← Chapters

ပြန်လာခြင်း

Vol. 006 Ch. 596

ပြန်လာခြင်း

Vol. 006 Ch. 596

ဝိဉာဉ်ရှာဖွေခြင်းအရင်းအမြစ်ကို တွေ့လိုက်သည့်အခါ သူ၏ တုန့်ပြန်မှုသည် မိုဒိဆန်းနှင့် အတူတူပင်။

ဖန်ကျိရှင်းသည် ခေါင်းမော့ပြီးနောက် ရှီမာယူယူ၏ လက်ကိုကိုင်လိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာ ပြောလေသည် “ဒီတည်ဆောက်မှုနည်းလမ်းကို မင်းဘယ်ကရလာတာလဲ”

သူ ဒီလောက်စိတ်လှုပ်ရှားသည်ကို မြင်ဖူးခြင်းမှာ ရှီမာယူယူအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ အရင် ကဆိုလျှင် သူသည် အေးစက်ပြီး တည်တံ့သည်။ သူ ထောင်ချောက်မိတုန်းကပင်လျှင် ဖန်မျိုးနွယ်များလာကယ် သည်ကို တွေ့သောအခါ ပြုံးရုံသာပြုံးခဲ့သည်။

“ဒါကို သင်္ချိုင်းကနေရလာတာ၊ အထဲကစာတွေက အဆင်ပြေလို့ ဆရာ့ကိုမျှပေးချင်လို့” သူမသည် ပြုံး ပြီးပြောလိုက်သည် “ဒါပေမဲ့ အဲဒါက လူတစ်ယောက်က လက်ဆောင်ပေးထားတာဆိုတော့ မူရင်းကိုပေးလို့မရလို့ ပါ”

“ဒါဆို အဲဒီစာအုပ်ကို ပေးကြည့်လို့ရလား”

ရှီမာယူယူသည် စာအုပ်ကို ထုတ်လိုက်သည်။ ထိုစာအုပ်သည် ဝူလင်းယူ သူမအတွက်ပေးသော စာအုပ် ဖြစ်သည်။

ဖန်ကျိရှင်းသည် စာအုပ်ကိုလက်၂ဖက်ဖြင့် ကိုင်ပြီး အဖုံးမှ အတ္ထုပ္ပတ္တိကိုဖတ်လိုက်သည် “ဟုတ်တယ် ဟုတ်တယ် ဒါပဲ ဒီစာအုပ်ပဲ၊ နှစ်တွေအများကြီးပျောက်နေပြီးတော့ နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီပေါ့”

“ဆရာ ဒီစာအုပ်ကိုသိတာလား” ရှီမာယူယူ မေးလိုက်သည်။

ဒီစာအုပ်မှာ နာမည်ရှိတဲ့ပုံတောင်မပေါ်တာ သူဘယ်လိုလုပ်သိတာလဲ။

“ဒါက တံခါး၁၀၀ပြောင်းလဲခြင်းပဲ၊ ပထမဆုံး တည်ဆောက်မှုတံခါးပဲ၊ သူတို့ရဲ့ အစောင့်က ဒီစာအုပ်ကို လုပ်ခဲ့တာ၊ တည်ဆောက်မှုကမ္ဘာမှာတော့ ရတနာတစ်ပါးပဲ၊ သူသေသွားတော့ ဒီစာအုပ်လည်းပျောက်သွားတော့ သင်္ချိုင်းမှာရှိတယ်လို့ သတင်းတွေထွက်တယ်၊ ဒါပေမဲ့ သူတို့မှာ မိတ္တူရှိတယ်ဆိုတော့ ဘယ်သူမှ အရေးမစိုက်ကြ တော့ဘူး ဒါပေမဲ့ အဲဒီမိတ္တူလည်း ပျောက်သွားတော့ အားလုံးက မူရင်းကိုပြန်လိုချင်ကြတယ်၊ ဒါပေမဲ့ အဲတုန်းက တံခါး၁၀၀ ပြောင်းလဲခြင်းကို အတွင်းပိုင်းဒေသကိုရွေ့ခဲ့တဲ့ အရင်မျိုးဆက်တွေက သေကုန်ကြပြီလေ၊ ဒီစာအုပ် လုပ်ခဲ့တဲ့လူရဲ့ သင်္ချိုင်းကလည်း ခြေရာခံလို့မရတော့ဘူး”

ထိုကဲ့သို့ ကိစ္စများဖြစ်ခဲ့မည်ဟု ရှီမာယူယူ ထင်မထားပေ။ ဖန်ကျိရှင်းသည် ထိုစာအုပ်ကိုမြင်သည်နှင့် သိလိမ့်မည်ဟု ပိုထင်မထားပေ။

သူ ထိုအရာအား သဘောကျသည်ကို တွေ့သောအခါ သူမသည် ပေးမိသည့်အတွက် ဝမ်းသာရသည်။ သို့သော် ထိုစာအုပ်ကြောင့်ပင် ဝူလင်းယူသည် ၂နှစ်ကြာမျှ တည်ဆောက်မှုအတွင်းအပိတ်ခံရသည်ဟု တွေးမိ လိုက်လျှင် သူ့ဝိဉာဉ်အတွင်းထဲကပင် နာကျင်မည်ကိုသိသည်။ သူမသာ မူရင်းကိုပေးပစ်ပါက သူ့အကျင့်နှင့်ဆို လျှင် သေချာပေါက် စိတ်မကောင်းဖြစ်မည်ဖြစ်သည်။ အချိန်အတော်ကြာမျှ တွေဝေပြီးနောက်တွင် မပြောတော့ ရန်ဆုံးဖြတ်လိုက်သည်။

ဖန်ကျိရှင်းသည် စာအုပ်ကိုအချိန်အတော်ကြာ ကြည့်ပြီးနောက်တွင် အစောကရထားသော မိတ္တူနှင့် ခေါင်းစဉ်များကို ယှဉ်ကြည့်လေသည်။ ရှီမာယူယူ အလေးအနက်ထားကာ မိတ္တူကူးထားသည်ကို သိလိုက်ရ သည်။ ကွာခြားမှုတစ်စုံတစ်ရာရှိမနေပေ။ သူမသည် ထိုအပိုင်းများကို မိတ္တူကူးရန်အတွက် သူမကိုယ်တိုင် နားလည်ရန်လိုသည်။

သူသည် သူမအား စာအုပ်ပြန်ပေးရင်း ပြောလေသည် “ငါ မိတ္တူယူထားပြီး ဒီစာအုပ်ကိုပြန်ပေးပြီနော်၊ ဒီ တစ်ခုတည်းသော စာအုပ်ကိုသေချာဂရုစိုက်သိမ်းထား၊ မင်းမယုံတဲ့လူတွေရှေ့ကို မထုတ်မိစေနဲ့”

ရှီမာယူယူသည် ခေါင်းညိမ့်ကာ စာအုပ်အားသိမ်းလိုက်သည်။

ထိုစာအုပ်၏ တည်ရှိမှုတန်ဖိုးကို သူမ သိသည်။ တခြားလူများသာ ထိုစာအုပ်ရှိသည်ကိုသိပါက သူမ မမျှဝေနိုင်ပါက ပြဿနာများတက်လာနိုင်သည်။

“ဆရာ ကျွန်တော်သွားလိုက်ဦးမယ်” ရှီမာယူယူ မတ်တပ်ရပ်ကာပြောလေသည်။

“သြော် ဟုတ်သားပဲ မင်းပြန်သွားရင် မနက်ဖြန် တခြားသူတွေပြန်တာနဲ့ ငါလည်းပြန်မယ်ဆိုတာ ကုန် တောင်ကြားကလူတွေကို ပြောပေးလို့ရမလား” ဖန်ကျိရှင်း ပြောလိုက်သည် “မင်းဒီတစ်ခေါက်ကို သေချာလေး အနားယူလိုက်ဦး၊ ပြန်ရောက်ပြီဆိုရင် နတ်ဆိုးလောကအကြောင်းကို တခြားသူတွေမေးလာရင် ပြောဖို့ ဆင်ခြေ ကောင်းကောင်းလေးစဉ်းစားထားဦး”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြောလိုက်သည်။

သူမအား လာရှာသူများပြားသဖြင့် ထိုသတင်းသည် နတ်ဆိုးလောကအထိပြန့်သွားမည်ကို သူမ စိုးရိမ်မိ သည်။ သူမ ပြန်လာသည်ကို မြင်ပါက ဝူလင်းယူအား သွားမေးကြမည်မဟုတ်ပဲ သူမကိုသာလာမေးကြမည် ဖြစ် သည်။ ထို့ကြောင့် နောက်ပြောရမည့်စကားကို တိုင်ပင်ထားရမည့်ပုံပင်။

တကယ်တော့ မိုရှားရှင်းပြသည့်အကြောင်းအရာအရ သူတို့သည် နတ်ဆိုးလောကအတွင်းပိုင်းထိ သွား ခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် ဟိုဟိုဒီဒီ အရှုပ်အထွေးအနည်းငယ် လုပ်ခဲ့ခြင်းသာဖြစ်သည်။ သူတို့သည် နိုင်ငံ အတွင်း လှည့်ပတ်သွားလာသည်ဟုသာ သတ်မှတ်၍ရသည်။

သူတို့ အတွင်းပိုင်းထိ မပတ်သတ်ခဲ့သည်မှာ တော်သေးသည်ဟု မိုရှားရှင်းပြသည်။ သူတို့သာ အတွင်း ပိုင်းအထိ ပတ်သတ်ပါက နတ်ဆိုးလောကတွင် သူတို့အခြေအနေလှမည်မဟုတ်ပေ။

ရှီမာယူယူသည် သူပြောသည့်အရာကို ထောက်ခံသည်ရော ကန့်ကွက်သည်ရောမရှိပေ။ သူမသည် နတ်ဆိုးလောကတွင် ဧည့်သည်တစ်ယောက်ဖြစ်ကာ နတ်ဆိုးလောက၏ အခြေအနေကို နည်းနည်းပင် စိတ်ဝင် စားမှုမရှိပေ။ သို့သော် နောက်နှစ်အနည်းငယ်အတွင်းတွင် သူမသည် နတ်ဆိုးလောကသို့ ပြန်ဝင်ရောက်သွားပြီး တစ်လောကလုံးတုန်လှုပ်သွားစေမည်ဟု ထင်မထားမိခဲ့ပေ။

နောက်တွင် သူမသည် ဝူလင်းယူနားနေရာ နေရာသို့သွားလိုက်သည်။ သူမ လာသည်ကို သူသိသည်နှင့် ပြောလိုက်သည် “တစ်ယောက်ယောက်က မေးလာရင် မင်းဘာမှမသိဘူး တစ်ချိန်လုံးမေ့လဲနေတယ်လို့သာ ပြော လိုက်၊ မင်းသတိပြန်ဝင်လာတဲ့အချိန်ကျ သွေးလွှမ်းဂူပြန်ရောက်နေပြီလို့”

“အစ်ကိုက ကျွန်တော့်ကိုကယ်တယ်လို့ပြောရမှာလား၊ အဲအဖြစ်အပျက်အတွက် အစ်ကို့ကိုပုံချရမှာပေါ့” ရှီမာယူယူသည် မျက်တောင်ခတ်လေသည်။

ထိုဇာတ်လမ်းသည် အဆင်ပြေသည်။ ဘာပဲဖြစ်ဖြစ် ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမ မသိတာလေ။ နတ်ဆိုး လောကမှ အဖြစ်အပျက်များကို သူမ မသိပေ။ အကယ်၍ သူတို့သိချင်တာရှိပါက ပညာရှိစံအိမ်တော်မှ မြင့်မြတ် သောသားတော်ကို သွားမေးရမည်။ သူ့ကို လူဘယ်နယောက်လောက် မေးရဲမလဲဟု သူမ သိချင်မိသည်။

ပြဿနာဖြေရှင်းပြီးနောက်တွင် သူမသည် စိုးရိမ်မှုမရှိပြန်လာသည်။

ဗျိုင်းမျိုးနွယ်နှင့် အကြီးအကဲများနှင့် သူတို့ကို ဦးဆောင်လာသော ဗျိုင်းအကြီးအကဲ ဘေရှင်းကို သူမ သည် ဝိဉာဉ် စေတီအတွင်းထည့်ထားလိုက်သည်။ ငှက်လေးသည် ဝိဉာဉ်စေတီ၏ တည်ရှိမှုကို သတင်းမပြန့်စေ ရန် ပြောထားလေသည်။ ထိုမျိုးနွယ်အကြီးအကဲများသည် ငှက်မျိုးနွယ်အားလုံး၏ အမြင့်ဆုံးအဆင့် အံ့ဖွယ် ငှက်ဖြစ်သော ကြက်သွေးရောင်မီးတောက်ကိုတွေ့ကြလေသည်။ ငှက်လေးပင် သူ့ကို မထိန်းချုပ်နိုင်ပေ။ ထို အချိန်တွင် သူတို့သည် စိတ်လှုပ်ရှားမှုရော ကြောက်ရွံ့မှုပါဖြစ်ကာ ထိုနေ့တွင် ဖြစ်ခဲ့သော အဖြစ်အပျက်များကို ဖုံးဖိကြလေသည်။

ကြက်သွေးရောင်မီးတောက်သည် အမျိုးသားလူတစ်ယောက်အသွင်ပြောင်းကာ ပြောလေသည် “ငါက ငါ့တစ်ယောက်ကိုပဲယုံတယ်”

သူသည် လက်နှစ်ဖက်ဖြင့် ချိပ်လုပ်လိုက်ရာ အနီရောင်အလင်းတန်းများသည် ထိုအကြီးအကဲများစိတ် သို့ဝင်သွားလေသည်။

“ဒါက ပုံမှန်ဆိုရင် အကျိုးသက်ရောက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ ဝိဉာဉ်စေတီထဲက ကိစ္စကို ဖော်မယ် လို့စဉ်းစားလိုက်တာနဲ့ ချက်ချင်းပဲ မင်းတို့အသက်ဆုံးရှုံးရမယ်၊ မယုံရင် စမ်းကြည့်လို့ရတယ်” ကြက်သွေးရောင် မီးတောက် ပြောလိုက်သည်။

ထိုအကြီးအကဲများသည် ကိစ္စကိုမဖော်ပါဟု ရိုသေသမှုနှင့် ပြောကြလေသည်။ သူတို့သည် ငှက်လေးနှင့် ကြက်သွေးရောင်မီးတောက်၏ နောက်လိုက်များအဖြစ်ရှိပါ့မည်ဟုပင် ဆန္ဒပြုကြလေသည်။

ကြက်သွေးရောင်မီးတောက်သည် အစပိုင်းတွင် သူတို့အားငြင်းဆန်ချင်သော်လည်း ရှီမာယူယူ အားနည်းနေသေးသည်ကို တွေးလိုက်သည်။ သူမတွင် ဂဠုန်ကိုးနှင့် တခြားသူများရှိသော်လည်း ထိုငှက်အိုကြီး များရှိနေသည်မှာ ပိုကောင်းမည်။ သည်လိုနှင့် သူသည် သူတို့၏ တောင်းဆိုမှုကိုလိုက်လျောလိုက်လေသည်။

ဘေရှင်းသည် ထိုအကြီးအကဲများပြောသည့် ငှက်လေးဘေးတွင်နေလိုသည်ဟူသည့် စကားကို ကြား လိုက်သည်နှင့် ခွင့်ပြုကာ လုံလောက်မှုမရှိပါက တခြား အကြီးအကဲ၂ယောက်ကိုပင် ထားပေးမည်ဟု ပြောလေ သည်။

သူပြောသည့်ပုံစံကို ရှီမာယူယူမြင်သောအခါ သူသည် ဗျိုင်းများ၏ ဘုရင်မဟုတ်ပဲ ကိုယ်တိုင်အလိုအရ ပြောသည်ကို သိလိုက်သည်။

ထိုအကြီးအကဲများကို ဝိဉာဉ်စေတီအတွင်းထားပြီးနောက် တခြားသူများကို ပြန်ထုတ်လိုက်သည်။

နောက်တစ်နေ့မနက်တွင် အားလုံးပြန်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းကို ရှီမန်ဖန် သူမအား ပြောလေ သည်။

ရှီမာယူယူထွက်သွားကာ ဝိဉာဉ်မိစ္ဆာပျံပေါ်သို့ တက်လိုက်သည်။ သူတို့သည် ရှေးဟောင်းကမ္ဘာဦး နယ်မြေ ဘက်သို့ပျံသန်းရာ ထူထဲသော မြူခိုးများကို ဖြတ်ပြီးနောက်တွင် အနီရောင်ချောက်များဆီသို့ ပြန်လာရာ မမြင်ရသည်မှာ ကြာလှသော ကောင်းကင်ပြာများကို မြင်ရလေသည်။

***

All Chapters