အစ်မက ကာကွယ်ပေးမယ်
Vol. 006 Ch. 591
ပန်းလေးဟုတ်လား…
ရှီမာယူယူသည် နှုတ်ခမ်းတွန့်သွားကာ ပန်းလေးဟု ခေါ်လိုက်သော အိမ်မက်လေးကို ကြည့်လိုက် သည်။ အသားစားပန်းဘုရင်သည် သူတို့အား စားလုနီးနီးဖြစ်ခဲ့သည်ကို အိမ်မက်လေး မကျေမနပ်ဖြစ်နေသည် ကို သူမ သိသည်။
အသားစားပန်းဘုရင်သည် ဒေါသထွက်သွားလေသည်။ ဘယ်လောက်တောင် မကောင်းလိုက်တဲ့ နာမည်လဲ။ ဒါပေမဲ့ အိမ်မက်လေး ထပ်ပြောသည်ကို ကြားသည်နှင့် သူမ မပြောတော့ပေ။
“ပန်းလေးဆိုတဲ့ နာမည်ကို မကြိုက်တာလားဒါဆိုရင် ပန်းဘုရင်လေးလို့ ခေါ်ရမှာလား ပန်းလေး ဘုရင်လေး” အိမ်မက်လေးသည် အမြစ်ကိုဆုပ်ကိုင်ကာ သတိပေးလေသည် “အဲနာမည်သုံးခုထဲက ကြိုက်တဲ့ နာမည်ရွေးလိုက် မရွေးချင်ဘူးဆိုရင် အစ်ကိုကြီးကြက်သွေးရောင်မီးတောက်ကို ဖြေရှင်းခိုင်းလိုက်မယ်”
စာချုပ်မှတစ်ဆင့် ကြက်သွေးရောင်မီးတောက်၏ တည်ရှိမှုကို အသားစားပန်းဘုရင်သိပြီးဖြစ်လေသည်။ အိမ်မက်လေး သူ့အကြောင်းပြောလာသောအခါ အသားစားပန်းဘုရင်သည် နောက်ဆုံးတွင် စိတ်လျော့ရတော့ သည်။
“ဒါဆို ပန်းလေးလို့ပဲလုပ်တာပေါ့” ပန်းလေးဘုရင်နှင့် ဘုရင်ပန်းလေး ဘယ်ဟာဖြစ်ဖြစ် အဆင်မပြေလှ ပေ။
“ဒါဆို ဆုံးဖြတ်ပြီးသွားပြီနော် ပန်းလေး မင်းက ငါတို့မိသားစုဝင်ဖြစ်သွားပြီ၊ မစိုးရိမ်ပါနဲ့ မမက မင်းကို ကာကွယ်ပေးမှာပါ” အိမ်မက်လေးသည် ပြုံးပြီးပြောလိုက်သည်။
ရှီမာယူယူသည် သူမ နဖူးအားရိုက်လိုက်မိသည်။ အိမ်မက်လေးကို မှားသင်မိတယ်လို့ ဘာလို့ခံစားမိနေ တာလဲ
“အိမ်မက်လေး ဟိန်းသံလေးနောက်လိုက်ပြီး မကောင်းတာတွေ မသင်မိစေနဲ့”
အိမ်မက်လေးသည် ပန်းစည်းမှ ပန်းလေးကိုဆွဲနှုတ်ကာ ရှီမာယူယူ၏ ဆံပင်ထဲသို့ စိုက်ပေးလိုက်သည်။ ပြည့်စုံသွားသည်။
“ယူယူ အိမ်မက်လေးက မကောင်းတာမသင်မိပါဘူး” အိမ်မက်လေးသည် သူမလက်အား ဆွဲကိုင်လိုက် သည်။ “အိမ်မက်လေးက ဟိန်းသံလေးရဲ့ အရှက်မရှိတာနဲ့ ပေတေတာ၊ ဟိန်းသံထောင်ချီရဲ့ ပါးနပ်မှု၊ ဟာစွန်ရဲ့ သြဇာတိက္ကမရှိတာရယ် ငှက်လေးနဲ့ ကြက်သွေးရောင်မီးတောက်ရဲ့ ဟိတ်ဟန် သင်ဖို့လိုတယ်လို့ ရာဟွောင်တို့ က ပြောတယ်၊ အိမ်မက်လေး တကယ်သင်ဖို့လိုတယ်”
ရှီမာယူယူသည် နဖူးကိုပြန်ရိုက်လိုက်သည်။ သူမသည် ဟိန်းသံလေးနှင့် တခြားသူများနှင့်တစ်နေကုန် ရှိနေသည်မှာ များသည်။ သူမသည် နက်ရှိုင်းစွာပင် လွှမ်းမိုးခံလိုက်ရသည်။ အခု သူမက ကြိုးစားပြီးသင်ယူနေပြီ။ အနာဂတ်ကို အိမ်မက်လေးဘယ်လို ဖြူစင်ပါ့မလားဆိုသည်ကို မသိတော့ပေ။
“အိမ်မက်လေး သူတို့ပြောတာနားမထောင်နဲ့ အိမ်မက်လေးက အခုဆိုရင်ကို ပြည့်စုံနေပြီ” သူမသည် အိမ်မက်လေးအား ပြောပြလေသည်။
“အင်း အိမ်မက်လေးအဖြစ်ပဲရှိနေပါမယ်” အိမ်မက်လေးသည် အလေးအနက်ထားကာ ခေါင်းညိမ့်လေ သည်။ သူမသည် သေချာပေါက် အရှက်မရှိ၊ အပေအတေ၊ လိမ္မာပါးနပ်ခြင်း၊ သြဇာတိက္ကမရှိခြင်းနှင့် ဟိတ်ဟန်ရှိ ခြင်းတို့လိုသည်။
ရှီမာယူယူသည် သူမ၏ ဖြူစင်သော အပြုံးကိုကြည့်လိုက်သည်။ သူမ မျက်လွှာများ လှုပ်ရှားနေသည်ကို သူမ ဘာလို့ခံစားနေမိတာလဲ။
ထိုနေရာရှိ အခြေအနေကို အာရုံစိုက်နေကြသော ဟွာဂျင်းနှင့်တခြားသူများသည် အိမ်မက်လေး ပြော လိုက်သော ရှီမာယူယူ၏ များစွာသော စာချုပ်မိစ္ဆာများနာမည်ကို ကြားလိုက်သောအခါ အလွန်အံ့သြမိလေ သည်။ သူမသည် လူသားလောကတွင် အလွန်ပင် အံ့သြစရာကောင်းလိုက်သော တည်ရှိမှုဖြစ်သည်။
ရှီမာယူယူတို့သည် တောင်ပေါ်တွင် ရက်အနည်းငယ်စောင့်ရသည်။ ၃ရက်ကြာပြီးနောက်တွင် ဟွာဂျင်း နှင့် ဘာကျားဇီတို့သည် သူတို့လူများနှင့် ထွက်သွားရာ ရှီမာယူယူနှင့် မိုရှားတို့အားချန်ထားခဲ့လေသည်။ အိမ်မက် လေးသည် တောင်တန်းများအကြောင်းကို သိချင်နေမိလေသည်။
အိမ်မက်လေးသည် ပန်းများဖြင့်ပြည့်နေသော တောင်များကို လှည့်ပတ်သွားလေသည်။ နတ်ဆိုးမိစ္ဆာ များနှင့် တွေ့သောအခါတွင်လည်း သူမကို ရန်မစရဲကြပေ။ ရယ်ရသည်မှာ သူမလက်ထဲမှ ပန်းကို ဘယ်သူမှ သတိမထားမိကြပေ။
အစပိုင်းတွင် မျက်စိမမြင်ရသော ဝက်ဝံနတ်ဆိုးသည်သာ ထိုပန်းအား စားလုနီးပါးဖြစ်လေသည်။
ထိုအဖြစ်အပျက်အားလုပ်မိသည်နှင့် ကံဆိုးသွားမည်ဟု ဘယ်သူထင်မိမှာလဲ။
ပန်းလေးနှင့်အတူ ရှီမာယူယူသည်လည်း အိမ်မက်လေးနှင့် သွားကစားသည်။ သူမသည် တဲထဲတွင် နတ်ဆိုးလောကမှ ဆေးပစ္စည်းများကို စစ်ဆေးနေလေသည်။
“ယူယူ ယူယူ ထွက်လာပြီးကြည့်ဦး” အိမ်မက်လေး၏ အသံသည် အပြင်မှထွက်လာသည်။ သူမ ခေါ်သံ ကိုကြားသည်နှင့် ရှီမာယူယူသည် လက်ထဲမှ ပစ္စည်းများကို ချပြီး တဲအပြင်ထွက်ခဲ့လိုက်သည်။
သူမ ထွက်သွားကြည့်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူမသည် အိမ်မက်လေးအား ဘေးသို့ဆွဲလိုက်ပြီး အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည် “ဒီကို ဘာလို့နတ်ဆိုးမိစ္ဆာတွေအများကြီးခေါ်လာ တာလဲ”
အိမ်မက်လေးသည် သွားဖြဲကာ “သူတို့က ယူယူ့နောက်ကို လိုက်ချင်တယ်လို့ပြောကြလို့”
“သူတို့ကို ဘယ်ကနေ ဖြားယောင်းလာတာလဲ၊ သူတို့ကို ဖြားယောင်းဖို့ ဘယ်သူသင်ပေးတာလဲ၊ ဟိန်းသံလေးဆီက မသင်နဲ့လို့ပြောထားတာကို” ရှီမာယူယူသည် သူမ နားထင်အား ပွတ်လိုက်သည်။ သူမသည် ခေါင်းကိုက်လာသလိုပင်။
“အိမ်မက်လေးက ဟိန်းသံလေးဆီကမသင်ပါဘူး၊ အရင်တုန်းကလည်း သူက ရာဟွောင်နဲ့ ငှက်လေးကို ပဲ ဖြားယောင်းတာပါ၊ အိမ်မက်လေး အဖွဲ့ထဲရောက်လာတော့ သူ့ဆီက အများကြီးသင်ရတယ်၊ အိမ်မက်လေးက စီနီယာတွေကို လိုက်နာတာပါ” အိမ်မက်လေးသည် လှည့်ပြောလေသည်။
“အိမ်မက်လေးက ဟိန်းသံထောင်ချီရဲ့ စကားလှည့်ပြောတတ်တာပါ သင်လိုက်တာကိုး” ရှီမာယူယူသည် အိမ်မက်လေး၏ ခေါင်းကို ပုတ်လိုက်လေသည်။
“ဟိန်းသံထောင်ချီက ပါးနပ်ပေမယ့် သူ့လုပ်ဆောင်ချက်က အသုံးမဝင်ဘူး အိမ်မက်လေးက သူနဲ့မတူ ဘူး” အိမ်မက်လေး ပြုံးလိုက်လေသည်။
“ကောင်းပါပြီ ကောင်းပါပြီ၊ သူတို့ကို မြန်မြန်ပြန်ခိုင်းလိုက်ပါ” ရှီမာယူယူသည် လက်ဝေ့ရမ်းလိုက်သည်။ ထို ထူးခြားသော နတ်ဆိုးမိစ္ဆာများကိုကြည့်ရသည်မှာ ကြောက်စရာကောင်းလှသည်။
“ယူယူ သူတို့ကို မကြိုက်ဘူးလား အဲဒါဆိုလည်းရပါတယ်” အိမ်မက်လေးသည် လက်ကိုနောက်ပစ်ကာ သူတို့အား ပြောလိုက်လေသည် “ငါ့ယူယူက မင်းတို့အားလုံးကို လက်မခံနိုင်ဘူးတဲ့ အားလုံးပြန်လို့ရပြီ”
ထိုသေးငယ်သော ပုံရိပ်လေးသည် တောင်များထဲမှ နယ်ရှင်များအားလုံးကို တုန်ယင်အောင်လုပ်နိုင် သည်။
ရှီမာယူယူသည် အိမ်မက်လေး၏ ပုံစံကို ကြည့်လိုက်သည်နှင့် သူမသည် ငှက်လေးနှင့် တူသည်ဟု ထင် မိသည်။ သူမ ရုတ်တရက်တွေးလိုက်သည်မှာ အဲဒါကို ဘာလို့နောက်ကျမှသိတာလဲ။ အိမ်မက်လေးက စည်းချက် ကျနေပြီပဲ။
သူမသည် အစားကြီးမှုကြောင့် အစပိုင်းတွင်ကြောက်စရာကောင်းသော ကလေးဖြစ်ခဲ့သည်ဟု တွေးမိ သောအခါ စိတ်ထဲမှပြောမိလေသည် “မင်းတို့တွေ ငါ့အိမ်မက်လေးကို ပြန်ပေးကြ”
သူမ၏ စာချုပ်မိစ္ဆာများသည် ဝိဉာဉ်စေတီအတွင်းတွင် ကောင်းကင်ကိုကြည့်နေကြပြီး စားလိုက် သောက်လိုက်နှင့် သူမ ပြောသမျှကို လျစ်လျူရှုခဲ့ကြသည်။
ထိုအရာသည် သူတို့နှင့် ဘာမှမဆိုင်သလိုပင်။
ရှီမာယူယူသည် စိတ်ထဲမှ ဒေါသထွက်မိလေသည်။ အားလုံးသည် အရည်ထူကြသည်။
အိမ်မက်လေး သူတို့ကို ပြန်ခိုင်းသည်ကို နတ်ဆိုးမိစ္ဆာများ ကြားသောအခါ တချို့သည် တွန့်ဆုတ်ကာ နေရာမှ ထွက်မသွားကြပေ။ အိမ်မက်လေးလက်ထဲမှ ပန်းသည် ချက်ချင်းပင်ဒေါသထွက်ကာ မန်ဖီလေသည် “မင်းတို့ ထွက်မသွားဘူးဆိုရင် ငါ့ညစာအဖြစ်ခံမလား ဒီသခင်ကြီးက ဗိုက်ဆာနေပြီ”
“ငါတို့ လုပ်စရာရှိသေးတယ် သွားတော့မယ် အိမ်မက်လေး နောက်တစ်ခါအချိန်ရရင် ငါတို့နဲ့ လာကစား လိုက်”
“အိုခေ အိုခေ ငါတို့လည်းလုပ်စရာရှိသေးတယ် အိမ်မက်လေး ငါတို့သွားတော့မယ်”
“ငါတို့ရောပဲ”
“…”
၂မိနစ်တင်မကြာလိုက်ပေ တောင်ကြားမှ နတ်ဆိုးမိစ္ဆာများသည် အနောက်မှ တစ်ယောက်ယောက် လိုက်သကဲ့သို့ပင် အမြန်ပြေးထွက်ကြလေသည်။
အမှန်ပြောရရင် အသားစားပန်းဘုရင်က သူတို့ကို အံကြိတ်ထားတာမလား။ သူတို့ပြေးတာ နှေးရင် ပန်းဘုရင်ရဲ့ ဗိုက်ထဲရောက်သွားမလားမပြောနိုင်ဘူးလေ။
ရှီမာယူယူသည် အိမ်မက်လေးလက်ထဲမှ ပန်းကိုယူပြီး ပြောလိုက်သည် “တော်တယ် နောက်တစ်ခါ ဒီလို ထပ်ဖြစ်ရင်တော့ မင်းအပြစ်ပဲ”
“မင်း မကြိုက်လောက်ဘူးလို့ငါပြောပါတယ် အိမ်မက်လေးက မယုံလို့ မင်းကြည့်ဖို့ခေါ်လာတာ” ပန်းလေးသည် သူ့သခင်အား ကျင့်သားရနေပြီဖြစ်သည်။
“အိမ်မက်လေးက ငါ့ဘေးမှာ လူတွေပိုရှိစေချင်နေတာ၊ အဲဒါမှ အထက်တိုင်းပြည်တွေကိုသွားရင် လုံခြုံ မှာလေ” ရှီမာယူယူသည် အိမ်မက်လေး၏ ခေါင်းကိုပုတ်ရင်း ပြောလေသည်။
အိမ်မက်လေးသည် အစပိုင်းတွင် စိတ်ဓာတ်ကျနေရာမှ သူမစကားများကို ကြားသောအခါ သူမ မျက်နှာ သည် လန်းလာသည်။
“ဒါပေမဲ့ ပြောစရာရှိတယ် ပန်းလေး မင်းက အထီးလားအမလား၊ မင်းရဲ့ ကာကွယ်မှုက တကယ် လေ့ကျင့်ထားတာပဲ” ရှီမာယူယူသည် ပန်းကိုဆွဲယူလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
ပန်းလေးသည် အကိုင်းမှ သစ်ရွက်များကို လှုပ်ခတ်လိုက်ပြီး ပြောလေသည် “မပြောဘူး အဲဒါလျှို့ဝှက် ချက်”
“ထားလိုက်ပါတော့” ရှီမာယူယူပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းနာမည်က ပန်းလေးပဲ အထီးဆို လည်း ပန်းလေးပဲ အမဆိုရင်လည်း ပန်းလေးလို့အခေါ်ခံရမှာပဲ”
“ဟား..”
ဘာကျားဇီသည် လျှောက်လာရင်း ရယ်မောလေသည် “ပန်းပင်နတ်ဆိုးမိစ္ဆာတွေမှာ အဖိုအမမရှိဘူး၊ သူတို့ပြောင်းလဲချိန်မှာ အထီးရော အမရောဖြစ်နိုင်တယ် အဲဒါကို နောက်မှ သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာ”
***