← Chapters

အိမ်မက်လေး၏ လက်စားချေမှု

Vol. 006 Ch. 590

အိမ်မက်လေး၏ လက်စားချေမှု

Vol. 006 Ch. 590

အသားစားပန်းဘုရင်သည် ရှည်ကြာစွာနေလာသူဖြစ်သည်။ ရှီမာယူယူ၏ ဆိုလိုရင်းကို သူနားလည် သော်လည်း အလိုမရှိလှပေ။

“မင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုပေးရမယ်ဆိုရင်တော့ အဲဒါမဖြစ်နိုင်ဘူး”

ရှီမာယူယူသည် အလောမကြီးပေ။ သူမသည် မီးတောက်အား ထိန်းချုပ်ကာ ဖြေးညင်းစွာ လှောင်ကျွမ်း စေသည်။ သူမသည် ညင်သာစွာ ပြောလေသည် “လွတ်လပ်မှုနဲ့ အသက် ဘယ်ဟာက ပိုအရေးကြီးလဲ”

လွတ်လပ်မှုနှင့် အသက် ဘယ်ဟာက အရေးကြီးလဲ… လူသားစားပန်းဘုရင်သည သူ့ကိုယ်သူ ပြန်မေး မိလေသည်။ သူက အသက်အတွက် လွတ်လပ်မှုကို ပေးဆပ်ရမယ်ဆိုရင် လုပ်နိုင်ပါ့မလား။

“မရဘူး ငါ့ရဲ့ လွတ်လပ်မှုကိုစွန့်လွှတ်ပြီး လူတစ်ယောက်ရဲ့ စာချုပ်မိစ္ဆာဖြစ်ဖို့ဆိုတာ အပြစ်ပေးခံရတာပဲ” အသားစားပန်းဘုရင်သည် အော်လေသည်။

“မင်းက ရိုးသားဖြောင့်မတ်တဲ့ ထူးခြားတဲ့ အသားစားပန်းဘုရင်ဆိုတာ ငါယုံတယ်” ရှီမာယူယူ အကြောင်းပြလိုက်သည် “ဒါပေမဲ့ မင်းကို ငါမရလည်း ငါ့အတွက်အရှုံးမရှိဘူး အဲတော့ မင်းဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်”

မီးတောက်သည် လောင်မြှိုက်ခြင်းမြန်ဆန်လာကာ မကြာမီတွင် ပန်း၏ တစ်ဝက်သည် လှောင်ကျွမ်းသွား လေသည်။

“ယူယူ့မှာ ဝိဉာဉ်မိစ္ဆာတွေအများကြီးရှိတာ ပြီးတော့ အစ်ကိုကြီးကြက်သွေးရောင်မီးနောက်ရဲ့ မီးက လည်း အများကြီးသန်မာတယ်၊ ဒီအသားစားပန်းလောက်ကတော့ အသုံးမဝင်ဘူး၊ သူ့ရဲ့ ပင်မအမြစ်ကိုသာ ရှို့ ပစ်လိုက်၊ ပြီးတာနဲ့ အိမ်မက်လေး သွားစားမယ်” အိမ်မက်လေးသည် အကြံပေးလေသည်။

“ကောင်းပြီ” ရှီမာယူယူသည် အိမ်မက်လေးအား ပုတ်ပြီး ပြန်ဖြေလေသည်။

အသားစားပန်းဘုရင်သည် ထိုစကားကိုကြားသောအခါ ထိုလူတွင် အားကောင်းသော မီးတောက်ရှိ သဖြင့် သူတို့အင်အားမှာ မရေမတွက်နိုင်လောက်ဟု တွေးမိသည်။ ဖြစ်နိုင်သည်မှာ သူမသည် သူ၏ အသက်ကို အရေးပင်မစိုက်ပဲ တန်ဖိုးကိုဂရုစိုက်မည်မဟုတ်ပေ။ စားဖို့ောတာင် ပြောနေကြသေးတယ်။ သူတို့က လွန်လိုက် တာ။

“ယူယူ အိမ်မက်လေး သူတို့ရဲ့ အမြစ်ကိုသွားရှာလိုက်မယ်” အိမ်မက်လေး ပြောလေသည်

“သွားလိုက် ငါတို့ ထွက်လာတာလဲကြာနေပြီ သူတို့ငါတို့ကို စိတ်ပူနေလိမ့်မယ်၊ မြန်မြန်သွားတာ ကောင်း မယ်”

“အင်း အိမ်မက်လေးသွားပြီ”

သူတို့ ၂ယောက် စကားပြောနေချိန်တွင် အသားစားပန်းဘုရင်အား ဂရုပြုခြင်းမရှိကြပေ။ ထိုအသားစား ပန်းဘုရင် တုန်ယင်နေသည်ကို သူတို့ သတိမထားမိကြပေ။ အထူးသဖြင့် သူတို့၏ ပင်မအမြစ်ဆီသို့ အိမ်မက် လေး လျှောက်လာသည်ကို တွေ့သောအခါ အော်လေသည် “မဟုတ်ဘူး ငါ လွတ်လပ်မှုကို မလိုချင်ဘူး မင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုပါမယ်”

“တကယ်လား” အိမ်မက်လေးသည် ခြေလှမ်းများရပ်လိုက်ကာ သံသယဖြင့် ပြောလေသည် “မင်းက အသက်ရှင်ဖို့အတွက် လွတ်လပ်မှုကို လက်လျော့လိုက်တာလား”

“ငါ.. ငါစိတ်ပြောင်းသွားပြီ မရဘူးလား” အသားစားပန်းဘုရင်သည် ငြင်းဆန်တာ “အာ.. မီးလောင်နေ တာကို ရပ်ပေးပါ”

“မင်းက တကယ်ပဲ ငါ့ကိုသခင်အဖြစ် သတ်မှတ်ချင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်ပါတယ် အလိုရှိပါတယ် မြန်မြန်ရပ်ပါတော့ ပူလှပြီ” အသားစားပန်းဘုရင်သည် အော်လေသည်။

ရှီမာယူယူသည် စိတ်ထဲမှ ပြုံးမိသည်။ သူမ လက်တစ်ချက်ဝေ့လိုက်သည်နှင့် မီးတောက်များ ပြန်သိမ်းပြီး သားဖြစ်သွားလေသည်။ ထိုအချိန်တွင် ပန်းအနည်းငယ်သာ ကျန်တော့လေသည်။

“ယူယူ အဲဒါနဲ့ ဘယ်လို စာချုပ်ချုပ်မှာလဲ” အိမ်မက်လေး မေးလေသည်။

“အင်း… ငါလည်းမသိဘူး” ရှီမာယူယူ ဝန်ခံလေသည် “ငါတို့ မိုရှားကို ပြန်မေးရင်ရော သူသိလောက် တယ်”

“အင်း သူကအားကောင်းတယ်ဆိုတော့ သိလောက်တယ်” အိမ်မက်လေးသည် ဟာစွန်နှင့် ကြက်သွေး ရောင်မီးတောက်ကဲ့သို့ပင် မိုရှားကို ကြောက်စိတ်ရှိသည်။

ရှီမာယူယူသည် အသားစားပန်းဘုရင်ကို လက်ယက်ပြီး “ဒီကိုလာခဲ့ ငါ့နောက်လိုက်ခဲ့”

အသားစားဘုရင်သည် ခေတ္တမျှ တွေဝေနေကာ သူမလက်ထဲတွင် မီးတောက်ရှိနေသေးသည်ကို တွေ့ လိုက်သော်အခါ ကျိုးနွံသော အနီရောင်ပန်းအဖြစ် ပြောင်းသွားလေသည်။

“အိမ်မက်လေး သွားရအောင်” ရှီမာယူယူသည် မီ်းတောက်အားသိမ်းကာ ပန်းတစ်ဆုပ်ကိုယူပြီး ပြန်လေ သည်။

သူတို့ ဘေးကင်းစွာထွက်သွားသည်ကို မြင်သောအခါ လေထဲတွင်ပုန်းနေသော လူ၂ယောက်သည် သက်ပြင်းချကာ သူတို့နောက်လိုက်သွားလေသည်။

ရှီမာယူယူ ပြန်သွားသောအခါ ထိုလူများသည် ထွက်သွားပြီဖြစ်သည်။ မိုရှား၊ ဟွာဂျင်းနှင့် သူ့အစ်ကို ဘာကျားဇီတို့သာ ကျန်ခဲ့လေသည်။

“ယူယူ ဘယ်တွေသွားနေတာလဲ နင်သွားတာကြာလှပြီ ငါတို့သွားရှာတော့မလို့” ဘာကျားဇီသည် ရှီမာယူယူ၏ လက်ထဲမှ ပန်းကိုမြင်သောအခါ “လှလိုက်တဲ့ပန်း”

“ဒီအတိုင်းပဲ လှည့်ပတ်ကြည့်နေတာပါ” သူမ အမှန်တကယ်ပင် စိုးရိမ်နေသည်ကိုတွေ့သောအခါ ရှီမာ ယူယူသည် အားနာစွာ ပြောလိုက်သည်။

“နင် ဘာမှမဖြစ်ရင်တော်ပါပြီ” ဘာကျားဇီ ဆက်ပြောလေသည် “ငါတို့ နင့်ကိုသွားရှာမလို့လို့ ပြောနေ ကြတာ နင်ဘာမှမဖြစ်ဘူးလို့ နင့်ရဲ့ စီနီယာ အစ်ကိုကပြောတယ်၊ သူက နင့်ကို ကောင်းကောင်းသိတဲ့ပုံပဲ”

ရှီမာယူယူသည် သူမအား ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်တွင် သူမသည် မိုရှားဘေးသို့ လျှောက် သွားကာ အသားစားပန်းကို သူ့ရှေ့သို့ ပေးလိုက်သည်။ သူမ ရုတ်တရက်ပြောလေသည် “ငါ ဆိုးတဲ့ ပန်း နည်းနည်းရလာတယ် သူနဲ့ စာချုပ်ချုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲ”

မိုရှားသည် သူမလက်ထဲမှ ပန်းကိုကြည့်ပြီး ယူလိုက်သည် “တကယ်ပဲ ပန်းနည်းနည်းပါပဲ၊ ဒါပေမဲ့ သူတို့ က အသားစားပန်းဘုရင်ဆီမှာ ကြီးလာကြတာ၊ ရဖို့ခက်တယ် ခဏနေရင် ငါမင်းအတွက် လုပ်ပေးပါမယ်”

“ကောင်းပါပြီ” ရှီမာယူယူသည် ပြုံးပြီး ပြန်ဖြေလေသည်။

သူ ရရန်ခက်သည်ဟု ေြာသည်မှာ အသားစားပန်းဘုရင်သည် ရရန်ခက်သည်ဟု ပြောခြင်းဖြစ်သ်ည။

“အသားစားပန်းဘုရင်ဟုတ်လား အဲဒါက တောင်ကြား၂ခုကြားက အသားစားပန်းဘုရင်မဟုတ်လား” ဟွာရှုံသည် အံ့သြစွာ အော်လေသည်။

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလေသည် “ငါ မတော်တဆတွေ့လာတာ ငါက လှလွန်းလို့တဲ့ ငါ့နောက် လိုက်ချင်တယ်ဆိုလို့”

အသားစားပန်းဘုရင်သည် မိုရှား၏ လက်ထဲတွင် တုန်ယင်နေလေသည်။ အသားစားပန်းဘုရင်သည် စိတ်ထဲမှ ဒေါသဖြင့် အော်နေလေသည်။ အရှက်မရှိလိုက်တာ အရှက်မရှိလိုက်တာ သူကပဲ ငါ့ကိုခြိမ်းခြောက်ခဲ့ တာကို…

မိုရှားသည် သူ၏ အတွေးကို ကြားသည့်ပုံပင်။ သူ ပန်းကိုစိုက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက် လေသည်။

ဟွာဂျောင်းနှင့် သူ့အစ်ကိုသည် ဆွံ့အသွားကာ နှုတ်ခမ်းများတွန့်သွားလေသည်။ ထိုအသားစားပန်း ဘုရင်သည် ထိုနေရာတွင် နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ အသားစားပန်းသည် လှသောလူကို စားသည် ဟု မကြားဖူးပေ။ အသားစားပန်းဘုရင်၏ ပုံစံကိုကြည့်ပြီးနောက် သူမသည် ညှာတာမှုကင်းစွာ လုပ်ခဲ့သည်မှာ သေချာနေသည်။

သို့သော် သူမတွင် အရည်အချင်းရှိသည်။ ထိုပန်းများ မျက်စိကျသောလူသည် အရှုံးဖြင့်ရင်ဆိုင်ပြီး အစား ခံရသည်။ မထင်မှတ်စွာပင် သူမသည် အနိုင်ရလိုက်သည်။

“ဆွေးနွေးတာ ဘယ်လိုအခြေအနေရှိလဲ” ရှီမာယူယူသည် နောက်ဆုံးတွင် သတိရသွားကာ မေးလိုက် သည်။

“အကုန်စီစဉ်ပြီးပြီ ကျွန်တော်တို့ရဲ့ နည်းဗျူဟာနဲ့ဆိုရင် မျိုးနွယ်အကြီးအကဲတွေနဲ့ တခြားလူတွေကို သေချာပေါက်ကယ်နိုင်မှာ” ဟွာဂျင်းသည် ထိုအချက်အားပြောသည့်အချိန်တွင် မိုရှားအား ကြည့်လိုက်သည်။

သူတို့ အစီအစဉ်များကို ဆွေးနွေးနေချိန်တွင် သူသည် နားထောင်ကာ လျင်မြန်စွာပင် တုန့်ပြန်ပေးခဲ့ သည်။ သူတို့ နည်းဗျူဟာမှာ ပြည့်စုံပြီး ထိုနေရာရှိအခြေအနေကို သိပြီးရောက်လာသူများ၏ ဖြေရှင်းနည်းထက် သာလွန်ခဲ့သည်။ ထိုအချိန်က ရှီမာယူယူမရှိ၍သာ သူ သူတို့ကို လွှမ်းမိုးခဲ့ပုံကို မမြင်ခဲ့ခြင်းဖြစ်သည်။

“ဒါဆို အစ်ကိုက ဘာမှလုပ်စရာမရှိတော့ဘူးမလား အသားစားပန်းဘုရင်နဲ့ စာချုပ်ချုပ်ဖို့ လုပ်ပေးဦး” ရှီမာယူယူသည် မိုရှားအား ကြည့်လေသည်။

မိုရှားသည် နှစ်ယောက်တည်းရှိချိန်တွင် သူမအား နှစ်သက်သည့်သဘောပြသော်လည်း လူကြားတွင် တော့ နှိမ့်ချလွန်းသည်။

သူသည် မျက်လုံးမှိတ်ကာ အသားစားပန်းဘုရင်၏ ခေတ္တမျှ အမြစ်ကိုကိုင်ပြီးနောက် ပန်းကိုသူမဆီသို့ ပစ်ပေးလိုက်သည်။

“ပြီးသွားပြီ”

ရှီမာယူယူသည် အသားစားပန်းဘုရင်ကိုဖမ်းလိုက်သည်။ ဖြူဖျော့နေသော ပန်းများကို ကြည့်ပြီးနောက် သူမ မေးလိုက်သည် “ဒါပဲလား မြန်ုလိုက်တာ”

“ပန်းအမျိုးအစား နတ်ဆိုးမိစ္ဆာတွေရဲ့ ဝိဉာဉ်တွေက နိမ့်ပါးတယ်၊ ပန်းဘုရင်ဖြစ်တာ မကြာသေးတဲ့ သူ ဆိုရင်တော့ မပြောနဲ့တော့” မိုရှားသည် စိတ်မဝင်စားသလိုပြောလေသည်။

သူသည် အသားစားပန်းဘုရင်ကို အရေးမပါလှဟု သတ်မှတ်သည်ကို ရှီမာယူယူ သတိထားမိလိုက် သည်။ ထို့ကြောင့်ပင် သူမ အကြိုက်ကိုပင် သူမ သံသယဝင်လာသည်။ သို့သော် သူ့မျက်လုံးထဲမှ ကမ္ဘာသည် အဆင့်မြင့်လှသည်ဟု တွေးသဖြင့် သူ့ကို ဂရုမစိုက်တော့ပေ။ သူမသည် အသားစားပန်းဘုရင်ကို ပွေ့ပိုက်ကာ စာချုပ်အား စစ်ဆေးးလိုက်သည်။

အသားစားပန်းဘုရင်သည် မိုရှား၏ စာချုပ်ချုပ်ပေးမှုကို ခံလိုက်ရသဖြင့် စာချုပ်အတွင်းတွင် ရှီမာယူယူ ၏ အမှောင်စွမ်းအင်သည် အနည်းငယ်တိုးလာခဲ့သည်။

“သခင်” စာချုပ်ချုပ်လိုက်ခြင်းကြောင့် အသားစားပန်းဘုရင်၏ ဒဏ်ရာများပြန်ကောင်းလာသည်။ သူမ သည် လူသားလောကမှ လူသားဖြစ်သည်ကို သိလိုက်ရသည်။ သူသည် အထဲတွင် သွေးလည်ပတ်နေသည်ကို ခံစားရပြီး သူမကို ဘာမှမလုပ်ရဲပေ။

“မင်းက ပန်းကြိုက်တယ်ဆိုတော့ ပန်းလေးလို့ပဲခေါ်မယ်” ရှီမာယူယူသည် စကားပင်မစရသေးပေ။ သူမ ဘေးမှ အိမ်မက်လေးသည် အသားစားပန်းဘုရင်ကို အမည်ပင်တပ်ပြီးနေပြီဖြစ်သည်။

***

All Chapters