← Chapters

အရောင်းမြှင့်တင်ရေးများ (၂)

Vol. 43 Ch. 633

အရောင်းမြှင့်တင်ရေးများ (၂)

Vol. 43 Ch. 633

အရောင်းမြှင့်တင်ရေး ဒုတိယအဆင့် စတင်ချိန်တွင် အခြားသော VCD စက်အမှတ်တံဆိပ်များ ရူးသွပ်ကုန်ကြ တော့သည်။ အချိန်တစ်ခုကြာပြီးသည်နှင့် ဤအရောင်းမြှင့်တင်ရေးသည် ပြီးဆုံးသင့်ပြီ မဟုတ်ပေလော။ ဤ အရောင်းမြှင့်တင်ရေးသည် (၂)ပတ်နီးပါး ရှိပြီ ဖြစ်သည်။ ယခုမူ ဒုတိယအဆင့်ပါ စတင်နေပေပြီ။ ဤသို့ အစီအစဉ်အများအား မည်သို့သောသူ ပြုလုပ်မည်နည်း။

အခြားကုမ္ပဏီတစ်ချို့သည်လည်း အခွေများ ပေးအပ်သည်မှလွဲ၍ ကံစမ်းမဲ အစီအစဉ်များ ရှိနေပေသည်။ လက်တစ်ဆုပ်စာသာ ထိပ်တန်းဆုများ ဆွတ်ခူးနိုင်မည် ဖြစ်ပြီး (၉၉)ရာခိုင်နှုန်းသော သုံးစွဲသူများသည် VCD အခွေများသာ ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများစွာသည် လေနှင့်မိုး VCD စက်ဝယ်ယူရန် ပို၍ နှစ်သက်ကြပေသည်။ ဤကမ္ဘာပေါ်မှလူတိုင်းအားလုံးနီးပါးသည် အံ့ဩစရာများကို ကြိုက်နှစ်သက်ကြပေသည်။

ဖိလစ်သည် VCD စက်များ မထုတ်လုပ်သော်လည်း VCD အခွေ များကို ထုတ်လုပ်ခဲ့သည်။ ၎င်းတို့သည် ယခုအခါ ကမ္ဘာ့နံပတ်(၃) VCD အခွေ ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

ဖုန်းယွီသည် ဖိလစ်အား အသိပေးပြီး ဖိလစ်သည် VCD စက်များ ထုတ်လုပ်မည့် စိတ်ကူးကို စွန့်လွှတ်ကာ VCD အခွေ နည်းပညာများကိုသာ အာရုံစိုက်ထားသော ကြောင့် ဖြစ်သည်။

(၁)လခန့်အတွင်း ဖိလစ်သည် စွမ်းအားမြင့် VCD စက်များ မိတ်ဆက်ပေးတော့မည်ပင်။

ဖိလစ်သည် ဈေးပေါသည့် ကုန်ပစ္စည်းများ မထုတ်လုပ်ချင်ကြချေ။ အကောင်းဆုံးသော ထုတ်ကုန်များကိုသာ ရောင်းချလိုကြသည်။ ဤသည်မှာ အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ အနေအထားကြောင့်ပင် ဖြစ်တော့သည်။

ဈေးဖျက်ကာ အရောင်းမြှင့်တင်ရေးပွဲများသည် အမှတ်တံဆိပ် ပုံသဏ္ဍာန်ကို ထိခိုက်စေမည် ဖြစ်ပြီး ဖိလစ်လိုချင်သည့် ပုံရိပ် မဟုတ်ချေ။

သို့ရာတွင် ဖုန်းယွီမှာမူ ရအောင် လုပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဈေးနှုန်းဖျက်ပြီးသည့်တိုင် VCD တွင် အမြတ်အစွန်းများစွာ ကျန်နေဆဲပင်။ လေနှင့်မိုး အမှတ်တံဆိပ်သည်လည်း ဩဇာလွှမ်းမိုးနိုင်မှု တိုးမြှင့်စေလာတော့ သည်။

သူ၏ အမှတ်တံဆိပ် နှင့်ပတ်သက်၍ ဖုန်းယွီတွင် အခြားလှည့်ကွက်များ ရှိနေသေးပေသည်။

အခွေများ ထုတ်လုပ်မည်လော။ ဈေးဖျက်ခြင်း ဗျူဟာကို မိမိတို့ လက်ခံထားပြီးဖြစ်သည်။ အချို့သော အခွေများ ထုတ်ခြင်းမှာ မည်သည့်အရာမှာ မည်မျှ အရေးကြီးသနည်း။ အလားတူ အရောင်းမြှင့်တင်ရေးပွဲများ ပြုလုပ်နိုင်ပေသည်။

ထို့ကြောင့် VCD ထုတ်လုပ်သူအားလုံးသည် ၎င်းတို့၏ ဈေးနှုန်းများကို လျော့ချပြီး VCD အခွေများကို အခမဲ့ ပေးဝေလာကြတော့သည်။ လေနှင့်မိုး VCD စက်သည် အခွေ(၂)ချပ်ကို လက်ဆောင်အဖြစ် အခမဲ့ ပေးအပ်နေသည် လော။ (၃)ချပ် သို့တည်းမဟုတ် (၅)ချပ် ပေးလိုက်ပေမည်။

ကံစမ်းမဲ စနစ်ပြုလုပ်ထားသည်လော။ မိမိတို့သည်လည်း ဤသို့ ပြုလုပ်နိုင်ပေသည်။ ကံစမ်းမဲသည်လည်း ထပ်တူ ပြုလုပ်သွားမည်ပင်။ သို့ရာတွင် ဆုများကို ပိုကောင်းအောင် ပေးမည်ဖြစ်သည်။ မိမိတို့သည် အခြားထုတ်ကုန်များကို ထုတ်ပေးမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့သည့် ဈေးကွက်လက်ကျန်ပစ္စည်းများကို ရှင်းလင်းနိုင်ပေသည်။

ကျန်းဝမ်မင်းသည် ဖုန်းယွီအား ဆက်သွယ်ပြီး အခြားကုမ္ပဏီများသည် သူ့တို့၏ အရောင်းမြှင့်တင်ရေးကို အတုယူလာကြောင်း ပြောလိုက်သည်။ အထူးသဖြင့် တိုရှီဘာပင်။ ၎င်းတို့၏ အရောင်းမြှင့်တင်ရေး နည်းလမ်းသည် မိမိတို့နှင့် ထပ်တူပင်နီးပါးပင်။ ဤအတိုင်း ဆက်သွားပါက အခြားကုမ္ပဏီများ၏ ရောင်းအားသည် ပုံမှန်အတိုင်း မြင့်တက်လာပေလိမ့်မည်။

တခြားသော အမှတ်တံဆိပ်များသည်လည်း အတုယူလာကြပေပြီ။ ပြဿနာ လုံးဝမရှိချေ။ ဖုန်းယွီထံတွင် လှည့်ကွက်များ ရှိနေသေးသည်။ သူ့ယခင်ဘဝတွင် အရောင်းမြှင့်တင်ရေးပွဲ အမျိုးမျိုး ပြုလုပ်ခဲ့ကြရာ၌ တရုတ် လူမျိုးများသည် အကောင်းဆုံး ဖြစ်ပေသည်။

ဖုန်းယွီ ယခင်ယဝက အရောင်းမြှင့်တင်ရေးပွဲ တစ်ခုမှ မပြုလုပ်ခဲ့ဖူးသော်လည်း ပြုလုပ်နည်းများ တွေ့ခဲ့ရသည်။ အနည်းငယ်ကို အလွယ်တကူ တုပနိုင်ရုံဖြင့် ထိုကုမ္ပဏီများ လိုက်မှီနိုင်မည် မဟုတ်ချေ။

*****

အရောင်းမြှင့်တင်ရေး ဒုတိယအဆင့် အပြီးတွင် ဖုန်းယွီသည် ခွင့်ပြုချက် ဝယ်ယူထားသည့် ကုမ္ပဏီများကို ထပ်မံ၍ သွေးအံစေပြန်သည်။ ထိုကုမ္ပဏီများသည် ဒုတိယအဆင့်ကို အဆုံးသတ်ဟု မှတ်ယူခဲ့မိကြသော်လည်း အရောင်း မြှင့်တင်ရေး တတိယအါဆင့်ကို စတင်ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက် အရောင်းပြပွဲ။ ကျောင်းသားများအတွက် (၁၀)ရာခိုင်နှုန်း လျော့ဈေးရရှိမည် ဖြစ်ပေသည်။

ထို VCD စက်ကုမ္ပဏီများ အံ့အားသင့်သွားကြတော့သည်။ ဤအရောင်းမြှင့်တင်နည်းမှာ မည်သို့နည်း။

VCD စက်များကို အမေရိကန်တွင် အိမ်သုံးပစ္စည်းများအဖြစ် သတ်မှတ်ခဲ့သည်။ ကျောင်းသားများသည် မည်သို့ တတ်နိုင်မည်နည်း။ ကျောင်းသားများ ဝယ်ချင်လျှင်ပင် တတ်နိုင်မည်လော။ ကျောင်းသားဖြစ်ကြောင်း သက်သေပြနိုင်သူ မည်သူမဆို (၁၀)ရာခိုင်နှုန်း လျှော့ဈေးရရှိမည်လော။ ဤသည်မှာ သောက်ရေခွက်အတွင်း ငါးမျှားနေခြင်းမျိုးသာပင်။

အခြားသော ကုမ္ပဏီများသည် လေနှင့်မိုးအား လှောင်ပြောင် ရယ်မောနေကြသော်လည်း ကိစ္စတစ်ခု ဖြစ်ပျက်သွားကြောင်း သူတို့ သိလိုက်ရသည်။ မိဘ တော်တော်များများသည် သူတို့ ကလေးများကို VCD စက်ဝယ်ယူရန် ခေါ်ခဲ့ကြတော့သည်။ သူတို့ကလေးများသည် ကျောင်းသားမှန်သော်လည်း ငွေမရှိချေ။ ဤသည်က ပြဿနာမဟုတ်ချေ။ မိဘများ တတ်နိုင်ပေသည်။

ဤသို့ဖြင့် VCD ထုတ်လုပ်သူများ၏ ကတ်ဆိုးကြီး ပြန်စလာပြန်ပေပြီ။ သူတို့၏ ရောင်းအား ပိုမိုကျဆင်းလာပြီး လေနှင့်မိုး၏ ရောင်းအား တိုးလာတော့သည်။

ဤအရောင်းမြှင့်တင်ရေး အမျိုးအစားသည် သုံးစွဲသူများအတွက် ဟာကွက်ချန်ပေးထားခြင်းပင်။ ဤသည်မှာ သုံးစွဲသူများသည် အတွေးအခေါ် ကောင်းကောင်းနှင့် ဤအရောင်းမြှင့်တင်ရေးအပေါ် အခွင့်အရေးယူနိုင် ကြသည်ဟု ခံစားရပေလိမ့်မည်။ သို့ရာတွင် အရောင်းမြှင့်တင်ရေး၏ ရည်ရွယ်ချက်မှာ သုံးစွဲသူများထံ ပစ္စည်းများ ရောင်းချကာ အမှတ်တံဆပ်ကို အိမ်ထောင်စုများသို့ ပျံ့နှံ့ရောက်ရှိစေရေးပင် ဖြစ်တော့သည်။

အရောင်းမြှင့်တင်ရေး တတိယအဆင့် စတင်သည်မှာ ဒုတိယအဆင့်သည်လည်း အဆုံးမသတ်သေးချေ။ အရောင်းမြှင့်တင်ရေး (၂)မျိုးစလုံးကို တစ်ချိန်တည်းတွင် ဆက်လက် လုပ်ဆောင်နေပေသည်။ အခြားသော VCD စက်ထုတ်လုပ်သူများသည် ဖိအားကြီးကြီးအောက်သို့ ရောက်သွားကြတော့သည်။

သို့ရာတွင် တစ်ချို့ကုမ္ပဏီများသည် လေနှင့်မိုး၏ အရောင်းမြှင့်တင်ရေး နည်းလမ်းများအတိုင်း လိုက်လုပ်ရန် ကြိုးစားကြသည့်အခါ ရလတ်များသည် ကျေနပ်စရာ မဟုတ်ကြောင်း သိလိုက်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် လေနှင့်မိုး နှင့် Aiwa ၏တတိယအဆင့် အရောင်းမြှင့်တင်ရေးပွဲများသည် (၃)ရက်သာ ကြာချိန်အတွင်း VCD စက်များ ဝယ်ယူလိုသည့် မိသားစုများက ဝယ်ယူထားပြီး ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သုံးစွဲသူများသည် VCD စက်များကို ဝယ်ယူပြီး ဖြစ်သွားကြပေပြီ။

အရောင်းမြှင့်တင်ရေး (၃)ရက်တာကာလမှ ရောင်းအားသည် ယခင်လ ရောင်းအားထက်ပင် ပိုများနေသေးတော့သည်။ အခြား ကုမ္ပဏီများ စကားမပြောနိုင်တော့သည်မှာ (၃)ရက်အကြာတွင် ထိုအရောင်းမြှင့်တင်ရေးပွဲ ထပ်မံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်နည်းဟူမူ သုံးစွဲသူများမှ ထိုအရောင်းမြှင့်တင်ရေးပွဲကို သက်တမ်းတိုးစေလိုသောကြောင့် ဟူသတည်း။

ဤသည်မှာ မည်မျှ မဆီလျော်သည့် အကြောင်းပြချက် ပေနည်း။ သုံးစွဲသူများအနေဖြင့်မူ VCD စက်များကို အလကားပင် လိုချင်နေကြပေသည်။ ထိုသို့သော တောင်းဆိုချက်ကို မည်သည့်အတွက် လက်မခံခဲ့သနည်း။

အခြားကုမ္ပဏီများ အကူအညီမဲ့နေချိန်တွင် လေနှင့်မိုး၊ Aiwa၊ AIWA အမှတ်တံဆိပ်များသည် ၎င်းတို့ထက် ပိုကောင်းကြောင်းကိုမူ ဝန်ခံရမည်ဖြစ်သည်။ ထိုကုမ္ပဏီ(၃)ခု၏ ဂိုဒေါ့င်အတွင် အမှာစာများ ထပ်နေစေတော့သည်။

ကုမ္ပဏီများသည် နောက်ထပ် ကြီးမားသည့် ပြဿနာတစ်ခုကို သတိပြုမိသွားကြသည်။ လေနှင့်မိုး လျှပ်စစ်အတွက် ပေစဆောင်သည့် မူပိုင်ခွင့် ခွင့်ပြုချက် အခကြေးငွေသည့် ထုတ်လုပ်သည့် VCD စက်အရေအတွက်အပေါ် အခြေခံထားကာ ထိုစက်များ မရောင်းရသေးချေ။ သူတို့အနေဖြင့် မည်သည့် အမြတ်အစွန်းမှ မရသေးသည့်တိုင် လေနှင့်မိုးမှ မူပိုင်ခွင့် ခွင့်ပြုချက် အခကြေးငွေ ကောက်ခံနေမြဲသာပင်။

ကုမ္ပဏီများသည် ပြီးခဲ့သည့် လအနည်းငယ်အတွင်း VCD စက်များ၏ ဈေးနှုန်း ကျဆင်းသွားသည့်အခါ လေနှင့်မိုး လျှပ်စစ်သည် အဘယ့်ကြောင့် တုန့်ပြန်မှု မရှိခဲ့သည်ကို နားလည်သွားကြတော့သည်။ လေနှင့်မိုးသည် ၎င်းတို့၏ ထုတ်လုပ်မှု တိုးမြှင့်စေလိုသည့်အတွက်ပင် ဖြစ်တော့သည်။

ယခုအခါ ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်း လည်ပတ်မှုနှင့် ထုတ်လုပ်မှုကို တိုးမြှင့်လိုက်ရာ လေနှင့်မိုး VCD စ်ကများသည် ၎င်းတို့ဈေးနှုန်းများ ရုတ်တရက် ကျဆင်းသွားကာ အရောင်းမြှင့်တင်ရေးပွဲများ ထွက်ပေါ် လာတော့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ ဤကုမ္ပဏီများအား VCD စက်များ သိုလှောင်ထားရန်ဖြစ်ပေသည်။

ထိုးနှက်မှု ပြင်းထန်လွန်းလှပေသည်။

ကုမ္ပဏီများ လက်တွင်း ပိတ်မိနေတော့သည်။ ဈေးနှုန်းများ ဆက်လက် ကျဆင်းနေပေါက အမြတ်အစွန်းရှိလာမည် မဟုတ်တော့ချေ။ မည်သို့မှ မလုပ်လျှင်လည်း ထိုကုမ္ပဏီ အမှတ်တံဆိပ်များ စုပေါင်း ရောင်းအားမှာ လေနှင့်မိုးထက် နည်းသွားပေတော့မည်။ အမြတ်လည်း ရမည် မဟုတ်တော့ချေ။

နောက်ဆုံးတွင် ကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်ပစ္စည်းများကို အလွန်စက်ဆုပ်ရွံရှာဖွယ်ရာများအဖြစ် ရှုမြင် လာကြတော့သည်။ ကနဦးတွင် ကုမ္ပဏီများသည် ခွင့်ပြုချက် အခကြေးငွေ ကန်ဒေါ်လာ(၅၀)ကို မြင့်မားခြင်း မရှိဟု ခံစားခဲ့ရပြီး ၎င်းတို့သည် ကောင်းမွန်သည့် အပေးအယူတစ်ခုဟု ထင်မြင်ခဲ့ကြပေသည်။

နောက်ဆုံးတွင်မူ ဤသည်မှာ ထောင်ချောက်တစ်ခု ဖြစ်နေပေသည်။

ကုမ္ပဏီများသည် ဈေးူကွက်အတွင်းသို့ အမှတ်တံဆိပ်များစွာကို မိတ်ဆက်ခဲ့ပြီး ဗွီဒီယိုတိတ်ခွေစက်နှင့် လေဆာ များကို အနိုင်ယူခဲ့ပေသည်။ အကျိုးအမြတ် ရယူချိန်တန်ပြီဟု ထင်နေမိကြပေသည်။

သို့ရာတွင် သူတို့အား စောင့်ကြိုနေသည်မှာ ကန္တာရလွင်ပြင်ပေါ်မှာ နွေနေ၏ အပူဒဏ်ပင် ဖြစ်နေတော့သည်။ လေနှင့်မိုး ၊ Aiwa နှင့် AIWA အမှတ်တံဆိပ်များသည် ၎င်းတို့ကို နေ(၃)စင်း တောက်လောင်နေသကဲ့သို့ ပူလောင် စေတော့သည်။

ကုမ္ပဏီများသည် နေရောင်အောက်တွင် ခံစားနေကြရတော့သည်။ ခြောက်သွေ့လုနီးပါး ဖြစ်သဖြင့် အသီးအပွင့်များ ကိုမမြင်တွေ့နိုင်ကြတော့ချေ။

မျှော်လင့်ချက်ဖြင့် အရသာကောင်းကောင်းနှင့် ကြီးမားဖောင်းကားနေသည့် အသီးပင်များ စိုက်ပျိုးခြင်းဖြင့် မိမိတို့ အဆင်ပြေနေပေသည်။ သို့ရာတွင် ရိတ်သိမ်းချိန်တွင်မှ အပင်များအားလုံး သတ်ပစ်လိုက်သည်လော။ အသီးအကင်း များပင် မတွေ့မြင်လိုက်ရချေ။ စိတ်အနှောက်အယှက် အပေးဆုံးကိစ္စမှာ ထိုအပင်များ၏ မျိုးစေ့ကို မိမိတို့အား ရောင်းချပေးခဲ့သူမှာ ထိုသူပင် မဟုတ်ပေလော။

ယခုမူ မိမိတို့မှာ အသီးအနှံရောင်းချနေသည့် ထိုသူကို ဘေးမှ ရပ်ကြည့်နေရသည့် အဖြစ်မျိုးသာပင်။

ဆိုနီသည် ကုမ္ပဏီများတွင် အပျော်ဆုံး ဖြစ်သည်။ အခြားကုမ္ပဏီများသည် ငွေကြေး ဆုံးရှုံးခဲ့ပြီး ကံကောင်းစွာဖြင့် ဆိုနီသည် VCD စက်များကို ကိုယ်တိုင် မထုတ်လုပ်နိုင်ခဲ့ချေ။ တိုရှိဘာနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် VCD စက်လုပ်ငန်းတွင် ဆုံးရှုံးမှု အနည်းငယ် တွေ့ကြုံခဲ့ရသော်လည်း VCD အခွေများကို လျှင်မြန်စွာ ရောင်းချနိုင်ခဲ့ ပေသည်။ ဤအစီအစဉ်မှာ စက်များထက် ပို၍ အမြတ်များပေသည်။

ယခင်က ဆိုနီကို လှောင်ပြောင်ခဲ့သည့် ကုမ္ပဏီများ အံ့အားသင့်သွားတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters