အားအင်တိုးတက်ခြင်း
Vol. 006 Ch. 600
ကမ္ဘာမြေကြီးရဲ့ မျက်လုံးက ကန့်သတ်နယ်မြေမှာမရှိဘူးလား။
ရှီမာယူယူ ရုတ်တရက် နှလုံးခုန်မြန်လာသည်။
“အဲမှာမရှိတာ သေချာလား”
“သေချာတယ်” ဟော့ဘာဟန် ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် ငါတို့သွားတော့ သေတော့မလို့ပဲ၊ ဒပေမဲ့ တားမြစ်နယ်မြေထဲက အခြေအနေကို သေချာမြင်လိုက်တယ်၊ ငါတို့ ကမ္ဘာမြေကြီးမျက်လုံးကို မတွေ့ခဲ့ ဘူး၊ အဲဒါကြောင့် ကမ္ဘာမြေကြီးမျက်လုံးက တားမြစ်နယ်မြေမှာမရှိဘူးလို့ ကောက်ချက်ချလိုက်တာ”
“တားမြစ်နယ်မြေထဲမှာ မရှိတော့ဘူးပေါ့” ရှီမာယူယူသည် စိတ်ပူစွာ ပြောလိုက်သည် “ကမ္ဘာမြေကြီး မျက်လုံးကို လိုချင်တဲ့လူတွေများလို့ ဂိုဏ်းကတခြားနေရာကိုပြောင်းလိုက်တာလား၊ မဟုတ်ရင် ဂိုဏ်းအပြင် တခြားနေရာကိုပြောင်းလိုက်တာလား”
“မဟုတ်ဘူး အဲဒါက ဂိုဏ်းထဲမှာပဲရှိသေးတယ်” ဟော့ဘာဟန်သည် အသေအချာ ပြောလေသည်။
“ဘယ်လိုတောင် သေချာနေတာလဲ”
“ကမ္ဘာမြေကြီးမျက်လုံးက အနံ့တစ်မျိုးထွက်တယ်၊ အဲအနံ့က ဖျော့ပေမယ့် ငါအနံ့ခံလို့ရနေတယ်” ဖန်ယုဟန် ရှင်းပြလေသည် “ငါ ဂိုဏ်းကိုရောက်တာနှစ်တွေကြာနေပြီ အဲအနံ့ကို ရင်းနှီးနေတယ်၊ အဲမှာမရှိရင် အနံ့လည်းခံရမှာမဟုတ်ဘူး”
“အနံ့လား”
“ကမ္ဘာမြေကြီးမျက်လုံးက အရမ်းကိုထူးဆန်းတယ်၊ အဲအနံ့ကိုရှုလိုက်တာနဲ့ ကျင့်ကြံခြင်း အရှိန်မြန်သွား တယ်” ဖန်ယုဟန် ဆက်ရှင်းပြသည် “လူအများစုက အသက်ကြီးသွားတာတောင် သေဖို့ တွန့်ဆုတ်နေကြတယ် အဲလိုပစ္စည်းရှိနေလို့လေ”
“အဲဒါက အဲလောက်တောင် ကောင်းတာလား” ရှီမာယူယူ ထူးဆန်းသည်ဟု ခံစားမိသည်။ အနံ့ကိုရှုရှိုက် ရုံနှင့်ပင် ကျင့်ကြံခြင်းအရှိန်ကိုတိုးစေသည်။ အလွန်ပင် အံ့သြစရာကောင်းလောက်သည်။
“ဒါပေါ့ မင်းက ကမ္ဘာမြေကြီးမျက်လုံးကို ဆေးအဖြစ်ပဲသုံးမလို့လား” ရှီမာယူယူ၏ အမူအရာကိုကြည့်ပြီး နောက် ဟော့ဘာဟန်သည် မှန်ကန်စွာ ပြောလိုက်သည်။
“အဲဒီက အနံ့ရမှတော့ အဲအနံ့အတိုင်းလိုက်ပြီးရှာရင်ရော” ရှီမာယူယူ အကြံပေးလေသည်။
“မရှာနိုင်ဘူး” ဖန်ယုဟန် ငြင်းဆန်လေသည် “အနံ့က နေ့တိုင်း ညလယ်ခေါင်ကနေ နောက်နေ့ နေ့လည်မရောက်ခင်အထိ ထွက်တယ်၊ အတွင်းဂိုဏ်းဘယ်နေရာပဲဖြစ်ဖြစ် အနံ့ကအတူတူပဲ၊ ဘယ်ဘက်လဲဆို တာရှာလို့မရဘူး”
ထိုစကားကြားပြီးနောက် ရှီမာယူယူ စကားတိတ်သွားသည်။ သူမသည် အဖြူနှင့် အပြာ ရောစပ်ထား သော လက်ဖက်ရည်ပန်းကန်လုံးကို ကြည့်ပြီး စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်လေသည်။
“အတွင်းဂိုဏ်းရွေးချယ်ပွဲက တစ်နှစ်အတွင်းစ…”
“မင်းအရည်အချင်းနဲ့ဆိုရင် အတွင်းဂိုဏ်းကိုဝင်ဖို့က ပြဿနာမဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းဝင်ဖို့အတွက် ဌာနကို ရွေးဖို့ဆုံးဖြတ်ရမယ်၊ မင်းနဲ့အကိုက်ညီဆုံးက အဂ္ဂိရတ်ပညာမဟုတ်ရင် တည်ဆောက်မှုပညာပဲ” ဟော့ ဘာဟန်ပြောလေသည်။
“အဲဒါက အဲဒီကိုရောက်မှ ဆုံးဖြတ်တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲအချိန်ကျရင် ဘယ်ဟာကို သင်ချင်လဲကြည့်ကြတာပေါ့”
အချိန်မှာ ၁နှစ်လိုသေးသည်။ ထို၁နှစ်အတါင်းတွင် သူမသည် တခြားနည်းလမ်းရှာရမည်။ သူမသည် ဆေးပစ္စည်းအားလုံးကို ရှာဖွေရန်လိုပြီး သူမ၏ ကျင့်ကြံမှုကိုလည်း တိုးတက်အောင်လုပ်ရမည်။ ဦးတည်ချက်ရှိ သဖြင့် စိတ်အားလည်း ပိုထက်သန်သည်။
ရက်အနည်းငယ်ကြာသောအခါ အပြင်ဂိုဏ်း၏ ပြိုင်ပွဲစတင်လေသည်။ သူမသည် ရှီမာယူလင်း၏ တည်ဆောက်မှုပြိုင်ပွဲ၊ ဖက်တီးကျူ၏ လက်နက်လေ့ကျင့်မှု ပြိုင်ပွဲ၊ ဝူရန်ဖေနှင့် ဘေဂုံထန်တို့၏ ဆေးဖော်မှု ပြိုင်ပွဲ တို့နှင့် သူမအစ်ကိုများ၏ တွဲဖက်ပြိုင်ပွဲများကို သွားကြည့်လေသည်။ အနည်းဆုံးတော့ ဂိုဏ်းတွင် အရည်အချင်း ရှိသူများ များပြားသည်ကို တွေ့ခဲ့ရသည်။ သို့သော် သူတို့ထဲမှ ၂၀ရာခိုင်နှုန်းလောက်သာ အတွင်းဂိုဏ်းသို့ဝင်ရန် ရွေးချယ်ခံရမည်။ ခက်ခဲမှုှရှိတုန်းပင်ဖြစ်သည်။
သူမ အမြင်တါင် အားလုံး၏ အင်အားမှာ အနိမ့်ကြပေ။ အတွင်းဂိုဏ်းသို့ ဝင်ရန် ဖြစ်နိုင်သည့် အရည်အချင်းများဖြစ်ကြသည်။
နောက်ရက်များတွင် သူမသည် စာကြည့်တိုက်သွားကာ စာအုပ်များငှားယူလေသည်။ သူမသည် အရင် ကကဲ့သို့ စိုးရိမ်ပူပန်မှုမရှိပဲ အဂ္ဂိရတ်ပညာလေ့လာရာတွင် ပိုအားစိုက်ထုတ်သည်။
သူမသည် အဆင့်၆ဆေးကို ဖော်နိုင်သည်မှာ ကြာပြီဖြစ်သော်လည်း သူမအင်အားကို ကန့်သတ်ထား သောကြောင့် အဆင့် ၇ဆေးကို မဖော်နိုင်သေးပေ။ အခုသူမတွင် အားရှိလာပါက အဆင့်၇ အဂ္ဂိရတ်ပညာရှင် အဖြစ် အဆင့်တက်ရန် အချိန်ရောက်ပြီဖြစ်သည်။
သူမသည် ရက်တိုင်းနီးပါးပင် ဝူလင်းယူ၏ ခြံဝန်းအတွင်း အချိန်ကုန်ဆုံးသည်။ သူမသည် ဝိဉာဉ်စေတီ အတွင်းဝင်ကာ အဂ္ဂိရတ်ပညာကိုလေ့လာပြီး ပင်ပန်းလာသောအခါ ဆေးစာအုပ်ဖတ်ပြီး ရှီမန်ဖန်၏ ပြဿနာအား ဖြေရှင်းရန် နောက်နည်းလမ်းကိုရှာဖွေလေသည်။ သို့သော် နည်းလမ်းရှာရသည်မှာ မလွယ်ကူလှပေ။ သူမသည် ၁နှစ်လောက် အချိန်ကုန်သွားသော်လည်း နည်းလမ်းရှာမတွေ့ပေ။ ဟော်လန်၏ နည်းလမ်းတစ်ခုသာ ရှိသည်ကို သိလိုက်ရသည်။
သူမ၏ အဂ္ဂိရတ်ပညာအဆင့်ကိုပြောရလျှင် သူမသည် အဆင့် ၇ သို့တက်သွားရာ အဆင့်၇ အဂ္ဂိရတ် ပညာရှင်ဖြစ်လာသည်။
အသက် ၃၀အောက် အဆင့်၇ အဂ္ဂိရတ်ပညာရှင်…
ထိုအရည်အချင်းကိုသာ သိသွားကြပါက တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားမည်ဖြစ်သည်။ အတွင်းဂိုဏ်း မှ လူများသိသွားပါက သူတို့သည် သူမအား ရယူရန်ကြိုးပမ်းကြမည်ဖြစ်သည်။
အဂ္ဂိရတ်ပညာအပြင် သူမ၏ အင်အားသည်လည်း တိုးတက်သည်။ သူမသည် အံ့ဖွယ်ဘုရင်ဖြစ်လာကာ အံ့ဖွယ်နယ်ရှင်ဖြစ်ရန် လက်တစ်ကမ်းအလိုဖြစ်သည်။
အချိန် ၁နှစ်သည် အလျင်အမြန်ကုန်ဆုံးသွားလေသည်။ ၁၀နှစ်တစ်ကြိမ်ရွေးချယ်မှုကြီးစတော့မည်ဖြစ် သဖြင့် ကောင်းကင်အပြင်ဂိုဏ်းမှ ကျောင်းသားများသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့သာ အတွင်းဂိုဏ်းကို ဝင်နိုင်ပြီး လေ့လာနိုင်ပါက ကျင့်ကြံခြင်းအရင်းအမြစ်များ ရနိုင်ချေများသည်။
ထိုရက်ပိုင်းတွင် ရှီမာယူယူသည် ဝိဉာဉ်စေတီအတွင်းမသွားပေ။ ထိုအစား သူမသည် အဆောင်သို့ပြန် ကာ အဂ္ဂိရတ်ပညာနှင့် တည်ဆောက်မှုပညာများအကြောင်းကို ဘေဂုံထန်တို့နှင့် ဆွေးနွေးလေသည်။
“ယူယူ နင်က အမြဲတမ်းအဝေးမှာရှိနေလို့ မပြောရသေးတာရှိတယ်” ဘေဂုံထန် စပြောလေသည် “တုလေးက အတွင်းဂိုဏ်းကိုဝင်သွားလိုက်ပြီ”
“တုလေးက ဝင်သွားလိုက်ပြီဟုတ်လား” ရှီမာယူယူ အံ့သြသွားလေသည်။
“ဒုကျောင်းအုပ်က သူ့ခန္ဓာကိုယ်ထဲက သွေးကိုလည်ပတ်ပေးလိုက်တာ၊ သူ့လိုချုပ်ချယ်ခံထားတာ မရှိတဲ့ လူကတော့ အချိန်မရွေးအတွင်းဂိုဏ်းကို ဝင်နိုင်သွားတယ်လေ” ဝေကျိရွှီ ရှင်းပြလေသည်။
“အဲဒါလည်းကောင်းတာပဲ အတွင်းဂိုဏ်းက အပြင်ဂိုဏ်းထက်ပိုပြီး လုံခြုံတယ်၊ နောက်တစ်ချိန်ကို သူ ဘယ်နေရာရောက်နေလဲဆိုတာ သူ့မျိုးနွယ်က သိလို့ကတော့ သူ့ကိုပြန်ခေါ်ချင်နေကြမှာပဲ” ရှီမာယူယူ ပြော လိုက်သည်။
“ဟုတ်သားပဲ လွန်ခဲ့တဲ့ ၂ရက်က ရွှန်းယွမ်ဆိုင်က လူတွေက မင်းအချိန်ရှိရင် လာခဲ့ပါဦးလို့ပြောသွား တယ်” ဖက်တီးကျူ ထပ်ပြောလေသည်။
“မင်းလိုချင်တဲ့ ဆေးပစ္စည်းအကြောင်းဖြစ်လောက်တယ်” ဝေကျိရွှီ ခန့်မှန်းလေသည်။
“အင်း ငါအခုပဲသွားကြည့်လိုက်မယ် မင်းတို့ရောလိုက်ချင်လား မဟုတ်ရင် ဆက်ပြီးလေ့လာနေကြ မလား” ရှီမာယူယူသည် ထပြီးမေးလိုက်သည်။
“ငါတို့ ဒီအချိန်တိုအတွင်းလည်း ပြီးမှာမဟုတ်ဘူး၊ ရွေးချယ်ပွဲနီးလေလေ နားဖို့လိုလေပဲ” ဖက်တီးကျူ သွားဖြီးပြလေသည် “ငါတို့ အမှတ်တရစားသောက်ဆိုင်သွားပြီး တစ်ခါတည်းစားလာလို့ရတာပဲ”
ပြီးခဲ့သည့် ၂နှစ်အတွင်းတွင် ပထမ ၁နှစ်တွင် သူတို့သည် ရှီမာယူယူကို စိတ်ပူခဲ့သည်။ ဒုတိယ ၁နှစ်တွင် သူတို့အားလုံး အလုပ်ရှုပ်ခဲ့ကြသည်။ သူတို့သည် စားကောင်းသောက်ကောင်း မစားကြသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သူတို့အဖွဲ့သည် ရွှန်းယွမ်ဆိုင်သို့ အရင်သွားကြသည။်
ဘေဂုံထန်နှင့် ကျန်သူများသည် ဆိုင်အောက်ထပ်ရှိ ပစ္စည်းများကို ကြည့်ပြီးကျန်ခဲ့လေသည်။ သူတို့ နှစ်သက်သောပစ္စည်းတွေ့လျှင် ဝယ်လိုက်သည်။ နောက်ဆုံးတွင် သူတို့သည် ပိုက်ဆံရှင်းရန် ပြင်ကြသည်။ ရှီမာယူယူသည် အရောင်းအကူနောက်လိုက်ကာ အပေါ်သို့လာပြီး ဆိုင်ရှင်နှင့်တွေ့လေသည်။
“သခင်လေးယူယူ လာပြီလား” ဆိုရှင်သည် ရှီမာယူယူဝင်လာသည်နှင့် မတ်တပ်ရပ်လိုက်သည် “သခင် လေးမလာရင် ကျွန်တော်ဂိုဏ်းကိုလာရှာတော့မလို့”
ဆိုင်ရှင် ပူပန်နေသည်ကို ရှီမာယူယူတွေ့သည်နှင့်မေးလိုက်သည် “ကျွန်တော်လိုချင်တဲ့ ဆေးပစ္စည်း ၂ခု နဲ့ပတ်သတ်ပြီး သတင်းကြားရလား”
ထိုနှစ်တွင် ရွှန်းယွမ်ဆိုင်သည် ပယင်းမျက်ရည်နှင့် ပင်လယ်သခွားအနက်မှလွဲ၍ တခြားဆေးပစ္စည်းများ ကို ပြင်ထားနိုင်ခဲ့သည်။
“ပင်လယ်အနက်သခွားအကြောင်းပါ” ဆိုင်ရှင်ပြန်ဖြေလေသည်။ “တစ်ဖက်လူက သခင်လေးကို ကိုယ် တိုင်တွေ့ချင်ပြီး သခင်လေးဘက်က ဘာပေးနိုင်မလဲဆိုတာ သိချင်တယ်တဲ့ အဲဒါ့အပြင်တော့ ဒါကိုလည်း ရထား တယ်”
ဆိုရှင်သည် သေတ္တာတစ်လုံးထုတ်ပြီး သူမအား ပေးလေသည်။
ရှီမာယူယူသည် သေတ္တာအားဖွင့်ကြည့်ရာ အထဲတွင် ပယင်းမျက်ရည်ကိုတွေ့ရလေသည်။
“ဒါက ပယင်းမျက်ရည်မလား” သူမသည် ရွှေရောင်ပယင်းကိုကြည့်လိုက်သည်။ သူမသည် စိတ်လှုပ်ရှား ကာ အောက်နှုတ်ခမ်းကိုကိုက်လိုက်သည် “ဒါကို ဘယ်ကနေရှာတွေ့လာတာလဲ”
“စံအိမ်တော်သခင်ချောင်းကပို့လိုက်တာ၊ အဒေါ်ဖန်က သတင်းကြားပြီးတော့ သခင်လေးအတွက် ရှာခိုင်းလိုက်တာတဲ့” ဆိုင်ရှင် ပြန်ဖြေလေသည်။
“အဒေါ်ဖန်…” ဒီတစ်ခေါက်တွင် ဖန်ရူယန်၏ နာမည်ကိုကြားရမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ အတွက် ရှားပါးသောအရာကိုပင် ရှာဖွေပေးသည်။
***