ကမ္ဘာမြေကြီးရဲ့မျက်လုံးက တားမြစ်နယ်မြေမှာမရှိဘူး
Vol. 006 Ch. 599
“ဒါဆိုရင် ရွှန်းယွမ်ဆိုင်မှာ အဲဒီဆေးပစ္စည်းတွေရှိလားလို့ စစ်ကြည့်ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
ဆိုင်ရှင်သည် စာရွက်ကိုယူပြီးနောက် ဖြန့်လိုက်သည်။ သူ့တွင် အတွေ့အကြုံရှိသဖြင့် ထိုပစ္စည်းများ အကြောင်းကို သိသည်။
သူ့ပုံစံကိုကြည့်ရသည်မှာ ထိုပစ္စည်းများသည် ဈေးအလွန်ကြီးသဖြင့် သူမကို မပေးချင်ဟု ရှီမာယူယူ ထင်လိုက်သ်ည။
“မစိုးရိမ်ပါနဲ့ ကျွန်တော ရွှန်းယွမ်ဆိုင်က ပစ္စည်းတွေကို အလကားမယူပါဘူး၊ တန်ရာတန်ကြေးပေးမှာ ပါ”
“သခင်လေးယူယူ အထင်မလွဲပါနဲ့ ဒီအဘိုးကြီးက ပစ္စည်းတွေကို အံ့သြသွားရုံပါ” ဆိုင်ရှင် ရှင်းပြလေ သည်။
“ဒါဆိုရင်ရွှန်းယွမ်ဆိုင်မှာ ဒီပစ္စည်းတွေရှိလား” ရှီမာယူယူ မေးလိုက်သည်။ သူတို့ဆီမှာရှိလျှင် အဆင်ပြေ သည်။
“တချို့ကဒီမှာရှိပါတယ် တချို့ကအတွင်းပိုင်းဒေသမှာပဲရနိုင်မယ်၊ ဒါပေမဲ့ ဒီကိုပို့လိုက်လို့ရပါတယ်၊ ဒါပေမဲ့ နောက်ဆုံးပစ္စည်း၃ခုတော့ မရှိဘူး” ဆိုင်ရှင် ပြောလေသည်။
နောက်ဆုံးပစ္စည်း၃ခုမှာ ရှာရန်ခက်ကြောင်းကို ရှီမာယူယူသိသည်။ တခြားပစ္စည်းများကို စုရ၍တော် သေးသည် “တခြားဆေးပစ္စည်းတွေကို ပြင်ထားပေးပါ ကျန်တာတွေကိုတော့ ရှာပေးဖို့အတွက် လူရှာပေးပါ၊ အဲဒါ တွေကိုရှာနိုင်မယ်ဆို တန်ရာတန်ကြေးပေးမယ့်အပြင် ကျေးဇူးပါအရမ်းတင်မိမှာပါ”
“ကောင်းပါပြီ ဒီပစ္စည်း၃ခုကို သေချာလေးဂရုစိုက်ကြည့်ပေးဖိုပ ရွှန်းယွမ်ဆိုင်အကုန်လုံးကို ပြောထားပါ မယ်” ဆိုရှင်ပြောလေသည် “တခြားပစ္စည်းတွေရော ဘယ်အချိန်လိုချင်လဲ”
“အားလုံးကိုမှာပြီးပြီဆိုတော့ ကျွန်တော်အလျင်မလိုပါဘူး” ရှီမာယူယူ ပြောလေသည် “ပြောပါဦးမယ် ကမ္ဘာမြေကြီးရဲ့ မျက်လုံးကိုမလိုပါဘူး တခြား၂ခုကိုသာ ကူရှာပေးပါ၊ အဲဒါတွေရှာတွေ့ရင် ကျွန်တော့်ကို ပြော ပေးပါ”
“ကောင်းပါပြီ”
ရှီမာယူယူ ရွှန်းယွမ်ဆိုင်မှထွက်လာသောအခါ နေ့လည်ရောက်နေပြီဖြစ်သည်။ သူမထွက်လိုက်သည်နှင့် မိတ်ဆွေများနှင့် တွေ့လိမ့်မည်ဟု ထင်မထားပေ။
ဟော့ဘာယန်အာသည် ရှီမာယူယူအား အော်ခေါ်လိုက်သည် “ယူယူ တိုက်ဆိုင်လိုက်တာ၊ ရှင် ပြန်လာ တယ်ဆိုတာကြားတယ် ကျွန်မတို့တောင် လာတွေ့မယ်ဆိုပြီးပြောနေကြတာ၊ ဒီမှာတွေ့မယ်လို့မထင်ထားဘူးပဲ”
“လာမယ့်ပြိုင်ပွဲအတွက် မပြင်ဘူးလား” ဒီတစ်ကြိမ်တွင် ဟော့ဘာယန်အာနှင့် ဖန်ဝူဟန်တို့ နှစ်ယောက် ကိုသာ ရှီမာယူယူတွေ့ရလေသည်။ မူလင်းနှင့် ဝမ်ခိုင်ကို မတွေ့မိပေ။ သူမသည် သူတို့အားပြုံးပြလိုက်သည်။
“ပြိုင်ပွဲလောက်နဲ့ ပြင်စရာမရှိပါဘူး၊ ဆောင်းဦးရောက်နေပြီဆိုတော့ လက်ဖက်ရည်သောက်ဖို့ အကောင်းဆုံးပဲ” ဟော့ဘာယန်အာ ပြောလေသည် “ကျွန်မတို့ လက်ဖက်ရည်သွားသောက်ကြမလို့ ရှင်ရော လိုက်ဦးမလား”
ရှီမာယူယူသည် ငြင်းဆန်လိုသော်လည်း ဟော့ဘာယန်အာသည် သူမအား မျက်စိမှိတ်ပြလိုက်သော ကြောင့် ပြောစရာရှိသည့်ပုံပင်။ သူမ ခေါင်းညိမ့်ကာ သူတို့နောက်လိုက်ပြီး လက်ဖက်ရည်ဆိုင်သို့သွားလိုက် သည်။
စားပွဲထိုးမှ လက်ဖက်ရည်လာချပြီးနောက်တွင် ဟော့ဘာယန်အာနှင့် ဖန်ဝူဟန်တို့သည် လက်ဖက်ရည် ပန်းကန်များကိုမြှောက်လိုက်ကြသည်။ ဟော့ဘာယန်အာသည် ကျေးဇူးတင်စကားပြောလေသည် “ယူယူ ကျွန်မ ဦးလေးကိုကယ်ပေးတဲ့အတွက်ကျေးဇူးပါ၊ ကျွန်မနဲ့ ဝူဟန်နဲ့က လေးစားသမှုပြချင်လို့ ဝိုင်အစား လက်ဖက်ရည်နဲ့ ဧည့်ခံတာပါ”
“မင်းတို့ဦးလေးဟုတ်လား ဟော့ဘာဝူချန်းကလေ” ရှီမာယူယူ မေးလေသည်။
“ဟုတ်ပါတယ် သူနဲ့ ဦးလေးရှင်းနဲ့က ပျောက်နေတာ နှစ်တွေကြာနေပြီ ကျွန်မတို့ သူ့ကိုရှာဖို့ ကြိုးစား နေကြတာ သူတို့နှစ်ယောက်လုံး သွေးလွှမ်းဂူမှ ပိတ်မိနေမယ်လို့ထင်မထားကြဘူး” ဟော့ဘာယန်အာ ပြောလေ သည်။
“ဒါဆိုရင် ကျွန်တော်မေးရဦးမယ် သူတို့က သွေးလွှမ်းဂူမှာ ပိတ်မိနေတာ နှစ်တွေကြာနေပြီ ဘာလို့ ထွက်သွားဖို့နည်းလမ်းရှာမရတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဟော့ဘာယန်အာနှင့် ဖန်ဝူဟန်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ခေတ္တမျှ တွေဝေပြီးနောက် ပြောလေသည် “ဘာလို့လဲဆိုတော့ သူတို့လည်း နတ်ဆိုးလောကကို ဖမ်းခေါ်သွားခံရလို့ပဲ၊ သူတို့ဘာတွေ ကြုံတွေ့ခဲ့ရလဲတော့မသိဘူး”
ဆရာနဲ့ ဟော့ဘာဝူချန်းနဲ့က နတ်ဆိုးလောကကိုသွားလိုက်တာလား။ သူတို့က နှစ်တွေကြအောင် တောင်နေခဲ့သေးတယ်။ သူတို့ဘယ်လိုလုပ်အသက်ရှင်သန်လာတာလဲ။ သူတို့ဘယ်လိုပြန်လာတာလဲ။
သူတို့တွင် လျှို့ဝှက်ချက်များစွာရှိသည့်ပုံပင်။
ရှီမာယူယူသည် လက်ဖက်ရည်ခွက်မြောက်ကာ ဂုဏ်ပြုခံလိုက်သည်။
သူတို့သုံးယောက်သည် လက်ဖက်ရည်သောက်ပြီး တစ်ယောက်နှင့်တစ်ယောက်ပြုံးပြကြလေသည်။
“ဟုတ်သားပဲ ရှင်ပြန်လာတာကိုဟန်သိရင် သူပျော်မှာပဲ၊ သူရှင့်ကို အကြိမ်ပေါင်းမနည်းဘူး ထွက်ရှာ သေးတယ်၊ ရှင် နတ်ဆိုးလောကကိုအဖမ်းခံရတယ်လည်း ကြားရော သူရှင့်ကိုလာရှာချင်နေတာ” ဟော့ဘာ ယန်အာ ပြောလေသည်။ “နောက်ရက်နည်းနည်းကြာလို့ သူတို့အပြင်ထွက်ရမယ့်နေ့ကျရင် ဒီသတင်းရရင်တော့ လာမှာပါ”
ဘော့ဘာယန်အာပြောသည့်အတိုင်းပင် ရက်အနည်းငယ်ကြာသောအခါ ဟော့ဘာဟန်နှင့် ဖန်ဝူဟန် တို့သည် သူမအားလာရှာလေသည်။
“မင်း နတ်ဆိုးလောကိုသွားခဲ့တယ်ဆိုတာ မယုံနိုင်သေးဘူး၊ ပြီးတော့ မင်း နတ်ဆိုးလောကကို သွားပြီး ပြန်လာနိုင်တယ်ဆိုတာကို ပိုမယုံမိတာပဲ” ဖန်ယုဟန်နှင့် ရှီမာယူယူတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးပြီးဖြစ်ကာ ဖန်ကျိရှင်းနှင့်ပတ်သတ်သောကြောင့်လည်း ပို၍ လွတ်လပ်စွာစကားပြောနိုင်လာကြသည်။
“ငါလည်း ထူးဆန်းနေတုန်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ ခြေတွေလက်တွေပြတ်တာကမှ သဘာဝ ကျတယ်လို့ အားလုံးပြောကြတယ်၊ ဟန် ဒီနှစ်အတွင်းကို မင်းအခြေအနေဘယ်လိုလဲ”
“မင်းကိုယ်တိုင် စမ်းကြည့်လေ” ဟော့ဘာဟန်သည် သူမဘေးသို့ ထိုင်လိုက်သည်။ သူသည် လက်ကို ဆန့်တန်းကာ သူမအား စမ်းသပ်ခိုင်းလိုက်သည်။
ရှီမာယူယူသည် သူ့သွေးကြောအားစမ်းသပ်ပြီးနောက် ပြုံးလေသည် “ဘာအဆိပ်မှ မခံစားမိတော့ဘူး အဆင့်တက်တာအတွက် ဂုဏ်ပြုပါတယ်”
“ဒါတွေ အားလုံးမင်းကျေးဇူးပါ၊ မင်းငါ့ကို အဆိပ်ဖြေပေးတာကြောင့်သာမဟုတ်ရင် အဆင့်လည်း တက် မှာမဟုတ်ဘူး” ဟော့ဘာဟန်သည် ကျေးဇူးတင်လေသည်။
“မင်းက သဘောကောင်းလို့ပါ” ရှီမာယူယူ ပြန်ပြောလေသည်။
ဟော့ဘာဟန်သည် အားရပါးရပြုံးလိုက်သည်။ သူမ အကျင့်သည် တစ်ခါတစ်ရံတွင် နူးညံ့၍ တစ်ခါတစ်လေ ကြမ်းတမ်းသည်ကို သူသိလိုက်ရသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းငါ့နဲ့ ဟော့ဘာမိသားစု အပေါ်လုပ်ပေးတာကို သတိရနေပါမယ်” ဟော့ဘာဟန် ပြောလိုက်သည်။
“မင်းအဲလိုပြောမှတော့ ကိုယ့်ဘာသာမှတ်ထားနော်” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ ငါ မင်းတို့ကို မေးစရာရှိတယ်”
ခုနလေးကတင် သူမသည် နူးညံ့သည်ဟု ပြောခဲ့သေးသည်။ အခုတော့ ကြမ်းတမ်းတဲ့ဘက်ကို ပြတော့ မှာလား။
“ပြောပါ ဘာကိစ္စလဲ ငါသိရင် ပြောပြပါမယ်”
“မင်းပြောာတာနော်” ရှီမာယူယူ ပြောလိုက်သည် “မင်းလိုအတွင်းပိုင်းဒေသက အရည်အချင်းရှိတဲ့သူက အတွင်းဂိုဏ်းက တားမြစ်နယ်မြေက ပစ္စည်းကိုသွားယူမလို့လား”
ဟော့ဘာဟန်သည် သူမ ထိုမေးခွန်းမေးမည်ဟု မထင်ထားပေ။ သူရင်ခုန်လာသည်။ သူမဆီမှ မေးမြန်း သော အကြည့်ကို သူတွေ့လိုက်သည်။ သူသည် ဘာတုန့်ပြန်မှုမှမရှိသော ဖန်ယူဟန်အား ကြည့်ပြီး ခေါင်းညိမ့် လိုက်သည် “အင်း”
“အဲဒါက ကမ္ဘာမြေကြီးရဲ့ မျက်လုံးလား” သူမ ထပ်မေးလေသည်။
“ဟုတ်တယ်”
“ဒါဆို အဲဒီကန့်သတ်နယ်မြေအကြောင်းကို ဘယ်လောက်သိလဲ သွားဖူးလား၊ အထဲမှာ ဘယ်လိုလဲ”
သူမ စိုးရိမ်မှုကို ဟော့ဘာဟန် မြင်သောအခါ ပြောလိုက်သည် “မင်း အဲပစ္စည်းကို စိတ်ဝင်စားနေတယ် လို့ မပြောနဲ့နော်”
“မင်းလည်း ကမ္ဘာမြေကြီးရဲ့ မျက်လုံးကိုစိတ်ဝင်စားတာပဲ ငါကဘာလို့ စိတ်ဝင်စားလို့မရတာလဲ” ရှီမာယူယူသည် ထိုလူ၂ယောက်အား ကြည့်ပြီးပြုံးလိုက်သည် “အကုန်ရင်းနှီးနေကြပြီပဲ သတင်းလေးဘာလေး ဖလှယ်ကြမယ်လေ”
“ဒါဆို မင်းအဲဒါနဲ့ ဘာလုပ်မလို့လဲ” ဟော့ဘာဟန် ပြောလိုက်သည်။
ကမ္ဘာမြေကြီး၏မျက်လုံးသည် ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုသည်။ ပိုအရေးကြီးသည်မှာ ပိုအား ကောင်းသည်။ ထိုအရာသည် ကောင်းကင်နှင့် မြေကြီးကိုဖျက်ဆီးပစ်နိုင်သဖြင့် အင်အားကြီးများမှ ချုပ်ကိုင်ထား ရသည်။
“လူတစ်ယောက်ကိုကယ်ဖို့” ရှီမာယူယူ ပြောလိုက်သည် “ဆေးအတွက်သုံးမလို့ပါ၊ ငါ နည်းနည်းပဲ လို တာပါ”
“မင်း စိတ်ဝင်စားတယ်ဆိုရင်တောင် လက်လျော့တာပိုကောင်းမယ်” ဖန်ယုဟန် ပြောလိုက်သည် “အဲဒီ အတွင်းဂိုဏ်းက ကန့်သတ်နယ်မြေမှာ လူ၂ယောက်သေသွားတာ မကြာသေးဘူး”
“ဟုတ်တယ်” ဟော့ဘာဟန် ဝင်ပြောလေသည် “ဖြစ်နိုင်မယ်ဆိုရင် အစားရှာလိုက်”
ရှီမာယူယူ သက်ပြင်းချကာ “အဲဒါကို အစားထိုးလို့ရမယ်ဆိုရင် ဒီအကြံဘယ်ရမလဲ၊ မင်းတို့ရော မလိုချင် ဘူးလား၊ အဲဒါသာရမယ်ဆိုရင် ငါနဲ့ မျှသုံးမယ်လေ ငါ တန်ရာတန်ကြေးပေးပါမယ်”
“ငါ့အသက်ကိုမင်းကယ်ထားတာပဲ ပိုက်ဆံပေးစရာမလိုပါဘူး၊ ယူလို့သာရမယ်ဆိုရင် မင်းကိုပေးသုံးပါ တယ်၊ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်လဲ”
“ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ကန့်သတ်နယ်မြေထဲဝင်တော့ ကမ္ဘာကြီးရဲ့ မျက်လုံးကိုမတွေ့ဘူး”
***