← Chapters

ချက်ချင်းအောင်မြင်မှု

Vol. 43 Ch. 638

ချက်ချင်းအောင်မြင်မှု

Vol. 43 Ch. 638

ပေကျင်းရုံးခွဲမှလွဲ၍ ထိုင်ဟွာကုန်တိုက်များအားလုံးသည် တစ်ချိန်တည်းတွင် ဖွင့်လှစ်ခဲ့ပေသည်။ သံလက်သီးကျူး လာရောက် လည်ပတ်ခြင်းအတွက် နာရီဝက် နှောင့်နှေးခဲ့သည်။

သံလက်သီးကျူးသည် သူရွေးချတယ်ထားသည့် ပစ္စည်းများအတွက် ငေချေကာ ထွက်သွားပြီးနောက် ကုန်တိုက် မန်နေဂျာသည် သူ့နာရီကို ကြည့်ကာ လက်ဝှေ့ရမ်းပြလိုက်သည်။

“အချိန်တန်ပြီ.. တံခါးဖွင့်လိုက်တော့..”

တံခါးများဖွင့်ပြီးနောက် လူအုပ်ကြီးသည် အရှိန်အဟုတ်ဖြင့် ဝင်လာကြသည်။ တစ်ချို့ လူများသည် လျော့ဈေးရှိကြောင်း သိနေကြပြီး ဤနေရာသို့ ရောက်နေကြခြင်းပင်။ အချို့မှာမူ ခေါင်းဆောင်များကို ကြည့်ရှုရန် ဖြစ်သည်။ တစ်ချို့မှာမူ မည်သည်များ ဖြစ်နေမှန်း မသိကြချေ။ လူစုလူဝေးမြင်၍ စပ်စုကြခြင်းပင်။

“ထိုင်ပေ ဝက်က တစ်ထုပ်ကို (၁၀)ဆင့်သက်သာတယ်.. မြန်မြန် ဝယ်ထားလိုက်..”

“ဒီနေ့ ဆိုင်မှာ အရောင်းမြှင့်တင်ရေးရှိတယ်ကြားတယ်… လေနှင့်မိုး VCD စက်တွေနဲ့ တခြားပစ္စည်းတွေလဲ လျော့ဈေးရှိတယ်.. VCD စက်တွေကို (၁၅၉၉)ယွမ်နဲ့ပဲ ရောင်းပေးနေတယ်နော်..”

“လေနှင့်မိုး ဖောက်သည်တွေအတွက်လဲ အရောင်းမြှင့်တင်ရေး လုပ်နေတယ်ကြားတယ်.. ပစ္စည်းတစ်ခု ဝယ်ချင်နေတာ.. ဆောင်ရာသီမှာ သုံးလို့ရတယ်လေ..”

“အားလုံးသိကြလား.. တင်သွင်းသမျှ ပစ္စည်းတွေ ဒီမှာ ရောင်းတယ်တဲ့.. ဘယ်ကိုမှ ထပ်သွားစရာမလိုအောင် စုံတယ်တဲ့..”

*******

ဖုန်းယွီ ဤသို့ဖြစ်လာမည်ကို ခန့်မှန်းထားပြီးသားပင်။ ထိုင်ဟွာ ကုန်တိုက်များသည် လက်ကမ်းကြော်ငြာများ ဖြန့်ဝေပေးခဲ့ပြီး မဖွင့်လှစ်မီ (၃)ရက်အလိုမှစ၍ ကုန်တိုက်ကြော်ငြာရန် အရောင်းမြှင့်တင်ရေးပွဲများ စီစဉ်ခဲ့သည်။ မလွဲဧကန် လူအုပ်ကြီး ရှိနေပေလိမ့်မည်။ ထိုလူအုပ်ကြီးကို ထိန်းချုပ်နိုင်ရန်အတွက် လူအများအပြား ငှားရမ်း ထားသည့်အပြင် ရဲတပ်ဖွဲ့ဝင်များကိုပါ ထိုနေရာသို့ စေလွှတ်ရန် ဒေသအာဏာပိုင်များထံ တောင်းဆိုထားပေသည်။

ထိုရဲတပ်ဖွဲ့ဝင်များမှလည်း စည်းမျဉ်းစည်းကမ်းအတိုင်း ဝိုင်းဝန်း ထိန်းသိမ်းပေးကြပေသည်။ သို့ရာတွင် ၎င်းတို့အား အလကားစေခိုင်းခြင်းမရှိချေ။ သူတို့ အကူအညီအတွက် ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် ဈေးဝယ်ကတ်များ ပေးအပ်ခဲ့ပေသည်။ တစ်ချိန်တည်းတွင် ထိုင်ဟွာ ကုန်တိုက်သည် ဒေသခံရဲများနှင့် ဆက်ဆံရေး တိုးမြှင့် နိုင်ခဲ့ပေသည်။

အခမ်းအနားကြည့်နေသည့် ပရိသတ်များ ကုန်တိုက်အတွင် ဝင်ရောက်လာကြသည်။ ကုန်တိုက်အတွင်း ဝင်ရောက်ပြီးမှသာ မဟာကုန်တိုက်သည် အလွန်ကြီးမားကြောင်း သိလိုက်ရဆေတာ့သည်။ အတွင်းထဲ၌ မည်သည့် ပစ္စည်းကိုမဆို တွေ့နိုင်ပေသည်။

ကုန်ပစ္စည်းများသည် အခြားသော နေရာများတွင်ထက် ငွေအနည်းငယ် ဈေးသက်သာပြီး လေနှင့်မိုး vcd စက်ကဲ့သို့သော ထုတ်ကုန်များမှာမူ ယွမ် ရာချီ၍ ဈေးသက်သာပေသည်။

ဈေးဝယ်သူများသည် လေနှင့်မိုး စွမ်းအားမြင့် vcd စက်များ ၊ စတော့ဈေးနှုန်း အချိန်နှင့်တပြေးညီ တင်ပေးသည့် အိုက်ဝါ ပေဂျာများ၊ နတ်ဆိုးလေး၏ ဒုတိယမျိုးဆက် သင်ကြားရေးစက် စသည်တို့ကဲ့သို့သော အသစ်ထွက် ပစ္စည်းသစ်များစွာ တွေ့ခဲ့ရသည်။

ဤစတော့ဈေးကွက် ပေဂျာသည် ဤခေတ်တွင် ခေတ်မှီပစ္စည်းတစ်ခု ဖြစ်ပေသည်။ ပုံမှန်ပေဂျာနှင့် တူသော်လည်း သုံးစွဲသူအနေဖြင့် စတော့ဈေးနှုန်းများနှင့် အခြားဆက်စပ် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်မည် ဖြစ်သည်။ ရှယ်ယာ ကစားသူများအတွက် အလွန်အရေးကြီးပေသည်။

အိုက်ဝါလျှပ်စစ်သည် ဤပစ္စည်းကို လွန်ခဲ့သော (၂)လခန့်၌ တီထွင်နိုင်ခဲ့ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ် ရောင်းချနိုင်ရန် အသင့်ဖြစ်နေပေပြီ။ သို့ရာတွင် ဖုန်းယွီသည် စွမ်းအားမြင့် vcd စက်များနှင့်အတူ ပွဲထုတ်နိုင်ရန် ထိုင်ဟွာကုန်တိုက် ဖွင့်ချိန်အထိ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ဖြန့်ဖြူးသူများသည် VCD စက်များအတွက် လက်လီဈေးနှုန်း လျော့ချပေးသည့်အတွက် အစပိုင်းတွင် မကျေမနပ် ဖြစ်ကြသေးသည်။ တင်သွင်းသူများ၏ ဈေးနှုန်းများ လျှော့ချခဲ့သည့်တိုင် အမြတ်ငွေ ကျဆင်းခဲ့သေးသည်။

ထိုင်ဟွာ ကုန်သွယ်ရေးသည် စွမ်းအားမြင့် VCD စက်များအတွက် အဓိကဖြန့်ဖြူးသူဖြစ်ကြောင်း ဖြန့်ဖြူးသူများ သိရှိသွားသည့်အခါတွင်၊ စွမ်းအားမြင့် VCD စက်များသည် အဆင့်မြင့်ပြီး ပိုဈေးကြီးကာ အမြတ်အစွန်းပိုမို မြင့်မား သည်ကို သိရှိသည့်အခါ ကျေနပ်သွားကြသည်။

ထို့အပြင် ဖြန့်ဖြူးရောင်းချသူ အားလုံးသည် ထိုင်ဟွာ မဟာကုန်တိုက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် စီးပွားရေး လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများကိုပါ သူတို့နှင့်အတူ ခေါ်ဆောင်လာကြသေးသည်။

ဖြန့်ဖြူးသူများသည် ထိုင်ဟွာကုန်တိုက်တွင် ၎င်းတို့ရောက်ရှိနေသည့်အတွက် ဂုဏ်ယူလိမ့်မည်ဟု ထင်မြင်ထားခဲ့သော်လည်း ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိသည့်အခါ ၎င်းတို့သည် ထိုနေရာမှ ဘာမှ မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့တော်၏ ခေါင်းဆောင်များကိုပင် အဆင့်နိမ့်အရာရှိများအဖြစ် သတ်မှတ်ခံခဲ့ရပေသည်။ ပြည်နယ်အစိုးရမှ ထိပ်တန်းအရာရှိများအားလုံးကို ဖိတ်ကြားထားပေသည်။ ထို့အပြင် တိုင်းဒေသကြီးမှ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဧည့်သည်များအားလုံးသည် ထိုင်ဟွာ မဟာကုန်တိုက် အစုရှယ်ယာရှင်များ အားကောင်းလွန်းသော အဆက်သွယ်များကို သိသွားတော့သည်။

သို့ရာတွင် ဖြန့်ဖြူးသူများ၏ နှလုံးသားအတွင်း၌မူ ဤလုပ်ငန်းကို ရှုတ်ချခဲ့ကြသည်။ ဤသည်မှာ ကုန်တိုက်တစ်ခုသာ ဖြစ်ပေသည်။ ဤလုပ်ငန်းမှ ဝင်ငွေမည်မျှ ရနိုင်မည်နည်း။ ဤနေရာတွင် ရောင်းချသည့် ပစ္စည်းများမှာ အခြားနေရာများတွင်ထက် ဈေးသက်သာသည်ဟု ကြားထားသေးသည်။

ဤသည်က ဖောက်သည်များကို ဆွဲဆောင်နိုင်မည် ဖြစ်သော်လည်း အမြတ်အစွန်း နည်းသွားမည်။ လူများသော်လည်း အမြတ်အစွန်း မြင့်မားမည် မဟုတ်ချေ။

ထို့အပြင် ထိုင်ဟွာ မဟာကုန်တိုက် အဆောက်အုံကိ ငှားရမ်းခြင်း မပြုခဲ့ချေ။ အဆောက်အဦတစ်ခုလုံးကို ဝယ်ယူကာ ကုန်တိုက်များအဖြစ် တည်ဆောက်ခဲ့သည်။ မဟာကုန်တိုက် လက်တစ်ဆုပ်စာလောက်ကိုသာ အရောင်းစင်တာ အဟောင်းများအား ပြန်လည် မွမ်းမံခဲ့ခြင်းဖြစ်သည်။ ကနဦး ရင်းနှီးမြုပ်နှံမှုများ အလွန်မြင့်မားပေလိမ့်မည်။

အတွင်းပိုင်း ပြုပြင်မွမ်းမံခြင်းနှင့် ဆက်စပ်ပစ္စည်းများသည်လည်း များစွာ ကုန်ကျလောက်ပေမည်။ ဖြန့်ဖြူးသူများ၏ ရှုထောင်မှ ကြည့်ပါက ဖုန်းယွီသည် ဤလုပ်ငန်းတွင် ကြီးကြီးမားမား စွန့်စားရပေလိမ့်မည်။

ဖြန်ဖြူးသူများသည် ကုန်တိုက်အတွင်း ရင်းနှီးသူတစ်ချို့ တွေ့ခဲ့ရသေးသည်။ ထိုဧည့်သည်များသည် ထိုင်ဟွာ ကုန်သွယ်ရေးအတွင် သွင်းကုန်တင်သွင်းသူများဖြစ်သည်။ ၎င်းတို့သည် ထိုင်ဟွာ ကုန်တိုက်များအတွက် ပေးသွင်းသူများ ဖြစ်နေသည်လော။

ဖြန့်ဖြူးသူများသည် ထိုင်ဟွာကုန်တိုက်များ အလွန်အကျွံ ဆုံးရှုံးမှု မခံစားရစေရန် ထိုင်ဟွာကုန်သွယ်ရေး ထိခိုက်သွားလိမ့်မည်ဟု ခန့်မှန်းလိုက်ကြသည်။ ဤမဟာကုန်တိုက်၏ ကျရှုံးခန်းအတွင်း သူတို့ မခံစားချင်ကြချေ။

သို့ရာတွင် မဟာကုန်တိုက် တံခါးဖွင့်လိုက်သည်နှင့် ဖြန့်ဖြူးသူများ တုန်လှုပ်သွားတော့သည်။ ထိုလူများ ရူးနေကြသည်လော။ မည်သည့်အတွက် အလုအယက် ပြေးလွှား ဝင်ရောက်နေကြသနည်း။

အသက်(၇၂)ရှိအဘိုးအို တစ်ဦးဆိုလျှင် (၂၇)နှစ် လူငယ်တစ်ယောက်ကဲ့သို့ သွက်လက်နေသည့်အလားပင်။

ကြည့်နေရင်းဖြင့် ထိုအဘိုးအိုသည် လူငယ်တစ်ချို့ကိုပင် ကျော်တက်သွားသေးသည်။ ဆံပင်များ ဖြူနေပြီ မဟုတ်ပေလော။ မည်သည့်အတွက် ဤမျှ သန်မာနေသနည်း။

စည်းကမ်းထိန်း ဝန်ထမ်းများနှင့် ရဲများ မရှိပါက ထိုလူအုပ်ကြီး ပရမ်းပတာ ဖြစ်သွားနိုင်ပေသည်။

ကျန်းချင်ရှန်းသည် လူအများအပြား မဟာကုန်တိုက်အတွင်း အပြေးအလွှားရောက်ရှိလာသည်ကို တွေ့ရသည့်အခါ အလွန်အံ့အာသင့်သွားသည်။ ကုန်တိုက် ဖွင့်သည့်နေ့တွင်ပင် အရမ်းနာမည်ကြီးခဲ့သည်။ အကယ်၍ မဟာကုန်တိုက်သည် ယနေ့လူအုပ်ကြီး၏ (၁၀)ရာခိုင်နှုန်းကို ထိန်းထားနိုင်ပါသည် ကုန်တိုက် အမြတ်အစွန်း များရန်အတွက် ပြဿနာတစ်ရပ် မဟုတ်တော့ချေ။

“မန်နေဂျာဖုန်း.. မင်းထိုင်ဟွာ ကုန်တိုက် အောင်မြင်တဲ့ပုံပဲ..”

ဖုန်းယွီ ရယ်မောကာ လက်ရမ်းပြရင်း..

“ဒီလိုပြောနိုင်ဖို့ စောလွန်းပါသေးတယ်.. တစ်လလောက်ကြာမှ အောင်မြင်မှုရှိမရှိ ပြောနိုင်မှာ.. သူတို့နှုတ်ထွက် စကားတွေက အရေးအကြီးဆုံးပဲ.. တကယ်လို့ ဈေးဝယ်သူတွေ ငါတို့ မဟာကုန်တိုက်ထဲကို ဝင်လာပြီး မကြိုက်ဘူးဆိုရင် နောက်တစ်ခေါက် ပြန်လာတော့မှာမဟုတ်ဘူး.. ဒီမှာ ဈေးဝယ်ရတာ သဘောကျသွားရင်တော့ ကျရှုံးဖို့ မဖြစ်နိုင်တော့ဘူး..”

*****

ထိုညနေပိုင်းတွင် နိုင်ငံခေါင်းဆောင်ကြီး၊ သံလက်သီးကျူးနှင့် မဟာလူသားလီတို့ တွေ့ဆုံမှုအကြောင်း cctv သတင်းတွင် ဖော်ပြလာသည်။ ထိုင်ဟွာ မဟာကုန်တိုက် ဖွင့်ပွဲအတွက် မဟာလူသားလီသည် ပေကျင်းတွင်ရှိကာ အနီးကပ် ရိုက်ကူးမျုများ ပြုလုပ်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သန်းခေါင်ယံ သတင်း၌ အစီအစဉ်အသစ်ပြသခဲ့ပြီး (၂)မိနစ်မှ (၅)မိနစ်ထိ တိုးမြှင့်ခဲ့သည်။

နောက်နေ့ မနက်ခင်း သတင်းတွင် မဟာကုန်တိုက်ဖွင့်ပွဲမှာ လူစုလူဝေးနှင့် ကံစမ်းမဲပေါက်သော ဈေးဝယ်သူ (၂)ယောက်ကို ဖော်ပြခဲ့သည်။ သတင်းထောက်များသည် ကျပန်းရွေးချယ်ကာ ဈေးဝယ်သူများကိုလည်း တွေ့ဆုံ မေးမြန်းခဲ့သေးသည်။ သို့ရာတွင် ထို ကျပမ်းရွေးချယ်ခဲ့သည့် ဈေးဝယ်သူများ ကို ထိုင်ဟွာကုန်တိုက်မမှ ကြိုတင်စီစဉ်ထားပြီး ကုန်တိုက်နှင့်ပတ်သက်သည့် ကောင်းမွန်သော အချက်များကိုသာ ပြောကြားခဲ့ကြသည်။ ထိုသူ ဝယ်ယူသည့် ပစ္စည်းများအားလုံးကို ထိုင်ဟွာကုန်တိုက်မှ အခမဲ့ပေးအပ်ခဲ့ပေသည်။

ယမန်နေ့ညနှင့် ယနေ့နံနက် သတင်းကြည့်ရှုသည့် သက်ကြီးရွယ်အို ပရိသတ်အများအပြားသည် နံနက်ခင်း လေ့ကျင့်ခန်းပြီးသည့်အခါ ထိုင်ဟွာကုန်တိုက်များသို့ ဈေးဝယ်ရောက်ရှိလာကြသည်။ ထိုင်ဟွာကုန်တိုက်ရှိ ပစ္စည်းများမှာ အခြားနေရာထက် ဈေးသက်သာကြောင်း ကြားထား၍ ဖြစ်သည်။ ယမန်နေ့တွင် အိမ်နီးနားချင်းများ ထိုနေရာသို့သွားကာ တရုတ်နိုင်ငံ ထိပ်တန်းအရာရှိများပင် ဈေးဝယ်နေသည်ဟု ကြားထားခဲ့ပေသည်။

နေ့လည်ခင်း သတင်းသည် မဟာလူသားလီကို ထပ်မံဖော်ပြခဲ့ပြီး၊ ထိုင်ဟွာ မဟာကုန်တိုက် အမည်ပါ ပါဝင်ခဲ့ပေသည်။ မွန်းလွဲပိုင်းတွင် ဈေးဝယ်သူများသည် ထိုင်ဟွာ မဟာကုန်တိုက်များတွင် ဆက်တိုက် ရောက်ရှိလာကြပြီး ဝန်ထမ်းများသည်လည်း စင်ပေါ်ရှိ ပစ္စည်းများကို ထပ်တလဲလဲ ဖြည့်ဆည်းပေးနေရတော့သည်။

ထိုင်ဟွာ မဟာကုန်တိုက် အောင်မြင်ခဲ့ပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters