← Chapters

သံလက်သီးကျူး ကုန်တိုက်တစ်ခုအတွင်း ဈေးဝယ်ထွက်ခြင်း

Vol. 43 Ch. 637

သံလက်သီးကျူး ကုန်တိုက်တစ်ခုအတွင်း ဈေးဝယ်ထွက်ခြင်း

Vol. 43 Ch. 637

“ဒီမှာ ဘာလို့ အဲ့လောက်တောင် နေရာကျယ်နေရတာလဲ..”

သံလက်သီးကျူး စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ ကုန်တိုက်အတွင်း ဝင်ရောက်ပြီးသည်နှင့် နေရာအလွတ်ကြီး တစ်ခု ရှိနေပေသည်။ ဤသည်မှာ နေရာအလွတ် တစ်ခုမဟုတ်ပေလော။

“ကျုပ်တို့မှာ ဖောက်သည်တွေ များလွန်းတော့ အသွားအလာ အဆင်ပြေအောင် ဒီနေရာက ကျယ်မှ ရမယ်လေ.. ပြီးတော့ ဒီနေရာက ဓာတ်လှေကားနဲ့ စက်လှေကားဆီ သွားရာလမ်းလေ.. လူအရမ်းများတော့ အတားအဆီး ဖြစ်မှာစိုးလို့ ဒီနေရာမှာ ကုန်ပစ္စည်း တစ်ခုမှ ပြလို့ အဆင်မပြေဘူး..”

ကုန်တိုက် မန်နေဂျာမှ ပြန်လည် ရှင်းပြလိုက်သည်။

ကုန်တိုက် မန်နေဂျာသည်လည်း ယနေ့ အလွန် စိတ်လှုပ်ရှားနေပေသည်။ သူသည် သံလက်သီးကျူးနှင့် စကား ပြောခွင့်ရပြီး ကုန်တိုက်အတွင်း အနီးအနားမှ အတူလျှောက်သွားခွင့်ရခဲ့သည်။ ဤသည်မှာ ဂုဏ်ယူစရာပင်။

သံလက်သီးကျူးသည် ပတ်ဝန်းကျင်အား တစ်ချက်ကြည့်ပြီး တစ်ခုခုကို သတိပြုမိသွားသည်။ ကြမ်းပြင် ကြွေပြားပေါ်၌ ရုပ်ပုံတစ်ခုရှိနေပေသည်။ ရင်းနှီးပြီးသား ရုပ်ပုံဖြစ်ပေသည်။

လေနှင့်မိုး အမှတ်တံဆိပ် မဟုတ်ပေလော။ ဤသည်မှာ ရှောင်ဖုန်း၏ ကုမ္ပဏီ ဖြစ်ပေသည်။

“ဒီ ပုံကရော…”

“လေနှင့်မိုး အမှတ်တံဆိပ် ကြော်ငြာ တစ်ခုပါ.. ဒါလဲ ကျုပ်တို့ရဲ့ ဝင်ငွေတွေထဲက တစ်ခုပေါ့.. ဟိုဘက် ထောင့်မှာ စောင်ကျင်းမော်တာရဲ့ ကားကြော်ငြာ ပြထားတယ်.. ကြော်ငြာတွေပဲ ဆိုပါတော့..”

သံလက်သီးကြူး မျက်မှောင်ကြုတ်လိုက်သည်။ စောင်ကျင်း အမှတ်တံဆိပ်လော။ ဤသည်မှာ ရှောင်ဖုန်း၏ ကုမ္ပဏီ ဖြစ်ပြန်သည်။ ထိုကလေး သူ့အမှတ်တံဆိပ်များကို မည်သို့ ကြော်ငြာရမည်ကို ကောင်းကောင်း သိနေပေသည်။

ကုန်တိုက်အတွင်း သံလက်သီးကျူးသည် သပ်သပ်ရပ်ရပ် တန်းစီထားသည့် စင်တန်းများကို ကြည့်နေပေသည်။ စင်များအကြား အကွာအဝေးသည် အတိအကျတူညီကာ ကုန်ပစ္စည်းများအားလုံးကို စင်ပေါ်တွင် သေသေသပ်သပ် ပြသထားပေသည်။

သတိပြုမိလိုက်သည့်အထဲ၌ စိတ်ဝင်စားစရာအကောင်းဆုံးမှာ စင်ပေါ်ရှိ ဈေးနှုန်းများ ဖြစ်ပေသည်။ ဖောက်သည်များသည် ထုန်ကုန်များ၏ ဈေးနှုန်းများကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး အရောင်းဝန်ထမ်းများကို မေးမြန်းရန် မလိုချေ။ ဖောက်သည်များသည် ထိုပစ္စည်းအား ဝယ်လိုခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ပေသည်။

“ အရောင်းဝန်ထမ်း မထားဘူးလား..”

“ကျုပ်တို့ ကုန်တိုက်မှာ ရောင်းဝန်ထမ်း မရှိပါဘူး.. ကုန်တိုက် အကူတွေပဲ ရှိပါတယ်.. တစ်ခုခု ဝယ်ချင်ရင် ကုန်တိုက် အကူတွေက သင့်တော်ရာ စင်တွေဆီ လမ်းညွှန်ပေးပါလိမ့်မယ်.. ဖော်သည်တွေအနေနဲ့ သူတို့ဝယ်ချင်တဲ့ ပစ္စည်းတွေ သယ်ဖို့လဲ ဈေးဝယ်လှည်းတွေ အသင့်ထားပေးထားပါတယ်.. ပစ္စည်းအများကြီး မဝယ်ဘူးဆိုရင်လဲ ဈေးခြင်းတောင်း သုံးလို့ရပါတယ်..”

သံလက်သီးကျူး ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အလွန် အဆင်ပြေပေသည်။

“မင်္ဂလာပါ.. မြေပဲ ဘယ်မှာ ရှိလဲ သိနိုင်မလား..”

သံလက်သီးကျူး ကုန်တိုက်အကူကို လက်ဝှေ့ယမ်းပြကာ တိုးတိုးလေး မေးလိုက်သည်။

ကုန်တိုက်အကူသည်၏ မျက်နှာသည်လက် စိတ်လှုပ်ရှားကာ နီရဲလာပေသည်။ သို့ရာတွင် ၎င်းနေရာရှိ ကုန်တိုက် အကူများကို ကောင်းကောင်း လေ့ကျင့်ပေးထားပြီး ဖြစ်သဖြင့် လက်လက်သီးကျူးအား သေသေချာချာပင် အဖြေပေးနိုင်လိုက်ပေသည်။

“ကျေးဇူးတင်ပါတယ်…”

သံလက်သီးကျူး ခေါင်းညိတ်ပြပြီး ဈေးဝယ်လှည်းတစ်စီးတွန်းလျှက် ထိုစင်သို့ သွားလိုက်သည်။

ကုန်တိုက်အကူမှာ မူလဲလုနီးပါးပင်။ သံလက်သီးကျူးမှ သူ့ကို ကျေးဇူးတင်ပါတယ် ဟု ပြောသွားသည် မဟုတ်ပေလော။

သံလက်သီးကျူးသည် အချိုရည် အခန်းအား ဖြတ်သွားစဉ် နေရာလွတ်တစ်ခု၌ အချိုရည်များကို ဒုံးပျံပုံသဏ္ဍာန် စုပုံထားသည်ကို တွေ့လိုက်ရသည်။

“အဲ့ဒါ ဘာလဲ..”

သံလက်သီးကျူး လှည့်မေးလိုက်သည်။

“ဒါက ပြခန်းပါ.. ရည်ရွယ်ချက်ကတော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ပါပဲ.. ဥပမာပြောရရင် ဒါတွေက လီဟဟ ကမိတ်ဆက်ထားတဲ့ ကာဗွန်နိတ် အချိုရည်တွေပါ.. ဒါက ကိုလာအားဖြည့်အချိုရည်၊ ဒါက လိမ္မော် အားဖြည့် အချိုရည်၊ ဒါက ပန်းသီး အားဖြည့်အချိုရည်….”

“ကိုလာလား… ဒါ ငါတို့ ဖန်တီးထားတဲ့ ကိုလာလား.. နိုင်ငံခြားမှာ ရောင်းအားကောင်းနေတဲ့ ကိုလာနဲ့ အတူတူပဲလား..”

သံလက်သီးကျူး ထိတ်လန့်တကြား မေးလိုက်သည်။

“ဟုတ်ပါတယ်.. ဒါ ကျုပ်တို့ ဖန်တီးထားပြီး CCTV မှာပါ ကြော်ငြာထားပြီးသားပါ.. ကြော်ငြာဆောင်ပုဒ်ကလဲ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါသည်.. ကျုပ်တို့ တရုတ်ပိုင် ကိုလာ….”

“မစ္စတာလီ.. ဟောင်ကောင်မှာလဲ မင်းပစ္စည်းတွေကို ဒီပုံစံနဲ့ပဲ ပြတာလား..”

မဟာလူသားလီ ခေါင်းညိတ်ပြရင်း..

“ဟောင်ကောင်က ကျုပ်တို့ ကုန်တိုက်တွေမှာ ပစ္စည်းတွေကို ဒီပုံစံနဲ့ မပြသေးဘူး.. ဒီပုံစံက ကျုပ်တို့ရဲ့ ရှယ်ယာရှင် တစ်ယောက် ပုံစံဖော်ထားတာပါ.. အဲ့ လူငယ် တော်တော်ကို တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်..”

“အို့.. အဲ့ကလေးက ဟောင်ကောင် မိသားစုထဲကပဲလား..”

သံလက်သီးကျူး ဈေးဝယ်လှည်းတွန်းလျှက် စပ်စုလိုက်သည်။

“သူ ဟောင်ကောင်ကမဟုတ်ဘူး.. တရုတ် ပမ့်မြို့တော်ကပါ..”

“သူ့နာမည် ဖုန်း လား..”

သံလက်သီးကျူး၏ စိတ်ထဲတွင် ဖုန်းယွီမျက်နှာကြီး ချက်ချင်းပေါ်လာသည်။ လူငယ်၊ ပမ့်မြို့တော်နှင့် ရှယ်ယာရှင် တစ်ယောက် ဆိုသည်ကို ကေက်ချက်ဆွဲလိုက်သည်။ ဖုန်းယွီမှလွဲ၍ မည်သူဖြစ်နိုင်အုံးမည်နည်း။

“ဟုတ်ပါတယ်.. ဖုန်းယွီပါ.. ဒီကုန်တိုက်လုပ်ငန်းကို သူပဲ အကြံပေးပြီး အကြီးဆုံးရှယ်ယာရှင်ပေါ့..”

သံလက်သီးကျူးမှာ ဖုန်းယွီ မှန်နေခြင်းအပေါ် မည်သို့မှ အံ့ဩခြင်းမရှိချေ။ ဖုန်းယွီသည် ဉာဏ်ကြီးရှင်ဖြစ်ပြီး မည်သည့်နေရာ၍ ရှိနေသည်ဖြစ်စေ ခေါင်းဆောင်ပိုင်းများ သတိပြုမိမည်သာဖြစ်သည်။

သံလက်သီးကျူး အံ့ဩမိသည်မှာ ဤကုန်တိုက်လုပ်ငန်းမှာ ဖုန်းယွီ၏ အကြံအစည်ဖြင့် ဖန်တီးထားခြင်းကိုပင်။ သူသည် မဟာလူသားလီကိုပင် ရင်းနှီးမြုပ်နှံရန် စီစဉ်နိုင်ခဲ့ပေသည်။ ထိုကလေး စွမ်းဆောင်နိုင်လွန်းလှပေသည်။

လေနှင့်မိုး ကြေငြာကို ဝင်ပေါက်တွင် ချထားသည်မှာ အံ့ဩစရာမဟုတ်သကဲ့သို့ စောင်ကျင်းမော်တာ ကျေငြာ သည်လည်း ရှိနေသည်မှာ ပုံမှန်ပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုင်ဟွာ မဟာကုန်တိုက်လုပ်ငန်းစုတွင် အကြီးဆုံးရှယ်ယာရှင်ဖြစ်နေသည် မဟုတ်ပေလော။

သံလက်သီးကျူး ပြုံး၍သာ ခေါင်းခါလိုက်သည်။ ဖုန်းယွီသည် ထိုင်ပေဝက်များ ဖန်တီးခဲ့သူဖြစ်ကြောင်း သူသိပေသည်။ ထိုကဲ့သို့သော အမည်များကို တွေနိုင်မည့်သူမှာ တစ်ယောက်သာရှိပေသည်။ သို့တိုင်အောင် ထိုအမည်မှာ လူအများ မှတ်မိလွယ်ကာ ဝက်သား၏ အမှတ်တံဆိပ်ပင် ဖြစ်သွားတော့သည်။

“ဒီက ထွက်ကုန်တွေအားလုံး တောင်သူတွေဆီက တိုက်ရိုက်တယ်တယ်.. ကြားခံ ပွဲစားမရှိဘူး…. ဥပမာ.. ကြက်ခြံနဲ့လဲ စာချုပ် ချုပ်ထားတယ်.. ရေချိုငါးတွေအတွက်လဲ ငါးကန်နဲ့ စာချုပ်ချုပ်ထားတယ်.. ပင်လယ်ငါတွေ ကိုတော့ တံငါလှေတွေအပေါ်မှာ တိုက်ရိုက်ဝယ်ဖို့ လူတွေ လွှတ်ထားတယ်.. ဟင်းသီးဟင်းရွက်တွေကိုတော့ လယ်တွေနဲ့ ဖန်လုံအိမ်တွေက တိုက်ရိုက်တယ်တယ်.. ဒါတွေအားလုံး အရမ်းလတ်ဆတ်ပါတယ်..”

ဆိုင်မန်နေဂျာ ဝင်ဖြေလိုက်သည်။

မဟာလူသားလီ ရယ်မောရင်း..

“ဒါတွေလဲ ဖုန်းယွီ စိတ်ကူးတွေပဲ.. ဒီမှာတင်ထားတဲ့ ပစ္စည်းတိုင်းကို လတ်ဆတ်ဆုံး ဖြစ်စေချင်တာ.. ဟောင်ကောင် မှာတော့ အသေးစိပ် မပြောတော့ပါဘူး.. အသီးအနှံတွေလည် အတူတူပဲ.. ကျုပ်တို့က ဥယျာဉ်ခြံတစ်ခုလုံးကို ကြိုတင် အမှာစာတွေတင်ပြီး အလတ်ဆတ်ဆုံး သစ်သီးတွေကိုပဲ ရွေးပြီး ကျုပ်တို့ရဲ့ ကုန်တိုက်တွေကို သယ်သူပို့ဆောင်ဖို့ လူတွေလွှတ်ထားပါတယ်.. ကုန်တိုက်တွေအားလုံးမှာ အနည်းဆုံး ထရပ်ကား(၂)စီးရှိတယ်.. တစ်စီးက ကြက်၊ ငါးနဲ့ အသားတွေ သယ်ပို့ပေးဖို့နဲ့ နောက်တစ်စီးက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ အတွက် ပေါ့.. အဲ့ကားတွေကလံ စောင်ကျင်းမော်တာကလေ..”

“ဒါဆို မင်းမို့ ကုန်တိုက်မှာ ထုတ်ကုန်အများစုက ဖုန်းယွီရဲ့ အမှတ်တံဆိပ်တွေပဲလား..”

“ကျုပ်တို့ ကုန်တိုက်တွေမှာ ကျုပ်တို့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေကိုတော့ အရင်ဆုံးတင်မယ်လေ.. ပြီးတော့ ဖုန်းယွီရဲ့ ကုမ္ပဏီမှာလဲ ထုတ်ကုန်ကောင်းတွေ ရှိနေတာကိုး.. ဥပမာပြောရရင် လီဟဟ၊ လေနှင့်မိုး၊ အိုက်ဝါ၊ လီနိုဗို၊ နတ်ဆိုးလေး အဲ့လို လျှပ်စစ်အမှတ်တံဆိပ်တွေ လူကြိုက်များကြတယ်လေ..”

မဟာလူသားလီ ပြောပြီး ရယ်မောလိုက်ပေသည်။

မဟာလူသားလီသည် ဖုန်းယွီထံတွင် အမှတ်တံဆိပ်များစွာ ရှိသည်ကို သိသည့်အချိန်၌ သူလည်း အံ့ဩခဲ့ပေသည်။ အမှတ်တံဆိပ်အားလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး သုံးစွဲသူများအကြား နာမည် အလွန်ရနေလေသည်။

“အဲ့ဒါတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.. ကျန်းမာရေး ဖြည့်စွက်စာတွေအပြင် ဆေးဝါးတွေလဲ ရောင်းနေတယ်.. ဒီကုန်တိုက်မှာ ဆေးတွေ ရောင်းခွင့်ရှိလား..”

“ကျုပ်တို့ အတည်ပြုချက်ရပြီးပါပြီ.. ဒါတွေက ဆေးဝါးစစ်စစ်တွေပါ.. ဈေးနှုန်းတွေဆိုလဲ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေပါပဲ..”

ဆိုင်မန်နေဂျာအနေဖြင့် စည်းမျဉ်းများကို ဆန့်ကျင်၍ မည်သည်မှ လုပ်မထားကြောင်း ဝင်ရှင်းပြလိုက်သည်။

သံလက်သီးကျူးသည် အားဖြည့် ဂလူးကို့တစ်ဗူးကို သေချာကြည့်ရန် ကောက်ယူလိုက်သည်။ ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း။ ဤသည်မှာ ဖုန်းယွီနှင့် ထပ်မံ ဆက်စပ်နေသည်လော။

မဟာလူသားလီ ကူကယ်ရာမဲ့စွာဖြင့်..

“ဖုန်းယွီ အဲ့ပမ့်မြို့တော် ဆေးဝါးစီမံကိန်းမှာလဲ အဓိကရှယ်ယာရှင် ဖြစ်မယ်ထင်တယ်.. ပြီးတော့ အဲ့ကုမ္ပဏီက ထုတ်ကုန်တွေ နိုင်ငံခြားကို တင်ပို့နိုင်အောင် ကူညီထားသေးတယ်.. စာပေအနေနဲ့ စာအုပ် တစ်ထုတ် ဖုန်းယွီပဲ ထုတ်ဝေပေးထားတာ.. အိမ်မှာတောင် အဲ့စာအုပ် ရှိသေးတယ်…”

သံလက်သီးကျူး မျက်ခုံး ပင့်လိုက်သည်။ ထိုစာအုပ်ကို သူလည်း ဝယ်ထားသဖြင့် စာအုပ်စင်ပေါ်တွင် ရှိနေဆဲပင်။ ထိုစာအုပ်ကို ဖုန်းယွီ ထုတ်ဝေခဲ့သည်လော။

အနှီ ဖုန်းယွီ မရိုးရှင်ချေ။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters