လမ်းကြောင်းများ မျှဝေခြင်း
Vol. 43 Ch. 640
ဖုန်းယွီနှင့် ဖိလစ်တို့သည် မတူညီသော အရောင်းဖြန့်ဖြူးရေး လမ်းကြောင်းများ ရှိနေပေသည်။ ကိုယ်ပိုင် လမ်းကြောင်း အသီးသီး ရှိနေပေသည်။ တရုတ်ပြည်တွင် ဖုန်းယွီလက်ထဲ၌ လေနှင့်မိုး၏ ဖြန့်ဖြူးရေး လမ်းကြောင်းများ ရှိသော်လည်း ဖိလစ်တွင် ကိုယ်ပိုင် ဆိုင်များနှင့် လမ်းကြောင်းများ မရှိချေ။
နိုင်ငံခြားတွင် ဖုန်းယွီအတွက် ဖူမိသားစုနှင့် အိုက်ဝါ အရောင်းလမ်းကြောင်းများရှိသည်။ အိုက်ဝါတွင် လက်လီဆိုင် များစွာ ရှိပေသည်။ ဖိလစ်သည်လည်း တွဲဖက်များစွာဖြင့် လုပ်ဆောင်ခဲ့ပြီး ကိုယ်ပိုင် လက်လီဆိုင်များ ရှိပေသည်။
ဖုန်းယွီနှင့် သောမတ်စ်တို့သည် ၎င်းတို့၏ လမ်းကြောင်းများ ဝေမျှရန် ဆုံးဖြတ်ခဲ့ကြသည်။ စွမ်းအားမြှင့် VCD စက်များကို နောက်တစ်ဆင့်သို့ ခေါ်ဆောင်ရန်အတွက် လက်တွဲဆောင်ရွက်ကြမည် ဖြစ်သည်။ သို့ရာတွင် နှစ်ဦးစလုံးသည် ပုံမှန် VCD စက်များနှင့် ကွဲပြားမှု အနည်းငယ် ရှိပေသည်။
လေနှင့်မိုး လျှပ်စစ်မှ VCD စက်များကိုသာ ရောင်းချပါက ဖိလစ်သည် အားနည်းချက် ဖြစ်မည်ကို သောမတ်စ် သေချာ ပြောခဲ့ပေသည်။ ဖိလစ်သည် ပုံမှန် VCD စက် မထုတ်လုပ်ချေ။
သို့ရာတွင် ဖုန်းယွီထံ၌ အရိုးရှင်းဆုံး အဖြေတစ်ခု ရှိနေပေသည်။ ဖိလစ်တွင် အခြားထုတ်ကုန်များ ရှိနေပေသေးသည်။ မိမိတို့သည် ထုတ်ကုန်အားလုံးအတွက် ထိုအကြောင်းပြချက် တစ်ခုကြောင့် မည့်သည့်အတွက် လမ်းကောင်းများ မလဲလှယ်နိုင်ရမည်နည်း။
ဖိလစ်သည် မုတ်ဆိတ်ရိတ်စက်များ၊ TV များ၊ မီးချောင်းများ စသည်တို့ကို ထုတ်လုပ်နေပေသည်။ ၎င်းတို့သည် ဆေးဘက်ဆိုင်ရာ ကိရိယာများကိုပင် ထုတ်လုပ်ခဲ့ပေသည်။ သို့ရာတွင် သဘောတူညီချက်၌ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မပါဝင်ချေ။ လေနှင့်မိုး၊ အိုက်ဝါတို့တွင် အစိုဓါတ်ထိန်းစက်များ၊ အရွက်မဲ့ ပန်ကာများ၊ ပေဂျာများ ပါဝင်ပေသည်။ ဖိလစ်နှင့် လက်လီဆိုင်များတွင် ရောင်းချပါက ထိုထုတ်ကုန်များ ရောင်းအား ကောင်းနိုင်ပေသည်။
နှစ်ဦးနှစ်ဖက် သဘောတူညီမှုရခဲ့ပြီး ၎င်းတို့၏ ဖြန့်ဖြူးရေးလမ်းကြောင်းများ မျှဝေနိုင်လိုက်သည်။ လက်လီဆိုင်များ၌ပင်လျှင် တစ်ခြားအဖွဲ့၏ ထုတ်ကုန်များကို ရောင်းချရန် ကောင်တာတစ်ခု ဖွင့်လှစ်ပေးမည် ဖြစ်သည်။ ဤနည်းအားဖြင့် လက်လီဆိုင်များတွင် ထုတ်ကုန်အမျိုးမျိုးရှိကာ သုံးစွဲသူများသည် ထိုထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်ကြပေသည်။
သို့ရာတွင် အားနည်းချက် မျာ ကုမ္ပဏီနှစ်ခုစလုံး ပေါင်းစည်းပြီး ထိုထုတ်ကုန်များအားလုံး ကုမ္ပဏီတစ်ခုတည်းမှဟု သုံးစွဲသူများ ထင်မြင်ယူဆသွားနိုင်ပေသည်။ ဖုန်းယွီမှာ ထိုကိစ္စအတွက် အမှန်တကယ် ရှုံးနိမ့်ခဲ့ရပေသည်။
သို့ရာတွင် ဖုန်းယွီစိတ်ထဲမထားချေ။ သူလိုချင်သည်မှာ ဈေးကွက်သာပင်။ လေနှင့်မိုး လျှပ်စစ်၏ ဂုဏ်သတင်း ထိခိုက်နိုင်သော်လည်း လေနှင့်မိုး အမှတ်တံဆိပ်တန်ဖိုး ဆက်ရှိနေပေလိမ့်မည်။ ဈေးကပွက်ကို လုံးလုံးလျားလျား တိုးဝင်လိုက်သည့်အချိန်၌ ကုမ္ပဏီနှစ်ခုစလုံးသည် မဟာမိတ်ဖွဲ့ထားကြောင်း သုံးစွဲသူများ သိသွားကြပေလိမ့်မည်။
ယခင်က ဆိုနီသည် အိုက်ဝါ၏ ရှယ်ယာ အများစု ပိုင်ဆိုင်ထားသော်လည်း အိုက်ဝါအမှတ်တံဆိပ်သည် ရှင်သန်နေဆဲဖြစ်သည်။ ယခုအချိန်တွင် အိုက်ဝါ၏ လမ်းလျှောက်သီချင်းဖွင့်စက်သည် ဆိုနီကို ကျော်တက်သွားပေပြီ။
ဤပူးပေါင်းဆောင်ရွက်မှုကို နှစ်ဦးနှစ်ဖက် ကျေနပ်ကြပေသည်။ ကုမ္ပဏီ (၂)ခုစလုံးသည် နည်းပညာများကို အတူတကွ ဖလှယ်ကြပြီး ဖြန့်ဖြူးရေး လမ်းကြောင်းများကိုပါ ကူညီဖလှယ်ကြခြင်းမှာ ပုံမှန်သာဖြစ်သည်။
တစ်ပတ်အကြာ၌ နှစ်ဖက်စလုံး၏ လက်လီအရောင်းဆိုင်များသည် ရောင်းအား (၅၀)ရာခိုင်နှုန်းကျော် တိုးလာသည်ကို တွေ့လိုက်ရသည်။
စွမ်းအားမြင့် VCD စက်များ၏ လက်လီဈေးနှုန်းမှာ အလွန်မြင့်မားနေပြီး ဝယ်ယူလိုသူ သိပ်မများ သေးချေ။ သို့တိုင်အောင် အမြတ်အစွန်းမှာမူ မြင့်မားနေသဖြင့် ထိုရလဒ်အား ဖုန်းယွီကျေနပ်နေပေသည်။
ပုံမှန်VCD စက်ရောင်းအား တိုးလာသည်ကိုလည်း ဖုန်းယွီ ကျေနပ်ပေသည်။ ရောင်းဈေးများ ချထားသော်လည်း ပစ္စည်း အရည်အသွေးမှာမူ ယခင်အတိုင်းသာပင်။ အရောင်းမြှင့်တင်ရေးများလည်းရှိပြီး သုံးစွဲသူများသည် VCD စက်များကို အခြားအမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သာမန် VCD စက်မှ အမြတ်ငွေမှာ ယခင်ကထက် ပိုမို မြင့်မားလာတော့သည်။
အခြားအမှတ်တံဆိပ်များသည်လည်း လေနှင့်မိုး တိုက်ခိုက်ပါက ရှုံးနိမ့်မည်ကို သဘောပေါက်ပေသည်။ နောက်ဆုံးတွင် လေနှင့်မိုး လျှပ်စစ်သည် VCD စက်များ၏ မူပိုင်ခွင့် ပိုင်ဆိုင်ထားပြီး ဤVCD စက်ကို တီထွင်သူဖြစ်သည်။
ယခုအခါ VCD စက်များ၏ ရောင်းဈေး လျော့သွားသဖြင့် သူတို့၏ အမြတ်ငွေများပါ လျော့သွားစေတော့သည်။ ဖိလစ်၊ လေနှင့်မိုး၊ အိုက်ဝါတို့သည် မဟာမိတ်ဖွဲ့ခဲ့ကြပြီး အခြား အမှတ်တံဆိပ်များသည် ၎င်းတို့၏ ဖြန့်ဖြူးရေးလမ်းကြောင်းများ မျှဝေရေး ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
၎င်းတို့သည် ကမ္ဘာ့အဆင့်မီ လူသုံးလျှပ်စစ် အမှတ်တံဆိပ်များ ဖြစ်သည်။ ၎င်းတို့အားလုံးတွင် ဖြန့်ဖြူးရေး ကွန်ယက်များရှိပေသည်။ အရောင်းကိုယ်စားလှယ် အများအပြားနှင့် ၎င်းတို့၏ လက်လီဆိုင်များ ရှိပေသည်။ ပူးပေါင်းပြီးသည်နှင့် ကမ္ဘာပေါ်ရှိ မည်သည့်မြို့များတွင်မဆို ထုတ်ကုန်များ ရောင်းချနိုင်ပေတော့မည်။
လမ်းကြောင်းများ သို့တည်းမဟုတ် လက်လီဆိုင်များ မည်သို့ရှိစေကာမူ ထိုအမှတ်တံဆိပ်များသည် အသာစီး ရထားသဖြင့် ဤနည်းဗျူဟာသည် ၎င်းတို့ရောင်းအား တိုးစေမည်ဟု အခိုင်အမာ ယုံကြည်ထားပေသည်။
အရေးအကြီးဆုံးမှာ ထိုအမှတ်တံဆိပ်များတွင် ရွေးချယ်စရာမရျိတော့ချေ။ အမှတ်တံဆိပ်အားလုံး၏ သိုလှောင်ရုံများတွင် စုပုံထားရသည်မှာ များလွန်းနေလှပေပြီ။ အကယ်၍ ရောင်မထုတ်နိုင်ပါက၊ နည်းပညာ အဆင့်မြင့်လာလျှင် နောင်တွင် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။
ယခု ဈေးကွက်၌ စွမ်းအားမြင့် vcd စက်တစ်ခုသာရှိပြီး စွမ်းဆောင်ချက်များသည် ပိုမိုအဆင့်မြင့်လာပေပြီ။ အကယ်၍ ဒုတိယမျိုးဆက် စွမ်းအားမြင့် vcd စက်ကို လာမည့်နှစ်တွင် ဖြန့်ချီမည် ဆိုပါက ၎င်းတို့ ဘာလုပ်နိုင်တော့မည်နည်း။ လေနှင့်မိုး လျှပ်စစ်မှ DVD စက်များ ထုတ်လုပ်ရောင်းချရန် ဆုံးဖြတ်ပါက မည်သို့ ဖြစ်လာမည်နည်း။
အကယ်၍ အမှန်တကယ် ဖြစ်လာပါက ဤအမှတ်တံဆိပ်များသည် ၎င်းတို့၏ လက်ကျန်ပစ္စည်းများကို ဈေးနှုန်းများ ထပ်မံလျော့ချခဲ့လျှင်ပင် ရောင်းချနိုင်တော့မည် မဟုတ်ချေ။ သို့အဖြစ် ၎င်းတို့လည်း ပူးပေါင်းကာ ပစ္စည်းလက်ကျန်များ ရှင်းလင်းရန် ကြိုးစားရတော့ပေမည်။ အကျိုးအမြတ်မရှိတော့သည့်တိုင် အနိမ့်ဆုံးအနေထား အရ အရင်းကျေနိုင်ပေလိမ့်မည်။
VCD စက်များကို ထပ်မံ ဈေးနှုန်းလျော့ချမည်ဆိုပါက ၎င်းတို့အားလုံး လက်ခံနိုင်တော့မည် မဟုတ်ချေ။ ၎င်းတို့အားလုံးကို လေနှင့်မိုးမှ ဂျင်းထည့်ခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ကုမ္ပဏီငယ်တစ်ခုဖြစ်သည့် လေနှင့်မိုးလျှပ်စစ်သည် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်အမှတ်တံဆိပ်များစွာကို ဂျင်းထည့်ရဲသည်လော။ ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
အမှတ်တံဆိပ် အားလုံးမှ လက်တုံ့ပြန်လိုကြပြီး တစ်ချိန်တည်းတွင် DVD ဝှက်စာစံနှုန်းများကို အတူတကွသတ်မှတ်ရန် ပူးပေါင်းဆောင်ရွက်ကြတော့သည်။ လေနှင့်မိုးနှင့် ဖိလစ်ကို သင်ခန်းစာ တစ်ခု ပေးချင် နေကြပေသည်။
အကယ်၍ ဤအမှတ်တံဆိပ်များသည် DVD အတွက် ဝှက်စာစံချိန်စံညွှန်းများကို သတ်မှတ်နိုင်ပါက DVD စက်များသည် ၎င်းတို့ချမှတ်ထားသည့်အတိုင်း အသုံးပြုရမည်ဖြစ်ပေသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် DVD စက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နိုင်မည် ဖြစ်သည်။
********
“မန်နေဂျာဖုန်း.. အဲ့ကုမ္ပဏီကြီးတွေ ရန်သူနဲ့ ပူးပေါင်းသွားကြပြီ.. သူတို့တွေလဲ လမ်းကြောင်းတွေ မျှသုံးနေပြီဆိုတော့ သုံးသပ်ရသလောက် ငါတို့ထက် ပိုအားကောင်းတယ်..”
ကျန်းဝမ်မင် ဖုန်းယွီကိုမြင်သည်နှင့် စိုးရိမ်တကြီးပြောလိုက်သည်။
ဖုန်းယွီ ရယ်မောကာ..
“လန့်နေစရာ မလိုပါဘူး.. သူတို့မှာ လက်လီ လက်ကား အားသာချက်တွေပဲရှိတာ.. ဘာစိုးရိမ်စရာရှိလဲ.. သူတို့တွေ ကျုပ်တို့ မူပိုင်ခွင့်နည်းပညာ သုံးနေရတုန်းပဲဆိုတော့ အခကြေးငွေ ပေးရအုံးမှာပဲလေ..”
“ပြီးတော့ စွမ်းအားမြင့် VCD နှင့် ပုံမှန် VCD စက်များအကြား ခြားနားချက်ကို လူတိုင်းမြင်နိုင်တယ်.. နောက်ထပ် နှစ်ရက်အတွင်း CCTV က ကျုပ်တို့ အသစ်ထုတ်လုပ် ရောင်းချမယ့် ပစ္စည်းအသစ်တွေကို ထုတ်လွှင့်ပြသလိမ့်မယ်.. နိုင်ငံခြားမှာလဲ မကြာခင် စတော့မယ်.. အဲ့ဒါ သူတို့တွေကို သေချင်စိတ်ပေါက်သွားလိမ့်မယ်..”
ကျန်းဝမ်မင် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီသည် ကြေငြာများ၏ အကျိုးဆက်များကို ယုံကြည်လွန်း နေသည်ဟု ခံစားနေရသည်။ အခြားအမှတ်တံဆိပ်များသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အမှတ်တံဆိပ်များဖြစ်သည်။ ၎င်းတို့၏ အတိုင်းအတာသည် အလွန်ကြီးမားပြီး အမှတ်တံဆိပ် အရှိန်အဝါ ကြီးမားလှပေသည်။
ထိုအမှတ်တံဆိပ်များ၏ အမာခံပရိတ်သတ်များသာ ရောင်းအားတိုးလာမည်ဖြစ်သည့်အပြင် မဟာမိတ်ဖွဲ့ကာ အချင်းချင်း ကူညီကြမည်ဖြစ်သည်။ လေနှင့်မိုးလျှပ်စစ်တွင် ဖိလစ်နှင့် အိုက်ဝါတို့သည် လုပ်ဖော်ကိုင်ဖက်များသည် ရှိသည်။ အလုံးစုံအတိုင်းအတာသည် သေးငယ်လွန်းပြီး ၎င်းသည် အခြားသော အဓိက အမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်၍ မရချေ။
“မန်နေဂျာဖုန်း.. သူတို့ရဲ့ သာမန်VCD စက်တွေ ရောင်းနေတော့ ငါတို့တွေ သူတို့ဆီက ဝင်ငွေရပေမယ့်၊ ကျုပ်တို့ ကိုယ်ပိုင် VCD စက်တွေ ရောင်းနိုင်ရင် ဝင်ငွေပိုရလိမ့်မယ်.. ပြီးတော့ ငါတို့က စက်ရုံတွေ တိုးချဲ့ထားပြီး ငါတို့ရဲ့ စွမ်းဆောင်ရည် တိုးလာနေပြီ.. ဈေးကွက်ဝေစုကို ငါတို့ဆီက လုသွားရင် ပစ္စည်းလက်ကျန်တွေ ပုံလာလိမ့်မယ်..”
ကျန်းဝမ်မင် စိတ်ပူစွာ ပြောလိုက်သည်။
“ငါတို့ သာမန်VCD စက်တွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ..”
ဖုန်းယွီကမူ တည်ငြိမ်စွာဖြင့်သာ မေးလိုက်သည်။
“ယွမ်(၇၀၀)အောက်ဆိုတော့ ဈေးထပ်လျှော့နိုင်သေးတယ်.. အနိမ့်ဆုံးပြောရရင် စက်တစ်လုံကို ယွမ်(၅၀၀) လောက်ပေါ့..”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုတိုးတက်မှုကို မကျေနပ်သေးချေ။ သူ၏ အတိတ်ဘဝတွင် ဤနေရာ၌ ၂၀၀၀ ခုနှစ်မတိုင်မှီ VCD စက်တစ်လုံး တန်ဘိုးသည် ယွမ်(၃၀၀)အောက်ဖြင့်သာ ရောင်းချခဲ့ကြသည်။ ဆိုလိုသည်မှာ VCD စက်တစ်လုံး၏ ထုတ်လုပ်မျု ကုန်ကျစရိတ်သည် ယွမ်(၃၀၀)အောက် သာရှိပေသည်။ ယခု လေနှင့်မိုး လျှပ်စစ်တွင် ကမ္ဘာ့ထိပ်တန်း VCD နည်းပညာရှိပြီး ကုန်ကျစရိတ်ကို ထပ်မံ မလျှော့ချနိုင်တော့ချေ။
“ထုတ်လုပ်မှု ကုန်ကျစရိတ်က ယွမ်(၅၀၀)ဆိုတော့ ဒီထက် ထပ်လျော့ချလို့ ရနိုင်အုံးမလား..”
“ဒါ အနိမ့်ဆုံးပဲ.. အတွင်းပိုင်း အစိတ်အပိုင်းတွေရဲ့ ကုန်ကျစရိတ်က မသက်သာနိုင်တဲ့အပြင် ငါတို့ရဲ့ လုပ်သားအင်အား စရိတ်လဲ တော်တော်မြင့်တယ်..”
ဖုန်းယွီ နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ယခင်ဘဝက စက်ရုံငယ်များသည် ၎င်းတို့၏ အလုပ်သမားများကို ခေါင်းပုံဖြတ်ခဲ့ကြပြီး အတွင်းပိုင်း အစိတ်အပိုင်းများကို အဆင့်မီအောင် ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ထုတ်လုပ်မှု ကုန်ကျစရိတ် ယွမ်(၃၀၀)မကျော်အောင် ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။ သို့ရာတွင် ထိုစဉ်က VCD စက်များ အသုံးမပြုတော့သလောက်ပင်။
“အဆင်ပြေပါတယ်.. ငါ ဘာလုပ်ရမယ်ဆိုတာ သိတယ်.. အဲ့ အမှတ်တံဆိပ်တွေဆိုတာ လူရွှင်တော်တွေ လောက်ပါပဲ စိုးရိမ်စရာမလိုဘူး.. ဒီကြော်ငြာအသစ်တွေကို လာကြည့်လိုက် ငါဘာလို့ ယုံကြည်မှုရှိတယ်ဆိုတာ မင်းသိသွားလိမ့်မယ်..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)