မဖြစ်နိုင်သော အညွှန်း
Vol. 006 Ch. 598
ရှီမာယူယူ ပြန်လာပြီးနောက်နေ့တွင် ဂိုဏ်းသို့သွားလေသည်။ သူမနှင့် ဝူလင်းယူတို့သည် နည်းပြ ခေါင်းဆောင်အား အရင်သွားတွေ့ပြီးနောက် ဒုကျောင်းအုပ်ကိုသွားတွေ့လေသည်။
ထို၁နှစ်အတွင်း တိုးတက်မှုကို နည်းပြခေါင်းဆောင်မေးရာ ဝူလင်းယူသည် များစွာရှင်းပြရလေသည်။ သို့သော် သူမ အမြင်အရ ထိုစကားများသည် ပိုလွန်းသည်ဟု ထင်သည်။ တစ်ဖက်တွင်တော့ ဒုကျောင်းအုပ် သည် ဘာမှမပြောပေ။ သူသည် ဝူလင်းယူအား စကားမပြောခိုင်းပေ။ သူမ ထွက်သွားပြီးနောက်တွင် ဟော်လန် အားသွားတွေ့ရန် ဒုကျောင်းအုပ်ပြောလေသည်။ သူသည် သူမအား အကြိမ်ပေါင်းများစွာလာရှာသည်ဟု ဆို သည်။
သူမ ဒုကျောင်းအုပ်ရုံးခန်းမှထွက်လာပြီးနောက်တွင် ဟော်လန်၏ စမ်းသပ်ခန်းသို့ သွားလိုက်သည်။
ဟော်လန်သည် ကျောင်းသားများနှင့် ကိစ္စတစ်ခုအားဆွေးနွေးနေသည်။ သူမအား မြင်သောအခါ အံ့သြ သွားပြီး စိတ်လှုပ်ရှားလေသည်။
“ဒီနေ့တော့ ဒီလောက်ပဲ၊ ကျန်တာကိုနောက်မှပြောမယ်….” ဟော်လန်သည် ကျောင်းသားများကို ပြော လိုက်သည် “ပြီးမှဆိုတာ ပြိုင်ပွဲပြီးမှကိုပြောတာ မင်းတို့ကိုယ့်ဘာသာ ပြင်ဆင်ထားကြ”
“ယူယူ ပြန်လာပြီလား၊ မင်းကို လက်ထောက်ဆရာက အပြင်သွားပြီးလေ့ကျင့်ပေးတယ်လို့ ကြားတယ် ဒီနှစ်အတွင်းကိုဘယ်လိုလဲ” လူတချို့သည် သူမအား နှုတ်ဆက်ကြလေသည်။
“အဆင်ပြေပါတယ် မင်းတို့ရော ပြိုင်ပွဲကို စာရင်းပေးထားကြလား၊ ဘာကိုပေးထားကြလဲ”
“ငါတို့ ဆေးဖော်တာအတွက် စာရင်းပေးထားတယ် အတွင်းပိုင်းဂိုဏ်းမှာ ဆေးပညာဌာနမရှိဘူး ငါတို့ ဝင်သွားရင်လည်း တခြားဘာသာကို ရွေးရမှာ”
“စီနီယာတို့ အားတင်းထားကြ”
“ဆရာဟော်ကိုလာရှာတာလား၊ မြန်မြန်ဝင်သွားလိုက် ဆရာဟော်က မင်းသွားတာကြာပြီလို့တောင် ပြောနေတာ”
“ကောင်းပါပြီ ကောင်းကောင်းသွားပါ စီနီယာတို့”
ရှီမာယူယူသည် သူတို့နှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် အခန်းသို့ဝင်လိုက်သည်။ သူမ ဝင် သည်နှင့် ဆရာဟော်သည် သင်ကြားရေးအထောက်အကူပစ္စည်းများကို ရှင်းနေလေသည်။
“ဆရာဟော်” ရှီမာယူယူသည် ဟော်လန်အား အရိုအသေပေးလိုက်သည်။
“မင်း နတ်ဆိုးလောကကို အဖမ်းခံရတယ်လို့ကြားတယ် အဆင်ပြေရဲ့လား” ဟော်လန် မေးလိုက်သည်။
ထိုအကြောင်းမှာ ကျောင်းသားများအကြားတွင် လျှို့ဝှက်ထားသော်လည်း ဆရာများက သိကြသည်။ ဂိုဏ်းသည်လည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးတွင် ပါဝင်ရန် ဆရာများကိုလွှတ်ပေးခဲ့သည်။
“ကံကောင်းလို့ ဆရာဝူက ကျွန်တော့်ကိုလာကယ်ပါတယ် အဆင်ပြေပါတယ်” ရှီမာယူယူ ပြန်ဖြေလေ သည်။
“တော်သေးတာပေါ့” ဟော်လန်ပြောလေသည် “ဒါကိုကြည့်လိုက်ဦး”
သူသည် စာရွက်များကိုထုတ်ပြီး သူမကိုပေးလိုက်သည်။
ရှီမာယူယူသည် ယူပြီးကြည့်လိုက်သည်။ သူမ ဖတ်လေလေ အလွန်နှစ်သက်မိလေဖြစ်သည်။ “ဆရာ ဟော် ကျွန်တော့ညီနေမကောင်းတာကိုကုဖို့ အဖြေရှာတွေ့ပြီလား”
ဟော်လန် ခေါင်းညိမ့်လေသည်။ “မနှစ်က ငါ သူ့အခြေအနေကို တော်တော်များများလေ့လာခဲ့တယ်၊ ပြီးတော့ နည်းလမ်းတွေ့လိုက်တာပဲ အသုံးဝင်မယ်ထင်တယ်၊ ဒါပေမဲ့ စမ်းသပ်ဖို့နည်းလမ်းမရှိဘူး”
“ဘာလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ မဖြစ်နိုင်တဲ့အညွှန်းရှိနေတယ်၊ နောက်ဆုံးစာမျက်နှာကိုကြည့်လိုက်” ဟော်လန် ပြန် ဖြေလေသ်ည။
ရှီမာယူယူသည် နောက်ဆုံးစာမျက်နှာကိုဆွဲလိုက်ရာ လိုအပ်သော ဆေးပစ္စည်းအပြည့်ကို မြင်လိုက်ရ လေသည်။ သူမ အောက်ကိုရောက်လေလေ ပိုပြီး ထိတ်လန့်လေဖြစ်သည်။
“အဲဒါတွေက အဓိကပါဝင်မယ့် ဆေးပစ္စည်းတွေပဲ၊ ငါ့မှာရှိတာတွေတော့ စစ်ထားပြီးပြီ” ဟော်လန် ဆက် ပြောလေသည် “ကျန်တာတွေတော့ အကုန်လုံးက သာမန်မဟုတ်တာတွေပဲ၊ အဲထဲကမှ နောက်ဆုံးတစ်ခုက အရှားဆုံးပဲ”
“နှစ် ၁သောင်းပင်လယ်သခွားအနက်၊ နှစ်၁သိန်းကျော် ပယင်းမျက်ရည်နဲ့ ကမ္ဘာမြေကြီးရဲ့ မျက်လုံးတဲ့” ရှီမာယူယူ ရင်လေးသွားသည်။ ထိုပစ္စည်းများသည် ရှာရန် အလွန်ခက်သည်။
“နှစ်၁သောင်းပင်လယ်သခွားအနက်က ကြယ်ကိုးပွင့်သမုဒ္ဒရာမှာရှာလို့ရတယ်၊ ဒီနှစ်ကို တွေ့တဲ့လူရှိ တယ်၊ နှစ်၁သိန်းကျော်ပယင်းမျက်ရည်က ပေါ်မလာတာ နှစ်အတော်ကြာပြီ၊ နောက်ဆုံးတစ်ခုကိုတော့ ငါသိ ပေမယ့် ရှာလို့မရဘူး” ဟော်လန် ပြောလေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အဲဒါတွေကို ရှာရမယ်” ရှီမာယူယူသည် အတိအလင်းပြောလေသည် “ဆရာဟော် ကမ္ဘာမြေကြီးရဲ့မျက်လုံးဘယ်မှာရှိလဲဆိုတာ သိတယ်လို့ပြောတယ်နော်”
ရှီမာယူယူ၏စကားများကို ဟော်လန်ကြားသောအခါ တစ်စုံတစ်ခုမှားယွင်းသည်ကို ခံစားမိပြီး လှည့်ပတ် ပြောချင်မိသည်။ သို့သော် ရှီမာယူယူ၏ အလျင်လိုသော မျက်လုံးများကိုတွေ့သောအခါ မလိမ်ရက်ပေ။
“ကမ္ဘာမြေကြီးရဲ့ မျက်လုံးဘယ်မှာရှိလဲဆိုတာ ငါသိပေမယ့် အဲစကားတွေကို ပြောရတာလည်း များနေ ပြီ၊ မင်းရဖို့မဖြစ်နိုင်ဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အဲဒါက ဂိုဏ်းက ပိတ်ပင်ထားတာပဲ ဘယ်သူမှမရနိုင်ဘူး” ဟော်လန်သည် ပြန်ဖြေ လေသည် “အဲတော့ မင်းမစဉ်းစားနဲ့တော့ စောသေးတယ် ငါတို့တခြားနည်းလမ်းစဉ်းစားရမယ်”
“ဆရာဟော် တခြားနည်းလမ်းက ဖြစ်နိုင်ချေများတယ်လို့ထင်လား” ရှီမာယူယူ မေးလိုက်သည်။
ဟော်လန်သည် မှင်တက်သွားကာ ချက်ချင်းပင် ခေါင်းရမ်းလေသည်။
သူသည် ထိုနည်းလမ်းအကြောင်းကို အချိန်အတန်ကြာစဉ်းစားခဲ့သည်။ ထိုဆေးပစ္စည်းများကို ဆုံးဖြတ် သည့်အချိန်တွင်လည်း ဂရုစိုက်ခဲ့သည်။ တခြားနည်းလမ်းသာရှိလျှင် ဒီလောက်ရှုပ်ထွေးမည်မဟုတ်ပေ။
“အဲဒါကြောင့် ကျွန်တော်ကြိုးစားကြည့်ချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကမ္ဘာကြီးရဲ့ မျက်လုံးက ဘယ်မှာလဲဆိုတာ ဆရာပြောပြပေးပါလား”
ဟောလန်သည် အချိန်အတော်ကြာ တိတ်နေပြီးမှ တည်ငြိမ်စွာပြောလေသည် “ကောင်းပြီ အခုတော့ လျှို့ဝှက်ချက်ဆိုတာ မရှိတော့ဘူး၊ မင်းကို ပြောပြရင်လည်း ထိခိုက်မှုမရှိလောက်ပါဘူး၊ ကမ္ဘာမြေကြီးရဲ့ မျက်လုံး က ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲမှာ”
“ဂိုဏ်းရဲ့ တားမြစ်နယ်မြေဟုတ်လား အတွင်းဂိုဏ်းမှာလား”
ဟော်လန် ခေါင်းညိမ့်လေသည်။ “ကမ္ဘာမြေကြီးရဲ့ မျက်လုံးက ဂိုဏ်းထဲမှာပဲ ရှိခဲ့တယ် ဒါပေမဲ့ အဲဒါက လျှို့ဝှက်ချက်ပဲ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က သတင်းဘယ်ကနေပျံ့သွားလဲမသိဘူး လူတချို့ရောက်လာ ကြတယ်၊ အဲလူတွေက ဂိုဏ်းကိုပြဿနာလာရှာကြတယ်၊ ဒါပေမဲ့ ဂိုဏ်းရဲ့ အရှိန်အဝါရှိတော့ ပေါ်တင်လာမဖွင့် ရဲဘူး”
အတွင်းပိုင်းဒေသသို့သွားနိုင်သည့် အရည်အချင်းရှိသော လူများအကြောင်းကို ရှီမာယူယူစဉ်းစားလိုက် သည်။ သူတို့က ကမ္ဘာမြေကြီးရဲ့ မျက်လုံးအတွက် ရောက်လာကြတာမလား။
“ဆရာဟော် အတွင်းဂိုဏ်းကိုဝင်ခွင့်ရတာနဲ့ တားမြစ်နယ်မြေကိုဝင်ခွင့်ရှိတယ်မလား” ရှီမာယူယူ မေး လေသည်။
“မင်းဝင်ချင်… မဖြစ်နိုင်ဘူး၊ တားမြစ်နယ်မြေက အန္တရာယ်တွေနဲ့ပြည့်နေတာ၊ ဝင်ခွင့်မပြုပဲဝင်လိုက်တဲ့ သူတွေက ဘယ်တော့မှပြန်မလာနိုင်ဘူး၊ မဟုတ်ဘူး အဲဒါမပြောနဲ့ ကျောင်းရဲ့ တားမြစ်နယ်မြေက ဝင်ခွင့်မရှိဘူး ဂိုဏ်းကသိသွားလို့ကတော့ ဂိုဏ်းကနှင်ထုတ်ခံရမယ်” ဟော်လန်သည် စိုးရိမ်စွာပြောလေသည်။
“မစိုးရိမ်ပါနဲ့ ဆရာဟော် ကျွန်တော် တားမြစ်နယ်မြေထဲသွားမယ်လို့ မပြောပါဘူး” ရှီမာယူယူ အာမခံ လေသည်။ “ပြီးတော့ ကျွန်တော်က အခုသွားလို့မရဘူးလေ ဟုတ်တယ်မလား ကျွန်တော်ကရနိုင်မလားဆိုတာ ကို တွေးကြည့်တာပါ ဘယ်လောက်ရနိုင်မလဲ”
“မဖြစ်နိုင်ဘူး” ဟော်လန် ငြင်းဆန်လေသည် “ကမ္ဘာမြေကြီးရဲ့ မျက်လုံးက မရှိတော့တာလည်း ဖြစ်နိုင် တယ်”
“အဲလိုတန်ဖိုးရှိတဲ့ဟာကို တားမြစ်နယ်မြေကနေ ယူသွားလို့မရပါဘူး၊ အဲဒါကို ဆေးဖက်ဝင်ပစ္စည်းအနေ နဲ့ သုံးရင် ပိုပြီးတန်ဖိုးရှိလာနိုင်တယ်လေ” ရှီမာယူယူ ပြောလေသည်။
“အဓိပ္ပာယ်မရှိတာ” ဟော်လန်သည် သူမခေါင်းကို ခပ်ပြင်းပြင်းလေး တောက်လိုက်သည်။
ရှီမာယူယူသည် ရယ်ပြီးနောက် စက္ကူများကို သိမ်းကာ ပြောလေသည် “တခြားဆေးပစ္စည်းတွေကို အရင် ရှာဖို့ တခြားလူကို အကူအညီတောင်းလိုက်ဦးမယ်”
“ဒါဆိုလည်းသွားတော့” ဟော်လန်သည် လက်ရမ်းပြကာ ရှီမာယူယူ ထွက်သွားလေသည်။
ထွက်သွားသော သူမပုံစံအားကြည့်ပြီးနောက် ဟော်လန်သည် သက်ပြင်းချမိလေသည်။ ဒီအကြောင်း ကို သူမကိုပြောလိုက်တာ မှန်ရဲ့လားတောင်မသိဘူး…
ရှီမာယူယူသည် ရွှန်းယွမ်ဆိုင်အားသွားပြီး ဆိုင်ရှင်အားသွားရှာလေသည်။
ထိုဆိုင်ရှင်သည် ဆံပင်မရှိကာ မျက်ပေါက်မှေးမှေးနှင့် စိတ်ပုတ်သည့်ပုံသဏ္ဍာန်ရှိသည်။
ရှီမာယူယူသည် အချိန်မဆွဲတော့ပေ။ သူမသည် ဂျွန်ချောင်းပေးထားသော တံဆိပ်ပြားထုတ်ပြီးနောက် “ကျွန်တော်ရွှန်းယွမ်ဆိုင်ကို ဒုက္ခပေးရဦးမယ်”
ထိုဆိုင်ရှင်သည် တံဆိပ်ပြားကိုမြင်သောအခါ တလေးတစားပြောလေသည် “သခင်လေးယူယူ ဘာများ အမိန့်ပေးစရာရှိလို့လဲ”
ရှီမာယူယူသည် စာရွက်တစ်ရွက်ထုတ်ကာ ပြောလိုက်သည် “အဲမှာ ဆေးပစ္စည်းတွေပါတယ်၊ ကျွန်တော့် ကို ကူရှာပေးဖို့လူရှာပေးပါ ကုန်ကျစရိတ်အတွက်ကတော့…”
“သခင်လေးရှီမာမှာ ဒီတံဆိပ်ပြားမရှိတော့ ဒီကပစ္စည်းတွေအတွက် ပိုက်ဆံပေးစရာမလိုပါဘူး” ဆိုင်ရှင် ကငြင်းဆန်လေသည်။
ပိုက်ဆံပေးစရာမလိုဘူးဟုတ်လား။
ဂျွန်လန်နှင့် သူတို့လူများသည် ရွှန်းယွမ်ဆိုင်မှ လိုချင်တာရှိပါက ပိုက်ဆံပေးရသည်ကို သူမ သိသည်။ ဒါဆိုရွှန်းယွမ်ဆိုင်မှာ သူမရာထူးက သူတို့ထက်မြင့်သွားတာလား။
***