဲမှ အရည်များကို သောက်လိုက်သည်။ သောက်ပြီးနောက် တွင် ပါးစပ်ထဲတွင် အရသာကျန်ခဲ့လေသည်။ သူမ၏ မူးဝေခြင်းများ အနည်းငယ်သက်သာသွားလေသည်။

“အဲဒါဘာလဲ” သူမ ခေါင်းကြည်သွားသည်ကို ခံစားရပြီးနောက် ထပ်မေးလိုက်သည်။

“ပန်းကန်လုံးထဲကဆေး” မိုရှားပြောလိုက်သည် “မင်းအရင်နားလိုက်ဦး”

သူပြောပြီးနောက်တွင် ပန်းကန်လုံးအား ယူသွားလေသည်။

နောက်နေ့တွင် မိုရှားသည် အနီရောင်အရည်ပါသော ပန်းကန်လုံးယူလာလေသည်။ ၃ရက်မြောက်နေ့ တွင် သူသည် သူမအား အစိမ်းရောင်ဆေးကိုတိုက်လေသည်။ ၄ရက်မြောက်နေ့တွင် ဆေးသည် ပုံမှန်ဖြစ်လာ သည်။ အဖြူရောင်ဆေးအရည်ဖြစ်လာသည်။

ရှီမာယူယူသည် အနည်းငယ်မှတွေဝေခြင်းမရှိပဲ သောက်ခဲ့သည်သာ။ သူမသည် ၄လုံးမြောက် ဆေးကို သောက်ပြီးသောအခါ သူမခန္ဓာကိုယ်သည် မတူညီသော လေဟာနယ်ရောက်သွားသည်ကို ခံစားလိုက်ရသည်။ သူမသည် လေဟာနယ်နှင့် ထိတွေ့သလိုခံစားရသည်။

ထိုခံစားချက်ရှိနေသဖြင့် မျက်စိမှိတ်ကာ လေဟာနယ်အား နားလည်ရန်ကြိုးစားလိုက်သည်။ သူမ အနည်းငယ်တိုးတက်လာသည်ကို ခံစားမိသည်။ ထိုအခန်းအား နားလည်သွားပြီးနောက်တွင် သူမသည် အပြင် သို့ထွက်ကာ ကျယ်ပြန့်သော နယ်မြေကို ခံစားကြည့်သည်။

သူမ၏ လေဟာပြင်ကို နားလည်မှုကျယ်ပြန့်လာသည်နှင့် သူမ ကြားမြင်နိုင်သောအကွာအဝေးမှာလည်း တိုးလာသည်ကို သိလိုက်ရသည်။ သူမသည် ကုဗတုံးအရွယ်အစားရှိသော လေဟာပြင်ကို ထိန်းချုပ်ရန်အသုံးပြု လိုက်သော်လည်း သူမသည် ထိုအိမ်အရွယ်အစားတစ်ဝက်ရှိသော လေဟာပြင်ကို ထိန်းချုပ်နိုင်လေသည်။

သူမ ထိန်းချုပ်နိုင်သော လေဟာပြင်အရွယ်အစားကို ကြည့်ပြီး သူမသည် အံ့သြမိလေသည်။ ဘယ်လို လုပ်ဒီလောက်ကြီးသွားတာလဲ။ မိုရှား သူမအား တိုက်သောဆေးနှင့် အဆက်အစပ်ရှိရမည်ဟု သူမ ခန့်မှန်းမိ သည်။ သူမ တောင့်ခံနိုင်မလားဟု သိချင်မိသည်။

နောက်မှပင်သိခဲ့ရသည်မှာ ထိုဆေးသည် သူမ လေဟာပြင် ထိန်းချုပ်နိုင်သည့် အရွယ်အစား အား ကောင်းစေသည်မဟုတ်ပဲ သူမ ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုချိန်တွင် မူးဝေခြင်းမရှိစေရန်ဖြစ်သည်။ နောက်ပိုင်းတွင် သူမ ဖြတ်လမ်းတည်ဆောက်မှုအသုံးပြုသည့်အခါတိုင်းတွင် မူးဝေခြင်းဖြစ်တော့မည်မဟုတ်ပေ။

မိုရှားတံခါးခေါက်သည့်အချိန်မှပင် သူမသည် တရားထိုင်ရာမှ သတိပြန်ဝင်လာသည်။ သူမသည် အချိန် ကို အသုံးချနေချိန်ဖြစ်သည်။

သူမ တံခါးဖွင့်လိုက်ရာ မိုရှားသည် အပြင်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူမ စကား စသည်ကိုပင် မစောင့်ပဲ ပြောလိုက်သည် “အပြင်သွားရအောင်”

“ဘယ်သွားမှာလဲ”

“သူတို့ကို သွားကူညီရမှာ”

“ဟင်”

သူမသည် မိုရှားအား ဘာမှမတုန့်ပြန်ရသေးခင်မှာပင် သူ လှည့်ထွက်သွားလေသည်။ သူမသည် တံခါး ပိတ်ပြီး အပြင်သို့ လိုက်ခဲ့ရလေသည်။

မိုရှားသည် သူမအား ခေါ်သွားရာ ၂ရက်မျှလမ်းလျှောက်ပြီးနောက်တွင် ဂူတစ်ဂူရှေ့သို့ရောက်လေ သည်။ ဂူအဝင်ပေါက်တွင် နတ်ဆိုးမျိုးနွယ်ဝင်များ၏ အလောင်းတချို့ရှိနေရာ ကြည့်လိုက်သည်နှင့်ပင် ဇူမျိုးနွယ် နှင့် ကျောက်စိမ်းအနီမျိုးနွယ်မှဖြစ်သည်ကို သိနိုင်သည်။

မိုရှား အရှေ့မှလျှောက်သွားရာ ရှီမာယူယူသည် အိမ်မက်လေး၏ လက်ကိုဆွဲကာ သူ့နောက်မှ လိုက်ခဲ့ သည်။ သူတို့သုံးယောက် ဂူသို့ဝင်သည်နှင့် ပွတ်တိုက်သံကို လမ်းတစ်လျှောက်လုံးကြားရလေသည်။

“ဘယ်သူလဲ” အထဲမှ အော်သံထွက်လာပြီးနောက် ဟွာရှုံနှင့် တခြားသူများ ပြေးထွက်လာသည်။ သူတို့ ကို မြင်သည်နှင့် အံ့သြစွာ ပြောလိုက်ကြသည် “ဒီကိုဘာလာလုပ်တာလဲ”

“မင်းတို့ ပြန်မလာတာကြာပြီဆိုတော့ အကူအညီလိုမလားလို့လာကြည့်တာ အခြေအနေ ဘယ်လိုရှိလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကျွန်တော် ကျောက်စိမ်းအနီမျိုးနွယ်ကို ရှင်းပြီးပြီ၊ ကျောက်စိမ်းအနက်မျိုးနွယ်လည်း ဆေးသောက်ပြီး သွားပြီ ဒါပေမဲ့ သူတို့ ပြဿနာ တက်နေကြတယ်” ဟွာရှုံ ပြောလိုက်သည်။

“ဘာပြဿနာလဲ”

“ဝင်ကြည့်ရင်သိမှာပါ” ဟွာရှုံသည် လှည့်ပြီး ဝင်ရင်းနှင့်ပြောလေသည်။

ရှီမာယူယူ ဝင်လိုက်သည်နှင့် တစ်ခုခုမူမမှန်သည်ကို နားလည်လိုက်သည်။ ထိုကြီးမားသောဂူသည် မည်သည့်နေရာမှ လာသည်ကို သိသည့်သူမရှိပေ။ ကျောက်စိမ်းအနက်မျိုးနွယ်များသည် အထဲတွင် ပိတ်မိနေ ကာ ဂူသည် ဖွင့်မရပေ။ သူတို့ကို ကယ်ရန်နည်းလမ်းမရှိပေ။

ရှီမာယူယူနှင့် မိုရှားဝင်လာသည်ကို သူတို့တွေ့သောအခါ သူတို့သည် ပဟေဠိဆန်သော အကြည့်များ ဖြင့် ရှိနေကြလေသည်။ ဟွာဂျင်းပြောလိုက်သည် “ဒါက နှစ်၁သောင်း သံမဏိနဲ့လုပ်ထားတာ သော့မရှိရင် ဖွင့် လို့မရဘူး၊ အကြံတွေအကုန်သုံးပြီးပြီ”

ရှီမာယူယူသည် မိုရှားအားကြည့်လိုက်သည်။ သူတို့ ဂူဖွင့်မရဖြစ်နေတာကို ဒီလူက အစကတည်းက သိ နေတာလား။ အဲဒါကြောင့် သူမကို ဖွင့်ခိုင်းဖို့အတွက် ခေါ်လာတာလား။

ဘာကျားဇီသည် ဘေးတွင်ရပ်နေကာ လူတချို့ကို ဝိဉာဉ်စွမ်းအင်သုံးခိုင်းနေလေသည်။ သို့သော် သူတို့ ဝိဉာဉ်စွမ်းအင် အသုံးပြုမှုမှာ သက်ရောက်မှုမရှိပေ။ သူမသည် ငိုတော့မည့်ပုံစံဖြစ်နေလေသည်။

ရှီမာယူယူ လျှောက်သွားရာ ဘာကျားဇီသည် အားတင်းပြီး ပြုံးကာ သူမအား ကြည့်လိုက်သည် “ဒီကို ဘာလာလုပ်တာလဲ”

“ငါစမ်းကြည့်မယ်” ရှီမာယူယူသည် ၁ပေအမြင့်ရှိသော သော့သည် မီးမြှိုက်ရာများ ထုရာများရှိသည်ကို တွေ့လိုက်ရသည်။ သော့ဖွင့်ရန်ကြိုးစားထားသော အမှတ်အသားများလည်းရှိလေသည်။

“ကောင်းပြီ” ဘာကျားဇီသည် ရှီမာယူယူအပေါ်တွင် မျှော်လင့်ချက်အများကြီးမထားပေ။ သို့သော် သူမ ပြောလာသဖြင့် သူမတွင် အစီအစဉ်ရှိရမည်။

ရှီမာယူယူ သွားကာ သော့အားကြည့်လိုက်သည်။ သူမသည် ကိုယ်ပိုင်မီးအားအသုံးပြုကာ ၂မိနစ်မျှ လောင်မြှိုက်လိုက်သည်။ သို့သော် သော့သည် တုန့်ပြန်ခြင်းမရှိပေ။

ဂူထဲမှလူများသည် လူစိမ်းလာသည်ကို တွေ့သောအခါ မျှော်လင့်ချက်ထားလေသည်။ သို့သော် ရလဒ် မှာတော့ မထူးခြားပေ။

“ယူယူ သာမာန်မီးကတော့ အသုံးမဝင်ဘူး” ဘာကျားဇီ ပြောလိုက်သည်။

“အမှန်ပဲ” ရှီမာယူယူသည် မီးတောက်ကိုသိမ်းကာ ကြက်သွေးရောင်မီးတောက်ကို အသုံးပြုလေသည်။

မီးတောက်ထွက်လာသည်နှင့် ဂူအတွင်းမှ အပူချိန်သည် မြင့်တက်သွားလေသည်။ အားလုံးသည် မီးတောက်၏ နက်ရှိုင်းသော လှိုင်းများကို အားလုံးခံစားမိကြလေသည်။

“ယူယူ အဲဒါ ဘာမီးတောက်လဲ” ဘာကျားဇီသည် မသိစိတ်မှ ခြေတစ်လှမ်းနောက်ဆုပ်ကာ သူမသည် မီးတောက်အား ကြည့်လေသည်။

“ငါ့စာချုပ်မိစ္ဆာရဲ့ မီးပါ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် သူမ မီးတောက်အားအသုံးပြုချိန်တွင် သော့၏ မျက်နှာပြင်ကိုသာ လောင်ကျွမ်းနိုင်သည်။ သူမသည် ဖြည်းညင်းစွာ အရွယ်အစားကျုံ့သွားသော သော့ကိုကြည့်ပြီးနောက် အချိန်ကြာသည်ဟု စောဒက တက်မိသည်။ သူမသာ မီးတောက်ကို မြှင့်လိုက်ပါက ပိုမြန်မည်ဖြစ်သည်။

သို့သော် မီးတောက်သည် အမှောင်မျိုးနွယ်များ၏ ရန်သူဖြစ်သည်။ ထိုအနည်းငယ်လောက်နှင့်ပင် သူတို့ သည် ကြောက်၍တုန်နေကြပြီဖြစ်သည်။ သူမသာ တစ်ဆင့်တိုးလိုက်ပါက သူတို့သည် တောင့်ခံနိုင်မည်မဟုတ် ပေ။

သူမသည် သော့တစ်ခုလုံးကို ဖျက်မရသောအခါ သံကြိုးကို ပစ်မှတ်ထားလိုက်သည်။

အမှန်တကယ်အသုံးဝင်သည်။ ကျောက်စိမ်းအနက်မျိုးနွယ်ဝင်များသည် သော့အရွယ်အစားကျုံ့သွား သည်ကို ကြည့်ရင်း မျှော်လင့်ချက်များဖြစ်နေလေသည်။

ဟွာရှုံသည် သူမ မီးနောက်အားမြင်သောအခါ ချွေးအေးများပျံလာလေသည်။ သူမကို ဖမ်းစဉ်က သူ့ကို ထိုမီးတောက်နှင့်သာ ပစ်ခဲ့ပါက သူသည် တစ်စစီလောင်ကျွမ်းသွားမည်ဖြစ်သည်။

အချိန်သည် ဖြည်းညင်းစွာကုန်သွားရာ ၁နာရီကျော်သွားသည်နှင့် သော့သည် ပျက်စီးသွားလေသည်။ ရှီမာယူယူသည် မီးတောက်ကို ပြန်သိမ်းလိုက်ရာ အပူချိန်သည် ပုံမှန်ဖြစ်သွားလေသည်။

“ကောင်းပြီ အားလုံးပဲ ထွက်လာကြတော့”

အနက်ရောင်ယုန်များသည် တစ်ယောက်ချင်းစီ ဂူထဲမှထွက်လာလေသည်။ သူတို့ခန္ဓာကိုယ်ထဲမှ အဆိပ် များသည် ကုသပြီးဖြစ်သဖြင့် သူတို့သည် စွမ်းအင်ပြည့်ဝနေကြသည်။

“မင်းသမီး ကျောက်စိမ်းအနီမျိုးနွယ်က ငါတို့ကို သစ္စာဖောက်ရဲမှတော့ သံယောဇာဉ်ဖြတ်ရမှာပေါ့၊ သူတို့ကို အကုန်ရှင်းပစ်မယ်” ကျောက်စိမ်းအနက်မျိုးနွယ်မှ အကြီးအကဲသည် ပြောလေသည်။

“ဟုတ်တယ် မင်းသမီး ငါတို့ ကျောက်စိမ်းအနီမျိုးနွယ်ကို လက်စားချေရမယ်”

“အားလုံးပဲ စိတ်အေးအေးထားကြပါ ကျွန်မတို့ ယုန်နတ်ဆိုးမျိုးနွယ်ကို သစ္စာဖောက်တဲ့ ကျောက်စိမ်း အနီမျိုးနွယ်ကို ခွင့်မလွှတ်နိုင်ဘူး၊ ဒါပေမဲ့ အခုအဲဒါအရေးမကြီးသေးဘူး” ဘာကျားဇီသည် သူတို့အား နှစ်သိမ့် လေသည် “ကျွန်မ အဘိုးအဘွားတွေကို ဇူမျိုးနွယ်က ဖမ်းသွားတယ် အခု သူတို့က သွေးမြေပြင်မြို့မှာ အဖမ်းခံ ထားရတယ်၊ အဲဒါတင်မဟုတ်ဘူး သူတို့က ဟွာမျိုးနွယ်နဲ့ တခြားမျိုးနွယ်က အကြီးအကဲတွေကိုလည်း ဖမ်းထား ကြသေးတယ်၊ အခု ကျွန်မတို့ လုပ်ရမှာက အကြီးအကဲတွေနဲ့ တခြားမျိုးနွယ်ဝင်တွေကို ကယ်ဖို့နည်းလမ်းရှာရ မယ်၊ ကျောက်စိမ်းအနီမျိုးနွယ်ကတော့ သူတို့လုပ်ခဲ့တာကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့”

All Chapters