သောမတ်စ်သည် စွမ်းအားမြှင့် VCD စက်များ မည်သည့်အချိန်တွင်
Vol. 43 Ch. 634
မိတ်ဆက်ပေးသင့်သည်ကို ဖုန်းယွီနှင့် ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ထပ်မံရောက်လာတော့သည်။
ဖိလစ်သည် သာမန်VCD စက်များကို ထုတ်လုပ်မည်မဟုတ်ကြောင်း သဘောတူထားသော်လည်း စွမ်းအားမြင့် VCD စက်နည်းပညာများသည် အသင့်ဖြစ်နေပေပြီ။ ဆက်လက်စောင့်ဆိုင်းနေသည်မှာ အချိန်ဖြုန်းခြင်းဟု သောမတ်စ် ခံစားနေမိသည်။
“မစ္စတာဖုန်း ကျုပ်တို့တွေ စက်တင်ဘာလမှာ စွမ်းအားမြင့် VCD စက်တွေကို မိတ်ဆက်ပေးမယ်လို့ သဘောတူ ထားကြပေမယ့် အခုဆို VCD စက် ဈေးကွက် မြင့်လာနေပြီ.. ဗွီဒီယို တိတ်ခွေစက်တွေက အခုဆို သမိုင်းတစ်ခု ဖြစ်သွားပြီ.. စွမ်းအားမြင့် VCD အတွက် ရက်သတ်မှတ်သင့်ပြီမို့လား..”
သောမတ်စ် မေးခွန်းထုတ်လိုက်တော့သည်။
ဖုန်းယွီ ခေါင်းညိတ်ကာ..
“မှန်ပါတယ်.. နည်းပညာနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး.. ဒီနှစ်မှာ ပထမမျိုးဆက်နဲ့ နောက်နှစ်မှာ ဒုတိယ မျိုးဆက် မိတ်ဆက်လို့ရပြီ.. ဒါပေမယ့် ခလုပ်တွေနဲ့ ရောင်းအား အနေအထားလိုမျိုး ကျုပ်တို့ရဲ့ အပြင်ပိုင်း ပုံစံတွေ ကွဲပြားသင့်တယ်လို့ အကြံပေးချင်တယ်.. ဒါပေမယ့် အဝေးထိန်း ခလုပ်ကတော့ အတူတူပဲ ဖြစ်သင့်တယ်..”
“ခင်ဗျားတို့ တရုတ်တွေက အနီရောင် ကြိုက်တယ်ဆိုတာ ကျုပ်နားလည်ပါတယ်.. အနီရောင်ကို ချန်ပြီး တခြား အရောင်တွေ သုံးမယ်လေ.. ငွေရောင်၊ မီးခိုးရောင်နဲ့ အနက်ရောင်တွေ အဓိကထားသုံးမယ့်အပြင် ဒီဇိုင်းတစ်ခုမှာ အရောင်(၂)မျိုးထားမယ်.. အရောင်ကွဲနဲ့ မော်ဒယ်(၃)မျိုး မိတ်ဆက်ပေးလို့ရတယ်..”
သောမတ်စ်သည် ဒီဇိုင်းများကို စဉ်းစားပြီးသား ဖြစ်ပြီး ပင်မ အိမ်သုံး ပစ္စည်းများအတွက် အသုံးပြုလေ့ရှိသည့် လူကြိုက် အများဆုံး အရောင်များကို ရွေးချယ်ထားပေသည်။
“ကောင်းပြီလေ.. ပြီးတော့ မီးခိုရောင်မသုံးဘဲ သူနဲ့ လိုက်ဖက်တဲ့ တခြားအရောင်တွေ သုံးမယ်.. စွမ်းအားမြင့် VCD စက်လိုမျိုး အသံချဲ့စက်အတွက် အရောင်တူတွေ ကျုပ်တို့သုံးမှာမို့လား.. ခင်ဗျားအဆင်ပြေရဲ့လား..”
အသံချဲ့စက်ဟူသည်မှာ အသံစနစ်၏ အခြေခံ အစိတ်အပိုင်းများအတွင်းမှ တစ်ခု ဖြစ်သည်။ ၎င်းသည် အိမ်တွင်း ရုပ်ရှင်ရုံနှင့် ကာရာအိုကေကဲ့သို့ ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်စေသည့် အသံစနစ် ထုတ်ပေး ပေလိမ့်မည်။
ဖိလစ် အသံချဲ့စက်ကို AV ချဲ့စက်ဟု ခေါ်ပေသည်။ အသံလိုင်း (၄)လိုင်းနှင့် ပတ်ပတ်လည် အသံများ ပါဝင်ပေသည်။ ရုပ်ရှင်ကြည့်သည့်အခါ ပတ်ဝန်းကျင် အသံများမှာ လက်တွေ့နှင့် ထပ်တူကျကာ ရုပ်ရှင်ရုံအတွင်း ကြည့်ရှုနေရသကဲ့သို့ ခံစားရပေသည်။ ဤလုပ်ဆောင်ချက်ကို အဓိကအားဖြင့် အိမ်တွင်း ရုပ်ရှင်ကြည့်လိုသော သုံးစွဲသူများကို ပစ်မှတ်ထားရန် ရည်ရွယ်ထားပေသည်။
AIWA အသံချဲ့စက်မှာ HI-FI အသံချဲ့စက် ဖြစ်သည်။ Hi-Fi သို့တည်းမဟုတ် High fidelity တွင် အသံလိုင်း (၂)ခုသာ ပါပြီး တေးသီချင်းများအတွက် အသင့်တော်ဆုံးဖြစ်သည်။ ဤလုပ်ဆောင်ချက်၏ အဓိက ပစ်မှတ်မှာ KTV ၊ နိုက်ကလပ်များနှင့် နားနေခန်းများ အတွက်ဖြစ်သည်။
ထိုနည်းပညာမှာ မရှုတ်ထွေးချေ။ ဖိလစ်နှင့် AIWA တို့သည် စမီကာများကို ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီ နှစ်ခုစလုံးသည် ၎င်းတို့၏ နည်းပညာများကို ဖလှယ်ခဲ့ကြပြီး အဆင့်မြှင့်တင်ခဲ့ကြပေသည်။
“ဒါဆို ကျုပ်တို့ရဲ့ စွမ်းအားမြင့် VCD စက်တွေနဲ့ ဘယ်လိုမျိုး အခမဲ့ လက်ဆောင်တွေ ပေးသင့်လဲ.. သီချင်းခွေကလွဲပြီး ဘာတွေ ပေးသင့်သေးလဲ..”
သောမတ်စ် အကြံဉာဏ်တောင်းလာလေသည်။ အရောင်းမြှင့်တင်ခြင်း အပိုင်းတွင် လေနှင့်မိုးသည် ၎င်းတို့ထက် ပိုသာလွန်သည် မဟုတ်ပေလော။
“မိုက်(၂)လုံး၊ အခွေတွေကို သန့်ရှင်းရေးလုပ်ဖို့ ပစ္စည်းတွေနဲ့ VCD သိမ်း သေတ္တာတွေ..”
“မစ္စတာဖုန်း.. မိုက်တွေက သီချင်းဆိုဖို့ဆိုတာ ကျုပ်သိတယ်.. သန့်ရှင်းရေး ပစ္စည်းကလဲ အခွေတွေကို သန့်ရှင်းရေး လုပ်ဖို့.. ဒါတွေအကုန်လုံး ကျုပ်တို့ ဖောက်သည်တွေကို ပေးတာ ပုံမှန်ပါပဲ.. ဒါပေမယ့် VCD သိမ်းမယ့် သေတ္တာ လက်ဆောင်ပေးတာက ဘာကြောင့်လဲ…”
သောမတ်စ် အံ့ဩသွားသည်။ သိမ်းဆည်းသေတ္တာ ထုတ်ပေးခြင်းသည် အဓိပ္ပါယ် မရှိချေ။
ဖုန်းယွီ အပြုံးဖြင့်ပင်..
“မစ္စတာသောမတ်စ်.. အိမ်မှာ TV အကြီးကြီး တစ်လုံးရှိတယ်.. အဲ့အပေါ်မှာ တီဗွီ သေးသေး တစ်လုံးရှိရင် စိတ်မသက်မသာ ခံစားရမှာလား.. တီဗွီကို ပုံးနဲ့ ထားချင်တာနဲ့ ဒီထက်ပိုကြီးတဲ့ တီဗွီတစ်လုံး ထပ်ဝယ်အုံးမှာလား..”
“ငါ လုပ်လိုက်ပါမယ်.. ဒါပေမယ့် အိမ်ထောင်စု တော်တော် များများက တီဗွီ သေးသေးတွေပဲ တတ်နိုင်ကြတာ..”
ဖုန်းယွီ လက်ချောင်းများ ဆွဲရင်းဖြင့်ပင်..
“မှန်တယ်.. သူတို့တွေ တီဗွီသေးသေးတွေကိုပဲ တတ်နိုင်တယ်.. တီဗွီကြီးကြီး ဝယ်ချင်ပေမယ့် ငွေ အကုန်ခံမှာ မဟုတ်ဘူး.. ဒါပေမယ့် အခွေတွေကတော့ မတူဘူး.. အခွေတစ်ခွေကို (၂)ဒေါ်လာကနေ (၃)ဒေါ်လာလောက်ပဲ ကုန်ပြီး ဈေးအကြီးဆုံးဆိုရင် (၅)ဒေါ်လာလောက်ပဲ ရှိတယ်.. VCD စက်ဝယ်ထားတဲ့သူတွေ VCD သိမ်းနိုင်တဲ့ သေတ္တာလေးမြင်လိုက်လို့ရှိရင် နောက်ထပ် အခွေတွေ မဝယ်ချင်ဘူးထင်လား..”
သောမတ်စ်၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့်..
“မစ္စတာဖုန်း.. မင်း တကယ်ကို ဉာဏ်ကြီးရှင်ပဲ.. ဟုတ်တယ်.. တီဗွီ အသစ်ဝယ်ဖို့သာ ငွေမသုံးချင်ရင်နေမယ်.. CD သိမ်း သေတ္တာလေးထဲမှာ CD အခွေတွေ ထပ်ဖြည့်ဖို့တော့ တတ်နိုင်ကြတယ်.. ကလေးတွေတောင် ဝယ်နိုင်သေးတယ်… သေတ္တာလေးထဲမှာ CD တစ်ချပ်တည်း ရှိမယ်ဆိုရင် လူတွေရဲ့စိတ်ထဲမှာ အဆင်မပြေမှုတွေ ခံစား သေချာပေါက် နောက်ထပ် CD ခွေတွေ ဝယ်မှာပဲ… ကျုပ်တို့က မူရင်း VCD အခွေ အများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ(၂)ခုလေ.. ဒီနည်းနဲ့ဆို ငါတို့ အခွေတွေ ဝယ်မယ့် အခွင့်အလမ်း များသွားမှာ..”
ဖုန်းယွီ ယခင်ဘဝက တွေ့ကြုံခဲ့ဖူးပေသည်။ VCD စက်တစ်လုံးဝယ်ပြီး အခမဲ့ လက်ဆောင်အဖြစ် CD ခွေသိမ်း သေတ္တာလေးတစ်ခု ပါလာတော့သည်။ ထို သေတ္တာလေးအတွင်း VCD အခွေတစ်ချပ်သာ မြင်ရ၍ အဆင်မပြေချေ။ မိမိကိုယ်တိုင်ပင်လျှင် စိတ်အဆင်မပြေချေ။ သူသည်လည်း လိုအပ်သည့် နေရာများတွင် VCD အခွေများ ဖြည့်ချင်နေပေသည်။ သိုလှောင် သေတ္တာလေးကို ဘေးဖယ်ထးနိုင်သော်လည်း အမှိုက်တစ်ခုဟု ခံစားနေမိသည်။ VCD သိမ်းဆည်းသေတ္တာလေးကို VCD စက်ဘေးနားတွင် ထားသင့်ပေသည်။
တီဗွီအိမ် အဟောင်းများသည် အမှန်တယ်ကြီးမားလွန်းကာ အောက်ခြေပိုင်းတွင် အံဆွဲများလည်း ပါပေသည်။ သို့ရာတွင် အသစ်ထွက်လာသည့် တီဗွီအိမ်များမှာမူ ဒီဇိုင်းကွဲပြားသွားပေသည်။ စင်ငယ် (၂)ခု(၃)ခုခန့် ပါရှိပြီး VCD စက် သို့တည်းမဟုတ် စပီကာများ ထားရန် အသုံးပြုနိုင်ပေသည်။ အံဆွဲသည် စင်အောက်ခြေတွင်ရှိပြီး ၎င်းသည် အခွေများ သို့တည်းမဟုတ် အဝေးထိန်းခလုပ်များ သိမ်းဆည်းနိုင်ရန်ဖြစ်သည်။
အချို့သော တီဗွီအိမ်များတွင် စနစ်တကျသိမ်းဆည်းနိုင်ရန် ပလပ်စနစ်ဗန်းတစ်ခု ပါဝင်ပေသည်။ VCD စက် ပိုင်ဆိုင်သူများတွင် ထိုဗန်းမှာ အလွတ်ဖြစ်နေမည် မဟုတ်ချေ။ ထိုဗန်းအတွင်း ဖြည့်ဆည်းရန် နောက်ထပ် VCD အခွေများ ဝယ်ယူမည်ဖြစ်သည်။
ထို အခွေသိမ်းဆည်း သေတ္တာသည် တီဗွီအိမ်မရှိသူများအတွက် ပုံစံထုတ်ထားခြင်းဖြစ်သည်။ တစ်ဗူးဖြည့်ပြီးပါက လူတော်တော်များများသည် နောက်ထပ် သေတ္တာတစ်ခု ဝယ်ကြပေလိမ့်မည်။ ဤသည်မှာ သုံးစွဲသူများကို ဆွဲဆောင်ရန်ဖြစ်ပေသည်။
“မစ္စတာ သောမတ်စ် အခွေဈေးကွက်မှာ ကျုပ်တို့ရဲ့ အကြီးဆုံး ပြိုင်ဖက်မှာ ဆိုနီပဲ.. ကျုပ်တို့ရဲ့ အဓိက ဈေးကွက်က အာရှမှာရှိပြီး ခင်ဗျားရဲ့ ဈေးကွက်သည် ဥရောပမှာလေ.. အမေရိကန်ကတော့ ဆိုနီကို ဝန်းရံထားလောက်တယ်..”
“အဆင်ပြေပါတယ်… VCD ဈေးကွက်ကို အတူတူ ထိန်းချုပ်ရမယ်..”
သောမတ်စ် ခေါင်းညိတ်လိုက်သည်။
“စွမ်းအားမြင့် VCD စက်တွေအတွက် ဖိလစ်ရဲ့ လက်လီဈေး ဘယ်လောက်ရှိလဲ..”
ဖုန်းယွီ မေးလိုက်သည်။
“ဒေါ်လာ (၄၀၀)ကျော် လောက်မယ်လား..”
သောမတ်စ် ပြန်မေးလိုက်သည်။ စွမ်းအားမြင့် VCD စက်များ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် သာမန် VCD စက်ထက် အနည်းငယ် မြင့်မားပေးသည်။ စွမ်းအားမြင့် VCD စက်၏ ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ(၁၀၀)ခန့် ဖြစ်ပေသည်။
လက်ရှိ VCD စက်များ၏ လက်လီဈေးနှုန်းများသည် ကန်ဒေါ်လာ (၃၀၀)ခန့်ရှိပြီး စွမ်းအားမြင့် VCD စက်များ တန်ဖိုး မြင့်မားလွန်းမည်ကို သောမတ်စ် စိုးရိမ်နေပေသည်။
သူ့စကားဆုံးသည်နှင့် ဖုန်းယွီ ခေါင်းခါနေသည်ကို တွေ့လိုက်ရသည်။
“ကန် ဒေါလာ(၄၀၀)ဘယ်ကမလဲ.. ကန်ဒေါ်လာ (၅၀၀)လောက် ရှိလိမ့်မယ်ထင်တယ်..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။
အလွန်ဈေးကြီးမနေဘူးလော။ ဖုန်းယွီအနေဖြင့် အလွန် ဈေးသက်သာနေကြောင်း ခံစားမိနေသည်လော။ သောမတ်စ် စိတ်ရှုတ်သွားသည်။ ဖုန်းယွီသည် လက်လီဈေးနှုန်းကို မည်သည့်အတွက် ထိုမျှ မြှင့်ထားချင်နေသနည်း။ သာမန် VCD စက်ရောင်းအားကို တိုးတက်စေချင်၍လော။ သို့ရာတွင် ဖိလစ်သည် VCD စက်များ မရောင်းချချေ။
“မစ္စတာသောမတ်စ်.. ကန်ဒေါ်လာ(၅၀၀)ဆိုတာ အရမ်းမြင့်တယ်လို့ မင်းထင်နေလား.. စိတ်မပူပါနဲ့.. ကျုပ်တို့ရဲ့ စွမ်းအားမြင့် VCD မှာပါတဲ့ လုပ်ဆောင်ချက်တွေက သာမန် VCD စက်တွေထက် အရမ်းသာနေလို့ပဲ.. ပြီးတော့ ကျုပ်တို့တွေ ထုတ်လုပ်မယ့် အခွေတွေက သိုလှောင်နိုင်စွမ်းကြီးတဲ့ အခွေတွေလေ.. သာမန် VCD စက်တွေနဲ့ ဖွင့်လို့မရနိုင်ဘူးလေ..
ကျုပ် ဖြစ်ချင်တာကတော့ အဖြူအမည်း တီဗွီနဲ့ ရောင်စုံတီဗွီ တွေလိုမျိုး VCD စက်ကိုလဲ ခွဲခြားဖန်တီးဖို့ပဲ.. ရောင်စုံ တီဗွီက အဖြူအမည်းတီဗွီထက် ဈေး(၂)ဆ ကြီးပေမယ့် လူတော်တော်များများ ရောင်စုံတီဗွီပဲ ဝယ်ချင်ကြတယ်လေ.. စွမ်းအားမြင့် VCD စက်ကိုလဲ VCD စက်တွေမှာ အဆင့်မြင့်ထုတ်ကုန်အဖြစ် သတ်မှတ်ရမှာပဲ.. ပုံမှန် VCD စက်တွေရဲ့ ဈေးနှုန်းတွေကို ကွာခြားချက်ပြနိုင်ဖို့ ကျုပ်တို့ ဈေးလျော့ပေးရမယ်..”
ဖုန်းယွီ ရှင်းပြလိုက်သည်။
“သာမန် VCD စက်တွေရဲ့ လက်လီဈေးနှုန်းကို ဒီထက် ထပ်လျှော့ပေးရအုံးမှာလား..”
“သာမာန် VCD စက်တွေရဲ့ ဈေးနှုန်းကို ကန်ဒေါ်လာ (၂၀၀)လောက်ထိ လျော့ချသွားမှာ.. အဲ့နည်းနဲ့ တခြား VCD အမှတ်တံဆိပ်တွေကို ကျုပ်တို့ အနိုင်ယူနိုင်မှာ.. သူတို့တွေ ကျုပ်တို့အတွက် ဈေးကွက်ဖွင့်ထားပေးပေမယ့် အကျိုးခံစားခွင့် မပေးနိုင်ပါဘူး..”
ဖုန်းယွီ ပြုံးလိုက်သည်။
“ဒါဆို စွမ်းအားမြင့် VCD စက်တွေကို ဘယ်အချိန် မိတ်ဆက်ပေးကြမလဲ..”
“ဩဂုတ်လ (၁)ရက်နေ့.. နေရာတိုင်းမှာ တစ်ချိန်တည်း ဈေးကွက်တင်မယ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)