← Chapters

ကြယ်၉ပွင့်သမုဒ္ဒရာ

Vol. 006 Ch. 595

ကြယ်၉ပွင့်သမုဒ္ဒရာ

Vol. 006 Ch. 595

ရှီမာယူယူသည် အဘိုးနတ်ဆိုးနောက်လိုက်ကာ သူ့တဲအတွင်းသို့ဝင်လိုက်သည်။ သူသည် အတား အဆီးတစ်ခုပြုလုပ်လိုက်ပြီးနောက် သူမနှင့် ဝူလင်းယူကိုကြည့်ကာမေးလေသည် “မင်းဘယ်တုန်းက နတ်ဆိုး လောကကိုသွားလိုက်တာလဲ အဖမ်းခံသွားရတာရောဟုတ်ရဲ့လား မဟုတ်ရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့သွားတာ လား”

“လူတစ်ယောက်ကဖမ်းသွားလို့ အဲအခွင့်အရေးကိုယူပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်သွားလိုက်တာပါ”  ရှီမာယူယူသည် ရိုးသားစွာပြန်ဖြေလေသည်။

“ဒီကောင်ကြောင့်လား” အဘိုးနတ်ဆိုးပြောလေသည်။

“အဲလိုမျိုးပါပဲ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် သူတို့ဟွာရှုံနှင့်တွေ့ခဲ့ရပုံနှင့် နတ်ဆိုးလောကတွင်ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးပြောပြလေ သည်။ နားထောင်ပြီးနောက်တွင် အဘိုးနတ်ဆိုးသည် တည်ငြိမ်စွာပြောလေသည် “မင်းတို့ စာချုပ်ကိုရှင်းဖို့ အတွက် နှစ်နည်းနည်းတော့လိုသေးတဲ့ပုံပဲ၊ ဒီနှစ်တွေမှာ မင်းရဲ့ အင်အားကို ကြီးလာအောင် လုံလစိုက်ဖို့လိုမယ် မင်းသန်မာလာလေလေ မင်းရဲ့ အံ့ဖွယ်အသိဉာဏ်လည်း ပိုအားကောင်းလာလေပဲ၊ အဲဒါမှ မင်းတို့ စာချုပ်ကို ဖျက်လိုက်တာနဲ့ ထိခိုက်မယ့်အခွင့်အရေးနည်းသွားမှာ”

ရှီမာယူယူသည် နားလည်သည့် သဘောကိုပြချင်သဖြင့် ခေါင်းညိမ့်လိုက်သည်။

အဘိုးနတ်ဆိုးတဲမှထွက်သွားသည်နှင့် ရှီမာယူယူသည် ရှီမန်ဖန်၏ တဲသို့သွားလေသည်။

“အစ်ကို ဒီကိုဘာကိစ္စရှိလို့လဲ” ရှီမန်ဖန်သည် လက်ရှိတွင် ကုန်ဘင်းယူနှင့် စကားပြောနေလေသည်။ သူမ ဝင်လာသည်ကို မြင်သည်နှင့် သူတို့၂ယောက် မတ်တပ်ရပ်လိုက်ကြသည်။

ရှီမန်ဖန်၏ မျက်နှာသည် သက်သာလာပြီဖြစ်သည်။ သို့သော် ရင်ယန်နန်းတော်မှ လူများ သူ့ကို မြင်ခြင်း ကို ကာကွယ်ရန်အတွက် မျက်နှာဖုံးတပ်ထားဆဲဖြစ်သည်။ မျက်နှာဖုံးတပ်ထားသော်လည်း သူ၏ အပြုံးကို ဖုံး ကွယ်မရပေ။

သူတို့ ၂ယောက်၏ အပြုအမူကိုတွေ့သောအခါ သူတို့နှစ်ယောက်သည် ရင်းနှီးသော ဆက်ဆံရေးရှိရ မည်ဟု ရှီမာယူယူခန့်မှန်းမိသည်။ သူတို့နှစ်ယောက် ထပ်တွေ့ပြီးနောက်ပိုင်းတွင် ရှီမာယူယူသည် ရှီမန်ဖန်၏ အပြုံးကိုမြင်ရခဲသောကြောင့်ဖြစ်သည်။

“အခြေအနေ တိုးတက်လာတာကိုလာကြည့်တာ၊ မင်းတို့နှစ်ယောက် ဘာတွေပြောပြီးအဲလောက် ပျော် နေတာလဲ” သူမ လျှောက်သွားကာ ခုံဆွဲယူလိုက်ပြီး သူတို့နှစ်ယောက် ဘေးတွင်ဝင်ထိုင်လိုက်သည်။ သူမသည် သူ့လက်ကို ဆွဲပြီး စစ်ဆေးလိုက်သည်။

“ကုန်တောင်ကြားမှာ ဖြစ်သွားတဲ့ရယ်စရာအကြောင်းကို ဘင်းယူကိုပြောပြနေတာ” ရှီမန်ဖန် ပြောလေ သည် “စိတ်ချပါ ကျွန်တော် အစ်ကို့ ချိပ်ကို မဖျက်ပါဘူး”

“ဖြစ်ခဲ့တာတွေကို ငါအကုန်တွေ့လိုက်တယ် ငါနဲ့ စီနီယာနဲ့သာ အချိန်မှီရောက်မလာရင် မင်း ချိပ်ကို ဖျက်ပြီးနေပြီ” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်သည်။ သူသည် သွားဖြဲပြလိုက်ပြီး စောဒကမတက်တော့ပဲ သူမကို စစ်ဆေးခိုင်းလိုက်သည်။

ကုန်ဘင်းယူသည် ဘေးမှကြည့်နေရာ ရှီမန်ဖန်၏ အပြုအမူကိုတွေ့လိုက်သည်နှင့် အံ့သြနေတော့သည်။ ရှီမန်ဖန်၏ အကျင့်မှာ မျက်လုံးနှင့်ကြည့်ရုံတင် ရှင်းရှင်းလင်းလင်းမြင်ရသည်။ သူသည် တသီးတခြားနေတတ် ကာ၊ အေးစက်ပြီး တခြားလူဖြစ်ဖြစ် ဘာကိုမှပင် ဂရုစိုက်တတ်သူမဟုတ်။ သူသည် ရှီမန်ဖန်နှင့် လက်ရှိ ဆက်ဆံ ရေးရစေရန် အစွမ်းကုန်အားထုတ်ခဲ့ရသည်။ သို့သော် ရှီမန်ဖန်သည် ရှီမာယူယူဘေးရောက်သောအခါ ကျိုးနွံနေ သည်။ သူသည် အမှန်တကယ်ပင် ညီတစ်ယောက်ကဲ့သို့ ပြုမူနေသည်။

သူသည် ရှီမန်ဖန်အား စမ်းသပ်ပေးနေသော ရှီမာယူယူအား ထပ်ကြည့်လိုက်သည်။ သူသည် ငယ်သည် မှာ သိသာသည်။ သူသည် အသက် ၂၀ကျော်အရွယ်သာရှိသည်ဟု ကြားခဲ့ရသည်။ သူတို့နှစ်ယောက်တွေ့လိုက် ရင် ဘာလို့ရှီမာယူယူက အစ်ကိုကြီးလိုပြုမူနေတာလဲ။

ရှီမာယူယူသည် သူ့ကို ခေတ္တမျှ စမ်းသပ်ပြီးနောက် သူ့ခန္ဓာကိုယ်အဆင်ပြေသည်ဟု သေချာမှပင် လက် ကိုလွှတ်လိုက်သည်။

“ဘယ်လိုလဲ ငါ စကားနားထောင်တယ်လို့ ပြောတယ်မလား ငါ့ခန္ဓာကိုယ်ကို ထိခိုက်အောင် ဘာမှမလုပ် ဘူး” ရှီမန်ဖန် ပြောလိုက်သည် “အစ်ကို့ကို စိုးရိမ်လို့ ဝိတ်ကျသွားတာကလွဲလို့ပေါ့”

“ဒီနေ့အမှားကို ငါ့အပေါ်ပုံမချနဲ့ဦး” ရှီမာယူယူပြောလိုက်သည် “ငါသာ အချိန်မှီမရောက်လာရင် မင်း ဘယ်လိုဖြစ်မလဲမပြောတတ်ဘူး၊ ငါတို့ပြန်ရောက်တာနဲ့ မင်းအခြေအနေကို ငါတို့ပြန်သုံးသပ်ရမယ်၊ အန္တရာယ် ဖြစ်စေနိုင်တာတွေကို တစ်ခါတည်း ထုတ်ပစ်ရအောင်၊ နောက်တစ်ခါ မင်းအန္တရာယ်ရှိတာတွေလုပ်ရင် ကြယ်ကိုး ပွင့်သမုဒ္ဒရာထဲ ကန်ထည့်လိုက်မှာ”

“ကြယ်ကိုးပွင့်သမုဒ္ဒရာက ဒီလောက်ဝေးတာ မရောက်နိုင်ပါဘူး” ရှီမန်ဖန်သည် ပြုံးပြီးပြောလေသည်။

“လုပ်ကြည့်လိုက်လေ” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။

“ထားပါတော့ မလုပ်ပါဘူး” ရှီမန်ဖန် ပြောလိုက်သည် “ဒါပေမဲ့ မိုဒိဆန်းက ကြယ်ကိုးပွင့်သမုဒ္ဒရာကို ထွက်သွားတာ မကြာသေးဘူးလို့ ရှင်းမိုပြောတာကြားတယ်၊ သူဘာလို့ အဲလိုအန္တရာယ်များတဲ့နေရာကို သွားတာ လဲ မသိဘူး”

“မိုဒိဆန်းက ကြယ်ကိုးပွင့်သမုဒ္ဒရာကိုသွားတယ်ဟုတ်လား ဘာအတွက်လဲ” ရှီမာယူယူသည် ထိုစကား ကြားလိုက်သောအခါ မှင်တက်သွားလေသည်။

ကြယ်ကိုးပွင့်ပင်လယ်သည် အတွင်းပိုင်းဒေသနှင့် အပြင်ပိုင်းဒေသကို ဆက်သွယ်ထားသော ပင်လယ် ဖြစ်သည်။ သူမ အရင်ဘဝက ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန်တိတ်သမုဒ္ဒရာနှင့် ယှဉ်လျှင်တော့ ဘယ်ဟာက ပို ကြီးလဲမပြောတတ်ပေ။

ကြယ်ကိုးပွင်းသမုဒ္ဒရာသည် ဧရိယာ၂ခု ပိုင်းခြားထားသော်လည်း တားဆီးထားသော နေရာကိုဖြတ်ပြီး တခြားနေရာသို့ ဘယ်သူမှ မသွားဝံ့ကြပေ။ အကြောင်းမှာ ထိုနေရာသည် အလွန်အန္တရာယ်များကာ ဧကရာဇ် အဆင့်ရောက်သူများပင် ပုံမှန်သွားလေ့မရှိသောနေရာဖြစ်သည်။

မိဒိုဆန်းသည် ထိုကဲ့သို့အန္တရာယ်ပြည့်နေသည့်နေရာသို့ ထွက်သွားခြင်းမှာ သူမကို စိုးရိမ်စေသည်။

“အရမ်းလည်း မစိုးရိမ်ပါနဲ့ မိုဒိဆန်းက မသွားခင်ကို ရှင်းမိုကိုတွေ့သွားတယ်လို့ ပြောတယ်၊ သူပြောတဲ့ပုံ ဆိုရင် မိုဒိဆန်းက ဒီတစ်ခေါက်ခရီးကို အရမ်းယုံကြည်ချက်ရှိနေတဲ့ပုံပဲ” ရှီမန်ဖန် နှစ်သိမ့်လေသည်။

“အဲဒါက မသိနိုင်ဘူးလေ အဲလူက ၅၀ရာခိုင်နှုန်းတောင် မသေချာပဲနဲ့ ယုံကြည်ချက်ရှိတယ်လို့ ပြောနေ ကျပဲကို၊ သူသာ တကယ် ယုံကြည်ချက်ရှိရင် ဘာမှပြောတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ရှင်းမို ယုံကြည်ချက်ရှိတယ်လို့ ပြောတာက တကယ်တော့ သူ့မှာယုံကြည်ချက်မရှိလို့ပဲ၊ မဖြစ်သေးဘူး သူ့ကိုတားဖို့ နည်းလမ်းရှာရမယ်”

“နောက်ကျသွားပြီ” ရှီမန်ဖန် ပြောလိုက်သည် “အစ်ကို နတ်ဆိုးလောကမှာရှိတုန်း သူထွက်သွားပြီ”

“ရှင်းမိုက ဘာလို့သူ့ကိုမတားတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ရှင်းမိုက တားသေးတယ်တဲ့ ဒါပေမဲ့ မိုဒိဆန်းက ခေါင်းမာနေတာ မိဒိဆန်းရဲ့ အကျင့်လည်းသိသားနဲ့ ရှင်းမိုက မဖြောင်းဖြနိုင်လိုက်ဘူး၊ သူက သူနဲ့ လူ၂ယောက်ထည့်ပေးမယ်လို့လည်းပြောတယ် အဲဒါလည်း ငြင်း တာပဲ” ရှီမန်ဖန် ပြောလေသည် “သူ အဲဒီကိုသွားရတဲ့အကြောင်းကို တခြားသူတွေကို မသိစေချင်တာလို့ ထင် တယ်”

“ဟုတ်လောက်မယ်” ရှီမာယူယူ သက်ပြင်းချလေသည် “ဒါပေမဲ့ ဒီလူက မကြာခဏဆိုသလို သက်စွန့် ဆံဖျားလုပ်တယ်၊ သူကကံတော့ကောင်းတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်နိုင်မှာပါ၊ ဒီတစ်ခေါက်ကို ဘာပြဿနာမှမဖြစ်ဖို့ မျှော်လင့်ရမှာပဲ မဟုတ်ရင် ကြယ်ကိုးပွင့်သမုဒ္ဒရာက ဒီလောက်ကြီးတာ သူ့ကို ဘယ်လို သွားရှာမှာလဲ”

ရှီမာယူယူသည် သူ၏ ပဟေဠိဆန်သော သရုပ်မှန်ကိုတွေးမိကာ ဒီတစ်ခေါက်ခရီးတွင် လုပ်ရမည့်အလုပ် ကိုသိချင်မိသည်။

“ကောင်းပြီ ငါစစ်တာပြီးသွားပြီ စကားဆက်ပြောကြပါ ငါ ဆရာ့ကိုသွားရှာလိုက်ဦးမယ်” ရှီမာယူယူသည် တဲတံခါးကိုဖွင့်ပြီး ထွက်သွားလေသည်။

သူမ ဖန်ကျိရှင်း၏ တဲသို့ရောက်သောအခါ စက္ကူလိပ်ကို စေ့စေ့စပ်စပ်ကြည့်နေလေသည်။ သူမ ရောက် သည်ကို အာရုံခံမိသောအခါ စက္ကူလိပ်ကိုသိမ်းလိုက်သည်။

“ဆရာ” ဖန်ကျိရှင်း ထိုင်ခုံတွင် ထိုင်နေသည်ကို မြင်သောအခါ ရှီမာယူယူလျှောက်လာသည်။ အထဲသို့ ရောက်သောအခါ သူ့အကြည့်မှ ဝမ်းနည်းမှုကို သူမ ခံစားမိလေသည်။

သူမ အမေကြောင့်လား။

သူမ အမေသည် မည်ကဲ့သို့လူမျိုးဖြစ်သည်ကို သူမ မသိပေ။ သို့သော် ဒီလောက် အရည်အချင်းရှိပြီး ရည်မွန်သော လူတစ်ယောက်သည် အခုထိ သူမအပေါ်တွင် သံယောဇဉ်ရှိတုန်းပင်ဖြစ်သည်။

“ယူယူ လာပြီလား” ဖန်ကျိရှင်းသည် ပြုံးပြီး သူမကို လက်ရမ်းပြလိုက်သည်။

ရှီမာယူယူ လျှောက်လာကာ သူ့ဘေးတွင်ဝင်ထိုင်ပြီး ပြောလိုက်သည် “ဆရာ ကျွန်တော် နတ်ဆိုး လောကမှာ ဘာမှလုပ်စရာမရှိတုန်းက ဆရာ့အတွက် တည်ဆောက်မှုစာအုပ်လုပ်လာတယ်”

သူမသည် အချောကိုင်ထားသော ပျဉ်ချပ်ကို သူ့ကိုပေးလိုက်သည်။

“တည်ဆောက်မှုစာအုပ်ဟုတ်လား၊ အဲဒါကို နတ်ဆိုးလောကကနေ ရလာတာလား” ဖန်ကျိရှင်းသည် တည်ဆောက်မှုပျဉ်ချပ်ကို ယူပြီး တည်ငြိမ်စွာမေးလေသည်။

“မဟုတ်ဘူး ရထားတာကြာပြီ ဒါပေမဲ့ အရင်ကမအားလို့ မိတ္တူလုပ်ဖို့အချိန်မရှိခဲ့ဘူး” ရှီမာယူယူ ပြော လေသည် “တကယ်တော့ ကျွန်တော် နတ်ဆိုးလောကို မသွားခင်ကတည်းက မိတ္တူလုပ်ထားတာ၊ ကျွန်တော် လုပ်တာ နှေးနေလို့ နတ်ဆိုးလောကရောက်မှပဲ လက်စသတ်နိုင်တာ၊ ဆရာ ဒါက ဆရာ့အတွက် အသုံးဝင်မှာပါ”

သူမ စိတ်စောနေသည်ကို ရှီမန်ဖန်ကြည့်ပြီးနေက် ပျဉ်ချပ်ကို ရှေ့တွင်ရှိသော စားပွဲပေါ်သို့တင်လိုက် လေသည်။ ထိုစာအုပ်သည် သာမန်စာအုပ်ဖြစ်လျှင်တောင်မှ သူမကိုဝမ်းသာသည်ဆိုသည့်အကြောင်းကို ပြော မည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် သူပျဉ်ချပ်အားကြည့်လိုက်သည့်အချိန်တွင် မှင်တက်သွားလေသည်။

***

All Chapters