ခရမ်းရောင်ရေမျိုးနွယ် ဝူလာလီ
Vol. 007 Ch. 601
ရှီမာယူယူသည် ပယင်းမျက်ရည်ထည့်ထားသော သေတ္တာကိုသိမ်းလိုက်သည်။ သူမသည် စိတ်လှုပ်ရှား သွားသည်။
သူမနှင့် ရွှန်းယွမ်ဆိုင်၏ ဆက်ဆံရေးမှာ နက်ရှိုင်းလှသဖြင့် ရွှန်းယွမ်ဆိုင်သည် ပယင်းမျက်ရည်နှင့် ပင်လယ်နက်သခွားကို အလေးအနက်ထားကာ ရှာပေးခဲ့သည်။ အဒေါ်ဖန်သည် ထိုသတင်းကြားသည်နှင့် ကူရှာ ပေးခဲ့သည်။
သူမသည် သေတ္တာနှင့်အတူ သူမ၏ ခံစားချက်များကို သိမ်းဆည်းလိုက်သ်ည။ ထို့နောက်တွင် သူမ သည် မေးလိုက်သည် “ပင်လယ်နက်သခွားကဘယ်မှာလို့ ပြောလိုက်တာလဲ”
“အဲလူက ဒီမှာမရှိဘူး ဘဘက်ခါကို ဒီကိုလာပြီး နေ့တစ်ဝက်လောက်ပဲနေမယ်လို့ ပြောခဲ့တယ် အဲချိန်ကျ ရင် ကျွန်တော် သခင်လေးတို့နှစ်ယောက်နေ့လည်ပိုင်းတွေ့လိုရအောင် စီစဉ်ထားလိုက်မယ်” ဆိုင်ရှင် ပြောလိုက် သည်။
“သဘက်ခါလား” ရှီမာယူယူသည် မှိုင်တွေသွားပြီးမှ သဘောတူလိုက်သည် “ကောင်းပါပြီ သဘက်ခါ နေ့လည်နော်”
သဘက်ခါမှာ အတွင်းဂိုဏ်း၏ရွေးချယ်မှုစတင်မည့် နေ့ဖြစ်သည်။ သူမ လွတ်မသွားစေရန် မျှော်လင့်မိ သည်။
ကိစ္စများရှင်းပြီးနောက်တွင် ရှီမာယူယူနှင့်ဘေဂုံထန်တို့ အဖွဲ့သည် ခြံဝန်းသို့ပြန်ကြလေသည်။ သူမသည် သဘက်ခါကိုသွားရမည်ဖြစ်ကြောင်းသိသောအခါ အားလုံးသည် စိုးရိမ်ကြသည်။
“စစ်သူကြီးဝိဉာဉ်သခင်ကလွဲလို့ တခြားအဆင့်တွေက ပထမဆုံးနေ့မှာပဲရွေးမှာ၊ နင်အဲဒီကိုသွားလို့ ရွေးချယ်မှုလွတ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဝေကျိရွှီသည် စိုးရိမ်စွာပြောလေသည်။
“အဲလူက နေ့လည်ရောက်ပြီး ညကိုပြန်ထွက်မှာလေ သူ့ကို လွတ်မသွားချင်ဘူး” ရှီမာယူယူ ပြန်ဖြေလေ သည် “နှစ်၁သိန်းကျော် ပင်လယ်နက်သခွားက ကြယ်ကိုးပွင့်သမုဒ္ဒရာမှာတောင် အရမ်းရှားနေတယ်၊ သူ့ကိုလွတ် သွားရင် ဘယ်တော့မှာပြန်ရှာလို့ရမလဲမသိနိုင်ဘူး၊ ငါ စောစောပြန်လာလို့ရအောင်ကြိုးစားပါမယ်”
“ဆေးဖော်တဲ့ပြိုင်ပွဲက ၆နာရီမတိုင်ခင်စမယ်လို့ကြားတယ်၊ အဂ္ဂိရတ်ပညာဌာနက အကောင်းဆုံးပြုင် မယ့်သူတွေက အဆင့်၆တွေ၊ အဆင့်၆ဆေးတော့ မကျော်ဘူးထင်တယ်” ဝူရန်ဖေ မှတ်ချက်ပေးလေသည်။
ရှီမာယူယူသည် အဂ္ဂိရတ်ပညာဌာနသို့ လျှောက်ရန်ဆုံးဖြတ်ပြီးသားဖြစ်သည်။ သူမ ဝင်လိုက်သည်နှင့် ကမ္ဘာမြေကြီးမျက်လုံးကို ရနိုင်မည့်အခွင့်အရေးရှိနိုင်သည်။
“ဒါပေမဲ့ အဆင့် ၆ဆေးကိုဖော်ဖို့က ၄ ၅ နာရီကြတာလေ” ဘေဂုံထန် ပြောလေသည် “ဒါဆို ယူယူ နင့် မှာအချိန်မရှိဘူးပဲ”
“ဟိုဘက်ကလူက ညှိနှိုင်းဖို့လွယ်ဖို့မျှော်လင့်ရမှာပဲ” ရှီမာယူယူ သက်ပြင်းချလေသည် “ငါသာ အတွင်း ဂိုဏ်းရွေးချယ်မှုလွတ်သွားရင် ကမ္ဘာမြေကြီးမျက်လုံးကိုရဖို့ ပိုခက်သွားမှာ”
ထိုနေ့တွင် မတော်တဆမှုများ မရှိစေရန်မျှော်လင့်မိသည်။
တစ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ထိုနေ့တွင် အပြင်ဂိုဏ်းသည် စိတ်လှုပ်ရှား သော ကျောင်းသားများဖြင့် ပြည့်နေလေသည်။
အတွင်းဂိုဏ်းမှ ဆရာများသည် လုံးဝစိတ်ပူခြင်းမရှိပေ။ သူတို့သည် နေ့လည်မတိုင်တွင် ရွေးချယ်မည့် နေရာသလို့ရောက်လာခြင်းမရှိပေ။ ထိုအချိန်တွင် ရှီမာယူယူသည် ရွှန်းယွမ်ဆိုင်တွင် သွားစောင့်နေလေသည်။
ဆရာများသည် ရွေးချယ်မှုအပိုင်းများကို ကြေညာလေသည်။ ရှီမာယူယူသည် မိခင်ကျောက်တုံးမှ တစ်ဆင့် သတင်းများကိုရလေသည်။
ကြာစိမ်းဆေး အဆင့်၆ သာမန်မဟုတ်သောဆေး… ထိုဆေးသည် ကျင့်ကြံခြင်းရာမှ ဒဏ်ရာရထားသော ခြင်စီများကို ကုသရန် အဓိကသုံးသည်။ ဆေးဖော်ရန် ပုံမှန်အားဖြင့် ၅နာရီမှ ၆နာရီအထိ ကြာတတ်သည်။ ရှီမာယူယူ တစ်ခါ ထိုဆေးကိုဖော်ဖူးသည်။ ၅နာရီနီးပါးကြာလေသည်။
၆နာရီမတိုင်ခင်ပြီးရမည်ဖြစ်ကာ သူမသည် သွားရန်လိုသည်။ အခုချိန်မှာ ၁၂ထိုးတော့မည်ဖြစ်သည်။
သူမသည် ရွှန်းယွမ်ဆိုင်အတွင်းစောင့်နေစဉ်တွင် စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းကာ ကြာစိမ်းဆေး၏ ဖော်စပ်မှု လုပ်ငန်းစဉ်များကို စိတ်မှပြန်တွေးနေလေသည်။
၁နာရီထိုးခါနီးတွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် ဆိုင်ရှင်နှင့်အတူ ရောက် လာသည်။
“သခင်လေး ယူယူ ဒါက သခင်ကြီးဝူလာပါ” ဆိုင်ရှင်သည် မိတ်ဆက်ပေးလေသည် “ဒီသခင်လေးက ပင်လယ်နက်သခွားကိုဝယ်ချင်တဲ့ သခင်လေးပါ နှစ်ယောက်သား အချိန်ယူပြီးစကားပြောကြပါ”
ဆိုရှင်ထွက်သွားကာ သူတို့ ၂ယောက်အားချန်ထားခဲ့လေသည်။
“သခင်ကြီးဝူလာလား၊ ကြယ်ကိုးပွင့်သမုဒ္ဒရာရဲ့ ခရမ်းရောင်ရေ တော်ဝင်မိစ္ဆာမျိုးနွယ်ဝင်လေ” ရှီမာယူယူ သည် ဝူလာလီကို ကြည့်လိုက်သည်။
ဝူလာလီသည် မျက်ခုံးပင့်ကာ ပြောလေသည် “ခင်ဗျားကဒီငယ်သေးတာကို ခရမ်းရောင်ရေမိစ္ဆာမျိုးနွယ် အကြောင်းကို သိလိမ့်မယ်လို့ မထင်ဘူးပဲ”
“လူတွေပြောတာကြားဖူးတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သခင်ကြီး ဝူလာက နှစ် ၁သောင်းကျော် သက်တမ်းရှိတဲ့ ပင်လယ်နက်သခွားကိုရောင်းချင်တယ်လို့ကြားတယ်”
“မဟုတ်ဘူး ရောင်းဖို့မဟုတ်ဘူး ဖလှယ်တာပါ” ဝူလာလီ ပြောလေသည် “ကျွန်တော် ဒီတစ်ခေါက်ကို ပစ္စည်းတစ်ခုရှာဖို့ထွက်လာတာပါ ခင်ဗျားမှာရှိရင် လဲလို့ရပါတယ်၊ မရှိရင်တော့ ကျွန်တော်တို့ ဆက်ပြောစရာမလို တော့ပါဘူး”
“ဘာလိုချင်တာလဲ”
“နှစ် ၁သောင်း နှင်းအနီဂျင်ဆင်း” ဝူလာလီ ပြောလေသည်။
ရှီမာယူယူသည် ရင်ခုန်သံများမြန်လာကာ သူမအကျင့်အရ ထိုလူကို ကြိမ်းမောင်းလိုက်ချင်မိသည်။ နှစ် ၁သောင်း သက်တမ်းရှိ နှင်းအနီဂျင်ဆင်းသည် နှစ်၁သောင်း ပင်လယ်နက်သခွားထက်ပင်ရှားပါးသည်။ ဒီလူက ပေသီးခေါက်တာပဲ။
“ကျွန်တော့်မှာမရှိပါဘူး” သူမသည် တည့်တိုးပင်ပြောလိုက်သည်။
“အဲလိုဆိုရင်တော့ ကျွန်တော်တို့ဆက်ပြောစရာမရှိပါဘူး” ဝူလာလီသည် မတ်တပ်ရပ်ကာ ထွက်သွားရန် ပြင်လေသည်။
“ခဏလေး” ရှီမာယူယူသည် သူ့အားတားလိုက်လေသည်။
ဝူလာလီ လှည့်ကြည့်လိုက်သည် “ထပ်ရှိသွားပြီလား”
“ကျွန်တော့်မှာ နှင်းအနီဂျင်ဆင်းမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဆက်ပြီးစကားပြောလို့ ရမယ်ထင်ပါတယ်”
“ကျွန်တော့်နဲ့ စကားပြောဖို့ ဘယ်လိုအရည်အသွေးတွေရှိလဲ” ဝူလာလီ ပြောလိုက်သည်။
“ပင်မသွေးကြောတွေ ပျက်စီးနေပြီ၊ လင်းချီလည်း ပျက်စီးသွားပြီ တစ်ကိုယ်လုံးက အကြောသေနေပြီ၊ ဒီလိုပုံစံဖြစ်နေတဲ့ လူကိုခင်ဗျားကယ်ချင်နေတာထင်တယ်” ရှီမာယူယူ ပေါ့ပါးစွာပြောလိုက်ရာ ထိုလူ၏ မျက်နှာ ထားမှာပြောင်းသွားပြီး ပြုံးလိုက်သည် “အခု ခင်ဗျားနဲ့ စကားပြောဖို့ အရည်အချင်းရှိသွားပြီလား”
ဝူလာလီသည် မျက်စိတစ်မှိတ်အတွင်း တံခါးမှပြန်လှည့်လာကာ သူမလည်ပင်းကို ညစ်ရာ သူ့မျက်လုံး မှာ သွေးများလွှမ်းသကဲ့သို့နီရဲနေလေသည်။
“မင်းဘယ်သူလဲ ဒါကိုဘယ်လိုလုပ်သိတာလဲ” ဝူလာလီသည် မတရားစွာပြောလေသည်။
ရှီမာယူယူသည် ကြောက်ရွံ့မှုမရှိပေ။ သူမသည် သူ့လက်ကိုဖြေပြီးပြောလိုက်သည် “ခင်ဗျားက နှင်းအနီ ဂျင်ဆင်းရှာတယ်ဆိုတာ လူကယ်ဖို့မလား၊ နှင်းအနီဂျင်ဆင်းရဲ့ အဓိကလုပ်ဆောင်ချက်က နိဗ္ဗာန်ဆေးရအောင် လုပ်ပေးတာပဲ”
ဝူလာလီသည် သူမ လိမ်နေသည့်ပုံမပေါ်ကာ သူမလက်များသည် အားမသန်သောကြောင့် ရုတ်တရက် လွှတ်လိုက်သည်။
“မင်းက အဂ္ဂိရတ်ပညာရှင်လား”
“ဟုတ်တယ်” ရှီမာယူယူသည် ပြောလိုက်သည်။
သူမသည် လည်ပင်းအားပွတ်ကြည့်လိုက်သည်။ အင်အားကြီးတဲ့လူတွေက တူတဲ့ ပြဿနာတစ်ခုတော့ ရှိကြတယ်။ သူတို့က တခြားလူရဲ့ လည်ပင်းကိုအလွယ်တကူညှစ်တာပဲ။ ဒီလူက ပိုပြီးခက်ခဲသေးတယ်။ သူမကို သတ်မိတော့မလိုပဲ။
သူမ လည်ပင်းမှာ ဆို့နစ်နေကာ နာကျင်နေသဖြင့် ဆေးတစ်လုံးထုတ်ကာ စားလိုက်သည်။
ဝူလာလီသည် စိတ်ငြိမ်ငြိမ်ထားကာ သူမအား ကြည့်ပြီးမေးလိုက်သည် “ခင်ဗျားက ကျွန်တော်နဲ့ စကား ပြောဖို့အရည်အချင်းရှိတယ်လို့ ပြောတယ်နော်၊ ဒီအခြေအနေလေးသိတာနဲ့ ကျွန်တော်နဲ့ စကားပြောလို့ရပြီ ထင် နေတာလား”
ရှီမာယူယူသည် ဆေးထုတ်ပြီးနောက် သူမလည်ပင်းအဆင်ပြေစေမှုကို ခံစားလိုက်သည်။ သူမသည် ဆေးပြန်သိမ်းလိုက်ပြီးနောက် မူလနေရာသို့ သွားထိုင်လေသည်။ သူမသည် ဝူလာလီကို လက်ယက်ခေါ်ကာ သူ ထိုင်သည်အထိ စောင့်ပြီး ပြောလိုက်သည် “ခင်ဗျားက နိဗ္ဗာန်ဆေးဖော်ချင်တာ ဒါပေမဲ့ ကျွန်တော်က ပါဝင်ပစ္စည်း ကိုမပေးနိုင်ဘူး၊ ခင်ဗျား ဂျင်ဆင်းအနီအပြင် တခြားပါဝင်ပစ္စည်းတွေလည်းမရှာနိုင်ဘူးမလား”
“ခင်ဗျားဘယ်လိုသိတာလဲ” ဝူလာလီ မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ခင်ဗျားက ညံ့လွန်းတယ်၊ ပါဝင်ပစ္စည်းအများစုက ပျောက်ကွယ်နေပြီ” ရှီမာယူယူ ပြောလိုက်သည် “မရှိတဲ့ပစ္စည်းတွေဆိုမှတော့ ရှာမရဘူးလေ”
ဝူလာလီ မျက်မှောင်ကြုတ်လိုက်သည်။ လူအများစုသည် သူရှာနေသော ပစ္စည်းများမှာ မရှိဟုပြောကြ သော်လည်း သူလက်မလျော့ချင်သဖြင့် တစ်ကမ္ဘာလုံးတွင် လိုက်ရှာခဲ့သည်။
“ခင်ဗျား ခဏလောက်စောင့်နိုင်တယ်ဆိုရင် ကျွန်တော် ကယ်ပေးလို့ရတယ်” ရှီမာယူယူသည် သူ့မျက်နှာ အား အကဲခတ်ကာ ဆက်ပြောလေသည် “တစ်ခုက ဒီကမ္ဘာမှာမရှိတဲ့ နိဗ္ဗာန်ဆေး နောက်တစ်ခုက ခင်ဗျားကို ကယ်ပေးနိုင်တယ် ခင်ဗျားဘယ်ဟာကိုရွေးမှာလဲ”
ဝူလာလီသည် မျက်နှာထားကို တည်ငြိမ်စွာထားကာ “ခင်ဗျားက တကယ်ပဲလူကိုကယ်နိုင်တယ်ဆိုတာ ကျွန်တော်က ဘယ်လိုသိမှာလဲ”
***