ကုန်တိုက်များဖွင့်လှစ်ခြင်း (၂)
Vol. 43 Ch. 636
ဒု-ညွှန်ချုပ်ကျားသည် စကားတစ်ခွန်းမှ မပြောဘဲ ဖုန်းယွီ၏ ကြွားလုံးများကိုသာ နားထောင်နေရင်း ရပ်နေပေသည်။
“အကြီးအကဲကျား တစ်ခုခုတော့ ပြောဗျာ.. သဘောမတူဘူးလား ပြော..”
ဖုန်းယွီ အနည်းငယ် စိတ်တိုသွားသည်။
“မန်နေဂျာဖုန်း ဒါ မင်းတို့ ကုန်တိုက်ဖွင့်ပွဲလေး တစ်ခုပဲလေ.. CCTV က မင်းအတွက် (၂)မိနစ်တောင် ပေးထားတာကို.. (၂)မိနစ်တောင်နော်.. မင်း မကျေနပ်သေးဘူးလား.. မက်တိုအတွက် ဗွီဒီယို ရိုက်ကူးချိန် တိုးဖို့ မလွယ်တဲ့အပြင် မင်းက တခြားသတင်းအကွက်တွေမှာ ဖော်ပြချင်သေးတာလား.. ငါ့မှ ခွင့်ပေးပိုင်ခွင့် ရှိတယ်များ ထင်နေလား..”
ဖုန်းယွီ အကြီးအကဲ ကျားထံ လာရောက်လည်ပတ်စဉ် ညွှကြားရေးမှူးကျား သူ့ကို ကောင်းကောင်း ဆက်ဆံပေသည်။ အကယ်၍ ဖုန်းယွီသည် ထိုနေရာတွင်ရှိကြောင်း သိပါက ပုန်းနေမည်မှာ အမှန်ပင်။
“အကြီးအကဲ ကျား အဲ့ဒါက မတူဘူး.. ဖွင့်ပွဲ အခမ်းအနားကို ထိပ်တန်း အရာရှိတွေ ရောက်လာမှာမို့ CCTV ကသတင်းထုတ်မှာ.. အချိန် (၂)မိနစ်နဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ.. ပရိသတ်ကို အပြည့်အစုံ ထုတ်ပြနိုင်မှ ဖြစ်မယ်..”
“ငါတို့က သတင်း တင်ဆက်နေတာလေ.. မင်းအတွက် ကြော်ငြာပေးနေတာမှ မဟုတ်တာ..”
ဒု-ညွှန်ချုပ်ကျား ပြန်ပြောလိုက်သည်။
“ခင်ဗျား ရုပ်မြင်သံကြားဌာနအတွက် ကျုပ်အလှူငွေ ဘယ်လောက် ထည့်ရမလဲ.. လုပ်လိုက်ရအောင်..”
“လုံလောက်ပါပြီလေ.. ငါတို့ ရုပ်မြင်သံကြားဌာနအနေနဲ့ မင်းဆီက ငွေမယူရဲပါဘူး.. ငါတို့ ထိပ်တန်းခေါင်းဆောင်အတွက် မနက်ဖြန်သတင်းမှာ အချိန် (၅)မိနစ်ပဲရှိတယ်.. ကုန်တိုက်ဖွင့်ပွဲ အခမ်းအနား ကရော တန်းတူရမယ်လို့ မင်းထင်နေလား.. ပြီးတော့ အရမ်းထူးထူးချွန်ချွန်နဲ့ ရလဒ်ကောင်းတဲ့ ကုမ္ပဏီတွေကို ချီးကျူးဂုဏ်ပြုတယ်လေ.. မင်းတို့ ရလဒ်တွေက မအောင်မြင်သေးဘူး.. အရမ်းကို ထင်ရှားချင်နေတာလား..”
“ဒါဆို တခြားသတင်းအချိန်တွေကရော.. ခင်ဗျား ကျုပ်အတွက် တခြားအချိန်လေးတွေမှာ အသက်ရှုပေါက် လေးတော့ ပေးသင့်ပါတယ်.. မဟာလူသားလီကို သတင်းတင်လို့ မရဘူးလား..”
ဖုန်းယွီ အခိုင်အမာ ပြောလိုက်သည်။
“ဒါပေါ့.. ငါတို့ လုပ်လို့ရတာပေါ့.. ဒါပေမယ့် ထုတ်လွှင့်ချိန် သိပ်ကြာမှာ မဟုတ်ဘူး.. နံနက်ပိုင်းနဲ့ နေ့လည်သတင်း တွေမှာလဲ အချိန်အကန့်အသတ်ရှိတယ်.. ဒါပေမယ့် ငါမင်းကို ရှင်းအောင် ပြောထားမယ်.. အင်တာဗျူးမှာ မင်းတို့ ကုန်တိုက်အကြောင်း ပါမှာမဟုတ်ဘူး.. မင်းထုတ်ကုန်တွေအတွက် နေရာချဖို့ ကြိုးစားနေတာ ငါမသိဘူး မထင်နဲ့နော်..”
ညွှန်ကြားရေးမှူးချုပ်ကျား ဖုန်းယွီအား စိုက်ကြည့်နေပေသည်။
အကြီးအကဲကျား ဉာဏ်ရည် ပိုကောင်းလာပေသည်။
“မဟာလူသားလီဆိုတာ ကုန်တိုက်ဖွင်ပွဲအတွက် လာတာပါ.. ကုန်တိုက်အဝင်ဝမှာ မရပ်ရင် ဘယ်မှာ ရပ်သင့်လဲ.. ဟောင်ကောင်က ဖူမိသားစုရဲ့ ဖူရုံပမ့်လဲ အခမ်းအနားတက်အုံးမှာ.. ဖူမိသားစုရဲ့ ကြွယ်ဝမှု စုစုပေါင်းတန်ဖိုးက လီမိသားစုထက်တောင် ပိုဩဇာကြီးတယ်လို့ ပြောလို့ရသေးတယ်.. ဖူမိသားစု ကိုယ်စားလှယ်ကို CCTV က မေးမြန်းစေချင်တယ်.. ကျုပ်တော့ CCTV ရဲ့ဆောင်ပုဒ်တစ်ခု မှတ်မိပါသေးတယ်.. ဖူမိသားစုက တစ်ယောက်ယောက် ဟောင်ကောင်နဲ့ တရုတ်ပြန်လည်ပေါင်းစည်းရေးအတွက် ရောက်လာတဲ့အပေါ ထောက်တယ်လို့ CCTV အစီအစဉ်မှာ ပြခဲ့သေးတယ်ဆိုတော့ ငါတို့ အစိုးရအတွက်လဲ ကောင်းမှာပါ..”
ဖုန်းယွီ ညွှန်ကြားရေးမှူး ကျားကို ငါးစာဖြင့် မျှားလိုက်သည်။
“ဖူမိသားစုဝင်ထဲက တစ်ယောက်ယောက် ငါတို့ အင်တာဗျူးမှာ သဘောတူမယ်ဆိုတာ မင်းသေချာလား..”
“ကျုပ်ပုံစံက လိမ်နေတဲ့ပုံ ပေါ်နေလို့လား.. ဖူမိသားစုနဲ့ အရမ်းကို ရင်းနှီးတယ်..”
ဖုန်းယွီ သူ့ရင်ဘတ်သူ ပုတ်လိုက်သည်။ ဟွင့်.. ဖူကွမ်းကျန့်သည်လည်း ဖူမိသားစုဝင် ဖြစ်ကာ တရုတ်နိုင်ငံရှိ ဖူမိသားစု ကိုယ်စားလှယ်ဖြစ်ပေသည်။
“ကောင်းပြီလေ.. ဒီကိစ္စအဆင်ပြေရင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်း သတင်းတွေကို (၂)မိနစ်ကနေ(၃)မိနစ်အထိ ပေးမယ်.. ဒါပေမယ့် အဆင့်အတန်းအပေါ် မူတည်သေးတယ်နော်.. အရေးကြီးတဲ့ သတင်းတွေ မတင်နိုင်ရင်တောင် ပြဿနာ မရှိလောက် အောင်လေ..”
“ဘာဖြစ်လို့လဲ..”
ဖုန်းယွီ ပြန်ပေးလိုက်သည်။
“မင်း လက်လျှော့မှာ မဟုတ်ပါဘူး.. ဒီလိုလေ.. တကယ်လို့ မင်းမှာ တစ်လအတွင်း ထူးထူးခြားခြား ရလဒ်တွေ ရလာနိုင်ရင် ပြဿနာမရှိလောက်ဘူး.. ငါတို့ရဲ့ CCTV အစီအစဉ်ဆိုတာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို သတင်းတင်ပေးနေရုံတင်မဟုတ်ဘူး.. တခြား ပုဂ္ဂလိက လုပ်ငန်းတွေကိုပါ သတင်းလုပ်ပေးတယ်လေ..”
ဒုညွှန်ကြားရေးမှူး ကျား ပြန်လည် ဖြေကြားလိုက်သည်။
“သဘောတူတယ်… ညွှန်ကြားရေးမျူးကျား ဒီနှစ်နှောင်းပိုင်း ဌာနမှူး အနားယူတော့မယ်ကြားတော့ ခင်ဗျားက သူ့ရာထူး ဆက်ခံရမှာမို့ ကြိုပြီး ဂုဏ်ယူပါတယ်…”
ဖုန်းယွီ ပြုံးလိုက်သည်။
“ အတည် မပြုရသေးပါဘူးကွာ…”
အတည်မပြုရသေးသော်လည်း ဒု-ညွှန်ကြားရေးမှူးကျား၏ မျက်နှာ အမူအရာအရ လပိုင်းအတွင်း ရာထူးတိုးမည်ဟု အတည်ပြုနိုင်ပေသည်။
“အကြီးအကဲကျား ခင်ဗျား ကျုပ်အကူအညီလိုရင် ပြောနော်.. မိတ်ဆွေကောင်းတွေဆိုတာ သတိရပါ.. ခင်ဗျားကို ကူညီနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးမယ်..”
ဖုန်းယွီ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ကျေးဇူးပါပဲကွာ.. ငါလိုအပ်ရင် မင်းနဲ့ လာတွေ့လိုက်မယ်..”
“အာ.. ခေါင်းဆောင်ကျား.. မနက်ဖြန် ထိုင်ဟွာ မဟာကုန်တိုက် ဖွင့်ပွဲရှိတယ်.. ခင်ဗျားလာနိုင်မလား..”
ဖုန်းယွီ တခါတည်း ဖိတ်လိုက်သည်။
“ငါအဲ့မှာ တက်ဖို့ မသင့်တော်ဘူးကွ.. တစ်ချိန်ချိန်ပေါ့ကွာ..”
အကြီးအကဲကျား ကတိပြုလိုက်သည်။ ဌာနမှူးရာထူး မရမှီကာလအတွင်း သူ့အနေအထားကို တည်ငြိမ် လုံခြုံချင်ပေသည်။ အပြောင်းအလဲများလွန်းပါက ဒုက္ခရောက်နိုင်ပေသည်။
“ဟုတ်ပါပြီဗျာ… အာ.. ဒီမှာ ကျုပ်တို့ ထိုင်ဟွာကုန်တိုက်ရဲ့ အမှတ်တရ လက်ဆောင်ပေါ့..”
ဖုန်းယွီ ကဒ်ပြားလေးတစ်ခု ထုတ်ကာ အကြီးအကဲကျားအား ပေစလိုက်သည်။
“ဒါ ဘာကြီးလဲ..”
အကြီးအကဲ ကျား မေးလိုက်သည်။ ဖုန်းယွီ ပြောသည့် ပုံစံအရ သူ့အား အထူးလက်ဆောင် တစ်ခု ပေးနေသည့်ပုံပင်။ သို့ရာတွင် ထိုကဒ်သည် ဘဏ်ကဒ်မဟုတ်ချေ။ ဖုန်းယွီသည်လည်း လာဘ်မယူကြောင်း သိထားပေသည်။
“ဒါက ကျုပ်တို့ ကုန်တိုက်တွေအတွက် ဈေးဝယ်ကတ်တစ်ခုလေ.. ကျုပ်တို့ရဲ့ ဘယ်ကုန်တိုက်မှာမဆို သုံးလို့ရတယ်.. ပတ်တန်ဖိုးကို အနောက်ဘက်မှာ ရေးထားတယ်.. ဒီကတ်တွေကို ချင်ဗျားဝန်ထမ်းတွေအတွက် အကျိုးခံစားခွင့်အနေနဲ့ သုံးချင်ရင်သုံးပေါ့.. ဒါ ကျုပ်တို့ဘက်က လက်ဆောင်လေးပါပဲ.. တခြားပြောစရာမရှိရင် သွားတော့မယ်လေ… ကုမ္ပဏီမှာ လုပ်စရာတွေ ရှိသေးတယ်..”
မဟာလူသားလီသည် ပေကျင်းမြို့၊ ရှန်ဟိုင်တွင် ဖူရုံပမ့်၊ ကျင်းလင်တွင် ဖူကွမ်းကျန့်၊ ရှန်ချန်တွင် လီကျယ်ခိုင် တို့ ကိုယ်စီရှိနေပေသည်။ သူတို့အားလုံး ကုန်တိုက်ခွဲတိုင်း၏ ဖွင့်ပွဲအခမ်းအနားတွင် အရေးပါသူတစ်ယောက် ရှိနေစေရန် ပြည်နယ်ကွဲ ကိုယ်စီ သွားခဲ့ကြပေသည်။
ဖုန်းယွီ ထွက်သွားပြီးနောက် ဒုညွှန်ကြားရေးမှူး ကျားသည် ဈေးဝယ်ကတ်ပြားများကို ကြည့်ရှုနေပေသည်။ တစ်ဖက်သို့ လှန်ကြည့်ကာ တန်ဖိုးကို ဖတ်ကြည့်လိုက်သည်။ သေစမ်း။ ဖုန်းယွီ ပြောခဲ့သည့် သေးငယ်သော လက်ဆောင်ဆိုသည်မှာ အမှန်တကယ် မသေးငယ်ချေ။ ကတ်များတွင် တန်ဘိုး (၃)မျိုး ပါဝင်ပေသည်။ ယွမ်(၅၀၀)(၁၀၀၀)နှင့် (၃၀၀၀) အသီးသီး ပါဝင်ကာ ကတ်အားလုံး၏ စုစုပေါင်းတန်ဖိုးသည် ယွမ်(၁၅၀၀၀)ကျော်ပေသည်။ ဤသည်မှာ သူ့အတွက် တစ်နှစ်တာ လစာထက်ပင် ပိုများနေပေသည်။
သို့ရာတွင် ဖုန်းယွီက ထိုကတ်များသည် cctv ဝန်ထမ်းများအတွက် အဟုတ်ဘဲ သူ့အတွက် ဖြစ်ကြောင်း ပြောခဲ့သေးသည်။ သို့အတွက် လက်ခံခဲ့ခြင်းပင်။ သို့ရာတွင် ကတ်များ၏ တန်ဘိုးသည်ကို ကြိုသိပါက လက်ခံမည် မဟုတ်ချေ။
သို့ရာတွင် ဒု-ညွှန်ချုပ်ကျားသည် လာမည့် ရာထူးတိုးခြင်းအတွက် အများ၏ ထောက်ခံမှု ရယူရန် လိုအပ်ပေသည်။ ဖုန်းယွီ၏ လက်ဆောင်သည် အချိန်ကောင်းတွင် ရောက်လာခြင်းဖြစ်ပေသည်။ သူသည် ဖုန်းယွီ၏ လက်ဆောင်ကို လက်ခံပြီးနောက် ကျေးဇူးကြွေး တစ်ခု တင်သွားပေပြီ။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီ၏ လုပ်ငန်းများသည် တရာဝင်ဖြစ်၍ ပြန်လည် ကျေးဇူးဆပ်သည့်အချိန်တွင် မည်သူမှ ပြောနိုင်မည် မဟုတ်ချေ။
******
“ဒီနေ့ဟာ တရုတ်နိုင်ငံတစ်ဝှမ်းက ကျုပ်တို့ရဲ့ ထိုင်ဟွာ မစာကုန်တိုက် လုပ်ငန်းရဲ့ ကုန်တိုက်ကြီး (၂၀) ဖွင့်လှစ်တဲ့နေ့ပါ.. ကျုပ်တို့အနေနဲ့ ဒီကုန်တိုက်ကြီးတွေကို တည်ထောင်ရတယ်ဆိုတာ ကျုပ်တို့ဖောက်သည်တွေကို သက်သက်သာသာနဲ့ ဈေးဝယ်တဲ့ အတွေ့အကြုံတွေရဖို့ရယ်… အဆင်ပြေချောမွေ့စေဖို့ပါပဲ.. ဖောက်သည်တွေ အနေနဲ့ ကျုပ်တို့ ကုန်တိုက်ကြီးတွေမှာ လိုအပ်တာ အကုန် ရနိုင်လိမ့်မယ်လို့ ကျုပ်တို့ အာမခံပါတယ်.. ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းကို ကိုယ်စားပြုပြီး ပေကျင်းမြို့တော် ပါတီကော်မတီ အတွင်းရေးမှူးနဲ့ ပေကျင်းမြို့တော်ဝန်ကို ဖဲကြိုးဖြတ်ဖို့ ဖိတ်ကြားထားပါတယ်…”
မဟာလူသားလီသည် စင်မြင့်ပေါ်တွင်ရပ်ကာ အဖွင့် အမှာစကား ပြောကြားနေပေသည်။
ပေကျင်းမြို့ ပါတော်ကော်မတီ အတွင်းရေးမှူးသည်လည်း ပေကျင်းမြို့တော်ကို ကိုယ်စားပြုကာ အမှာစကား ပြောကြရအုံးမည်ပင်။ နေထိုင်သူများအတွက် ယခုကဲ့သို့ အဆင်ပြေသော ဈေးဝယ်ကုန်တိုက်ကြီးတစ်ခု တည်ဆောက်ပေးသော ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုအား ကျေးဇူးတင်နေပေသည်။
“ဟုန်း…….”
စက္ကူ မီးရှူးမီးပန်း အခု(၂၀)ကို ပစ်လွှတ်ခဲ့ပြီး မဟာလူသားလီ၊ ပေကျင်းမြို့တော် ကော်မတီ အတွင်းရေးမှုးနှင့် ပေကျင်းမြို့တော်ဝန်တို့က ဖွင့်ပွဲကြောညာရန် ဖဲကြိုးများ ဖြတ်လိုက်တော့သည်။ အခမ်းအနားသို့ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ပေသည်။ သံလက်သီးကျူးသည် ထိုင်ဟွာ ကုန်တိုက်အတွင်းသို့ ပထမဆုံး စတင်ခြေချသူဖြစ်ပေသည်။ သူသည်လည်း ဈေးဝယ်အတွေ့အကြုံအသစ်ကို ခံစားကြည့်ရန် ထိုနေရာသို့ ရောက်နေခြင်း ဖြစ်ပေသည်။
သံလက်သီးကျူးသည် ထိုမီးရှူးမီးပန်းများအစား သင်္ကြန်အမြှောက်ကြီးများကို ပို၍ပင် သဘောကျမိပေသည်။ မီးရှူးမီးပန်းများမှာ လေထုညစ်ညမ်းစေပေသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဧည့်သည် များပြားလွန်းသဖြင့် ဘေးကင်းစေသင့်ပေသည်။
ထိုင်ဟွာ ကုန်တိုက်တွင် အဘယ့်ကြောင့် စက္ကူမီးရှူးမီးပန်း (၂၀)သုံးရသနည်း။ အဘယ့်ကြောင့်ဆိုသော် ကုန်တိုက်ခွဲ (၂၀)တစ်ချိန်တည်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပေသည်။ ကုန်တိုက်ကြီး (၂၀) တစ်ပြိုင်နက်တည်း ဖွင့်ခဲ့သည့် ကမ္ဘာ့ ပထမဆုံး အဖွဲ့လည်း ဖြစ်ပေသည်။
ကမ္ဘာ့ ပထမဆုံးပင်။ ဤသည်က သံလက်သီးကျူးကို ပျော်ရွှင်စေပေသည်။ ဤအချက်မှ တရုတ်နိုင်ငံသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး ကျန်ကမ္ဘာ့နိုင်ငံများနှင့် လိုက်လျောညီထွေ ရှိနေကြောင်း ပြသနေပေသည်။
“မစ္စတာလီ ကျုပ်တို့ ဝင်တော့မလား..”
“မစ္စတာကျူး ကျေးဇူးပြုပြီး ဝင်လိုက်ပါ..”
မဟာလူသားလီ ပြုံးရင်းဖြင့် သံလက်သီးကျူးနှင့်အတူ ကုန်တိုက်အတွင်း ဝင်လိုက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)