အရောင်းမြှင့်တင်ရေးများ (၁)
Vol. 43 Ch. 632
ယခုအခါတွင် VCD စက် တံဆိပ်မျိုးစုံသည် ကမ္ဘာတစ်ဝှမ်းတွင် ပေါ်ပေါက်လာပေသည်။ သမာရိုးကျ ဗွီဒီယို တိတ်ခွေ ဈေးကွက် ကျဉ်းမြောင်းသွားတော့သည်။ ထုတ်လုပ်သူများ အားလုံးသည် ငွေအမြောက်အများ ဆုံးရှုံးခဲ့ရပေသည်။ တစ်ချို့ အမှတ်တံဆိပ်ကြီးများသည် ဗွီဒီယိုတိတ်ခွေစက် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့သည် VCD နည်းပညာကို အသုံးပြုရန် ခွင့်ပြုချက် ရရှိထားသောကြောင့် ဖြစ်သည်။
စက်ရုံငယ်များ ပျိုလဲသွားတော့သည်။ ၎င်းတို့သည် ဗွီဒီယိုတိတ်ခွေစက်များ အရှုံးနည်းအောင် ရောင်းချနိုင်ရေး ကြိုးစားခဲ့ကြသော်လည်း မည်သူမှ မဝယ်ချင်ကြချေ။ ဤသည်မှာ လက်ကိုင်ဖုန်းများနှင့် ပုံစံတူကာ ပေဂျာများကို မည်သူမှ မဝယ်ယူချင်ကြချေ။
ကုမ္ပဏီအားလုံးသည် သူတို့၏ အမြတ်ငွေများ ကာကွယ်နိုင်ရန် လက်လီဈေးနှုန်း ညှိနှိုင်းနေချိန်၌ လေနှင့်မိုးသည် မမျှော်လင့်ထာသည့် ကိစ္စတစ်ခု လုပ်ခဲ့ပေသည်။
လေနှင့်မိုး VCD စက်များသည် ၎င်းတို့၏ ဈေးနှုန်း လျော့ချကာ အရောင်းမြှင့်တင်ရေး လုပ်ခဲ့ပေသည်။ အမှန်တကယ်ပင် လေနှင့်မိုး VCD စက်များသည် အထူးလျော့ဈေးများဖြင့် အရောင်းမြှင့်တင်ရေး တစ်ခု ရှိနေပေသည်။
လေနှင့်မိုး လျှပ်စစ်သည် VCD စက်များကို တီထွင်ခဲ့ပြီး ကနဦးဈေးနှုန်းများ သတ်မှတ်ခဲ့ပေသည်။ အခြားကုမ္ပဏီများနှင့် VCD စက်များ၏ တခြားအမှတ်တံဆိပ်များ ထွက်ပေါ်လာပြီးနောက် လေနှင့်မိုး လျှပ်စစ်သည် ၎င်းတို့၏ VCD စက်များကို ယွမ်(၃၀၀၀)ဖြင့် ရောင်းချ နေဆဲဖြစ်သည်။
ဆိုနီနှင့် တခြားကုမ္ပဏီများသည် လေနှင့်မိုးကို ရယ်မောနေကြဆဲဖြစ်သည်။ လေနှင့်မိနုးသည် နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဟု ထင်နေသည်လော။ ထိုအမှတ်တံဆိပ်သည် ဆိုနီကဲ့သို့ မြင့်မားသည်လော။ အမြတ်အစွန်း မြှင့်တင်ရန် အမှတ်တံဆိပ်ကို အသုံးချရန် ကြိုးစားပါက ကျရှုံးသွားပေလိမ့်မည်။
ဤသည်မှာ အမှန်တရားဖြစ်သည်။ လေနှင့်မိုး VCD စက် ရောင်းအား ကျဆင်းလာသည်။ ဆိုနီမှ နိုရီရိုအိုဂါသည် ထိုအကြောင်း သိသွားသည့်အခါ ဝမ်းသာသွားကြတော့သည်။
သင့် VCD စက်များကို ဈေးကြီးကြီးဖြင့် ရောင်းချနိုင်မည် ထင်နေသည်လော။ နောင်တရနေပြီလော။ သင်ဈေးနှုန်းများဖြင့်ပင် သင့်ကို ကျရှုံးစေလိမ့်မည်။
ယခုမူ လေနှင့်မိုး VCD စက်များသည် အရောင်းမြှင့်တင်ရေးနှင့် ဈေးနှုန်းလျော့ချမှုကို ရုတ်တရက် ကြေငြာခဲ့သည်။ ဤသည်မှာ အကြီးအကျယ် ဈေးဖျက်ခဲ့ခြင်းပင်။ VCD စက်် လက်လီဈေးနှုန်းများသည် ယွမ်(၃၀၀၀)မှ (၁၉၉၉)ယွမ်သို့ ကျဆင်းသွားခဲ့သည်။ အခြား ကုမ္ပဏီများက သူ့တို့ စက်များကို ယွမ် (၂၀၀၀)ကျော်ဖြင့် ရောင်းချခဲ့ပေသည်။ လေနှင့်မိုး သည် ယွမ် ရာဂဏန်း သက်သာပေသည်။
တစ်ချိန်တည်းမှာပင် Aiwa VCD နှင့် AIWA VCD တို့သည်လည်း ၎င်းတို့၏ ဈေးနှုန်း လျော့ချမှုကို ကြေငြာခဲ့ပေသည်။ လေနှင့်မိုး ကဲ့သို့ အတူတူသာပင်။
အခြားသော အမှတ်တံဆိပ်များ အံ့အားသင့်သွားကြသည်။ သုံးဆွဲသူများသည် ၎င်းတို့၏ VCDစက်များ ဝယ်ယူတော့မည် မဟုတ်ချေ။ ထိုအမှတ်တံဆိပ် (၃)ခုသည် VCD စက်များ၏ ရှေးအကျဆုံး အမှတ်တံဆိပ် ဖြစ်ပေသည်။
ယခုနှစ်တွင် ယွမ်တန်ဖိုးသည် အခြားငွေကြေးများနှင့် ယှဉ်ပါက ရုတ်တရက် တန်ဖိုးကျသွားသည်။ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာနှင့် ယှဉ်လျှင် ယွမ်တန်ဘိုးသည် 5:8:1 ခန့်ရှိပေသည်။ ယခုမူ 8:2:1 ဖြစ်နေပေပြီ။ ဆိုလိုသည်မှာ ခွင့်ပြုချက်အတွက် အခကြေးငွေဖြစ်သည့် ကန်ဒေါ်လာ(၅၀)သည် ယွမ် (၄၀၀)ကျော်နှင့်သာ ညီမျှပေသည်။
လေနှင့်မိုး VCD စက်များ၏ လက်လီဈေးနှုန်းများသည် အခြားအမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ (၅၀)ခန့် ကွာခြားပေသည်။ ကုမ္ပဏီများအားလုံး ဒေါသတကြီး ဖြစ်နေကြတော့သည်။
လေနှင့်မိုး လျှပ်စစ်သည် လုပ်ရပ် တော်တော်များလွန်းသွားပေပြီ။ လက်လီဈေးနှုန်းများ လျော့ချကာ အခြားကုမ္ပဏီများသည်လည်း လိုက်လုပ်ရပေတော့သည်။ လက်လီဈေးနှုန်းကို ကန်ဒေါ်လာ (၂၀၀)ခန့်အထိ လျော့ချခဲ့ရတော့သည်။ ၎င်းတို့သည် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကန်ဒေါ်လာ (၁၀၀)ခန့်ဖြစ်ပြီး ခွင့်ပြုခငွေမှာ ကန်ဒေါ်လာ (၅၀)ဖြစ်သည်။ အမြတ်အစွန်း သိပ်မကျန်တော့ချေ။ အမြတ်ငွေ အားလုံးနီးပါးကို လေနှင့်မိုး လျှပ်စစ်မှ လုယူသွားလေပြီ။
စိတ်အနှောက်အယှက် အဖြစ်ဆုံးမှာ ခွင့်ပြုချက် ထုတ်ပြီးနောက် လေနှင့်မိုး လက်လီဈေးနှုန်းများ မလျော့ချခဲ့ပေ။ အခြား ကုမ္ပဏီများသည် စက်ရုံများ မတိုးချဲ့ခင် လေနှင့်မိုးကြောင့် ဈေးနှုန်းများ ကျဆင်းသွားပါက ဆုံးရှုံးမှု ဤမျှ ကြီးမားမည် မဟုတ်ချေ။ ယခုအခါ ကုမ္ပဏီများသည် ထုတ်လုပ်မှု တိုးမြှင့်ထားသည့်အတွက် အမြတ်အစွန်း ကျဆင်းလာသည်။ ဆက်လက်ရပ်တည်ရန်ပင် ခက်ခဲပေတော့မည်။
ဖုန်းယွီသည် ထိုအချိန်၌ လက်လီဈေးနှုန်းများကို စောင့်နေပေသည်။ ထိုကုန်အမှတ်တံဆိပ်ကြီးများသည် သူ့တို့၏ လုပ်ငန်းများကို ချဲ့ထွင်ပြီးနောက် ဈေးနှုန်းများ လျော့ချချိန် စောင့်နေချင်ပေသည်။ ဤသည်ကို အခွင့်အရေးအဖြစ် အသုံးချ ချင်သူပင် ဖြစ်သည်။
ဖုန်းယွီသည် VCD စက်တစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို သေသေချာချာ သိပေသည်။ အစပိုင်းတွင် လေနှင့်မိုး VCD စက်တစ်လုံး ထုတ်လုပ်သည့် ကုန်ကျစရိတ်သည် ယွမ်(၁၀၀၀)ကျော်ပေသည်။ သို့ရာတွင် စက်ရုံအရေအတွက် တိုးလာသည်နှင့်အမျှ အလုပ်သမားများအား လေ့ကျင့်သင်ကြားပေးမှုများဖြင့် စွမ်းဆောင်ရည် မြှင့်တင်ပေးမှု ကြောင့် ကုန်ကျစရိတ်မှာ ယွမ်(၆၀၀)ခန့်အထိ ကျဆင်းသွားခဲ့သည်။ ဖုန်းယွီ၏ အမြတ်ငွေသည် အခြားသော ကုမ္ပဏီများထက် များစွာမြင့်မားကြောင်း ပြသနေပေသည်။ အခြားကုမ္ပဏီများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ယွမ်(၁၀၀၀)ကျော်ပေလိမ့်မည်။
ထိုကုမ္ပဏီများသည် သူတို့၏ ကျွမ်းကျင်မှုများကို တိုးမြှင့်ခဲ့ပေသည်။ အလုပ်သမားများ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မသိကြသေးချေ။ အချို့သော အခြေခံ နည်းပညာများကို ၎င်းတို့ထံ ရောင်းချခြင်းမလုပ် သည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ဆက်လက်တိုးမြင့်နေစေပေလိမ့်မည်။
အမှန်တကယ်တွင် ကုမ္ပဏီများအတွက် ကောင်းပေသည်။ ၎င်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ် ယွမ်(၁၀၀၀)ခန့် ရှိမည်ဆိုပါက သူတို့သည် စက်များကို ယွမ်(၂၀၀၀)ဖြင့် ရောင်းချနိုင်ပေသည်။ သို့ရာတွင် ထိုကုမ္ပဏီများသည် အခွန်၊ သယ်ယူပို့ဆောင်ရေးနှင့် အရောင်းစရိတ်များကို ပေးဆောင်နေရဆဲပင်။ အထူးသဖြင့် တရုတ်ကုမ္ပဏီများတွင် ၎င်းတို့၏ အမြတ်ငွေ မြင့်မားမည် မဟုတ်ချေ။ VCD စက်တစ်ခုအတွက် ဝင်ငွေမှာ ကန်ဒေါ်လာ (၅၀)ခန့် ဖြစ်ပေသည်။
သို့ရာတွင် ဖုန်းယွီ၏ ရုတ်တရက် ဈေးနှုန်းလျော့ချမှုသည် နိုင်ငံခြားရှိ အမှတ်တံဆိပ်များကို အထိနာစေတော့သည်။ ၎င်းတို့သည် VCD စက်များကို ဆက်လက်ထုတ်လုပ်ရန် နည်းလမ်းမရှိတော့ချေ။ သူတို့အတွက် လမ်းနှစ်လမ်းသာ ရှိတော့သည်။ ပထမအချက်မှာ ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် VCD စက်များ ထုတ်လုပ်ရန်ပင်။ ထိုနည်းအားဖြင့် ကုမ္ပဏီများသည် သွင်းကုန်ခွန် ပေးဆောင်ရန် မလိုအပ်ဘဲ သယ်သူပို့်ဆောင်ရေး စရိတ်စက သက်သာစေမည် ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီများသည် တရုတ်ပြည်တွင် စက်ရုံတည်ဆောက်ရပေမည်။ ရင်းနှီးမြုပ်နှံမှု မြင့်မားလာပေလိမ့်မည်။ ဒုတိယ ဖြေရှင်းချက်မှာ တရုတ်ဈေးကွက်မှ စွန့်ခွာခြင်း ဖြစ်သည်။
ပြည်ပ ကုန်အမှတ်တံဆိပ်အများစုသည် တရုတ်ဈေးကွက်မှ နုတ်ထွက်ရန် ရွေးချယ်ခဲ့ကြသည်။ ကုမ္ပဏီများသည် AIWA စက်ရုံခွဲများရှိရာ ဒေသမှလည်း နုတ်ထွက်ခဲ့ပေသည်။ ထိုစက်ရုံများသည် Aiwa။ AIWAနှင့် လေနှင့်မိုး VCDစက်များကို ထုတ်လုပ်လျှက်ရှိပေသည်။
သို့ရာတွင် ထိုကုမ္ပဏီများသည် အာရှ၊ ဥရောပနှင့် အမေရိကန်ဈေးကွက် အများစုကို လေနှင့်မိုးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိခဲ့ကြသည်။
မည်သည့်အတွက် ဤသို့ဖြစ်ရသနည်း။ ကုမ္ပဏီများသည် ဈေးကွက်ဖွင့်ရုံဖြင့် အမြတ်အစွန်း များမြင်ရသည့်အချိန် ဈေးကွက်ကို စွန့်လွှတ်လိုက်ရသည်။ အလဟသ အလုပ်ရှုတ်ခဲ့ရခြင်းပင်။
နောက်ဆုံးတွင် ထိုကုမ္ပဏီများ သဘောတူညီမှု ရခဲ့ပေသည်။ ၎င်းတို့သည် တရုတ်ဈေးကွက်မှ ထွက်ခွာသွားမည် ဖြစ်သည်။ အခြားဒေသများတွင် ဤကုမ္ပဏီများသည် AIWA ထက် စက်ရုံအရေအတွက် ပိုများပေသည်။ သို့အတွက် ယှဉ်ပြိုင်နည်မည် ဖြစ်ပေသည်။
အရေးအကြီးဆုံးမှာ ထိုကုမ္ပဏီများသည် ထိုဒေသမှ ထွက်ခွာပါက သူတို့၏ VCD ဈေးကွက်ဝေစုနှင့် အနာဂတ် DVD ဈေးကွက်ကို ဆုံးရှုံးရပေလိမ့်မည်။
ကုမ္ပဏီများသည် ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ မလုပ်နိုင်ကြချေ။ လက်လီဈေးများလည်း ချပေးခဲ့ရသည်။ ထို့နောက် ကုမ္ပဏီများသည် ဈေးချခဲ့ရသည့်အတွက် အမြတ်အစွန်းအနည်းငယ်သာ ရှိတော့သည်။ သို့ရာတွင် သူတို့သည် ဒေသမှ ထွက်ခွာသွားပါက အမြတ်ပင် ရနိုင်မည် မဟုတ်တော့ချေ။
ဈေးနှုန်းလျော့ချလိုက်ခြင်းသည် ဈေးကွက်ဝေစု ရရှိရန် အမြန်ဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်း ဖြစ်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် အမှတ်တံဆိပ်အများအပြားသည် ဈေးကွက်ဝေစုများ ရရှိရန် ထိုနည်းလမ်းကို သုံးခဲ့ကြပေသည်။ ဈေးကွက်ဝေစုရရှိသည့်အခါ အမြတ်ပိုတိုးလာရန် လက်လီဈေးနှုန်းများ ပြန်တိုးလာမည်ဖြစ်ပေသည်။
ပြည်ပဈေးကွက်တွင်လည်း ရောင်းအား တက်လာပေသည်။ ဖုန်းယွီ တဖန်ပြန်၍ အသာစီးရလာခဲ့သည်။
ကျန်းဝမ်မင်နှင့် ကျန်လူများသည် ဈေးနှုန်းလျော့ချပြီးနောက် ရောင်းအားတိုးလာပြီး အမြတ်ငွေကျဆင်း သွားသည်ကို သတိထားမိပေသည်။ ယခုလအနည်းငယ်အတွင်း VCD အခွေရောင်းအားသည် ၎င်းတို့စိတ်ကူး ထားသည်ထက် ကျော်လွန်လာပေသည်။ လေနှင့်မိုး လျှပ်စစ်သည် ယခင်ကထက် အမြတ်ငွေ ပိုမိုရရှိခဲ့သည်။
ကုမ္ပဏီအသီးသီးမှ ကောက်ခံထားသည့် ခွင့်ပြုချက် အခကြေးငွေများလည်း ရှိသေးသည်။
ဖုန်းယွီသည် အခြားကုမ္ပဏီများ၏ လက်လီဈေးနှုန်းများ ကျဆင်းပြီးနောက် ၎င်းတို့၏ အရောင်းမြှင့်တင်ရေး ဒုတိယ အစီအစဉ် စတင်ခဲ့ပေသည်။ VCD စက်တစ်လုံးဝယ်ကာ ရုပ်ရှင်နှင့် သီချင်းခွေ အခမဲ့ ပေးနေပေသည်။
ရုပ်ရှင်ကြည့်ရန်၊ သီချင်းနားထောင်ရန်၊ သို့တည်းမဟုတ် သီချင်းဆိုရန် VCD စက်များကို လူအများစု ဝယ်ယူကြပေသည်။ သုံးစွဲသူများသည် စက်နှင့် အခွေများ ဝယ်ယူကြရသည်။ သုံးစွဲသူများ စုစုပေါင်း ပမာဏမှာ အလွန်များပြားပေသည်။ လောင်စာဆီထည့်ရသည့် ကားဝယ်ထားသည်နှင့် တူနေပေသည်။ ရုပ်ရှင်ခွေများ ဝယ်ယူသည့်အခါ သုံးစွဲသူများ တုန်လှုပ်မှုကို ခံစားရမည် မဟုတ်ချေ။ သို့ရာတွင် အခွေသုံးစွဲမှု ပမာဏ စုပေါင်းလိုက်ပါက အလွန်များပြား လွန်းလှပေသည်။
မူပိုင်ခွင့်၊ သယ်ယူပို့ဆောင်ရေး၊ စသည်တို့အပါအဝင် အခွေတစ်ချပ်၏ ကုန်ကျစရိတ်သည် (၁၀)ယွမ်အောက်သာရှိ ပေသည်။ အခမဲ့ ခွေများသည် ယွမ်(၂၀)သာ တန်ဖိုးရှိပေသည်။
“မန်နေဂျာဖုန်း.. ငါတို့ရောင်းအား ထပ်ပြီးတိုးလာတယ်.. မင်းအကြံပေးလိုက်တဲ့ အရောင်းမြှင့်တင်ရေးက အရမ်း တန်လွန်းတယ်..”
ကျန်းဝမ်မင် စိတ်လှုပ်ရှားစွာ ပြောနေပေသည်။
“ဒါ ဘာမှ မဟုတ်သေးဘူး.. နောက်လာမယ့် အရောင်းမြှင့်တင်ရေးက ကံစမ်းမဲတွေ ပေးအုံးမှာ.. ငါတို့ ပစ္စည်းဝယ်တဲ့သူတိုင်း ကံစမ်းမဲ ခံစားခွင့်ရှိတယ်.. ထိပ်တန်းဈေးနှုန်းက သုံးစွဲသူတွေ ဝယ်သွားတာကို အပြည့်အဝပြန်အမ်းပေးမှာ.. ဒုတိယဆုက (၅၀)ရာခိုင်နှုန်းပေါ.. တတိယဆုက အရွက်မဲ့ပန်ကာလေ.. နှစ်သိမ့်ဆုက ရုပ်ရှင် ဒါမှမဟုတ် သီချင်း VCD ခွေတွေ… အားလုံး တစ်ခုခု ခံစားနိုင်အောင် ဗလာမပါ ကံစမ်းမဲပေါ့..”
ဖုန်းယွီ ယခင်ဘဝတွင် သုံးခဲ့သည့် အရောင်းမြှင့်တင်ရေး နည်းဗျူဟာ အနည်းငယ်ကို သုံးလိုက်သည်။ ထိုနာမည်ကြီး အမှတ်တံဆိပ်တို့သည် အရောင်းမြှင့်တင်ရေး နည်းစနစ်တစ်ခု မည်သူက စတင်သည်ကို မသိလိုက်ဘဲ ကျရှုံးသွားရပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)