← Chapters

ထူးဆန်းသောပျံသန်းသည့်အရာဝတ္ထု

Vol. 006 Ch. 594

ထူးဆန်းသောပျံသန်းသည့်အရာဝတ္ထု

Vol. 006 Ch. 594

အစပိုင်းတွင် သူတို့သည် သူမ၏ ဆရာကို တိုက်ခိုက်ရန်ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူမ မောင်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့်ပင် သူတို့ကို အသက်ရှင်လျက်ထားရမည့် အကြောင်းမရှိတော့ပေ။

သူမ အမိန့်ရပြီးနောက်တွင် ပန်းလေးသည် ထိုလူများကို ဝါးချေလိုက်လေသည်။ ထို့နောက်တွင် သူ သည် မလုံလောက်သေးဟု ခံစားရသဖြင့် အောက်ရှိကျန်လူများကို ငုံ့ကြည့်လေရာ အားလုံးလန့်သွားကြလေ သည်။

“ငါတို့ ငါတို့…”

“ငါက နတ်ဆိုးလောကမှာမဟုတ်တော့ အဲလူတွေကို စိတ်ကြိုက်စားလို့မရဘူး” ပန်းလေးသည် သက်ပြင်းချလေသည်။ ထို့နောက်တွင် သူ့ပန်းများကို သိမ်းလိုက်လေသည်။ သူသည် သေးငယ်သော ပန်းနွယ်သို့ ပြန်ပြောင်းကာ သူမ လက်ကောက်ဝတ်အား ရစ်ပတ်လိုက်သည်။

ရှီမာယူယူသည် ထိုထက်မြတ်သော ပန်းအား ဆွဲယူပြီး ဝိဉာဉ်စေတီထဲထည့်လိုက်သည်။

ထိုလူများသည် ရှီမာယူယူ၏ တည့်တိုးလုပ်တတ်သော ပုံအားကြည့်ပြီး နှုတ်ခမ်းတွန့်မိကြလေသည်။ သူမသည် အမှန်တကယ်ပင် မတရားသဖြင့်ပုံပေါက်သည်။

“ဖန် ဒါက မင်းရှာချင်တဲ့ အမျိုးလား” အနက်ရောင်ဝတ်ထားသော ယောက်ျားတစ်ယောက်လျှောက်လာ ကာ မေးလေသည်။

“ဟုတ်တယ် ဒါက ငါ့… အစ်ကို ရှီမာယူယူ” ရှီမန်ဖန် ပြောလေသည် “ဒါက ကုန်တောင်ကြားက ပထမဆုံးတပည့် ကုန်ဘင်းယူပါ၊ တခြားသူတွေလည်း ကုန်တောင်ကြားကပဲ”

“သူက မင်းထက်ငယ်တဲ့ပုံပေါက်နေတာကို အစ်ကိုဖြစ်နေတာပဲ” ကုန်ဘင်းယူသည် ပြုံးပြီးပြောလေ သည် “ခင်ဗျားက ကျွန်တော်တို့လာရှာတဲ့ ရှီမာယူယူကိုး”

ရှီမာယူယူသည် ရှီမန်ဖန်အား ပဟေဠိဆန်စွာကြည့်လိုက်သည်။

“မင်း နတ်ဆိုးလောကကို ဖမ်းသွားခံရတယ်ဆိုတာ တောင်ကြားသခင်သိတာနဲ့ လူလွှတ်ပေးလိုက်ပြီး မင်းကို ကယ်ဖို့နည်းလမ်းရှာခိုင်းလိုက်တာ” ရှီမန်ဖန် ရှင်းပြလေသည်။

“ငါ့ကို ကယ်ဖို့လူလွှတ်လိုက်တယ်ဟုတ်လား” ရှီမာယူယူသည် သူတို့အား ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူမသည် ကုန်တောင်ကြားနှင့် ဆက်နွယ်မှုမရှိပါပဲနှင့် ဘာလို့သူတို့က သူမကို ကယ်ချင်တာလဲ။

“မင်းက သွေးကြောနဲ့ခြင်ဆီရှင်းလင်းရေး ဆေး၂လုံးပေးလိုက်တာကို သိတယ်လေ ပြီးတော့ မိုဒိဆန်းက လဲ သူတို့ကို အကူအညီတောင်းလို့၊ အဲဒါကြောင့် သူတို့က မင်းနဲ့ အဆက်အသွယ်ကောင်းအောင် လုပ်ချင်တာ” ရှီမန်ဖန် ပြောလေသည် “အဲဒါတင်မဟုတ်ဘူး ဂိုဏ်းကလည်း လူပို့လိုက်တယ် ဖန်မျိုးနွယ်ကရောပဲ ငှက်မျိုးနွယ် ကတော့ တိုင်းပြည်တစ်ခုလုံးက ငှက်မျိုးနွယ်တွေ အကုန်လာကြတယ်လို့ ပြောလို့ရတယ်၊ အားလုံးက မင်းကိုရှာ ဖို့ နတ်ဆိုးလောကကို ဝင်ဖို့နည်းလမ်းရှာနေကြတာ”

ရှီမာယူယူသည် စိတ်လှုပ်ရှားသွားသည်။ ဒီလောက်လူအများကြီးက သူမကို ရှာဖို့ အားထုတ်နေမယ်လို့ ထင်မထားပေ။

“သူတို့ကရော ဘာလို့ ၃၈ပြည်နယ်ကလူတွေနဲ့ တိုက်နေတာလဲ” သူမ မေးလိုက်သည်။

“မင်းကို တခြားနေရာမှာ ကယ်လို့ရမလားလို့ ငါတို့လူတွေ ပြည်နယ်တွေမှာ ဖြန့်ထားတာ၊ ငါတို့က ဒီနေရာကို ရောက်လာတာ အဲလူတွေက ငါတို့ကိုကူညီပေးချင်ယောင်ဆောင်နေတာ၊ ဒါပေမဲ့ သူတို့က ဟိုဟာ ဒီဟာ လျှို့ဝှက်ပြီးလုပ်နေခဲ့တာ” ရှီမန်ဖန် ပြောလေသည် “အခုက သူတို့က ငါတို့ကို သတ်မလို့လုပ်တော့ တိုက် နေကြတာပဲ၊ ငါတို့က ဖန်မျိုးနွယ်နဲ့တစ်ဖက်တည်းမို့လို့တိုက်တာထင်တယ်”

“၃၉ပြည်နယ်မှာက ဘယ်လိုအင်အားရှိလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူတို့က ဖန်မျိုးနွယ်က ရန်သူဟောင်းတွေ” ရှီမန်ဖန် ပြောလိုက်သည် “အားလုံးက မင်းကိုစိတ်ပူနေကြ တုန်းပဲ မင်းပြန်လာပြီဆိုတော့ အားလုံးစိတ်အေးသွားအောင် ပြန်ရအောင်”

“အိုခေ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

သူတို့ပြန်ချိန်တွင် ရှီမန်ဖန်နှင့် တခြားသူများသည် ၃၈ပြည်နယ်တွင်ရှိသော စခန်းသို့ ဦးတည်ခြင်းမပြု တော့ပေ။ သူတို့သည် သီးခြားနေရာသို့ သွားကြလေသည်။ အားလုံးသည် ထိုနေရာတွင် စုကြကာ အစီအစဉ် အတွက် စဉ်းစားဆွေးနွေးကြလေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ရှီမန်ဖန်၏ မိစ္ဆာပျံကိုစီးကြလေသည်။ သူတို့သည် နေ့တစ်ဝက်စာ လောက်ပျံသန်းပြီးနောက် ထိုနေရာသို့ရောက်လေသည်။ အင်အားကြီးများမှ တာဝန်ပေးထားသော လူများသည် ထိုနေရာတွင် စုပြီးဆွေးနွေးကြသည်။ သူတို့ပြန်လာသည်ကို တွေ့ပြီးနောက်တွင် သက်ပြင်းချမိကြလေသည်။

ရှီမာယူယူသည် မိစ္ဆာပျံပေါ်မှ ဆင်းပြီး စကားတစ်လုံးမှမပြောရသေးခင်ပင် ဘေးရှိတဲထဲမှ တစ်စုံတစ်ခု ပျံလာလေသည်။ သူမဘေးတွင် ရပ်နေသော ဝူလင်းယူသည် သူမအား လျင်မြန်စွာဆွဲလိုက်ရာ ထိုပစ္စည်းသည် သူတို့အား ဖြတ်သွားလေသည်။

“ဘုန်း” ထိုပစ္စည်းသည် မြေပေါ်သို့ ကျယ်လောင်စွာကျသွားလေသည်။

ထိုပံျသန်းလာသော ပစ္စည်းသည် အနံ့ထွက်နေသော ဖိနပ်ဖြစ်နေသည်ကို မြေပေါ်ကျသွားမှပင် အားလုံး သိလိုက်ရသည်။

“ကောင်စုတ်လေး၂ကောင်၊ မင်းတို့အရွယ်ရောက်ပြီဆိုတာနဲ့ နတ်ဆိုးလောကကိုသွားပြီး ကစားလာတာ လား။ မင်းတို့ဆရာငါက မင်းတို့အတွက်နဲ့ အရိုးတွေကျိုးနေပြီဆိုတာရော သိကြရဲ့လား” နောက်ဖိနပ်တစ်ဖက် သည် တဲထဲမှ ပျံထွက်လာသည်။ ဒီတစ်ကြိမ်တွင် ဝူလင်းယူ သတိပေးခြင်းမရှိပဲ ရှီမာယူယူသည် ရှောင်လိုက် သည်။

အဘိုးနတ်ဆိုး၏ အသံကို သူမကြားလိုက်သောအခါ ရှီမာယူယူသည် စိတ်လှုပ်ရှားမိသည်။ သို့သော် သူမသည် ခံရခက်စွာပြောလေသည် “ဆရာ ကျွန်တော်က အဖမ်းခံလိုက်ရတာလေ၊ အဲဒီကို သွားကစားတယ်လို့ ဘာလို့ပြောတာလဲ”

အဘိုးနတ်ဆိုးသည် တဲမှထွက်လာပြီး သူတို့နှစ်ယောက်လုံးကို စိုက်ကြည့်လိုက်သည်။ သူလျှောက်လာ ပြီး သူတို့ခေါင်းကိုရိုက်လိုက်သည်။

“မင်းတို့က လှည့်စားရဲသေးတယ် သူက မင်းကိုဖမ်းသွားပြီး မင်းက သူ့ကိုခေါ်သွားခိုင်းတာမလား၊ မင်း အဖမ်းခံရတော့ ငါတို့်ဘယ်လောက် စိတ်ပူလဲသိလား၊ မင်းတို့ဆရာ ဘယ်လောက်အိုနေပြီလဲကြည့်ဦး အဲဒါ တောင် အလယ်ပိုင်းဒေသကနေ ပြေးလာရတာ၊ ပင်ပန်းလို့သေတော့မယ်၊ မင်းတို့ကို စိတ်ပူရတာနဲ့ ငါ့ဆံပင်မွေး တွေ ဘယ်လောက်တောင် ကျွတ်သွားလဲမပြောတတ်တော့ဘူး၊ ပါးရေနားရေတွေတွန့်တာလည်း ထပ်ပေါ်နေပြီ” အဘိုးနတ်ဆိုးသည် ရှီမာယူယူ၏ ပါးကိုဆွဲဆိတ်လိုက်သည်။

“ဆရာ ကျွန်တော်က သူ့ကို ခွင့်မပြုတာနဲ့ သူက မဖမ်းတော့ဘူးတဲ့လား” ရှီမာယူယူသည် သူ့အားကြည့် ပြီး မတရားခံရသည့်ပုံလုပ်လေသည် “အဲလူက ကျင့်ကြံမှုကလည်း မြင့်သေးတယ်….”

“ဟင် မင်းနဲ့.. မင်း ကလေးစုတ်လေးတွေ” အဘိုးနတ်ဆိုးသည် သူ့တပည့်တွေ အားနည်းလာသည်ကို သိသဖြင့် ဘေးတွင်ရပ်နေသော ဝူလင်းယူကို တစ်ချိန်လုံးအာရုံစိုက်ထားကာ “မင်း ညီဖမ်းခေါ်ခံသွားရတာကို ဘယ်လိုကယ်ရမလဲဆိုတာကို မသိဘူးလား”

“သူ့ကို အခုပဲပြန်ကယ်လာပြီမလား” ဝူလင်းယူသည် မျက်လုံးလှန်ကာ ပြောလေသည်။

“ဟင်ဟင် မင်းတို့အကြံကို ငါမသိဘူးထင်နေလား” အဘိုးနတ်ဆိုးပြောလိုက်သည် “မင်း ငါ့တပည့်လေး ကို ဆံပင်တစ်ပင်တောင် ထိခိုက်အောင်လုပ်ရဲရင် မင်းကိုတစ်နေကုန် ဆေးရေချိုးခိုင်းမယ်”

“ဆရာ ကျွန်တော်လည်း ဆရာ့တပည့်ပဲလေ”

“မင်းက အရွယ်ရောက်နေပြီ ယူယူကငယ်သေးတယ် မင်းက စီနီယာလေ သူ့ကိုသေချာဂရုစိုက်ရမှာ” အဘိုးနတ်ဆိုးသည် သူ့အားဆူငေါက်လေသည်။

“ကျွန်တော်က အခုလည်းသူ့ကို သေချာဂရုမစိုက်လို့လား သူ့ညီကတောင် သူဝလာတယ်ပြောနေတာ၊ ဒီအခြေအနေက ဘယ်လိုလုပ်မတရားဆက်ဆံသလိုခံစားနေရတာလဲ” ဝူလင်းယူပြောလိုက်သည်။

ကောင်းပြီ တကယ်တော့ သူက တစ်ချိန်လုံးသတိမေ့နေခဲ့တာလေ။ သူမအား ကာကွယ်ပြီး ပြုစုခဲ့တာက မိုရှားလေ။ ဒါပေမဲ့ မိုရှားက သူ့ခန္ဓာကိုယ်ထဲကပဲလေ။ သူတို့၂ယောက်က တစ်ယောက်ထဲပဲလေ။

အဘိုးနတ်ဆိုးသည် တစ်စုံတစ်ရာပြောမည်အလုပ်တွင် ရှီမာယူယူသည် လျင်မြန်စွာပင် သူ့လက်မောင်း အားဆုပ်ကိုင်ပြီး ပြောလေသည် “ဆရာ ကျွန်တော်တို့ နောက်မှပြောမယ်လေ၊ ဒီမှာကြည့်နေတဲ့လူများတယ်”

“ယူယူ ပြန်လာလို့တော်သေးတယ် မဟုတ်ရင် ငါတို့ တစ်သက်လုံး အပြစ်ရှိသလိုခံစားရတော့မှာ” ရှန်ဂျင်းလည်းရှိနေကာ သူတို့ရှေ့တွင်ရပ်နေသော ရှီမာယူယူအားမြင်သည်နှင့် သူမမျက်နှာမှ စိုးရိမ်မှုများ အရောင်ဖျော့သွားလေသည်။

ရှီမာယူယူသည် ကြည့်ပြီး ရှန်ဂျင်အား ခေါင်းညိမ့်ပြလိုက်သည်။ ဘေးတွင် ဖန်ကျိရှင်းရပ်ကာ သူမအား ကြည့်နေသည်ကို တွေ့သောအခါ လျှောက်သွားပြီး ပြောလိုက်သည် “ဆရာ ကျွန်တော်ပြန်လာပါပြီ”

ဖန်ကျိရှင်းသည် သူမခေါင်းအားပုတ်ပြီး ပြုံးလိုက်သည်။

“မင်းပြန်လာတာကောင်းတယ် မင်းတစ်ခုခုဖြစ်သွားရင် ငါတို့မှာ နည်းလမ်းမရှိ… အင်း မင်းတကယ်ပဲ ပို မြန်လာပါ့လား” သူသည် သူမ ပါးအားဆွဲလိုက်ရာ အသားပိုပြည့်လာသည်ကိုခံစားမိလေသည်။

“ယူယူ မင်းက အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ သခင်လေးဖြစ်မယ်လို့မထင်မိဘူး၊ အစတုန်းက အံ့ဖွယ် နတ်ဆိုးတောင်ကြားသခင်လာတော့ မြင့်မြတ်တဲ့သားတော်အတွက်လာတယ်ထင်တာ၊ မင်းအခြေအနေကို သူ အရင်မေးမယ်လို့မထင်မိဘူး၊ အဲမှပဲ မင်းမှာ နောက်ဆရာတစ်ယောက်ရှိတယ်ဆိုတာ သိလိုက်တာ၊ မင်းပြန်လာ ပြီဆိုတော့ ရပါပြီ မဟုတ်ရင် မင်းဆရာ၂ယောက်ကတော့ နေဝင်သွားတော့မှာ” ရှုံအာရန် နောက်ပြောင်လိုက် သည်။

“ယူယူတို့ ပြန်လာပြီဆိုတော့ အပြင်မှာရှိတဲ့တခြားသူတွေကို သတင်းပေးပြီး အိမ်ပြန်ကြတော့” ဖန်လျှန် ပြောလေသည်။

“ကောင်းပါပြီ”

အဘိုးနတ်ဆိုးလျှောက်လာကာ ရှီမာယူယူအား ဆွဲလိုက်သည်။ သူ ဝူလင်းယူအား ဖြတ်လျှောက်လိုက် ချိန်တွင် ပြောလိုက်သည် “မင်းတို့ ၂ယောက်လုံးလာခဲ့ကြ ပြောစရာရှိတယ်”

***

All Chapters