မင်းဝလာသလိုပဲ
Vol. 006 Ch. 593
ဒီတစ်ခေါက်တွင် ဝင်ပေါက်အရွယ်အစားကို သူမ ထိန်းချုပ်၍ထင်သည် စိတ်စွမ်းအင်ကို အနည်းငယ်ပို သုံးရသည်။ ထွက်ပေါက်သည် ဝင်တုန်းကလောက် မကြာဟု သူမ ခံစားရသည်။
အချိန်မည်မျှကြာသွားသည်ကိုတော့ မသိပေ။ သို့သော် သူတို့ ထူထဲသောနံရံအား ထွက်ပြီးနောက်တွင် သူမ၏ ဝိဉာဉ်စွမ်းအင်များ အားလုံး ခြောက်သွားသည်ဟု ခံစားရသည်။
“မင်းအဆင်ပြေရဲ့လား”
ဝူလင်းယူသည် ရှီမာယူယူအား ပွေ့ချီလာခဲ့သည်။ သူမသည် ခေါင်းထဲမှ နွေးထွေးသော နတ်ဆိုး စွမ်းအင်များ စီးဆင်းသောအခါ ခေါင်းပေါ့သွားသလိုခံစားရသည်။
“စီနီယာအစ်ကိုလား” သူမသည် တိကျစွာမေးလိုက်သည်။
“မဆိုးဘူး အနည်းဆုံးတော့ မင်းလူမမှားဘူး” ဝူလင်းယူသည် ပြုံးပြီးပြောလိုက်သည်။
“ထွက်လာပြီလား မိုရှားရော” သူမသည် မျက်မှောင်ကြုတ်ကာ သူဖက်ထားသည်မှ ဆင်းလိုက်သည်။ သူမ မြေပေါ်သို့ရပ်လိုက်သည်နှင့် အားနည်းနေသည်ကို ခံစားမိပြီး ဝူလင်းယူအား မှီလိုက်သည်။
“သူ နတ်ဆိုးညွှတ်လက်ကောက်ဆီကိုပြန်သွားပြီလေ” ဝူလင်းယူ ပြောလိုက်သည် “မင်း ဝိဉာဉ်စေတီ ထဲသွားပြီ ခဏတော့ ပြန်နားလိုက်ဦး”
ရှီမာယူယူ ခေါင်းညိမ့်သည်။ ထို့နောက် သူ့အား ဝိဉာဉ်စေတီအတွင်းခေါ်သွားလေသည်။
သူမသည် နားနေသည့်အချိန်တွင် အမှောင်ဝိဉာဉ်စွမ်းအင်ကို ရုတ်သိမ်းပြီး မတူညီသော စွမ်းအင် ၅မျိုး ကို ခန္ဓာကိုယ်အတွင်း စီးဆင်းစေသည်။ သူမသည် ထင်ယောင်ထင်မှားကို အသုံးပြုကာ အဝတ်များလဲပြီးနောက် သူမ၏ ယောက်ျားလေးပုံစံကို ပြန်ပြောင်းလေသည်။
ဝူလင်းယူသည် သူမ ယောက်ျားလေးအသွင် ပြန်ပြောင်းသည်ကို ကြည့်ပြီးနောက် သူမ၏ မိန်းကလေး ပုံစံကို သတိရသွားပြီး ပြောလေသည် “ငါ ပညာရှိစံအိမ်တော်က ကိစ္စကိုမြန်မြန်ရှင်းမှထင်တယ် အဲဒါဆိုရင် မင်း ယောက်ျားလေးပုံစံ ဆက်ပြီး ဟန်ဆောင်မနေရတော့ဘူး”
ရှီမာယူယူသည် အဝတ်များကို ခါပြီး ပေါ့ပါးစွာ ပြောလိုက်သည် “ဒါက ဘာမှမဟုတ်ပါဘူး ကျင့်သားရ နေပါပြီ”
“ကျင့်သားမရလို့ပြောတာမဟုတ်ဘူး မိန်းကလေးက မိန်းကလေးလို့နေရမှာပေါ့” ဝူလင်းယူ ပြောလိုက် သည်။
ရှီမာယူယူသည် သူနှင့် မငြင်းခုန်တော့ပဲ သူ့ကိုခေါ်ကာ ဝိဉာဉ်စေတီမှ ထွက်ခဲ့လေသည်။ သူမ ထွက်လိုက်သည်နှင့် တိုက်ခိုက်သံများကြားရမည်ဟု ဘယ်သူထင်မိမှာလဲ။
“အဲဒီနံရံက ဖြတ်ဖို့ခက်တယ် နတ်ဆိုးလောကက ဘယ်လိုလုပ်ဖြတ်လာနိုင်တာလဲ” သူမသည် မျက် မှောင်ကြုတ်ပြီးမေးလေသည်။
“နတ်ဆိုးလောကက အမြဲတမ်း လူသားလောကကို ဝင်ဖို့ အမြဲကြိုးစားနေတာလေ နှစ်ပေါင်း သောင်းချီ ပြီးလေ့လာပြီးတော့ ထွက်ရမယ့်နည်းလမ်းကိုအများကြီးရှာတွေ့သွားတယ်လေ” ဝူလင်းယူပြောလေသည် “မိုရှား လူသားလောကကို သူ့လူတွေနဲ့ ချီတက်လာတာကိုပဲ စဉ်းစားကြည့် ဒီမှာလည်း လမ်းရှိမှာပဲ”
“နတ်ဆိုးလောကို သွားတဲ့ လမ်းတွေက ရှေးဟောင်းကမ္ဘာဦးနယ်မြေက ၆ခုမြောက်ပြည်နယ်မှာလည်း ရှိတယ်လေ ဘာလို့ သူတို့ကဒီနေရာကိုရွေးတာလဲ” ရှီမာယူယူသည် နားမလည်နိုင်ပေ။
“ဒီနေရာက ပိတ်ထားတာ အားအနည်းဆုံးလေ၊ တခြားနေရာတွေမှာ လမ်းတွေရှိပေမယ့် အတားအဆီး က ဒီနေရာထက် ခက်တယ်လေ” ဝူလင်းယူပြောလေသည် “ဒီနေရာကလွယ်တော့ ဒီနေရာကိုပဲရွေးကြမှာပေါ့”
“ဟင် တိုက်ပွဲက လူသားနဲ့ နတ်ဆိုးမျိုးနွယ်တိုက်နေတာမဟုတ်ဘူးပဲ” ရှီမာယူယူသည် သူတို့ဆီပြေး သွားရာ တိုက်ခိုက်နေသော လူများကို အဝေးမှ မြင်ရလေသည်။ တိုက်ပွဲအကြားတွင် ပိတ်မိနေသော လူများကို သူမ မြင်သောအခါ နှလုံးခုန်ရပ်သွားတော့မလိုပင်။
“သေစမ်း သူတို့က ငါ့အမေနဲ့ မောင်လေးကို သတ်ဖို့ကြိုးစားနေတာလား၊ အဲလူတွေ အသက်မရှင်ချင် ကြတော့ဘူးပဲ” ရှီမာယူယူသည် ဒေါသထွက်ကာ တိုက်ပွဲဝင်တိုက်ရန် ဟာစွန်အား ခေါ်လိုက်သည်။
“အရမ်းစိတ်လှုပ်မရှားနဲ့” ဝူလင်းယူသည် သူမအား ဆွဲထားလေသည် “မင်းဒီအတိုင်းသွားလိုက်တာနဲ့ ပို ပြီး ဒုက္ခဖြစ်စေနိုင်တယ်”
“ကျွန်တော်…” ရှီမာယူယူသည် သူ့အား စိုက်ကြည့်လိုက်သည်။ သူမ အားနည်းသည်ကို သူ သတိပေး လိုက်တာပဲမလား။
“ရွှီး ရွှီး”
မြွေလေးသည် သူမ နားရွက်ဘေးမှ တွားသွားကာ လျှာထုတ်လေသည်။
“မင်းသွားချင်လို့လား” ရှီမာယူယူသည် မြွေလေးဆိုလိုသည်ချင်သည်ကို နားလည်သဖြင့် သူ့ခေါင်းအား ပုတ်ပြီးပြောလိုက်သည် “အခုချိန်မှာ မင်းတခြားလူတွေရှေ့ထွက်လို့မရသေးဘူး မဟုတ်ရင် ပိုပြီး ဒုက္ခဖြစ်စေလိမ့် မယ်”
အခုလက်ရှိ သူ့ပုံစံသည် တခြားသူများ မသိစေရန် ဖုံးကွယ်ထားခြင်းဖြစ်သည်။ သို့သော် သူတိုက်ပွဲသို့ ဝင်တိုက်လိုက်သည်နှင့် တခြားသူများ သတိထားမိသွားမည်။ ပြဿနာဖြစ်ခြင်းမှ ရှောင်ရန် သူ့ကို မြင်ကွင်းရှေ့ သို့ မထွက်ခိုင်းသည်မှာ အကောင်းဆုံးဖြစ်သည်။
“မကောင်းတော့ဘူး ဖန်လေးက ချိပ်ကို ဖျက်ချင်နေပြီ၊ ပန်းလေး သွားလိုက် အဲလူတွေကို မြန်မြန်ဖမ်း လိုက်” သူမ အော်ပြီး ပန်းထုတ်ကာ အရှေ့သို့ပစ်လိုက်သည်။ သူမသည် ပန်းလေးကို တိုက်ပွဲအနားရှိမြေပေါ်သို့ ပစ်လိုက်သည်။
ပန်းလေးနှင့် စာချုပ်ချုပ်ပြီးနောက်တွင် ပန်းလေးသည် သာမန် အသားစားပန်းဘုရင်မဟုတ်သည်ကို သိ လိုက်ရသည်။ သူသည် အမြစ်ကိုနှစ်ခုခွဲပြီး ကိုယ်ပွားလုပ်နိုင်သည်။ တစ်ယောက်တည်းထားလိုက်ပါကလည်း ပြန် ပေါက်လာနိုင်သည်။
ထို့ကြောင့်ပင် သူမသည် ပန်းလေး သူမအားပေးသော အမြစ်ကို ဝိဉာဉ်စေတီအတွင်းထည့်ထားသည်။ သူမ သေသွားလျှင်တောင် ပန်းလေးသေမည်မဟုတ်ပေ။
ပန်းလေး မြေပေါ်သို့ကျသည်နှင့် မြေအောက်တွင် လျင်မြန်စွာ အမြစ်ကုပ်တွယ်လိုက်သည်။ ခဏအကြာ တွင် သူသည် နေရာတစ်ခုလုံးကို ဝိုင်းလိုကသည်။ နောက်တွင် ကြီးမားသော အသားစားပန်းများသည် မြေမှ ထွက်လာကြရာ တိုက်ပွဲမြေပြင်ရှိလူအားလုံးသည် ကြောက်ရွံ့သွားကြလေသည်။
“ဒါဘာလဲ”
“ဘုရားရေ အဲဒါ နတ်ဆိုးအပင်ပဲ”
“အသားစားပန်း အဲဒါအသားစားပန်းပဲ”
“အဲဒါတွေက ဘာလိုဒီမှာ ရုတ်တရက်ကြီးပေါ်လာရတာလဲ”
“ဂရုစိုက် ပန်းတွေအမိမခံနဲ့”
“…”
ရှီမန်ဖန်သည် ချိပ်ကိုဖောက်ဖျက်ရန်ပြင်ဆင်နေပြီး ရှီမာယူယူချိပ်ပိတ်ပေးထားသော စွမ်းအင်များသုံး မည်အလပ်တွင် အခြေအနေပြောင်းသွားလေသည်။ သူသည် ခေတ္တမျှ မှင်တက်သွားလေသည်။
“ဒီမှာဘာဖြစ်နေတာလဲ” ထိုလူများသည် အသားစားပန်းများရုတ်တရက်ပေါ်လာပြီး သူတို့ကို ဝိုင်းထား သည်ကို မြင်လိုက်ရသည်။
ရှီမာယူယူ၏ အမိန့်အောက်တွင် အသားစားပန်းဘုရင်သည် ပြိုင်ဘက်များကို ဝိုင်းလိုက်ပြီး ဖမ်းလိုက် သည်။ သူတို့အား ဖမ်းလိုက်သော ပွင့်ချပ်များသည် သံမဏိများသဖွယ် မာကျောခိုင်ခံ့လှသည်။ သူတို့သည် မည်မျှပင် ကြိုးစားကာမူ မလွတ်မြောက်နိုင်ပေ။
“ဒီအခွင့်အရေးမှာ သူတို့ကို သတ်လိုက်ရမလား” လူတစ်ယောက် အကြံပေးလေသည်။
“မလှုပ်နဲ့ ပန်းတွေရုတ်တရက်ပေါ်လာတာ အရမ်းအန္တရာယ်များတယ်၊ မိတ်ဆွေလား ရန်သူလား မသိ သေးဘူး၊ ငါတို့လှုပ်လိုက်လို့ ငါတို့ကို ပြန်တိုက်ရင် ဘယ်လိုလုပ်မလဲ၊ ကိစ္စတွေက အခုအထိမခံဘူး ငါတို့…” ရှီမန်ဖန် အသံသည် လျှောက်လာသော လူအားတွေ့သည်နှင့် တိမ်ဝင်သွားလေသည်။ သူ့မျက်လုံးများသည် လှည့်စားမှုမရှိသည်ကိုတော့ သေချာသည်။ သူသည် ချက်ချင်းပျံသွားပြီး သူမအား ဖက်လိုက်သည်။
ရှီမာယူယူသည် ရှီမန်ဖန်၏ ပခုံးကိုပုတ်ပြီး ပြောလိုက်သည် “ငါ ဘေးကင်းကင်းနဲ့ ပြန်လာပြီမလား မစိုးရိမ်တော့နဲ့”
“ငါ ဘယ်လောက်စိုးရိမ်လိုက်ရလဲသိလား” ရှီမန်ဖန်သည် သူမအား တင်းကြပ်စွာ ဖက်ထားလေသည် “ဒါဆို ဘာလို့နင်မြန်မြန်ပြန်မလာတာလဲ”
“ငါလည်း အဲဒါကို မမေးမိဘူး ငါအဲဒီကိုရော်ကတော့ ဖြစ်နိုင်ရင် မြန်မြန်ပြန်လာချင်တာ ပြီးတော့ အဲဒီကို ငါ့ကိုလူတစ်ယောက်က ဖမ်းသွားတာလေ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို နင်ထိခိုက်ထားတာရှိလား” ဖန်လေးသည် သူမအားလွှတ်ပြီးနောက် သူမအား သေချာစွာ ကြည့် လေသည်။
သူမျက်မှောင်ကြုတ်သွားသည်ကို ရှီမာယူယူမြင်သောအခါ အမြန်နှစ်သိမ့်လိုက်လေသည် “ငါ အဆင် ပြေပါတယ် နေကောင်းပြီး ထိခိုက်ထားတာမရှိဘူး”
“နင်ဝိတ်တက်လာတယ်ထင်တယ်” ရှီမန်ဖန် ပြောလေသည် “နင့်ကို စိတ်ပူတာ အလကားဖြစ်သွားပြီ”
“…” ရှီမာယူယူသည် သူ့အား ကြည့်လိုက်သည်။ ဒါက မောင်တစ်ယောက်ပြောရမယ့်စကားလား။ သူတို့ ပိုပြီးတောင် ပျော်နေတာမဟုတ်ဘူးလား။
သူမ၏ ချစ်စရာကောင်းပုံကို ရှီမန်ဖန်တွေ့သောအခါ ရယ်မောလေသည်။ အခုမှပင် သူ့စိတ်ထဲမှ စိုးရိမ်မှု များပျောက်သွားတော့သည်။
“သခင် သူတို့ကိုစားလိုက်ရမလား” ပန်းလေး၏ အသံသည် ရှီမန်ဖန်၏ အနောက်ဖက်မှထွက်လာရာ သူ သတိဝင်သွားလေသည်။ ကြီးမားသော ပန်းသည် သူ့အနောက်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ပန်း၏ သွား များ ရှည်လျားသော ခြေထောက်များကိုကြည့်ပြီး သူ လန့်မိသည်။
“အဲလူတွေက ဘယ်သူတွေလဲ” ရှီမာယူယူ မေးလိုက်သည်။
“သူတို့က ၃၈ပြည်နယ်က လူတွေ” ရှီမန်ဖန် ပြန်ဖြေလေသည်။
“၃၈ဟုတ်လား” သူပြောပုံအရဆိုရင် သူမက ၃၈ပြည်နယ်ကို သိထားသင့်တယ်မလား။
“၃၈ပြည်နယ်ကလေ အစ်မရဲ့ ဆရာကို ပထမဆုံးရှာတွေ့တဲ့နယ်က” ရှီမန်ဖန် ရှင်းပြလေသည်။
“အဲတော့ သူတို့လား” ရှီမာယူယူ သူတို့ကို ကြည့်ပြီးပြောလေသည် “ဒါဆိုရင်တော့ အဲလူတွေ ဒီကနေ အသက်ရှင်ထွက်သွားဖို့ မလိုဘူးပဲ”
“သူတို့က အရေးပါတဲ့လူတွေမဟုတ်ဘူး ရှိရှိ မရှိရှိအတူတူပဲ” ရှီမန်ဖန် ပြောလိုက်သည်။
“ကောင်းပြီ ပန်းလေး မင်းအတွက် နေ့လည်စာရသွားတာပေါ့”
***