← Chapters

အဲတော့မင်းက အထီးရောအမရောမဟုတ်ဘူးပေါ့

Vol. 006 Ch. 592

အဲတော့မင်းက အထီးရောအမရောမဟုတ်ဘူးပေါ့

Vol. 006 Ch. 592

ရှီမာယူယူသည် သူမလက်ထဲမှ ပန်းကိုကြည့်ပြီး အံ့သြစွာပြောလိုက်လေသည် “အဲတော့ မင်းက အထီး ရော အမရောမဟုတ်ဘူးပေါ့ အဲဒါကြောင့် မင်းငါ့ကိုမပြောတာလား”

“မင်းအစ်မက အထီးရောအမရောမဟုတ်ဘူးတဲ့” ပန်းလေးသည် ထိုအကြောင်းကို သခင်နှင့် ပြောလို စိတ်မရှိပေ။ ထို့ကြောင့် မသိချင်ယောင်ဆောင်ကာ သူမအား စကားမပြောတော့ပေ။

ရှီမာယူယူသည် စနောက်ခြင်းရပ်လိုက်လေသည်။ သူမသည် ဘာကျားဇီဘက်သို့ အာရုံပြောင်းလိုက် သည် “ဘာလို့ပြန်လာတာလဲ အားလုံးဖြေရှင်းပြီးပြီလား”

“အင်း သူတို့က ငါ့အဘိုးနဲ့ ဟွာမျိုးနွယ်အကြီးအကဲတွေကို ကယ်ပြီးသွားပြီ” ဘာကျားဇီ ဆက်ပြောလေ သည် “သူတို့အပြင် တခြားမျိုးနွယ်က အကြီးအကဲတွေကိုလည်း ကျန်းမျိုးနွယ်နဲ့ ဇူမျိုးနွယ်က ဖမ်းထားသေး တယ်၊ သူတို့ဘာလုပ်ဖို့လဲတော့ ငါလဲမသိတော့ဘူး”

“သူတို့ရော” ရှီမာယူယူသည် သူမတစ်ယောက်ကိုသာမြင်ကာ တခြားသူကိုမမြင်မိသောကြောင့် မေး လိုက်သည်။

“သူတို့က သွေးမြေပြင်မြို့မှာ နင့်ကိုအဲဒီကိုခေါ်လာခိုင်းလို့” ဘာကျားဇီ ပြောလိုက်သည်။

“အဲဒါကို နင့်ကိုကိုယ်တိုင်လာခိုင်းရလား လူလွှတ်ပြီးခေါ်ခိုင်းလိုက်ပြီးရော” ရှီမာယူယူ ပြောလိုက်သည်။

“ငါ နင့်ကို ပြောဖို့လာတာ ငါ့အကြီးအကဲကိုမေးပြီးသွားပြီ..ငါတို့ မွေးဖွားတုန်းက အလင်းစွမ်းရည်ကို ဖယ်ရှားနိုင်တာက အဲတုန်းက ကျင့်ကြံခြင်းမစသေးလို့ ဖယ်လို့ရတာတဲ့၊ အဲနည်းလမ်းက နင့်အတွက်တော့ အသုံး မဝင်တော့ဘူး၊ တောင်းပန်ပါတယ် ငါက အကူအညီမဖြစ်ဘူး” ဘာကျားဇီသည် အားနာနေလေသည်။

ဒီလိုအဖြေမျိုးဖြစ်မည်ဟု သိထားသော်လည်း ကြားလိုက်ချိန်တွင် စိတ်အားငယ်သွားရပြန်သည်။

“ကိစ္စမရှိဘူး ငါလည်းအခုအလျင်မလိုပါဘူး နောက်မှ တခြားနည်းလမ်းရှာလို့ရလားလို့ကြည့်ကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“နင့်စီနီယာအစ်ကိုက အရမ်းအားကောင်းတယ်လို့ ငါ့အဘိုးပြောတယ် သူနည်းလမ်းရှာနိုင်မှာပါ” ဘာကျားဇီ နှစ်သိမ့်လေသည်။

“နင့်အဘိုးက ငါ့စီနီယာအစ်ကိုကိုတွေ့ပြီးပြီလား” ရှီမာယူယူသည် အံ့သြသွားသည်။ အဲလူက တစ်နေ့ လုံးပျောက်နေတာ သွေးမြေပြင်မြို့ကိုသွားနေတာလား။

သူ ဟွာဂျင်းတို့ကို မည်သို့ပြောထားသည်ကို သူမ မသိပါ။ မိုရှားရှိသည့်နေရာကို သိသည်ဟု ပြောထား သည်လား မဟုတ်ရင် သူကိုယ်တိုင်က မိုရှားဖြစ်ပါတယ်လို့ ပြောထားသည်လား။

“အင်း သူတို့တွေ့ပြီးသွားပြီ သူတို့အခု အားလုံးကို ခေါ်ထုတ်ဖို့ နည်းလမ်းကိုဆွေးနွေးနေကြတယ်၊ အဲဒါ နဲ့ ငါကပဲနင့်ကို လာခေါ်တာ” ဘာကျားဇီပြောလေသည် “ငါ နင့်ကိုလာခေါ်တယ်ဆိုတာ နင့်စီနီယာအစ်ကိုသိ တယ်၊ နင့်ကို မြို့ကိုခေါ်လာဖို့ ပြောလိုက်တာ”

“ဒါဆို သွားရအောင်” ရှီမာယူယူသည် တဲကို စက္ကန့်ပိုင်းအတွင်းသိမ်းလိုက်လေသည်။

မြို့သို့ရောက်သောအခါ ရှီမာယူယူသည် ဆိတ်ငြိမ်သော ခြံဝန်းအတွင်း စီစဉ်လိုက်သည်။ ပြီးခဲ့သည့် ရက် များတွင် သူမအား အကြိမ်ပေါင်းများစွာလာတွေ့သော ဘာကျားဇီမှလွဲပြီး ဘယ်သူမှမလာပေ။ မိုရှားပင် ရောက် မလာပေ။

ဒီနေ့တွင် ရှီမာယူယူသည် ခြံဝန်းအတွင်းရှိ ကျောက်ကုလားထိုင်ပေါ်တွင် လှဲပြီး အိမ်မက်လေးနှင့် စကား ပြောနေလေသည်။  သူမသည် ကျောက်စားပွဲဘေးတွင် ထိုင်ကာ စားသောက်ေသော အိမ်မက်လေးနှင့် စကား ပြောသည့်အချိန်များသည်။

“အိမ်မက်လေး မိုရှားဘယ်တွေသွားနေတာလဲ၊ သူက ငါတို့ကို ဒီမှာရောင်းစားသွားပြီလား” ရှီမာယူယူ သည် စပျစ်သီးတစ်လုံးကို ယူလိုက်ပြီး သူမ ပါးစပ်ထဲထည့်လိုက်သည်။ သူမသည် ပျင်းရိစွာမေးလေသည်။

“အဲလိုတော့ မဟုတ်လောက်ပါဘူး” အိမ်မက်လေးသည် သေချာစွာဖြင့် ခေါင်းရမ်းလေသည်။

“ဘာလို့လဲ ငါတို့ဒီရောက်ပြီးတော့ သူ့ကိုတောင် မတွေ့ရသေးဘူးလေ”

“ဒါပေမဲ့ သူ ယူယူ့ကိုရောင်းရင်တောင် သူအမြတ်ရမှာမဟုတ်ဘူး” အိမ်မက်လေးသည် လေးနက်စွာ ပြောလေသည် “ပြီးတော့ ယူယူက သူနဲ့စာချုပ်ချုပ်ထားတာလေ၊ သူကဘယ်လိုလုပ်ဒီကထွက်သွားလို့ရမှာလဲ”

“ကဲ ငါတို့ နတ်ဆိုးလောကမှာ ဘယ်လောက်ကြာအောင်နေရမလဲဆိုတာ မသိသေးဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည် “သူတို့ ဘယ်လိုနေကြလဲမသိဘူး၊ ငါ့ကိုများလွမ်းနေကြမလား၊ ငါပျောက်နေတာ ဖန်လေးသိရင်တော့ ဒီကို ပြေးလာမှာသေချာတယ်”

“တခြားလူတွေ ဒီကိုရောက်လာမှာရော မစိုးရိမ်ဘူးလား” အိမ်မက်လေးမေးလိုက်သည်။

“မစိုးရိမ်ဘူး ဘာလို့လဲဆိုတော့ သူတို့ သွေးလွှမ်းဂူကို ဝင်လို့မရဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဖန်လေးကျမတူဘူး၊ ငါက နတ်ဆိုးလောကကဆိုတာ သူသိရင် ဝင်လာဖို့ နည်းလမ်းရှာမှာပဲ”

“အစ်ကိုဖန် အဆင်ပြေမှာပါ” အိမ်မက်လေး အာမခံလေသည်။

“အင်းပါ သူ ငါချိပ်ပိတ်ထားတာကို ဖျက်ပြီး ထပ်ပြီး စွမ်းအားသုံးမှာကို စိုးရိမ်တာ” ရှီမာယူယူ သက်ပြင်း ချပြန်သည်။ သူမသည် ရှီမန်ဖန်၏ ခန္ဓာကိုယ်ကို စိတ်အပူဆုံးဖြစ်သည်။

မိုရှားသည် ခြံဝန်းအတွင်း ဝင်လာသည်။ သူ့ဘေးတွင် ကျောက်စိမ်းအနက်မျိုးနွယ်နှင့် ဟွာမျိုးနွယ် အကြီးအကဲတို့ ပါလာသည်။

“စီနီယာအစ်ကို ဘယ်တွေရောက်နေတာလဲ” ရှီမာယူယူမေးလိုက်သည်။

“မင်းနဲ့တွေ့ဖို့ သူတို့ကို ခေါ်လာတာ၊ ပြီးတာနဲ့ ငါတို့ထွက်သွားဖို့ပြင်ကြမယ်” မိုရှား ပြောလေသည်။

“နေကောင်းလား မိန်းကလေး ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်ကို နတ်ဆိုးလောကကို ထပ်လာရင် ကျွန်တော်တို့ဆီကို လာလည်ဖို့ဖိတ်ပါတယ်” ကျောက်စိမ်းအနက်မျိုးနွယ် အကြီးအကဲပြောလေသည် “နောက်ကို လိုတာရှိရင် ကျွန်တော်တို့ကို လာရှာပါ မိန်းကလေးက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပါ၊ ဒါက ကျွန်တော်တို့မျိုးနွယ် စောင့်ထိန်းရမယ့် ဝတ္တရားပါ”

“ဒါက ဟွာမျိုးနွယ်ရဲ့ ကတိပါ၊ နောက်ကို တစ်ယောက်ယောက်က မိန်းကလေးကိုလာရှာရင် သူတို့မှာ ဒါပါလာပါလိမ့်မယ်” ဟွာမျိုးနွယ် အကြီးအကဲသည် ထူးဆန်းသော တံဆိပ်ပြားကိုထုတ်ပေးလေသည်။

နှစ်ဖက်လုံးမှမျိုးနွယ်အကြီးအကဲများသည် သူမအား ကတိများပေးသဖြင့် သူမသည် မမေးတော့ပဲ လက်ခံထားလိုက်လေသည်။ သူမ ငြင်းဆန်လိုက်ပါက သူတို့ အချိန်ကြအောင် တောင်းဆိုနေမည်ကို စိုး သောကြောင့်ပင်ဖြစ်သည်။

သူမသည် တံဆိပ်ပြားနှစ်ခုကိုသိမ်းလိုက်သည်။ ထို့နောက်တွင် သူမသည် မိုရှားအား မေးလိုက်သည် “စီနီယာအစ်ကို ကျွန်တော်တို့ဘယ်တော့သွားကြမှာလဲ”

မိုရှား သူတို့အား လက်ဝေ့ပြလိုက်သည်နှင့် မျိုးနွယ်အကြီးအကဲနှစ်ယောက်သည် လေးစားသည့် အမူအရာဖြင့်ထွက်သွားလေသည်။ ထိုအပြုအမူသည် သူတို့ထက် အလွန်ရှေးကျလွန်းသည်။

“ငါ သူတို့ကို ပစ္စည်းတချို့ရှာခိုင်းတားတယ်၊ အဲဒါက ဒီနှစ်ပိုင်းအတွင်းလောက်ကို ရှာတွေ့နိုင်တယ်၊ အဲဒါ တွေ အကုန်အဆင်သင့်ဖြစ်ရင်တော့ ငါတို့တွေ စာချုပ်ကိုဖျက်လို့ရမယ်” မိုရှား ပြောလိုက်သည်။

ရှီမာယူယူသည် မှင်တက်သွားသည်။ သူမသည် ဘာလို့ တစ်ခုခုဆုံးရှုံးသွားရသလိုခံစားလိုက်ရတာလဲ။ သူမက သူနဲ့ စာချုပ်ဖျက်ချင်တာလား မဟုတ်ရင် သူနဲ့ အဲလိုဆက်ဆံရေးကို မလိုချင်တာလား။

သူတို့သည် ဘာဆက်နွယ်မှုမှမရှိတော့မည်ကို စဉ်းစားလိုက်သောအခါ အနည်းငယ်ဝမ်းနည်းသလိုခံစား ရသည်။ သို့သော် ဘာကြောင့်အဲလိုခံစားရသည်ကိုတော့ သူမ နားမလည်နိုင်တော့ပေ။

နှစ်အနည်းငယ်လိုသေးသည်ဆိုတော့ သူသည် သူမဘေးတွင် နှစ်အနည်းငယ်တော့ ရှိနေဦးမည်။

“ကျွန်တော် ပြင်ဆင်ထားလိုက်ပါမယ်” သူမ ဖြေလိုက်သည်။

“အင်း အခုပြန်ရအောင်” မိုရှားသည် လက်နှစ်ဖက်ဖြင့် ချိပ်ပြုလိုက်ရာ ကောင်းကင်တွင် ဝင်ပေါက်ပွင့် သွားလေသည်။ ထို့နောက်တွင် သူသည် သူမအားမကြည့်ပဲ ဆွဲပြီးဝင်သွားလေသည်။

သူတို့ မြေပေါ်သို့ဆင်းသက်ပြီဟု ခံစားရချိန်တွင် သူတို့လာခဲ့သော လမ်းသို့ရောက်နေပြီဖြစ်သည်။

“ဒါက နတ်ဆိုးလောကကိုဝင်တဲ့ ဝင်ပေါက်မလား” ရှီမာယူယူသည် လေထဲမှ မှိန်ဖျော့ဖျော့မြင်ရသော နံရံကိုမြင်ရလေသည်။ သူတို့ဝင်ခဲ့သော နေရာနှင့်တူသည် “ကျွန်တော်တို့ ဘယ်လိုထွက်ကြမလဲ”

သူတို့ဝင်လာချိန်တွင် ဟွာရှုံသည် ပစ္စည်းတစ်ခုသုံးကာ ခံတပ်ကိုဖွင့်ခဲ့သည်။ အခု သူတို့က တူညီတဲ့ နည်းလမ်းကိုပဲသုံးပြီး ထွက်လာတာလား။

“အဲနည်းလမ်းက အလုပ်မဖြစ်ဘူး” သူမအတွေးကို နားလည်သဖြင့် မိုရှား ပြောလိုက်သည် “ဒါပေမဲ့ အဲဒါ က အပြင်ကနေဝင်လာရင် သုံးရတာ၊ ဒီကနေအပြင်ကိုထွက်လို့မရဘူး”

“ဒါဆို ဘာလုပ်ကြမလဲ ဟွာရှုံရော ဘယ်လိုထွက်လာတာလဲ” သူမ မေးလိုက်သည်။

“သူတို့ထွက်တဲ့နည်းလမ်းက မင်းအတွက်ဆို ရှုပ်ထွေးနေမှာ” မိုရှား ပြန်ဖြေလေသည် “မင်း ဟိန်းသံလေးနဲ့သာ ပေါင်းစပ်လိုက်ပါ”

“ဟိန်းသံလေးရဲ့ စွမ်းရည်က ဒီမှာသုံးလို့ရပါ့မလား၊ အတားအဆီးမှာ မပိတ်ဘူးလား” ရှီမာယူယူ၏ မျက်လုံးများတောက်ပလာသည်။ ဟိန်းသံလေးတွင် ထိုအကျိုးသက်ရောက်ပါက သူမသည် သွားလိုရာကို သွား လို့မရနိုင်ပေ။

“မင်းရဲ့ ဝိဉာဉ်စွမ်းအင်ကိုလည်း သုံးဖို့လိုသေးတယ်” မိုရှား ရှင်းပြလေသည် “မင်းရဲ့ ဝိဉာဉ်စွမ်းအင် ၅မျိုး လုံးနဲ့ အမှောင်စွမ်းအင်တို့ကိုဖြေလိုက်ပြီး ဟိန်းသံလေးနဲ့ ပေါင်းလိုက်ရင် ငါတို့ထွက်လို့ရမယ်”

ရှီမာယူယူခေါင်းညိမ့်လိုက်သည်။ သူမသည် ဟိန်းသံထောင်ချီနှင့် ပေါင်းထားသည်ကို ခွာလိုက်သည်။ ထို့နောက်တွင် ဟိန်းသံလေးအား ဆင့်ခေါ်ပြီးနောက် ပေါင်းစပ်ပြီး ဝိဉာဉ်စွမ်းအင် ၅ခုနှင့် အမှောင်စွမ်းအင်ကို ဖြေ ချလိုက်သည်။ မိုရှားသည် သူမအား ဆွဲခေါ်သွားပြီး အတားအဆီးဆီသို့ ပျံသွားလေသည်။

***

All Chapters