ကုန်တိုက်များဖွင့်လှစ်ခြင်း (၁)
Vol. 43 Ch. 635
တရုတ်နိုင်ငံတွင် ဩဂုတ်လ(၁)ရက်နေ့သည် အရေးကြီး နေ့ရက်တစ်ခုဖြစ်သည်။ သို့ရာတွင် စွမ်းအားမြင့် VCD သည် တရုတ်ကွန်မြူနစ် ပါတီကို ဂုဏ်ပြုရန်မဟုတ်ပေ။ ထိုင်ဟွာ ကုန်တိုက် ဖွင့်လှစ်သည့် နေ့ ဖြစ်သောကြောင့်ပင်။
ထိုင်ဟွာ ကုန်တိုက်ကြီးများကို ဇူလိုင်လတွင် စတင်ရန် စီစဉ်ထားပေသည်။ ပြုပြင်မွမ်းမံခြင်းနှင့် အခန်းငှားခြင်း ဆိုင်ရာ ပြဿနာတစ်ချို့ကြောင့် အချို့ဆိုင်များတွင် ကြံ့ကြာမှုများ ရှိခဲ့ပေသည်။ ဆိုင်များအားလုံး တစ်ရက်တည်း ဖွင့်လှစ်နိုင်စေရန်တွက် ဖွင့်လှစ်မည့် ရက်ကို ရွေ့ဆိုင်ခဲ့ပေသည်။
ဖူကွမ်းကျန့်သည် ရှိပြီးသာ အရောင်းပြခန်းများမှ နေရာများငှားရန် အကြံပြုခဲ့ပေသည်။ ကုန်ကျစရိတ်သက်သာမည် ဖြစ်ပြီး တစ်ချိန်တည်းတွင် ကုန်တိုက်များ ထပ်မံ ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် ထိုအကြံပြုချက်အား ဖုန်းယွီ ငြင်းဆိုခဲ့ပေသည်။
အရောင်းပြခန်း ငှားရမ်းခြင်းသည် အစပိုင်းတွင် ဈေးသက်သာနိုင်သော်လည်း ကုန်တိုက်များ ခေတ်စားလာသည်နှင့် အမျှ ငှားခများ တိုးလာမည် ဖြစ်သည်။ ကုန်တိုက်များနှင့် (၁၀)နှစ်စာချုပ် ချုပ်ဆိုထားလျှင်ပင် (၁၀)နှစ်ပြည့်ပါက မည်သို့ပြုလုပ်ရမည်နည်း။ ကုန်တိုက်ကို အခြားနေရာသို့ ရွှေ့ရမည်လော။ ဖောက်သည်များ ဆုံးရှုံးသွားနိုင်ပေသည်။ ပုံမှန်ဖောက်သည်များသည် ကုန်တိုက်အတွက် အလွန်အရေးကြီးပေသည်။
ယခုနှစ်တွင် နောက်ထပ် သတင်းတစ်ခု ရှိသေးသည်။ ဖူကွမ်းကျန့် ဤသည်ကို သတိမထားမိသော်လည်း ဖုန်းယွီ သတိထားမိပေသည်။ ဘွဲ့ရများကို အလုပ်အကိုင်များ ခန့်အပ်ခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခု တရုတ်နိုင်ငံမှ ကြေညာခဲ့ပေသည်။ ၁၉၉၆ ခုနှစ်မှ စတင်၍ ဘွဲ့ရများသည် အလုပ်အကိုင်များ ပေးအပ်ခြင်း ပြုတော့မည် မဟုတ်ချေ။ ထိုဘွဲ့ရများသည် တက္ကသိုလ်မှ ဘွဲ့ရပြီးသည်နှင့် အထက်ပိုင်း စီမံခန့်ခွဲမှု ရာထူးများ ပေးအပ်ခြင်း ခံရတော့မည် မဟုတ်သည့်အပြင် ၎င်းတို့သည် အခြားသူများကဲ့သို့သာပင်။
ထိုအဆိုပြုချက်ကို (၁၉၉၂)ခုနှစ်တွင် စတင်ခဲ့၌ပြီး ဘွဲ့ရများအတွက် အစိုးရအလုပ်အကိုင် အရေအတွက် လျော့ချခဲ့သည်။
(၁၉၉၂)ခုနှစ်တွင် စတင်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ဘွဲ့ရအများစုကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများမှ ခေါ်ယူနေဆဲ ဖြစ်သည်။ ဝန်ထမ်းအဖြစ် စတင်ဆောင်ရွက်ကြမည် ဖြစ်သည်။ သို့ရာတွင် ထိုလူများကို တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပေးရပေလိမ့်မည်။ ရာထူးတိုးပြီးသည်နှင့် ၎င်းတို့သည် ဒု-ဌာနခွဲမှူး ဖြစ်လာပေလိမ့်မည်။ မာစတာဘွဲ့ရသူများသည် အစိုးရဌာနများသို့ ဝင်ရောက်ပြီးသည်နှင့် ဌာနခွဲမှူး ရာထူးပေးအပ်မည် ဖြစ်သည်။
စာရွက်ပေါ်တွင် ထိုအကျိုးခံစားခွင့်များကို ဖယ်ရှားလိုက်မည် ဖြစ်သော်လည်း ၎င်းကိစ္စသည် အနည်းဆုံး (၅)နှစ်ခန့်အထိ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ဖုန်းယွီ သိထားပေသည်။ အလုပ်တာဝန် မပေးအပ်သော ကျောင်းသားများသည် ညံ့ဖျင်းသော မေဂျာများဖြစ်သည်။ ပျမ်းမျှအဆင့် အထက်ရှိသူများကို ဌာနအသီးသီးမှ ခေါ်ယူမည် ဖြစ်သည်။ အချို့ကမူ ဘွဲ့မရမှီမှာပင် ရွေးချယ်ခံကြရပေသည်။
ဤမူဝါဒသည် ငပျင်းကျောင်းသားများကို စစ်ထုတ်မည်ဖြစ်ပြီး ခက်ခက်ခဲခဲ သင်ယူနေသူများကို စိတ်ပူပင်မှု လျော့ကျစေပေလိမ့်မည်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသများတွင် ပုဂ္ဂလိက ကုမ္ပဏီများ ပိုများလာခဲ့သည်။ ဘွဲ့ရ အများစုသည် ထိုကျောင်းတွင် သင်ယူခဲ့သည်များကို လက်တွေ့ မကျင့်သုံးနိုင်ကြသဖြင့် အစိုးရဌာနများသို့ မဝင်ရောက်ချင်ကြချေ။
အလုပ်မခန့်ပါကလည်း ပြဿနာတက်နိုင်ပေသည်။ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုမှာ လူမှုဖူလုံရေး အာမခံစနစ် စတင်မိတ်ဆက်ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီများတွင် အလုပ်လုပ်သူများကို သူတို့၏ ကုမ္ပဏီများမှ အိမ်ရာများ ပေးမည် မဟုတ်ချေ။
ဤသည်က တန်ဘိုးနည်း အိမ်ယာအတွက် သတင်းကောင်းတစ်ခုပင်။ အိမ်ရာဈေးနှုန်းများသည် နေ့ချင်းညချင်း တိုးလာမည် မဟုတ်သော်လည်း တက်လာမည်မှာမူ မလွဲဧကန်ပင်ဖြစ်သည်။ ပုဂ္ဂလိက အိမ်များသာ မဟုတ်ဘဲ စီးပွားရေး အဆောက်အုံများပင် ဈေးတက်လာပေလိမ့်မည်။ ပုဂ္ဂလိက အိမ်ရာများထက် စီးပွားရေး အဆောက်အုံများ၏ ဈေးနှုန်းများ မြင့်တက်လာပေသည်။
ယခုအချိန် စီးပွားရေး အချက်အချာ နေရာများကို ငှားရမ်းမည် ဆိုပါက စာချုပ်သက်တမ်း (၁၀)နှစ်ကုန်ဆုံးပါက ငှားရမ်းခ မြင့်တက်လာမည်မှာ သေချာပေသည်။ ယထု ဈေးဝယ်စင်တာများကို ဝယ်ယူပါက အခြားသူများကို ငှားရမ်း၍ ရနိုင်ပေသည်။ ကုန်တိုက်များ၏ တန်ဖိုး တဖြည်းဖြည်း တိုးလာပေမည်။ ကုန်တိုက် ကောင်းကောင်း မအောင်မြင်ခဲ့လျှင်ပင် အမြတ်ရရှိနိုင်ရန်အတွက် ကုန်တိုက်များ ထုတ်ရောင်းချယုံသာပင်။ ငှားရမ်းခများဖြင့်ပင်လျှင် အရှုံးပေါ်မည် မဟုတ်ချေ။
တရုတ်နိုင်ငံ စီးပွားရေးသည် ကောင်းစွာ မဖွံ့ဖြိုးသေးချေ။ ဖုန်းယွီ အနေဖြင့် မဟာကုန်တိုက်များသည် ကောင်းကောင်း လည်ပတ်နိုင်မည်ဟု ခံစားမိသော်လည်း ထိုမျှထိ အရှိန်အဟုန် မမြှင့်တင်ချင်ချေ။ ဤနှစ်အတွင်း ရင်းနှီးမြုပ်နှံမှုမှ အမြတ်ငွေပြန်ကောင်းပါက ချေးငွေရယူခြင်းဖြင့် နောက်နှစ်တွင် အတိုင်းအတာတစ်ခုအထိ တိုးတက်နိုင်ပေသည်။
မဟာကုန်တိုက်ကြီး (၂၀)တွင် (၁၀၀)ရာခိုင်နှုန်း ငှားရမ်းထားခြင်းမရှိချေ။ ဆိုင်ခန်းနေရာ အလွတ်များ ကျန်ရှိနေသေးသည်။ သို့ရာတွင် မဟာကုတ်တိုက်ကြီးများ ဖွင့်ပြီးပါက ထိုနေရာများတွင် ငှားရမ်းရန် လူများ ရောက်လာကြပေလိမ့်မည်ဟု အားလုံး ယုံကြည်ထားပေသည်။
ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့သည် ဖုန်းယွီထက်ပို၍ အကောင်းမြင်ကြပေသည်။ နိုင်ငံရပ်ခြားနှင့် ဟောင်ကောင် တို့တွင် ရေပန်းစားခဲ့သည့် နည်းဗျူဟာများအတိုင်း တရုတ်တွင် အောင်မြင်မည်ဟု အခိုင်အမာ ယုံကြည်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဤမဟာကုန်တိုက်ကြီးအတွက် အရောင်း မြှင့်တင်ခဲ့သည်မှာ ကြာခဲ့ပေပြီ။
ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ အရေးအကြီးဆုံး အရောင်းမြှင့်တင်ရေး ဝှက်ဖဲကို မသုံးကြသေးချေ။ နောက် (၂)ရက်အကြာတွင် မဟာလူသားလီနှင့် ဖူရုံချီတို့သည် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရန် ပေကျင်းသို့ ရောက်လာမည် ဖြစ်ပြီး CCTV သတင်းတွင် ဖော်ပြကြပေလိမ့်မည်။ ဖွင့်ပွဲအခမ်းအနားသည်လည်း သတင်းများအဖြစ် ထွက်ပေါ်လာပေလိမ့်မည်။
ထိုင်ဟွာ မဟာကုန်တိုက်အား လူသိရှင်ကြားဖြစ်ရန် ကြော်ငြာပေးမည့် နိုင်ငံတစ်ဝန်းရှိ ရုပ်မြင်သံကြားဌာနတစ်ခု ရှိနေပေသည်။ မည်သည့်စိတ်ပူစရာ ရှိမည်နည်း။ တရုတ်နိုင်ငံ၌ ဖွင့်ပွဲစတင်သည့်အချိန်တွင် မည်သည့်ကုမ္ပဏီမှ ကြော်ငြာခွင့်ရှိမည် မဟုတ်ချေ။ မိမိတို့ မည်သို့ ကျရှုံးနိုင်မည်နည်း။
မှန်ပေသည်။ CCTV အားကိုး၍ အရောင်းမြှင့်တင်ယုံဖြင့် မလုံလောက်ချေ။ ဖွင့်ပွဲအခန်းအနားသို့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ခရိုင်ခေါင်းဆောင်များအား ဖိတ်ကြားခဲ့ပေသည်။ နောက်ဆုံး၌ အဟာကုန်တိုက်ကြီးများသည် ၎င်းတို့ပြည်နယ်များတွင် စီးပွားရေး မြှင့်တင်ပေးပေလိမ့်မည်။ ခေါင်းဆောင်များသည် ဤဖိတ်ကြားချက်ကို အဘယ့် ကြောင့် ငြင်းပယ်နိုင်ကြမည်နည်း။
ပထမတွင် မြို့တော်ခေါင်းဆောင်များကိုသာ ဖိတ်ကြား၍ ရပေသည်။ သို့ရာတွင် ဖူကွမ်းကျန့်သည် ဟောင်ကောင်၏ အချမ်းသာဆုံး မဟာသူဌေးကြီး မဟာလူသားလီနှင့် ဟောင်ကောင်၏ အကြီးဆုံး မဟာကုန်တိုက် အကြီးအကဲ ဖူရုံပင်းတို့သည် ပေကျင်းရှိ မဟာကုန်တိုက်ကြီး ရုံးချုပ်၏ ဖွင့်ပွဲအခမ်းအနားသို့ လာရောက်မည်ဖြစ်ကြောင်း ဖူကွမ်းကျန်းမှ ပြည်နယ်ခေါင်းဆောင်များကို ပြောလိုက်သည်။ ထို့အပြင် တရုတ်နိုင်ငံမှ ထိပ်တန်း အရာရှိ တစ်ဦးသည်လည်း တက်ရောက်မည် ဖြစ်ပေသည်။
မဟာလူသားလီ ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်မည်ကို ပြည်နယ်ခေါင်းဆောင်များ ဂရုမစိုက်ကြချေ။ ဟောင်ကောင်၏ အချမ်းသာဆုံး သူဌေးဖြစ်လျှင်ပင် သူတို့နှင့် ဘာမှ မဆိုင်ချေ။ သို့ရာတွင် ဖွင့်ပွဲအခန်းအနားတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းအရာရှိတစ်ဦး ပါဝင်မည်ဟု ကြားသိရသည့်အခါတွင် သဘောတူလိုက်ကြသည်။ ဤမဟာကုန်တိုက်၏ အချိတ်အဆက်သည် ထိပ်တန်းအရာရှိတစ်ဦးကို ဖိတ်ကြားနိုင်သည်အထိ မည်သို့ အချိတ်အဆက်များနှင့် မည်သို့သော နောက်ခံများ ရှိနေသနည်း။
ခရိုင်ခေါင်းဆောင်များသည် ထိုပွဲသို့ မတက်ရောက်လိုလျှင်ပင် မဖြစ်မနေ မျက်နှာ လာပြရပေတော့မည်။ တရုတ်ထိပ်တန်း အရာရှိများနှင့် လက်အောက်ငယ်သားများ တက်ရောက်မည်ဖြစ်သဖြင့် လမ်းစဉ်အတိုင်း လိုက်နာရပေလိမ့်မည်။
ဤထိုင်ဟွာ ကုန်တိုက်သည် သူတို့စိတ်ကူးထားသည်ထက် အမြတ်အစွန်း ရနိုင်သည်ကိုလည်း ထိုခေါင်းဆောင်များ သဘောပေါက်ကြပေသည်။ ဤမဟာကုန်တိုက် ဆိုင်ခွဲသည် ၎င်းတို့မြို့၌ ဆိုင်ခွဲများ ဖွင့်လှစ်ထားပြီးဖြစ်သဖြင့် သူတို့အတွက်လည်း ကောင်းမွန်ပေလိမ့်မည်။
၎င်းတို့သည် အရောင်းမြှင့်တင်ရေး ကာလအတွင်း အထောက်အကူဖြစ်စေမည့် လျော့ဈေးပုံစံတစ်မျိုးဖြစ်ကာ ဤအခွင့်အရေးမျိုး မည်သူမှ လက်လွတ်မခံလိုကြချေ။
သို့တိုင်အောင် ဤပြည်နယ်ခေါင်းဆောင်များမှ စိတ်မကျေနပ်သေးပဲ ဖွင့်ပွဲကြီးဖြစ်၍ ပိုမိုခမ်းနားသင့်စေလိုသည်။
ဖုန်းယွီသည် ပြည်နယ်တိုင်းရှိ ဆိုင်ခွဲများ ဖွင့်လှစ်ရန်၊ ဧည့်သည်များကို ဖိတ်ကြားရန် အဆက်အသွယ်များကို သုံးခဲ့ပေသည်။ အိုက်ဝါပေဂျာ၊ လေနှင့်မိုး လျှပ်စစ်၊ ဗိုချုပ်မာနာကမ်း၊ လီဟဟ၏ ကျောင်းချင်းရှန်၊ လီနိုဗို၏ လျိုချန်ကျစ်၊ သခင်ငယ်လေး သွမ်းယောင်ပင်း၊ ထိုင်ဟွာ စားသောက်ကုန်လုပ်ငန်းမှ ကျန်းမင်၊ ပမ့်မြို့တော် ယန္တရားကုမ္ပဏီနှင့် စက်ရုံခွဲများမှ ဒါရိုက်တာ အားလုံးကို အနီးဆုံး ထိုင်ဟွာ ကုန်တိုက်ကြီးခွဲ ဖွင့်ပွဲသို့ ဖိတ်ကြား ခဲ့ပေသည်။
လီကျယ်ခိုင်သည် တရုတ်နိုင်ငံရှိ လီမိသားစု အဆက်အသွယ်များကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ ထိုင်ဟွာ ကုန်တိုက်၏ ပေးသွင်းသူများနှင့် ကုန်တိုက်အတွင်း ဆိုင်ခန်း ငှားရမ်းထားသည့် ကုန်အမှတ်တံဆိပ်များ၏ ကိုယ်စားလှယ်တို့ကိုလည်း ဖိတ်ကြားခဲ့ပေသည်။ ဖုန်းယွီသည် အမည်စာရင်းကို စစ်ဆေးခဲ့ပြီး ဖွင့်ပွဲအခန်းအနားများ အတွက် ဌာနခွဲတစ်ခုစီတွင် ထင်ရှားသော ပုဂ္ဂိုလ်အနည်းဆုံး (၃)ဦးစီ ရှိနေပေလိမ့်မည်။ ဤသို့မှာသာ ဧကံမုချ အကောင်းဆုံး ဖန်တီးနိုင်ပေလိမ့်မည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး ခရိုင် ရုပ်သံနှင့် သတင်းစာများက ဤဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့ တင်ပြနိုင်မည်သည်။ ၎င်းတို့သည် ထိုင်ဟွာ မဟာကုန်တိုက်အတွက် အခမဲ့ ဝန်ဆောင်မှု ဖြစ်ရပေတော့သည်။
လက်ရှိ ဖွင့်ပွဲနေ့၌ ဖုန်းယွီသည် ထိုင်ဟွာ ကုန်တိုက်အတွက် အထူးသတင်းစဉ်ပြုလုပ်ရန် ဖြစ်နိုင်ချေများကို ဆွေးနွေး နေရင်း ဒု-ညွှန်ချုပ်ကျား၏ ရုံးခန်းအတွင်း ထိုင်နေပေသည်။
ဤစီမံကိန်းမှာ မကောင်းသည့် အစိတ်အပိုင်းများကို မကျေမနပ်ဖြစ်ရန် သို့တည်းမဟုတ် ထုတ်ဖော်ပြသခြင်း မပြုရန်ပင်။ ကောင်းကွက်များကိုသာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြသပေလိမ့်မည်။ ဤမဟာကုန်တိုက် ကွင်းဆက်သည် ဟောင်ကောင်ရှိ ထိပ်တန်းသူဌေးကြီး၏ ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်ပြီး ဟောင်ကောင်နှင့် တရုတ်ပြည် ပြန်လည် ပေါင်းစည်းရေးကို ထောက်ခံကြောင်း ပြသမည့် နည်းလမ်းဖြစ်သည်။
ည(၇)နာရီ သတင်းမှလွဲ၍ အခါးအချိန်များတွင် ထုတ်လွှင့်မည့် သတင်းများ အသီးသီး ရှိနေပေသည်။ အချိန်ကွဲများတွင် ထိုင်ဟွာကုန်တိုက်၏ နောက်ထပ် ဗွီဒီယိုများ ထုတ်လွှင့်နိုင်မည်လော။ တစ်ယောက်နှင့် တစ်ယောက် အလွန်ရင်းနှီးနေသဖြင့် မတွန့်တိုသင့်ချေ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)