← Chapters

မိသားစုအားပြန်လည်တွေ့ဆုံခြင်း

Vol. 006 Ch. 597

မိသားစုအားပြန်လည်တွေ့ဆုံခြင်း

Vol. 006 Ch. 597

သူမသည် နေ့တိုင်း အပြာရောင်ကောင်းကင်နှင့် အဖြူရောင်အဝတ်များကို ကြည့်နေကျဖြစ်သော ကြောင့် အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များကို အချိန်အတော်ကြာမမြင်ရသဖြင့် စိတ်များ ထိုင်းမှိုင်းခဲ့သည်။

ဂူအတွင်းကုန်ဆုံးခဲ့သောအချိန်များကိုပါ ထည့်တွက်လျှင် သူမ ကောင်းကင်ကိုမမြင်ရသည်မှာ ၁နှစ်နီးပါး ရှိပြီဖြစ်သည်။ အခုမြင်တွေ့ရသောအခါ အနည်းငယ်စိတ်လှုပ်ရှားမိသည်။

သူမသည် ဗျိုင်းတစ်ကောင်၏ ကျောပေါ်တွင်ထိုင်ကာ ချောက်ထိပ်သို့သွားလေသည်။ သူမ တောင်ထိပ် သို့မရောက်မီတွင် သူမ နာမည်ခေါ်သံကြားလိုက်သည်။

“အဘိုး အဒေါ်ယု အဒေါ်လန် အဲဒီမှာအားလုံး ဘာလုပ်နေကြတာလဲ” သူမသည် ဗျိုင်းကျောပေါ်မှ ဆင်း လိုက်ချိန်တွင် ရှီမာလိုင်နှင့် တခြားသူများသည် သူမအား ဝိုင်းလာသည်။

“သားက နတ်ဆိုးလောကကိုအဖမ်းခံသွားရတယ်ဆိုလို့ အဘိုးတို့ အရမ်းစိုးရိမ်ခဲ့တာ၊ အဘိုးတို့ ဖန်လေး နဲ့လိုက်လာကြတာ၊ ဒါပေမဲ့ အဘိုးတို့က အားအဲလောက်မကောင်းသေးတော့ ဆင်းလို့မရဘူးဖြစ်နေတာ၊ သားကို ဒီမှာပဲစောင့်နေကြတာ” ရှီမာလိုင်သည် ရှီမာယူယူအား ကြည့်ရာ သူမ ပြန်လာသည်ကိုမြင်ရသည်နှင့် စိတ်အေးရ လေသည်။

သူမ၏ အသက်ကျောက်စိမ်းမျ တစ်ဆင့် သူမ အန္တရာယ်မရှိသည်ကို သိသော်လည်း ထိုနေရာတွင် ထိ ခိုက်လာမည်ကို စိုးရိမ်ဆဲဖြစ်သည်။ သူမ အဆင်ပြေသည်ကိုတွေ့ပြီးနောက်တွင်တော့ စိုးရိမ်မှုများလျော့ကျသွား လေသည်။

“သားပြန်လာတာကောင်းတယ်” ရင်လန်သည် ဘေးမှပြောလေသည် “သားသာ တစ်ခုခုဖြစ်ပြီးပြန်လာ ရင် ဟိုကလေးတွေတော့ အသည်းကွဲတော့မှာ”

“အားလုံးနေကောင်းကြတယ်မလား” သူမ နတ်ဆိုးလောကသို့အဖမ်းခံရသည်ဟု ကြားလိုက်လျှင် သူတို့ မည်သို့ တုန့်ပြန်မည်ဆိုသည်ကို ခန့်မှန်း၍ရနေသည်။

“မဆိုးပါဘူး အဒေါ်တို့ အစတုန်းက ပျာသွားကြတာ၊ သားရဲ့ အသက်အန္တရာယ်ဖြစ်မှာစိုးနေကြတာ၊ ဒါပေမဲ့ အဒေါ်တို့ဆင်းလာတော့ သားအဆင်ပြေတယ်ဆိုတာ ကြားရတယ်” ဆန်းမူယု ပြောလေသည် “သူတို့် လည်း အစတုန်းကလာချင်ကြတာ ဒါပေမဲ့ ဂိုဏ်းကသွားခွင့်မပေးလို့ အဲဒီကနေပဲစောင့်နေကြတယ်”

“ဒါဆို ကျွန်တော်တို့ မြန်မြန်သွားရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဖန်ကျိရှင်းဘက်လှည့် ကာ “ဆရာ…”

“မင်းထွက်လာတာလည်း ကြာနေပြီ ပြန်သွားသင့်နေပါပြီ၊ ငါဟိုက ကိစ္စတွေရှင်းပြီးရင် ဂိုဏ်းကိုလာပြီး မင်းကိုလာရှာမယ်” ဖန်ကျိရှင်း ပြောလေသည်။

“ကောင်းပါပြီ ဆရာ၊ ဆရာမလာရင် ကျွန်တော်လာရှာမယ်” ရှီမာယူယူ ပြောလိုက်သည် “အခု ဘယ်လို ရှာရမလဲဆိုတာ သိနေပြီလေ”

အဘိုးနတ်ဆိုးသည် ဘေးတွင်ရပ်နေကာ ဝူလင်းယူ၏ အင်္ကျိလက်ကို မကျေမနပ်ဖြင့် ဆွဲကာ ပြောလေ သည် “ယူယူက အရမ်းဘက်လိုက်တယ်၊ ငါလည်းသူ့ဆရာပဲလေ၊ ငါ့ဆီကထွက်သွားရင်ကျ ဘာလို့အဲလိုမဖြစ် တာလဲ”

ဝူလင်းယူသည် သူ့အင်္ကျိလက်ကိုသပ်လိုက်ပြီး မျက်လုံးလှန်လိုက်သည်။

ရှီမာယူယူသည် သူမအား ကယ်ရန်လာကြသော လူတို့အား လှည့်ပြီးနောက် အရိုအသေပေးလေသည်။ သူတို့သည် ဘာမှမလုပ်ရသော်လည်း သူတို့၏ စိတ်သဘောထားကို ခံစားမိသည်။

တခြားသူများထွက်သွားသည်နှင့် သူမသည် အဘိုးနတ်ဆိုးရှိရာသို့ လျှောက်လာကာ မှော်ဝင်လက်စွပ် ထုတ်ပြီး ပြောလေသည် “ဆရာ ဒါကိုပဲတွေးနေမယ်ဆိုတာ ကျွန်တော်သိပါတယ်”

လက်စွပ်ထဲမှ ပစ္စည်းကို အဘိုးနတ်ဆိုးတွေ့သောအခါ မျက်နှာတောက်ပသွားပြီး အားရပါးရပြုံးလေ သည်။ သူသည် ထိုပစ္စည်းအား အလျင်အမြန်သိမ်းပြီးနောက် ရှီမာယူယူ၏ ပခုံးကိုပုတ်ကာ ပြောလေသည် “ငါ့ရဲ့ တော်လိုက်တဲ့တပည့်လေး၊ မင်းက ဆရာကို အမြဲလေးစားမှုရှိတယ်ဆိုတာ သိတယ်”

“ဆရာ့ကိုသာ ပျော်စေတယ်ဆိုရင်တော်ပါပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။ သူမသည်လည်း စိတ်ထဲထားခဲ့ရသည်။ သူမ သူ့ကို လျစ်လျူရှုသည်ဟု ခံစားရသည်နှင့် သူ့မျက်နှာထားသည် မှောင်မိုက်သွားခဲ့ သည်။ “ဟုတ်သားပဲ ဆရာ ဖန်ရူယန်လို့ခေါ်တဲ့ အမျိုးသမီးကိုသိလား”

အဘိုးနတ်ဆိုးသည် လက်များတုန်ယင်သွားကာ အော်မိလေသည် “ဘယ်သူလို့ပြောလိုက်တာ”

“ဖန်ရူယန်ပါ သူမက ဆရာ့ကိုသိတယ်လို့ပြောတယ်၊ ဆရာလည်း သူမကိုသိတဲ့ပုံပဲ” ရှီမာယူယူ ပြော လိုက်သည်။

“မင်းက သူမကိုဘယ်လိုသိတာလဲ” အဘိုးနတ်ဆိုးသည် အလန့်တကြားအော်လေသည် “သူမ အခု ဘယ်မှာလဲဆိုတာ သိလား”

“မသိဘူး သူမထွက်သွားလိုက်ပြီလေ” ရှီမာယူယူ ပြောလိုက်သည် “ဆရာ သူမကိုသိလား”

“သိတယ် သိတယ်” အဘိုးနတ်ဆိုးသည် ရေရွတ်လိုက်တယ် “သူမ သတင်းကိုကြားရမယ်လို့ ဘယ်သူ ထင်မိမှာလဲ၊ သူမ အရင်ကအတိုင်းလှဦးမယ်ထင်ပါတယ်”

အဘိုးနတ်ဆိုး သူ့ဘာသာသူ ရေရွတ်နေသည်ကို ရှီမာယူယူ တွေ့သောအခါ သူ့ရှေ့သို့ လက်ရမ်းပြကာ ပြောလေသည် “ဆရာက သူမကို သဘောကျတာလား”

အဘိုးနတ်ဆိုးသည် သူမလက်အား ချက်ချင်းရိုက်ကာ ပြောလေသည် “ဘာအဓိပ္ပာယ်မရှိတာတွေ ပြော နေတာလဲ၊ ငါ သူမကိုတွေ့တုန်းက သူမက ကလေးပဲရှိသေးတာ”

“အဲဒါက နှစ်ပေါင်းရာချီနေပြီလေ ဒါပေမဲ့ ဆရာက သူမကို မှတ်မိတုန်းပဲလေ ဟုတ်တယ်မလား” ရှီမာယူယူသည် စနောက်လိုက်သည်။

“ငါ သူမကို ဘယ်လိုမေ့လို့ရမှာလဲ၊ အဲလိုမိန်းကလေးမျိုးက မေ့ဖို့ခက်တယ်” အဘိုးနတ်ဆိုးပြောလေ သည် “ပြောပါဦး သူမကို ဘယ်လိုသိတာလဲ ဘယ်လိုတွေ့ခဲ့တာလဲ”

ရှီမာယူယူသည် ဖန်ရူယန်အား ကုသပေးခဲ့ခြင်းအကြောင်းများကို ပြောပြရာ ထိုအကြောင်းအား အဘိုး နတ်ဆိုးကြားသည်နှင့် အလေးအနက်တွေးနေလေသည်။

“အဲတော့ သူမအခုဘယ်မှာရှိလဲဆိုတာ မင်းမသိဘူးပေါ့၊ ငါဂျွန်လန်ကို ရှာပြီးမေးရမယ်ထင်တယ်၊ အဲကလေးက အလယ်ပိုင်းဧရိယာကိုသွားတယ်ထင်တယ်” အဘိုးနတ်ဆိုးပြောလိုက်သည် “ကောင်းပြီ မင်း ဂိုဏ်း ကိုသာ မြန်မြန်ပြန်လိုက်၊ အဲကြက်ဖအိုကြီးကို ဆရာက နှုတ်ဆက်တယ်လို့ပြောလိုက်ဦး”

ပြောပြီးနောက်တွင် သူသည် ဝင်ပေါက်ဖွင့်ကာ ဝင်သွားလေသည်။ ဝင်ပေါက်ပိတ်သွားမှပင် ဖန်ရူယန် မည်သူဖြစ်ကြောင်း မမေးလိုက်ရသည်ကို သတိရသွားသည်။

“လားလိုက်တော့ အဲတုန်းကလည်း အဒေါ်ဖန်ကို သိခဲ့တာမဟုတ်တာ၊ အဲတော့ အခုမသိလည်းရပါ တယ် အချိန်ကျရင်တော့ သိလာမှာပေါ့” ရှီမာယူယူ သက်ပြင်းချပြီးနောက် ရှီမာလိုင်ဘက်လှည့်ကာ ပြောလေ သည် “ကျွန်တော်တို့လည်း ပြန်ရအောင်”

သူတို့သည် နီးစပ်ရာမြို့သို့သွားကာ အလယ်ပိုင်းဒေသသို့သွားရန် ဖြတ်လမ်းတည်ဆောက်မှု အသုံးပြု လေသည်။ ဒီတစ်ကြိမ်တွင် သူမသည် မူးဝေခြင်းမရှိတော့ပေ။ သို့သော် ရှီမန်ဖန်သည် မူးဝေဆဲပင်ဖြစ်သည်။

အိမ်ရောက်ပြီးနောက်တွင် ဘေဂုံထန်တို့ ရောက်လာကြသည်။ သူမ ပြန်လာသည်ကို သူတို့မြင် သောအခါ စိတ်လှုပ်ရှားကြသည်။

“မင်းအဆင်ပြေမယ်ဆိုတာ ငါသိတယ်” ဖက်တီးကျူသည် သူမအား အားရပါးရဖက်ရန် ဟန်ပြင်လိုက် သည်။ သို့သော် သူမအား ဖက်လိုက်သည်နှင့် တစ်စုံတစ်ရာမှားယွင်းနေသည်ကို သိလိုက်သည်။ သူ ခေါင်းမော့ လိုက်သောအခါ ဝူလင်းယူ၏ အေးစက်သောအမူအရာကိုတွေ့ရလေသည်။

“ဖက်တီး မင်းငါ့ကို အဲလောက်နွေးထွေးအောင် ကြိုဆိုမယ်ထင်မထားဘူး”

ရှီမာယူယူ ဘေးတွင်ရပ်ကာ ပြုံးနေသည်ကို ဖက်တီးကျူတွေ့လိုက်သည်။ ထိုအခါမှပင် ဝူလင်းယူသည် သူမအားဘေးသို့ တွန်းလိုက်ပြီး သူကိုယ်တိုင်ဝင်လိုက်သည်ကို ဖက်တီးကျူ သတိထားမိကာ သူ့ကို ဖြေးညင်းစွာ လွှတ်လိုက်လေသည်။

“ညီလေး ၅” ရှီမာယူရန်တို့် လျှောက်လာကာ သူမအား ဖက်လိုက်ကြသည် “မင်းပြန်လာတာ ကောင်း တယ်”

ရှီမာယူယူသည် သူတို့နောက်ကျောကို ပုတ်ကာ ပြောလေသည် “စိုးရိမ်စေမိတဲ့အတွက် တောင်းပန်ပါ တယ်”

“ငါတို့ စိုးရိမ်တယ်ဆိုတာ ဘာမှမဟုတ်ပါဘူး မင်းအဆင်ပြေတယ်ဆိုရင်ရပြီ” ရှီမာယူလီ ပြန်ဖြေလေ သည်။ “မင်းနဲ့ မင်းစီနီယာ နတ်ဆိုးလောကို ခေါ်သွားခံရတယ်လို့ကြားတော့ အရမ်းစိုးရိမ်သွားတာ၊ အဲမှာတင် အဆုံးသတ်ပြီလို့ကို တွေးထားတာ၊ မင်းအသက်ကျောက်စိမ်းကို သတိရသွားပြီး အဆင်ပြေတယ်ဆိုမှ စိတ်အေး ရတာ၊ အဲဒါကြောင့် မင်းအဆင်ပြေတယ်ဆိုတာ သိပါတယ်၊ မဟုတ်ရင် ငါတို့အားလုံး ရူးသွားမတတ်ပဲ”

သူမအား ဖက်တီးကျူဆီမှ ကာကွယ်ပြီးနောက်တွင် သူမအစ်ကိုများဆီမှ ကာကွယ်ရမည်ဟု ဝူလင်းယူ ထင်မထားပေ။ သူတို့ အချိန်အတော်ကြာဖက်ထားသည်ကို တွေ့သောအခါ အမှန်တကယ်ပင် တွန်းဖယ်ပစ်ချင် နေသည်။

“ကောင်းပြီ သူတို့အခုမှရောက်တာလေ ယူယူ့ကို နားဖို့အချိန်ပေးလိုက်ရအောင်” ဘေဂုံထန် ပြောလေ သည်။

“ဟုတ်သားပဲ ငါတို့ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလိုက်လဲ” ရှီမာယူမင် ပြုံးလေသည် “မင်းအရင် သွားနားလိုက်ဦး”

“ဟုတ်သားပဲ ဒီနေ့အားလုံး အိမ်မှာဘာလုပ်နေကြတာလဲ” အားလုံး ဧည့်ခန်းသို့လျှောက်သွားသည်ကို တွေ့သောအခါ အားလုံးရှိနေသည်ကို သတိထားမိပြီး ရှီမာယူယူ မေးလိုက်သည်။

“ဂိုဏ်းက ပြိုင်ပွဲတစ်ခုလုပ်မလို့ပြင်နေတာ အဲဒါကြောင့် ခုနောက်ပိုင်းကို ငါတို့အတန်းမရှိဘူး ကိုယ့် ဘာသာ လေ့လာနေကြတယ်” ဝေကျိရွှီ ရှင်းပြလေသည်။

“ဒီပြိုင်ပွဲက အတွင်းပိုင်းဂိုဏ်းကို ဝင်ဖို့ကြိုးစားတဲ့သူတွေ ကိုယ့်အဆင့်ကိုယ်သိအောင် ပြင်ဆင်ဖို့ပဲ” ဝူရန်ဖေ ပြောလေသည်။

“ပြိုင်ပွဲက မနက်ဖြန်စမှာ မင်း ဒုကျောင်းအုပ်ကိုသွားရှာရင် စာရင်းပေးလို့ရကောင်းရနိုင်တယ်” ဖက်တီး ကျူပြောလိုက်သည်။

ရှီမာယူယူသည် ခေါင်းရမ်းကာ ပြောလေသည် “ငါအခုလေးတင် ပြန်ရောက်တာ လုပ်စရာတွေအများ ကြီးရှိတယ်၊ ငါ ပြိုင်ပွဲဝင်လို့မရသေးပါဘူး ဒါပေမဲ့ မင်းတို့အလှည့်ရောက်ရင် အားပေးဖို့လာခဲ့မယ်”

***

All Chapters