← Chapters

အသားစားပန်းဘုရင်

Vol. 006 Ch. 589

အသားစားပန်းဘုရင်

Vol. 006 Ch. 589

နောက်ပိုင်းတွင် ရှီမာယူူယူသည် သူမ ကိစ္စအား စတင်လုပ်တော့သည်။ သူမသည် ကျောက်စိမ်းအနက် မျိုးနွယ်နောက်လိုက်သွားသည်။ သူတို့သည် မြေပေါ်တွင်လဲနေသော ကျောက်စိမ်းအနီမျိုးနွယ်အား မည်သို့ ကိုင် တွယ်သည်နှင့် တခြားသူများကို မည်သို့ကယ်တင်သည်ကို သူမ စောင့်ကြည့်လေသည်။ သူတို့၏ အဖမ်းခံထားရ သော မျိုးနွယ်အကြီးအကဲများကို ကယ်တင်မည့်နည်းလမ်းကို တိုင်ပင်ပြီးသည်နှင့် သူတို့သည် သွေးမြေပြင် မြို့တော်မှ အောင်မြင်စွာ ထွက်ခွာလေသည်။

နတ်ဆိုးမျိုးနွယ်တွင် သူတို့နေရမည့်အချိန် မကျန်တော့သဖြင့် မိုရှားသည် အတူတကွသွားရန် ပြောလေ သည်။ ထို့ကြောင့်ပင် သူမသည် ရဲစွမ်းသတ္တိရှိသော မျက်နှာထားဖြင့် ဖြတ်လမ်းတည်ဆောက်မှုအတွင်း ဝင်လေ သည်။ သူမ တည်ဆောက်မှုအသုံးပြုချိန်တွင် မတူညီမှုကို ခံစားမိသည်။ သူမသည် မူးဝေခြင်းမရှိတော့ပေ။

လမ်းဆုံးသို့ရောက်သောအခါ သူမ ဖြတ်လမ်းတည်ဆောက်မှုအတွင်းတွင် မူးဝေခြင်းမရှိသည်မှာ မှန်ရဲ့ လား။ ဘာလို့ အစစ်အမှန်လိုမခံစားရတာလဲ။

အားလုံးထွက်သွားချိန်တွင် သူမ အတွေးထဲပင်ရှိသေးသည်။ မိုရှားသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ သူသည် သူမ၏ နဖူးအားတောက်လိုက်ပြီး “သွားရအောင်”

“အာ…” ရှီမာယူယူသည် နဖူးအားပွတ်လိုက်သည်။ သူမသည် သူ၏ နိုင်ထက်စီးနင်းရှိလှသော အကြည့် ကို မြင်သောအခါ သူတိုက်ခဲ့သည့် ဆေးအရည်များကို သတိပြန်ရသွားသည်။ “မင်းငါ့ကိုတိုက်တဲ့ ဆေးကြောင့် လား”

“တကယ်တုံးလိုက်တာ” မိုရှားသည် သူမအား ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။

အမှန်တကယ်ပင် တုံးအသည်။ သူမသည် အချိန်အတော်ကြာ ငေးငိုင်နေမိသည်။ သူသည် သူမကို စိတ် ထဲမှ အထင်သေးမိသည်။ သို့သော် သူမ ဖြတ်လမ်းတည်ဆောက်မှုအတွင်းရှိစဉ်က မူးဝေခြင်းမရှိသည့် အကြောင်းကို တွေးနေသည့်ပုံစံကို မြင်ရသည်မှာ သဘောတွေ့လှသဖြင့် သူ့ နှုတ်ခမ်းထောင့်များ တွန့်တက်သွား ရသည်။

ရှီမာယူယူသည် သူ့နောက်ကျောကိုကြည့်ပြီး နှုတ်ခမ်းတွန့်မိသည်။ ထို့နောက်တွင် မှီအောင်လိုက်လိုက် သည်။

သူမ ဖြတ်လမ်းတည်ဆောက်မှု အသုံးပြုရာမှာ မူးဝေခြင်းမရှိတာ တကယ်ကောင်းတာပဲ။

သူမ ပြန်ရောက်ရင်တော့ ဆေးနည်းကို ရအောင်လုပ်ရမည်။ ထိုဆေးကို ဖန်လေးကိုပေးပြီး သူ့ကို ဖြတ်လမ်းတည်ဆောက်မှုမှာ မမူးတော့အောင်လုပ်ပေးရမယ်။

ကျောက်စိမ်းအနက်မျိုးနွယ်ဝင်များသည် သူတို့ကို သွေးမြေပြင်မြို့ အနီးအနားရှိ တောင်တန်းများဆီသို့ ခေါ်သွားလေသည်။ သူတို့သည် ထိုထောင်ထိပ်မှနေ၍ သွေးမြေပြင်မြို့ကို အပေါ်စီးမှ မြင်နိုင်သည်။

မိုရှားသည် ဟွာဂျင်းတို့နှင့် ဖမ်းဆီးခံရသော လူများကိုကယ်တင်မည့် နည်းလမ်းများကို ဆွေးနွေးနေစဉ် သူမသည် ဘေးတွင် ပျင်းရိနေလေသည်။ ထိုအချိန်တွင် သူတို့ပြောနေသောစကားများကို မိုရှားကဲ့သို့ နားလည် ခြင်းမရှိပေ။ မိုရှားသည် ဟွာဂျင်းတို့ ဆွေးနွေးသောအကြောင်းများကို နားထောင်ပြီး အခြေအနေကို သုံးသပ်နေ သည်။

သူမသည် ခေါင်းမော့ပြီး မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် အပြာ ရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များ၊ နေတစ်စင်းပင် ရှိသည့်ပုံမပေါ်ပေ။ ဒီနေရာရှိ အစိမ်းရောင် အပင်များ မည်ကဲ့သို့ရှင်သန်နေသည်ကို သူမ မသိတော့ပေ။

သူမသည် အလွန်ပျင်းနေသည်။ သူတို့ ဆေးနွေးနေစဉ်တွင် သူစိမ်းများပြန်ရောက်လာသည်ကို တွေ့ လိုက်သည်။ ထို့ကြောင့်ပင် သူမသည် တောင်ထိပ်မှ ထွက်ခဲ့လိုက်သည်။ သူမထွက်သွားသည်ကို မိုရှား သတိ ထားမိသောအခါ သူမသွားရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သူတို့နှင့်ဆက်ဆွေးနွေးလေသည်။

သူမသည် တောင်ထိပ်နှင့် မည်မျှကွာဝေးအောင်လျှောက်ခဲ့မိသည်ကို မသိတော့ပေ။

“ချွတ်..”

ရှင်းလင်းသော အသံထွက်လာသည်။ သူမသည် လှည့်ပတ်ကြည့်သော်လည်း မည်သူမှရှိမနေပေ။

“ချွတ် ချွတ်”

အသံထပ်ထွက်လာပြန်သည်။ သို့သော် လှုပ်ရှားမှုမရှိပေ။

သူမသည် အိမ်မက်လေးအား ဆင့်ခေါ်လိုက်သည်။ လူ၂ယောက်သည် အသံလာရာလမ်းသို့ လိုက်ကြ လေသည်။

“ချွတ်”

သူတို့ချည်းကပ်လာသည်ကို အာရုံခံမိသည်နှင့် ထိုအသံသည် ပျောက်ကွယ်သွားလေသည်။

“အဲအသံက လူတစ်ယောက်က တစ်ခုခုကိုဝါးနေတဲ့ အသံမျိုးပဲ” အိမ်မက်လေးပြောလိုက်သည်။

“ငါလည်း အဲလိုထင်တယ် ဒါပေမဲ့ ဒီမှာတစ်ယောက်မှမရှိဘူး” သူတို့သည် လှည့်ပတ်ရှာသော်လည်း ထူးခြားမှု မတွေ့ပေ။ သူတို့သည် ကြီးမားသော ပန်းကိုမှီကာ ထိုင်ချလိုက်သည်။

“ယူယူ ဒီမှာ နည်းနည်းထူးဆန်းတယ်” အိမ်မက်လေး ပြောလိုက်သည် “ဒီနားမှာ သက်ရှိ မရှိဘူးထင် တယ်”

“ထူးဆန်းတယ်” ရှီမာယူယူသည် မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။ သူမ သည် ထူးခြားမှုကို ရှာမရပေ။ သူတို့ပတ်လည်ရှိ သစ်ပင်များဘေးတွင် ပန်းများကြီးသည်။ အလွန်ကြီးမားလှသော ပန်းများ… ထိုပန်းများဘေးတွင် တခြားသက်ရှိသတ္တဝါများ မရှိသည့်ပုံပင်။

သူတို့ ဘာမှရှာမတွေ့သောအခါ ပန်းအောက်တွင် ဆက်ပြီးစကားပြောကြလေသည်။ သူတို့ သတိလက် လွတ်ဖြစ်နေချိန်တွင် မဝေးလှသော နေရာမှ ပန်းတစ်ပွင့်သည် သူတို့ဆီသို့ ချည်းကပ်လာလေသည်။ နီးလာ သောအခါ ပန်းသည် ရုတ်တရက်ပွင့်ဟလာရာ ချွန်ထက်သောသွားများပေါ်လာပြီး သူတို့ဆီသို့ အရှိန်ဖြင့်ပြေးကာ ပါးစပ်ဖြင့် ဖမ်းရန် ကြိုးစားလေသည်။

“ဘုန်း”

အိမ်မက်လေးသေည် ဝိဉာဉ်စွမ်းအင်ကို သုံးလိုက်ပြီး ထိုပန်းကို အဝေးသို့ရောက်အောင် တွန်းလိုက်လေ သည်။ လူနှစ်ယောက်သည် ချက်ချင်းပင်မှီထားသော ပန်းမှထွက်ခွာပြီး နေရာလွတ်တစ်ခုဆီသို့ ရောက်ကြလေ သည်။ သူတို့သည် ယိမ်းနေသော ပန်းများကို ကြည့်ကြလေသည်။

“ပုံမှန်မဟုတ်ဘူးဆိုရင် နတ်ဆိုးရှိလို့ပဲ၊ ဒီနေရာက တိတ်ဆိတ်လွန်းတယ်၊ သူတို့က နတ်ဆိုးတွေပဲ” ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည် “ဒီမှာ လူသားစားတဲ့ ပန်းတွေတွေ့မယ်လို့ မထင်မိဘူး”

“မင်း ထောင်ချောက်ထဲတော့ မကျဘူးပဲ” ထိုပန်းတွင် ပါးစပ်မရှိပေ။ သူတို့သည် အသံဘယ်က ထွက် လာသည်ကိုတော့ မသိနိုင်တော့ပေ။

ရှီမာယူယူ ပြောလိုက်သည် “မင်းက ငါတို့ကို မျှားခေါ်ဖို့ အဲအသံပေးလိုက်တာပဲ၊ ပြီးတာနဲ့ ငါတို့ အစောင့် တွေလွတ်သွားတဲ့အချိန် ငါတို့ သတိလက်လွတ်ဖြစ်သွားတဲ့အချိန်ကို ငါတို့ကို စားမလို့လုပ်တာပဲ၊ ဒီမှာ အရမ်း တိတ်ဆိတ်နေတာတော့ နှမြောစရာပဲ၊ ဘာလှုပ်ရှားမှုမှမရှိဘူး ငါတို့က ဘယ်လိုလုပ် သတိလက်လွတ်ဖြစ်ရဲမှာ လဲ”

“ဟင် မင်းက ထောင်ချောက်ထဲမကျပေမယ့် ရလဒ်ကတော့ အတူတူပဲ၊ နည်းနည်းလေး ဒုက္ခများသွား တာပဲရှိတာ” အသားစားပန်းပြောပြီးနောက်တွင် ပတ်ပတ်လည်မှ ပန်းများ လှုပ်ရှားလာသည်။ သူတို့အဖွဲ့သည် ရှီမာယူယူတို့အား တိုက်ခိုက်လေသည်။

အိမ်မက်လေး၏ ပထမဆုံးလှုပ်ရှားမှုနှင့်အတူ ပန်းတစ်ပွင့်ကိုရှင်းပြီးလေသည်။ သူမသည် ပန်းတိုင်းကို ဖျက်ဆီးပစ်လေသည်။

“အသားစားပန်းက မပြောသင့်တာလည်း ပြောရဲတာပဲ” အိမ်မက်လေးသည် လေထဲတွင် ရပ်ရင်း နှာခေါင်းရှုံ့လေသည်။

အိမ်မက်လေး ထိုကဲ့သို့အထက်စီးဆန်စွာ ပြောသည်ကို ရှီမာယူယူ ကျင့်သားမရသေးပေ။ အထူးသဖြင့် ထိုပန်းသည် သူမထက်ပင် အရပ်ရှည်နေသေးသည်။ သူမသည် အင်အားမမျှသည့်ပုံပေါ်သည်။

သို့သော် အသားစားပန်းသည် သူမ၏ အင်အားကိုသိသည်။

“ဒီလောက်ငယ်တဲ့ နတ်ဆိုးဧကရာဇ်ရှိမယ်လို့ ထင်မထားဘူး၊ ပုံမှန် အသားစားပန်းက မင်းကိုလုပ်ရဲမှာ မဟုတ်ဘူး၊ အဲဒါက ငါက မင်းကိုကြောက်တယ်လို့ပြောတာမဟုတ်ဘူးနော်” အသားစားပန်းသည် နမိတ်ပြေး သော စကားကိုပြောလိုက်သည်။ ပတ်ပတ်လည်မှ ပန်းများသည် စတင်လှုပ်ရှားလာကြသည်။ တောင်ကြားထဲရှိ အသားစားပန်းများသည် တစ်မျိုးတစ်စားတည်းဖြစ်ကြသည်။

“ငါက အသားစားပန်းဘုရင်ပဲ” ဒီတစ်ခေါက်တွင် အိမ်မက်လေး၏ မျက်နှာသည် ပြောင်းလဲသွားသည်။

အသားစားပန်းဘုရင်နှင့် လူသားစားပန်းများသည် အင်အားမှာ တူညီသယောင်ရှိသည်။ သို့သော် အသားစားပန်းဘုရင်သည် အဆုံးမရှိသော အသက်ကိုပိုင်ဆိုင်သည်။ ပင်မအမြစ်မပျက်မစီးမချင်း အကိုင်းများ ပြန်ကြီးထွားလာတတ်သည်။ မသေဆုံးနိုင်သော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်နှင့် တူသည်။

ထို့အပြင် ပန်းတိုင်းတွင်လည်း ကိုယ်ပိုင်အားများရှိကြသည်။ သာမာန်အသားစားပန်းများနှင့် မတူသည် မှာ ပန်းတချို့သာလျှင် ငြိမ်းချမ်းမှုရှိလေသည်။

“အိမ်မက်လေး ဆင်းခဲ့တော့” အသားစားပန်းဘုရင်သည် အိမ်မက်လေးအား ရိုက်တော့မည့်ပုံကိုတွေ့ သောအခါ ရှီမာယူယူ အော်လိုက်သည်။

အိမ်မက်လေးသည် ဆင်းမည်အလုပ်တွင် ဘက်ပေါင်းစုံမှ အသားစားပန်းများ၏ ဝန်းရံခြင်းကိုခံလိုက်ရ သဖြင့် လှုပ်မရတော့ပေ။

“ဟားဟား မင်းက နတ်ဆိုးဧကရာဇ်ဖြစ်တာတောင် ငါစားတာခံရတော့မယ်” အသားစားပန်းဘုရင်သည် ကျယ်လောင်စွာအော်ရယ်ကာ ပါးစပ်ဟပြီး သူမအား ဖမ်းလေသည်။

“ရွှီး”

အိမ်မက်လေးအား ဖမ်းရန်ကြိုးစားသော ပန်းကို မီးလောင်မြှိုက်လေသည်။ တခြားသော ပန်းများ၏ အကိုင်းများကိုလည်း မီးကူးသွားလေသည်။ အိမ်မက်လေးသည် ထိုအခွင့်အရေးအားယူကာ ရှီမာယူယူဘေးသို့ သွားလိုက်သည်။

“အာ..အာ..”

အသားစားပန်းဘုရင် မီးလောင်နေသည်နှင့် လေထဲတွင် ယိမ်းနေကြကာ တခြားပန်းများသို့လည်း မီးကူး သွားလေသည်။

“သာမန်မီးတောက်က ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါဘာမီးတောက်လဲ” အသားစားပန်းဘုရင်သည် အော်နေရာ သူ့အသံသည် ကြောက်စိတ်များအပြည့်ပါနေသည်။

“အဲမီးက မင်းရဲ့အခြေထိပါ လောင်သွားလိမ့်မယ်” ရှီမာယူယူ အော်ပြောလေသည်။

မြေကြီးအထိပါ လောင်ကျွမ်းနေသံကိုကြားသောအခါ အသားစားပန်းဘုရင်သည် ကြောက်ရွံ့မိလေ သည်။ သူမသည် ထိုမီးနောက်၏ အစွမ်းကိုသိပြီးသားဖြစ်သည်။

“ငါမှားသွားပါတယ် ငါ့ကိုလွှတ်ပေးပါ” အသားစားပန်းဘုရင်သည် တောင်းပန်လေသည်။

“လွှတ်ပေးရမယ်ဟုတ်လား ငါတို့ကိုစားမယ်လို့ပြောခဲ့တာမလား”

“ငါမှားပါတယ် မှားသွားပါတယ် နာတယ် လွှတ်ပေးပါ”

“လွှတ်ပေးရမယ်ဟုတ်လား” ရှီမာယူယူ ပြုံးုလိုက်သည် “ငါက ငါ့လူတွေကိုပဲ ခွင့်လွှတ်ပေးတတ်တာ၊ ငါ့ ရန်သူတွေဆိုရင်တော့ အပြတ်ရှင်းပစ်တာ”

***

All Chapters